သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ ပိတ္မိေနတဲ့ ျမန္မာေတြေနရပ္ျပန္ေရး သံရံုးစီစဥ္


ဇူလိုင္လ ၂၁ ရက္ေန႔က အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (MAI) ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြၽန္း အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ေနရပ္ ျပန္ၾကမယ့္ ျမန္မာႏိုင္ငံသားတခ်ိဳ႕။ (ဓာတ္ပံု - Myanmar Embassy, Seoul - ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာလ အလုပ္လက္မဲ့ျဖစ္ ေနထိုင္စားေသာက္ေရး အခက္ေတြ႔ေနၾကတဲ့ ေတာင္ကိုရီးယားေရာက္ျမန္မာေတြအတြက္ အျမန္ဆံုးအိမ္ျပန္ႏုိင္ေအာင္ ႏွစ္ႏိုင္ငံ ပူးေပါင္း စီစဥ္ေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

ကမာၻ႔ကပ္ေရာဂါ COVID 19 ျဖစ္ေနခ်ိန္ ေတာင္ကိုရီးယားႏုိင္ငံမွာ လုပ္ငန္းခြင္အမ်ားစုရပ္နားထားၿပီး အလုပ္လက္မဲ့ျဖစ္သြားရသူေတြနဲ႔ အလုပ္လုပ္ကိုင္ခြင့္သက္တမ္း ကုန္ဆံုးသြားသူေတြစတဲ့ ေတာင္ကိုရီးယားေရာက္ျမန္မာေတြၾကား ျမန္မာႏုိင္ငံ ကိုယ့္ေနရပ္ျပန္လိုသူေတြ မ်ားျပားေနပါတယ္။ ေနရပ္ျပန္လိုတဲ့ ေတာင္ကိုရီးယားေရာက္ျမန္မာအလုပ္သမားေတြအတြက္ ေနရပ္ျပန္ႏုိင္ေရး သံ႐ံုးဘက္က စီစဥ္ေပးေနတဲ့ အေျခအေနကို ေတာင္ကိုရီးယားႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိဦးစိုးညီညီက ဗီြအိုေအျမန္မာပိုင္းကိုရွင္းျပပါတယ္။

"သူတို႔ ျမန္မာႏိုင္ငံကို ျပန္ဖို႔အတြက္မွာ ပံုမွန္ေလေၾကာင္းလိုင္းေတြကို ျမန္မာႏုိင္ငံဘက္က ယာယီရပ္ဆိုင္းထားတဲ့အတြက္ သူတို႔ေတြက ျပန္လို႔ရမယ့္အခ်ိန္မွာ ျပန္လို႔မရေသးတဲ့အတြက္ ကိုရီးယားလဝကကေန ယာယီေနထုိင္ခြင့္ သက္တမ္းတိုးေပးထားရတဲ့အေနအထားရွိပါတယ္။ အဲ့လိုအေနအထားမွာ သူတို႔က နီးစပ္ရာ အေဆာင္ေတြမွာ ဌားေနၾကတာရွိတယ္။ ျမန္မာဘုန္းၾကီးေက်ာင္းေတြမွာေနၾကရတာ အသိမိတ္ေဆြေတြဆီမွာ ေနၾကၿပီး ျပန္ဖို႔အတြက္ကို ေစာင့္ေနၾကတဲ့အေနအထားမွာ ၾကာလာေတာ့ သူတို႔အတြက္ အဆင္မေျပမႈေလးေတြျဖစ္လာတယ္။ စိတ္ပိုင္းဆုိင္ရာ က်န္းမာေရးပိုင္ရာ အဆင္မေျပမႈေတြ ရွိေတာ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ လိုက္ပါခြင့္ရဖို႔ အျမဲတမ္းေတာင္းဆိုၾကတယ္။ သံ႐ံုးအေနနဲ႔ကေတာ့ ျပန္ဖို႔အတြက္ ၄ လပိုင္းတခါ ၆ လပိုင္းတခါ စာရင္းျပဳစုပါတယ္။ က်ေနာ့္အေနနဲ႔လည္း ျပန္မယ့္အလုပ္သမား ဘယ္ေလာက္က်န္လဲ သိဖို႔ ဇူလိုင္ ၂၅ ရက္ေန႔က Google Form မွာ စာရင္းလာပို႔ေပးၾကဖို႔ေျပာထားပါတယ္ အဲ့ဒီ့အတြက္ သူတို႔ လူဦးေရ ၂၈၀ ေလာက္ စာရင္းလာပို႔ေပးၾကပါတယ္။"

