သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေႏြရာသီအုိလံပစ္ပြဲ ေရွ႕ႏွစ္ ဇူလုိင္ ၂၃ မွာ စမည္


(Zawgyi/Unicode)

ကုိရိုနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ ၂၀၂၀ ေႏြရာသီ တိုက်ဳိအုိလံပစ္ပြဲ က်င္းပမယ့္ရက္ကို တႏွစ္ေလာက္ ေရႊ႕ဆိုင္းလိုက္ပါတယ္။ နဂို အစီအစဥ္အရ ဒီႏွစ္ ၂၀၂၀ ဇူလိုင္ ၂၄ ကေန ၾသဂုတ္လ ၉ ရက္ေန႔ထိ က်င္းပဖို႔ ျပင္ဆင္ထားေပမဲ့ အခုေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္ ဇူလိုင္ ၂၃ ကေန ၾသဂုတ္လ ၈ ရက္ေန႔အတြင္း က်င္းပသြားမွာ ျဖစ္ပါတယ္။

မသန္စြမ္းေတြ ယွဥ္ၿပဳိင္မယ့္ Paralympic အားကစားပြဲေတြကိုလည္း ၂၀၂၁ ၾသဂုတ္လ ၂၄ ကေန စက္တာဘာ ၅ ရက္အတြင္း က်င္းပမယ္လို႔ ဆိုပါတယ္။

အျပည္ျပည္ဆုိင္ရာ အုိလံပစ္ေကာ္မတီ IOC နဲ႔ ေဆြးေႏြးတိုင္ပင္ခဲ့ၿပီးေနာက္ အခုလို ရက္ေရႊ႕ဆိုင္းလိုက္တာ ျဖစ္ေၾကာင္း တုိက်ဳိ အိုလံပစ္ပြဲ က်င္းပေရးေကာ္မတီ အႀကီးအကဲ ယုိရွီးရို႕ မိုရိ က တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ အားကစားပြဲေတာ္ က်င္းပရက္ ေနာက္ဆုတ္သြားႏိုင္ေၾကာင္း IOC ကၿပီးခဲ့တဲ့ သီတင္းပတ္ထဲ သတိေပးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


..................

နွေရာသီအိုလံပစ်ပွဲ ရှေ့နှစ် ဇူလိုင် ၂၃ မှာ စမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ၂၀၂၀ နွေရာသီ တိုကျိုအိုလံပစ်ပွဲ ကျင်းပမယ့်ရက်ကို တနှစ်လောက် ရွှေ့ဆိုင်းလိုက်ပါတယ်။ နဂို အစီအစဉ်အရ ဒီနှစ် ၂၀၂၀ ဇူလိုင် ၂၄ ကနေ သြဂုတ်လ ၉ ရက်နေ့ထိ ကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ အခုတော့ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

မသန်စွမ်းတွေ ယှဉ်ပြိုင်မယ့် Paralympic အားကစားပွဲတွေကိုလည်း ၂၀၂၁ သြဂုတ်လ ၂၄ ကနေ စက်တာဘာ ၅ ရက်အတွင်း ကျင်းပမယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် အခုလို ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ကြောင်း တိုကျို အိုလံပစ်ပွဲ ကျင်းပရေးကော်မတီ အကြီးအကဲ ယိုရှီးရို့ မိုရိ က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်ကြောင့် အားကစားပွဲတော် ကျင်းပရက် နောက်ဆုတ်သွားနိုင်ကြောင်း IOC ကပြီးခဲ့တဲ့ သီတင်းပတ်ထဲ သတိပေးခဲ့တာပါ။

XS
SM
MD
LG