သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ဒုက္ခရောက်လို့ အဖမ်းခံရမယ့်အန္တရာယ်ကြားက အိမ်ပြန်လာသူတွေရှိနေဆဲ


ဇူလိုင် ၂၈ ရက်နေ့က မြန်မာနိုင်ငံ ကော့သောင်မြို့မှာ ဖမ်းမိတဲ့ မလေးရှားပြန် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - FED - ဇူလိုင် ၂၈၊ ၂၀၂၀)
ဇူလိုင် ၂၈ ရက်နေ့က မြန်မာနိုင်ငံ ကော့သောင်မြို့မှာ ဖမ်းမိတဲ့ မလေးရှားပြန် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - FED - ဇူလိုင် ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား အခက်အခဲတွေကြောင့် မလေးရှားကနေ မြန်မာနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကတဆင့် နေရပ်ပြန်လာသူတွေ ကော့သောင်းမြို့မှာ ဖမ်းဆီးခံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်မှုတွေနဲ့ အဖမ်းအဆီးတွေကြား အလုပ်လက်မဲ့ဖြစ်နေကြရပြီး စားဝတ်နေရေး အခက်ကြုံနေကြရသလို အဖမ်းအဆီးတွေလည်း ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ နည်းမျိုးစုံသုံးပြီး နေရပ်ပြန်နေကြတာပါ။ ဒီအထဲက မကြာသေးခင်ကပဲ ပြန်လာကြတဲ့ မြန်မာနိုင်ငံသား ကိုး ဦးဟာလည်း ကော့သောင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ကော့သောင်းမြို့ ပညာပေးရေးတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။ နေရပ်ပြန်လာသူတွေထဲမှာ လူမှောင်ခိုတွေကို ငွေကြေးပေးပြီး တရားမဝင်လမ်းကြောင်းတွေကနေ ပြန်လာသူတွေ ရှိနေတယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

"သူတို့ ယာယီထိန်းသိမ်းထားတယ်၊ အချုပ်ခန်းမှာတော့ မဟုတ်ဘူး။ ဘုတ်ပြင်းအားကစားခန်းမမှာ စစ်ဆေးနေတယ်၊ သူတို့ကို သေချာစစ်နေတယ်။ သူတို့က အလုပ်ပိတ်လိုက်ရတယ်၊ ရှေ့ဆက်သွားလို့ မရတဲ့အခက်အခဲတွေကြောင့် သူတို့ နေထိုင်ဖို့ အဆင်မပြေဘူး။ ဒါကြောင်ပွဲစားနဲ့ မလေးရှားကနေ ပြန်လာကြတာ သူတို့ကပြန်ရောက်လာတာ မလေးရှားကနေပြန်လာတာ တချို့က မလေးရှာငွေ ရင်းဂစ် ၁,၂၀၀ တချို့ ၁,၄၀၀ တချို့ ၁,၆၀၀ ထိ ပေးရတယ်ပြောတယ်။ ပြီးခဲ့တဲ့အခေါက်ကလာတဲ့သူတွေကတော့ ၁,၄၀၀ ထိပေးရတယ်။"

အခုနောက်ဆုံးအသုတ်ပြန်လာကြသူတွေကတော့ ကွာလာလမ်ပူက ခုနစ် ဦး၊ ပီနန်က နှစ် ဦးလို့လည်း ပြောပါတယ်။ နေရပ်ပြန်ဖို့ လူမှောင်ခို ပွဲစားကို မလေးရှားရင်းဂစ်ငွေ ၂,၀၀၀ ပေးခဲ့ရပြီး မလေးရှားနိုင်ငံကတဆင့် ထိုင်းနိုင်ငံ စတွန်ခရိုင်ကို လှေလမ်းနဲ့ လာသလို အဲဒီကတဆင့် ရနောင်းနယ်စပ် ပါချန်မြစ်ကို ဖြတ်ပြီး ကော့သောင်းမလိဝမ်းကျေးရွာ ကော့သောင်း ၃ မိုင်အထိ အဆင့်ဆင့်လာခဲ့ကြတာလို့လည်း ဆိုပါတယ်။

ကပ်ရောဂါကာလမှာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင်ကြတဲ့အတွက် မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားတာတွေ ရှိပေမဲ့လည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒီအတွက်လည်း တရားမဝင် လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံကို ပြန်လာနေကြရာက ဒီလထဲမှာတင် ကော့သောင်းမြို့မှာ ဖမ်းဆီးခံရသူ ၂၀ ကျော်အထိ ရှိနေပြီလို့လည်း ဦးမိုးဝေက ပြောပါတယ်။

"သူတို့ လာတဲ့လမ်းကြောင်းကတော့ မလေးရှားကနေ လှေနဲ့ လန်ကာဝီကျွန်းကိုလာတယ် လန်ကာဝီကနေ ထိုင်းနယ်စပ် ရနောင်း လာတယ်။ ပြီးတော့ ရနောင်းကနေ ချုံဖော်ကို လာတယ်။ ပြီးတော့မှာပွဲစားနဲ့ ချိတ်ပြီး ဒီဘက်မြန်မာပြည်ဘက်ကော့သောင်းကို လာတယ်။ အားလုံးကတော့ ပွဲစားနဲ့ ချိတ်ပြီးလာကြတာပဲ ဒီလထဲမှာတော့ အယောက် ၂၀ ကျော်လောက်ရှိပြီ။"

မလေးရှားကနေ မြန်မာနိုင်ငံ ပြန်ရောက်လာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး၊ စောင့်ကြည့်ရေးစခန်းတွေကို ပို့ဆောင်ထားပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်း မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မလေးရှားနဲ့ ထိုင်းနိုင်ငံက ပြန်လာသူ နှစ် ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထားပါတယ်။ သေဆုံးသူ ခြောက် ဦး အပါအဝင် ကူးစက်သူ ၃၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ အများစုကတော့ ပြည်ပကပြန်လာသူတွေ ဖြစ်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

မလေးရှားမှာ ဒုက်ခရောကျလို့ အဖမျးခံရမယ့ျအန်တရာယျကွားက အိမျပွနျလာသူတှရှေိနဆေဲ








XS
SM
MD
LG