ဒါေပမဲ့ လတ္တေလာ ျမန္မာႏုိင္ငံမွာ ကူညီကယ္ဆယ္ေရးေလယာဥ္ Relief Flight ေတြပဲ ေျပးဆြဲေနၿပီး ႏုိင္ငံတကာေလေၾကာင္းလိုင္းေတြ ေခတၱ ပ်ံသန္းမႈ ရပ္နားထားခ်ိန္ျဖစ္တာမို႔ ျပန္လိုသူနဲ႔ လုိက္ပါခြင့္ရွိသူ ဦးေရအကန္႔အသတ္ေတြ ရွိေနတယ္လို႔ ေတာင္ကိုရီးယားဆိုင္ရာျမန္မာသံ႐ံုး သံအရာရွိက ေျပာပါတယ္။

"ကယ္ဆယ္ေရး ေလယာဥ္ကလည္း ေလယာဥ္ခံု အကန္႔အသတ္ရွိတယ္။ ေနာက္ က်ေနာ္တို႔ဆီမွာလည္း ျပန္လာတဲ့သူေတြအတြက္ ကြာရမ္တင္း ဝင္ဖို႔ ေနရာကလည္း အကန္႔အသတ္ရွိေတာ့ ခြဲတမ္းနဲ႔ လူဦးေရ အေရအတြက္က ဒီကေနျပန္ရမယ့္အေရအတြက္က မမွ်တဲ့အတြက္ အကုန္လံုးကေတာ့ ျပန္ခ်င္လို႔ သံ႐ံုးကို ဆက္သြယ္ေနၾကတဲ့ အေနအထားရွိပါတယ္။ သံ႐ံုးဘက္ကေတာ့ ျပန္လို႔ရေအာင္ စနစ္တက်စီစဥ္ေပးတယ္ ေနာက္တခုက သက္ဆိုင္ရာေတြကို ပံုမွန္ေလေၾကာင္းလိုင္းေတြ ရပ္ဆိုင္းထားတဲ့ကာလမွာ ကယ္ဆယ္ေရးေလယာဥ္ေတြ ပံုမွန္ေျပးဆြဲေပးဖို႔ ႏုိင္ငံဘက္က သက္ဆုိင္တဲ့ဝန္ၾကီးဌာနေတြကိုလည္း တင္ျပထားပါတယ္။ က်ေနာ့္ဘက္ကေတာ့ အလုပ္သမားေတြ ဘယ္ေလာက္က်န္လဲ က်န္ေနတဲ့အလုပ္သမားေတြ ဘယ္လိုအေနအထားရွိလဲဆိုတာ သူတို႔ကိုျပန္ၿပီးအတည္ျပဳေပးပါတယ္။က်ေနာ္ကေတာ့ သီးခံၿပီးေစာင့္ဖို႔ေျပာခ်င္ပါတယ္။ တေယာက္ခ်င္းစီမွာ တဦးခ်င္းစီရဲ ႕အခက္အခဲ အဆင္မေျပမႈေတြ ျပန္ခ်င္တာေပါ့ ဒါေပမဲ့ လက္ရွိမွာက လူဦးေရက တအားမ်ားတဲ့အတြက္ အခက္အခဲေလးေတြရွိေနတာေပါ့ေနာ္။"

ကမာၻ႔ကပ္ေရာဂါ COVID 19 ကာလလည္းျဖစ္ေနတာမို႔ ကိုရီးယားေရာက္အလုပ္သမားေတြအေနနဲ႔ ေရာဂါပိုးကူးစက္ခံရျခင္း မရွိေအာင္ အထူးသတိထား ဂ႐ုစိုက္ေနထိုင္ၾကဖို႔နဲ႔ အေရးေပၚ အကူအညီ လိုအပ္လာရင္ သံ႐ံုးကို ခ်က္ျခင္းဆက္သြယ္ၾကဖို႔ကိုလည္း အလုပ္သမားသံအရာရွိက တိုက္တြန္းပါတယ္။

"ျပန္ဖို႔ေစာင့္ေနၾကတဲ့ အေနအထား တခု အကုန္လံုးကေတာ့ျပန္ဖို႔ကိုပဲ စိတ္ထဲက ရွိေနၾကတဲ့အတြက္ စိတ္ပိုင္းဆုိင္ရာ အနည္းနဲ႔အမ်ား ထိခိုက္မႈေတြရွိၾကမယ္ေပါ့ေနာ္။ အလုပ္လုပ္ေနဆဲကာလမွာေတာ့ က်န္းမာေရးအာမခံေတြ ဝင္ထားၾကတဲ့အတြက္ ေဆး႐ံုေဆးခန္းေတြမွာ ေဆးကုရင္ သက္သာခြင့္ရၾကတယ္။ လက္ရွိအေနအထားကက်ေတာ့ အလုပ္လုပ္ေနတာမဟုတ္ေတာ့ က်န္းမာေရး အာမခံအကာအကြယ္ေအာက္မွာ ရွိမေနၾကဘူး။ က်ေနာ္တို႔ကေတာ့ ဒီလိုအေနအထားမ်ိဳးမွာ မိမိက်န္းမာေရးကို ဂရုစိုက္ဖို႔နဲ႔ စိတ္ဖိစီးမႈေတြကလည္း တေယာက္ခ်င္းစီ ၾကံဳေနရတာ မဟုတ္ဘဲ အမ်ားစုၾကံဳေနရတာျဖစ္တဲ့အတြက္ တခ်ိန္က်ရင္ ေျပလည္သြားႏုိင္တဲ့အေကာင္းဘက္ကိုေတြးၿပီး အခ်ိန္တန္ရင္ အကုန္လံုး အမိႏုိင္ငံကိုျပန္သြားၾကရမွာျဖစ္တဲ့အတြက္ ၾကားကာလေလးမွာ အကုန္လံုးရုန္းကန္ေနၾကရမွာပဲဆိုတာ သူတို႔ကိုသတင္းစကားေလး ပါးခ်င္ပါတယ္ခင္ဗ်။"

လတ္တေလာမွာေတာ့ ျပည္ပႏုိင္ငံေတြမွာ ပိတ္မိၿပီး ျပန္ဖို႔အခက္ၾကံဳေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ႏိုင္ေရး ေတာင္ကိုရီးယားႏုိင္ငံ အင္ခၽြန္းေလဆိပ္ကေန ျမန္မာႏုိင္ငံကို ကူညီကယ္ဆယ္ေရးေလယာဥ္ေတြ ပ်ံသန္းေျပးဆြဲေပးေနၿပီး ေနရပ္ျပန္ဖို႔ေစာင့္ဆိုင္းေနသူေတြအတြက္ ေခတၱေနထိုင္ခြင့္သက္တမ္းေတြတိုးေပးႏုိင္ေရး ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕အေျခစိုက္ ျမန္မာသံရံုးကေန ကူညီေဆာင္ရြက္ေပးေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားမှာ ပိတ်မိနေတဲ့ မြန်မာတွေနေရပ်ပြန်ရေး သံရုံးစီစဉ်

ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ် နေထိုင်စားသောက်ရေး အခက်တွေ့နေကြတဲ့ တောင်ကိုရီးယားရောက်မြန်မာတွေအတွက် အမြန်ဆုံးအိမ်ပြန်နိုင်အောင် နှစ်နိုင်ငံ ပူးပေါင်း စီစဉ်ပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်နေချိန် တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အများစုရပ်နားထားပြီး အလုပ်လက်မဲ့ဖြစ်သွားရသူတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားသူတွေစတဲ့ တောင်ကိုရီးယားရောက်မြန်မာတွေကြား မြန်မာနိုင်ငံ ကိုယ့်နေရပ်ပြန်လိုသူတွေ များပြားနေပါတယ်။ နေရပ်ပြန်လိုတဲ့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားတွေအတွက် နေရပ်ပြန်နိုင်ရေး သံရုံးဘက်က စီစဉ်ပေးနေတဲ့ အခြေအနေကို တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဦးစိုးညီညီက ဗွီအိုအေမြန်မာပိုင်းကိုရှင်းပြပါတယ်။

"သူတို့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက်မှာ ပုံမှန်လေကြောင်းလိုင်းတွေကို မြန်မာနိုင်ငံဘက်က ယာယီရပ်ဆိုင်းထားတဲ့အတွက် သူတို့တွေက ပြန်လို့ရမယ့်အချိန်မှာ ပြန်လို့မရသေးတဲ့အတွက် ကိုရီးယားလဝကကနေ ယာယီနေထိုင်ခွင့် သက်တမ်းတိုးပေးထားရတဲ့အနေအထားရှိပါတယ်။ အဲ့လိုအနေအထားမှာ သူတို့က နီးစပ်ရာ အဆောင်တွေမှာ ဌားနေကြတာရှိတယ်။ မြန်မာဘုန်းကြီးကျောင်းတွေမှာနေကြရတာ အသိမိတ်ဆွေတွေဆီမှာ နေကြပြီး ပြန်ဖို့အတွက်ကို စောင့်နေကြတဲ့အနေအထားမှာ ကြာလာတော့ သူတို့အတွက် အဆင်မပြေမှုလေးတွေဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်ရာ အဆင်မပြေမှုတွေ ရှိတော့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါခွင့်ရဖို့ အမြဲတမ်းတောင်းဆိုကြတယ်။ သံရုံးအနေနဲ့ကတော့ ပြန်ဖို့အတွက် ၄ လပိုင်းတခါ ၆ လပိုင်းတခါ စာရင်းပြုစုပါတယ်။ ကျနော့်အနေနဲ့လည်း ပြန်မယ့်အလုပ်သမား ဘယ်လောက်ကျန်လဲ သိဖို့ ဇူလိုင် ၂၅ ရက်နေ့က Google Form မှာ စာရင်းလာပို့ပေးကြဖို့ပြောထားပါတယ် အဲ့ဒီ့အတွက် သူတို့ လူဦးရေ ၂၈၀ လောက် စာရင်းလာပို့ပေးကြပါတယ်။"

ဒါပေမဲ့ လတ်တလော မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးလေယာဉ် Relief Flight တွေပဲ ပြေးဆွဲနေပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေ ခေတ္တ ပျံသန်းမှု ရပ်နားထားချိန်ဖြစ်တာမို့ ပြန်လိုသူနဲ့ လိုက်ပါခွင့်ရှိသူ ဦးရေအကန့်အသတ်တွေ ရှိနေတယ်လို့ တောင်ကိုရီးယားဆိုင်ရာမြန်မာသံရုံး သံအရာရှိက ပြောပါတယ်။

"ကယ်ဆယ်ရေး လေယာဉ်ကလည်း လေယာဉ်ခုံ အကန့်အသတ်ရှိတယ်။ နောက် ကျနော်တို့ဆီမှာလည်း ပြန်လာတဲ့သူတွေအတွက် ကွာရမ်တင်း ဝင်ဖို့ နေရာကလည်း အကန့်အသတ်ရှိတော့ ခွဲတမ်းနဲ့ လူဦးရေ အရေအတွက်က ဒီကနေပြန်ရမယ့်အရေအတွက်က မမျှတဲ့အတွက် အကုန်လုံးကတော့ ပြန်ချင်လို့ သံရုံးကို ဆက်သွယ်နေကြတဲ့ အနေအထားရှိပါတယ်။ သံရုံးဘက်ကတော့ ပြန်လို့ရအောင် စနစ်တကျစီစဉ်ပေးတယ် နောက်တခုက သက်ဆိုင်ရာတွေကို ပုံမှန်လေကြောင်းလိုင်းတွေ ရပ်ဆိုင်းထားတဲ့ကာလမှာ ကယ်ဆယ်ရေးလေယာဉ်တွေ ပုံမှန်ပြေးဆွဲပေးဖို့ နိုင်ငံဘက်က သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေကိုလည်း တင်ပြထားပါတယ်။ ကျနော့်ဘက်ကတော့ အလုပ်သမားတွေ ဘယ်လောက်ကျန်လဲ ကျန်နေတဲ့အလုပ်သမားတွေ ဘယ်လိုအနေအထားရှိလဲဆိုတာ သူတို့ကိုပြန်ပြီးအတည်ပြုပေးပါတယ်။ကျနော်ကတော့ သီးခံပြီးစောင့်ဖို့ပြောချင်ပါတယ်။ တယောက်ချင်းစီမှာ တဦးချင်းစီရဲ့အခက်အခဲ အဆင်မပြေမှုတွေ ပြန်ချင်တာပေါ့ ဒါပေမဲ့ လက်ရှိမှာက လူဦးရေက တအားများတဲ့အတွက် အခက်အခဲလေးတွေရှိနေတာပေါ့နော်။"

ကမ္ဘာ့ကပ်ရောဂါ COVID 19 ကာလလည်းဖြစ်နေတာမို့ ကိုရီးယားရောက်အလုပ်သမားတွေအနေနဲ့ ရောဂါပိုးကူးစက်ခံရခြင်း မရှိအောင် အထူးသတိထား ဂရုစိုက်နေထိုင်ကြဖို့နဲ့ အရေးပေါ် အကူအညီ လိုအပ်လာရင် သံရုံးကို ချက်ခြင်းဆက်သွယ်ကြဖို့ကိုလည်း အလုပ်သမားသံအရာရှိက တိုက်တွန်းပါတယ်။

"ပြန်ဖို့စောင့်နေကြတဲ့ အနေအထား တခု အကုန်လုံးကတော့ပြန်ဖို့ကိုပဲ စိတ်ထဲက ရှိနေကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အနည်းနဲ့အများ ထိခိုက်မှုတွေရှိကြမယ်ပေါ့နော်။ အလုပ်လုပ်နေဆဲကာလမှာတော့ ကျန်းမာရေးအာမခံတွေ ဝင်ထားကြတဲ့အတွက် ဆေးရုံဆေးခန်းတွေမှာ ဆေးကုရင် သက်သာခွင့်ရကြတယ်။ လက်ရှိအနေအထားကကျတော့ အလုပ်လုပ်နေတာမဟုတ်တော့ ကျန်းမာရေး အာမခံအကာအကွယ်အောက်မှာ ရှိမနေကြဘူး။ ကျနော်တို့ကတော့ ဒီလိုအနေအထားမျိုးမှာ မိမိကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ စိတ်ဖိစီးမှုတွေကလည်း တယောက်ချင်းစီ ကြုံနေရတာ မဟုတ်ဘဲ အများစုကြုံနေရတာဖြစ်တဲ့အတွက် တချိန်ကျရင် ပြေလည်သွားနိုင်တဲ့အကောင်းဘက်ကိုတွေးပြီး အချိန်တန်ရင် အကုန်လုံး အမိနိုင်ငံကိုပြန်သွားကြရမှာဖြစ်တဲ့အတွက် ကြားကာလလေးမှာ အကုန်လုံးရုန်းကန်နေကြရမှာပဲဆိုတာ သူတို့ကိုသတင်းစကားလေး ပါးချင်ပါတယ်ခင်ဗျ။"

လတ်တလောမှာတော့ ပြည်ပနိုင်ငံတွေမှာ ပိတ်မိပြီး ပြန်ဖို့အခက်ကြုံနေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေး တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကနေ မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးလေယာဉ်တွေ ပျံသန်းပြေးဆွဲပေးနေပြီး နေရပ်ပြန်ဖို့စောင့်ဆိုင်းနေသူတွေအတွက် ခေတ္တနေထိုင်ခွင့်သက်တမ်းတွေတိုးပေးနိုင်ရေး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးကနေ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG