သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ တရားမဝင္ ျမန္မာေရလုပ္သားေတြ ဖမ္းဆီးခံရ


ဖမ္းဆီးခံရတဲ့ ျမန္မာေရလုပ္သားမ်ား။ (ဓာတ္ပံု -Photo-Malaysian Maritime Enforcement Agency)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ တရားမ၀င္ အလုပ္သမားေတြကုိ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးေနရာမွာ ျမန္မာေရလုပ္သားတခ်ဳိ႕ပါ ဖမ္းဆီးခံရတာေတြ ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံ စလန္းေဂါျပည္နယ္ စကင္ခ်န္း ပင္လယ္ျပင္မွာ တရားမ၀င္ ငါးဖမ္းစက္ေလွ ႏွစ္ စီးကို ဖမ္းဆီးခဲ့ရာမွာ တရားမ၀င္ အလုပ္လုပ္ေနတဲ့ ျမန္မာႏို္င္ငံက ေရလုပ္သား ေလး ဦး ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။ Selangor ျပည္နယ္ ေရေၾကာင္းဆိုင္ရာ ညႊန္ၾကားေရးမွဴး ေရတပ္ဗိုလ္ႀကီးမိုဟာမက္ Rosli bin Kassim ကေတာ့ မေလးရွားကမ္းလြန္ ေရမိုင္ ၈ မိုင္ေလာက္ အကြာမွာ ဒီသီတင္းပတ္ အေစာပုိင္းက ဖမ္းဆီးမိခဲ့တာလုိ႔လည္း အတည္ျပဳေျပာဆုိထားပါတယ္။

ဖမ္းဆီးမိခဲ့တဲ့ ျမန္မာေရလုပ္သားေတြထဲမွာ သံုး ဦးကေတာ့ တရား၀င္အေထာက္အထား မရွိသူေတြ ျဖစ္ၾကၿပီး၊ စက္ေလွကပၸတိန္ကေတာ့ လူမႈေရးဗီဇာနဲ႔ မေလးရွားႏုိင္ငံကုိ ေရာက္လာၿပီး ဗီဇာသက္တမ္းကုန္ေနသူ ျဖစ္တယ္လုိ႔လည္း မေလးရွားအာဏာပုိင္ေတြက ေျပာပါတယ္။

အသက္ ၂၉ ႏွစ္က ေနအသက္ ၅၅ ႏွစ္ၾကား ျမန္မာေရလုပ္သား ၄ ေယာက္ကုိေတာ့ ၁၉၈၅ ခုႏွစ္ ငါးလုပ္ငန္းဥပေဒ၊ လူဝင္မွုႀကီးၾကပ္ေရး အက္ဥပေဒေတြနဲ႔ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ေဒသခံ သတင္းေတြမွာ ေဖာ္ျပခဲ့ၾကတာပါ။ မေလးရွားႏိုင္ငံက ျမန္မာအလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းကေတာ့ မေလးရွားႏုိင္ငံက ေရလုပ္ငန္းမွာ တရားမ၀င္ အလုပ္လုပ္ကုိင္ေနၾကတဲ့ ျမန္မာႏုိင္ငံသား အမ်ားအျပား မၾကာခဏ ဖမ္းဆီးခံရတတ္တယ္လုိ႔ ေျပာပါတယ္။

"ထိုင္းဘက္ေတြကပဲ အလာမ်ားတာပါ။ သူတို႔က အေပၚလမ္း (တရား၀င္ေလယာဥ္လမ္း) က လာတာရွားတယ္။ သူတုိ႔ကုိ အခုဖမ္းမိျပီဆုိေတာ့ လ၀က ဥပေဒနဲ႔ ဖမ္းမယ္၊ ေထာင္ခ်မယ္ျပီးရင္ေတာ့ျပန္ပုိ႔တယ္ ဒီလမ္းေၾကာင္းေတြကပဲ သြားပါတယ္။"

ဒီရက္ပုိင္းမွာပဲ ထိုင္း - မေလးနယ္စပ္ ဘူကစ္ ကာယု ဟီတမ္း ကို ျဖတ္ေက်ာ္ဖို႔ ႀကိဳးစားခဲ့တဲ့ တရားမဝင္ ျမန္မာအလုပ္သမား ၁၂ ဦး ကုိလည္း မေလးရွားအာဏာပုိင္ေတြက ဖမ္းဆီးခဲ့ပါတယ္။

ထုိင္းနဲ႔ မေလးရွားႏုိင္ငံ နယ္စပ္ေတြမွာေတာ့ COVID 19 အေရးေပၚကာလမွာ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈေတြကုိ တားဆီးဖုိ႔ လံုျခံဳေရးေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားျပီး သံဆူးႀကိဳးအကာအရံေတြနဲ႔ အ၀င္အထြက္ေတြကိုလည္း ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ တရားမဝင် မြန်မာရေလုပ်သားတွေ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေရာမှာ မြန်မာရေလုပ်သားတချို့ပါ ဖမ်းဆီးခံရတာတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ စလန်းဂေါပြည်နယ် စကင်ချန်း ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းစက်လှေ နှစ် စီးကို ဖမ်းဆီးခဲ့ရာမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ရေလုပ်သား လေး ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ Selangor ပြည်နယ် ရေကြောင်းဆိုင်ရာ ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ကြီးမိုဟာမက် Rosli bin Kassim ကတော့ မလေးရှားကမ်းလွန် ရေမိုင် ၈ မိုင်လောက် အကွာမှာ ဒီသီတင်းပတ် အစောပိုင်းက ဖမ်းဆီးမိခဲ့တာလို့လည်း အတည်ပြုပြောဆိုထားပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ မြန်မာရေလုပ်သားတွေထဲမှာ သုံး ဦးကတော့ တရားဝင်အထောက်အထားမရှိသူတွေ ဖြစ်ကြပြီး၊ စက်လှေကပ္ပတိန်ကတော့ လူမှုရေးဗီဇာနဲ့ မလေးရှားနိုင်ငံကို ရောက်လာပြီး ဗီဇာသက်တမ်းကုန်နေသူ ဖြစ်တယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၉ နှစ်က နေအသက် ၅၅ နှစ်ကြား မြန်မာရေလုပ်သား ၄ ယောက်ကိုတော့ ၁၉၈၅ ခုနှစ် ငါးလုပ်ငန်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်းလည်း ဒေသခံ သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ မလေးရှားနိုင်ငံက မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းကတော့ မလေးရှားနိုင်ငံက ရေလုပ်ငန်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အများအပြား မကြာခဏ ဖမ်းဆီးခံရတတ်တယ်လို့ ပြောပါတယ်။

"ထိုင်းဘက်တွေကပဲ အလာများတာပါ။ သူတို့က အပေါ်လမ်း (တရားဝင်လေယာဉ်လမ်း) က လာတာရှားတယ်။ သူတို့ကို အခုဖမ်းမိပြီဆိုတော့ လဝက ဥပဒေနဲ့ ဖမ်းမယ်၊ ထောင်ချမယ်ပြီးရင်တော့ပြန်ပို့တယ် ဒီလမ်းကြောင်းတွေကပဲ သွားပါတယ်။"

ဒီရက်ပိုင်းမှာပဲ ထိုင်း - မလေးနယ်စပ် ဘူကစ် ကာယု ဟီတမ်း ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ တရားမဝင် မြန်မာအလုပ်သမား ၁၂ ဦး ကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်တွေမှာတော့ COVID 19 အရေးပေါ်ကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးဖို့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပြီး သံဆူးကြိုးအကာအရံတွေနဲ့ အဝင်အထွက်တွေကိုလည်း ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG