သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသန်စွမ်းအိုလံပစ် တောင်-မြောက်ကိုရီးယား သီးခြားစီ ချီတက်


တောင်ကိုရီးယား မသန်စွမ်းအိုလံပစ်အားကစားသမားများ။
တောင်ကိုရီးယား မသန်စွမ်းအိုလံပစ်အားကစားသမားများ။

တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့လုပ်မယ့် ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တောင် မြောက်ကိုရီးယား နှစ်နိုင်ငံကအသင်းတွေ ပူးတွဲချီတက်ကြမှာမဟုတ်ဘူးလို့ ကိုရီယား မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ကော်မတီက ကြာသပတေးနေ့မှာပြောပါတယ်။ နှစ်နိုင်ငံပူးတွဲကိုင်မယ့် အလံထဲမှာ ဂျပန်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစု တွေကို ထည့်မထည့်ဆိုတဲ့အပေါ် သဘောတူချက်မရတာကြောင့်လို့ ဆိုပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေကတော့ ဂျပန်ပင်လယ်ထဲက တောင်ကိုရီးယား ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျွန်းစုတွေဖြစ် ပြီး ဂျပန်ကလည်း သူတို့ပိုင်တယ်လို့ ပြောထားတာပါ။

အားကစားပွဲတော်အတွင်း လွှင့်ထူမယ့် ပေါင်းစည်းရေးအလံထဲမှာ Dokdo ကျွန်းစုတွေကို ထည့်သွင်းဖော်ပြဖို့ ခွင့်မပြုဘူးဆိုတာ မြောက်ကိုရီးယားက လက်မခံနိုင်ဘူးလို့ နှစ်နိုင်ငံစလုံးနဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့နောက် အိုလံပစ်ကော်မတီက ပြောပါ တယ်။ အဲဒီကျွန်းစုတွေကို တောင်ကိုရီးယားက Dokdo လို့ခေါ်ပြီး ဂျပန်က Takeshima လို့ခေါ်တာပါ။

အလံကိုပြောင်းလို့မရတာကြောင့် တောင် မြောက် ကိုရီးယားအသင်းတွေ သီးခြားစီ ချီတက်ကြမယ်လို့ မြောက်ကိုရီးယားက ပြောတဲ့အပေါ် နိုင်ငံတကာ မသန်စွမ်း အိုလံပစ်ကော်မတီက တုန့်ပြန်ပြောဆိုတာပါ။

ဖေဖော်ဝါရီလကကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတုန်းကတော့ ကိုရီးယားနှစ်နိုင်ငံက အားကစားအသင်းတွေဟာ ကြားကျတဲ့ ပေါင်းစည်းရေးအလံကိုကိုင်ပြီး ပူးတွဲချီတက်ခဲ့ကြတာပါ။ အဲဒီအားကစားပွဲကို အော်ဟစ်အားပေးဖို့ cheerleader အမျိုးသမီးငယ် ရာပေါင်းများစွာနဲ့ Kim Jong Un ရဲ့ ညီမဖြစ်သူတို့ကို မြောက်ကိုရီးယားက လွှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG