သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၆ ဆောင်းအိုလံပစ်ပွဲ အိမ်ရှင်အဖြစ် အီတလီကိုရွေး


၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အီတလီနိုင်ငံ Milan မြို့နဲ့ Cortina d’Ampezzo မြို့တွေမှာ ကျင်းပမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

အခုလို အီတလီကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာချိန်မှာ အီတလီ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲကို တာဝန်ခံ လက်ခံကျင်းပဖို့ အီတလီအနေနဲ့ ဆွီဒင်နဲ့ အပြိုင်အဆိုင်ဖြစ်ခဲ့တာပါ။ အိုလံပစ် ကော်မတီဝင် ၈၃ ဦးကနေ မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး အီတလီအတွက် ၄၇ မဲနဲ့ ဆွီဒင် အတွက် ၃၄ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို အီတလီနိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အီတလီနိုင်ငံသားတွေဟာ ဆိုရှယ်မီဒီယာ တွေကနေ နိုင်ငံအတွက် ဂုဏ်ယူကြောင်း ဖေါ်ပြခဲ့ကြပါတယ်။

အီတလီနိုင်ငံဟာ ဆောင်းရာသီအိုလံပစ်ပွဲတွေ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ အတွေ့အကြုံတွေအရင်ကလည်း ရှိခဲ့ပါတယ်။ Cortina မြို့မှာ ၁၉၅၆ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲကို ကျင်းပခဲ့သလို၊ ၁၉၆၀ခုနှစ်က Rome မှာ လုပ်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်က Turin မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၆ ဆောင်းရာသီအိုလံပစ်ပွဲကို ဖေဖေါ်ဝါရီလ ၆-၂၂ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မသန်စွမ်း အိုလံပစ်ပွဲကိုတော့ မတ်လ ၆- ၁၅ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG