သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားအစိုးရကို ေဝဖန္တဲ့ ဘဂၤလားေဒ့ရွ္လုပ္သား ဖမ္းဆီးခံရ


COVID-19 ကပ္ေရာဂါကာလ ကြာလာလမ္ပူၿမိဳ႕မွာ လုံၿခဳံေရးယူေနတဲ့ မေလးရွား စစ္သားနဲ႔ ရဲတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (မတ္ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြအေပၚ အစိုးရရဲ႕ ျပဳမူပံုနဲ႔ ပတ္သက္ၿပီး Al Jazeera သတင္းဌာနရဲ႕ ႐ုပ္သံအထူးသတင္းတပုဒ္မွာ ေဝဖန္ေျပာဆိုခဲ့တဲ့ ဘဂၤလားေဒ့ရွ္ အလုပ္သမားတေယာက္ကို ဖမ္းလိုက္တယ္လုိ႔ မေလးရွားအစိုးရက ဒီကေန႔ ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါကာလအတြင္း မေလးရွားက အေထာက္အထားမဲ့ ျပည္ပအလုပ္သမားေတြအေပၚ မေလးရွားအစိုးရရဲ႕ ကိုင္တြယ္ပံုနဲ႔ ပတ္သက္ၿပီး Al Jazeera ႐ုပ္သံသတင္းဌာနက ဇူလိုင္လ ၃ ရက္ေန႔မွာ အထူးသတင္းတပုဒ္ ထုတ္လႊင့္ခဲ့တာပါ။ အဲဒီ႐ုပ္သံသတင္းဟာ တိက်မႈမရိွသလို အထင္အျမင္ လြဲမွားေစၿပီးေတာ့ မွ်တမႈလည္း မရွိဘူးလို႔ မေလးရွားတာဝန္ရွိသူ အေတာ္မ်ားမ်ားက တံု႔ျပန္ ေျပာဆိုထားပါတယ္။

အဲဒီ႐ုပ္သံသတင္းနဲ႔ ပတ္သက္ၿပီး Al Jazeera သတင္းဌာနက သတင္းေထာက္ေတြကို မေလးရွားရဲတပ္ဖြဲ႔က ေမးျမန္းခဲ့ၿပီးတဲ့ေနာက္ မေလးရွားအစိုးရဟာ သတင္းလြတ္လပ္ခြင့္ကို ဖိႏွိပ္ေနတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက စြပ္စြဲခဲ့ပါတယ္။

မေလးရွားက အေထာက္အထားမဲ့ ျပည္ပလုပ္သားေတြကို မေလးရွားအစိုးရက ကပ္ေရာဂါကာလအတြင္း ဖမ္းဆီး ေထာင္ခ်ၿပီးေတာ့ ခြဲျခားဆက္ဆံခဲ့တယ္လုိ႔ ႐ုပ္သံသတင္းထဲမွာ စြပ္စြဲေျပာဆိုထားတဲ့ ဘဂၤလားေဒ့ရွ္အလုပ္သမား Md Rayhan Kabir ကို ဖမ္းဝရမ္းထုတ္ၿပီး ေသာၾကာေန႔မွာ ဖမ္းဆီးခဲ့တာပါ။

သူ႔ကို ႏုိင္ငံကေန ႏွင္ထုတ္ၿပီး မေလးရွားႏုိင္ငံထဲ ဘယ္ေတာ့မွ ျပန္ဝင္လို႔မရေအာင္ အမည္မည္းစာရင္း သြင္းမယ္လို႔ မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Khairul Dzaimee Daud က ဒီကေန႔ ထုတ္ျပန္ခ်က္တခုထဲမွာ ေျပာထားပါတယ္။

Rayhan ဟာ ျပစ္မႈတခုခု က်ဴးလြန္တယ္ဆိုၿပီး သံသယရွိထားသလား ဆိုတာကိုေတာ့ လူဝင္မႈႀကီးၾကပ္ေရးၫႊန္ခ်ဳပ္က မေျပာပါဘူး။

မေလးရွားႏုိင္ငံမွာ ကိုဗစ္ဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ခ်မွတ္ခဲ့ခ်ိန္အတြင္း ကေလးငယ္ေတြနဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ အပါအဝင္ အေထာက္အထားမဲ့ ျပည္ပလုပ္သား ရာေပါင္းမ်ားစြာကို မေလးရွား အာဏာပိုင္ေတြက ဖမ္းဆီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

မလေးရှားအစိုးရကို ဝေဖန်တဲ့ ဘင်္ဂလားဒေ့ရှ်လုပ်သား ဖမ်းဆီးခံရ

မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အစိုးရရဲ့ ပြုမူပုံနဲ့ ပတ်သက်ပြီး Al Jazeera သတင်းဌာနရဲ့ ရုပ်သံအထူးသတင်းတပုဒ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတယောက်ကို ဖမ်းလိုက်တယ်လို့ မလေးရှားအစိုးရက ဒီကနေ့ ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်း မလေးရှားက အထောက်အထားမဲ့ ပြည်ပအလုပ်သမားတွေအပေါ် မလေးရှားအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး Al Jazeera ရုပ်သံသတင်းဌာနက ဇူလိုင်လ ၃ ရက်နေ့မှာ အထူးသတင်းတပုဒ် ထုတ်လွှင့်ခဲ့တာပါ။ အဲဒီရုပ်သံသတင်းဟာ တိကျမှုမရှိသလို အထင်အမြင် လွဲမှားစေပြီးတော့ မျှတမှုလည်း မရှိဘူးလို့ မလေးရှားတာဝန်ရှိသူ အတော်များများက တုံ့ပြန် ပြောဆိုထားပါတယ်။

အဲဒီရုပ်သံသတင်းနဲ့ ပတ်သက်ပြီး Al Jazeera သတင်းဌာနက သတင်းထောက်တွေကို မလေးရှားရဲတပ်ဖွဲ့က မေးမြန်းခဲ့ပြီးတဲ့နောက် မလေးရှားအစိုးရဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ပါတယ်။

မလေးရှားက အထောက်အထားမဲ့ ပြည်ပလုပ်သားတွေကို မလေးရှားအစိုးရက ကပ်ရောဂါကာလအတွင်း ဖမ်းဆီး ထောင်ချပြီးတော့ ခွဲခြားဆက်ဆံခဲ့တယ်လို့ ရုပ်သံသတင်းထဲမှာ စွပ်စွဲပြောဆိုထားတဲ့ ဘင်္ဂလားဒေ့ရှ်အလုပ်သမား Md Rayhan Kabir ကို ဖမ်းဝရမ်းထုတ်ပြီး သောကြာနေ့မှာ ဖမ်းဆီးခဲ့တာပါ။

သူ့ကို နိုင်ငံကနေ နှင်ထုတ်ပြီး မလေးရှားနိုင်ငံထဲ ဘယ်တော့မှ ပြန်ဝင်လို့မရအောင် အမည်မည်းစာရင်း သွင်းမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Khairul Dzaimee Daud က ဒီကနေ့ ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။

Rayhan ဟာ ပြစ်မှုတခုခု ကျူးလွန်တယ်ဆိုပြီး သံသယရှိထားသလား ဆိုတာကိုတော့ လူဝင်မှုကြီးကြပ်ရေးညွှန်ချုပ်က မပြောပါဘူး။

မလေးရှားနိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ချိန်အတွင်း ကလေးငယ်တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် အထောက်အထားမဲ့ ပြည်ပလုပ်သား ရာပေါင်းများစွာကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG