သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ အထက္တန္းေက်ာင္း ၃,၀၀၀ နီးပါး ျပန္မဖြင့္ႏိုင္ေသး


ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာလမွာ တလေလာက္ေနာက္က်ၿပီး ေက်ာင္းေတြကုိ ျပန္ဖြင့္ေပးလုိက္ေပမဲ့ မဖြင့္ႏုိင္ေသးဘဲ က်န္ေနတဲ့ ေက်ာင္းေတြ ရာနဲ႔ခ်ီ ရွိေနေသးတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးပါမယ္။

အေျခခံပညာအထက္တန္း ေက်ာင္းေတြကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ျဖစ္တဲ့ ဇြန္လမွာ ျပန္မဖြင့္ႏိုင္ခဲ့ဘဲ ဇူလိုင္လ တတိယပတ္မွာမွ ျပန္ဖြင့္ခဲ့ေပမဲ့ က်န္းမာေရး သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီတာေၾကာင့္ မဖြင့္ႏုိင္ေသးဘဲ ျဖစ္ေနတဲ့ ေက်ာင္းေတြလည္း အမ်ားအျပား က်န္ေနပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးမွာ အေျခခံပညာ အထက္တန္းေက်ာင္းစုစုေပါင္း ၇,၀၀၀ ေက်ာ္ရွိတဲ့ထဲက ကိုဗစ္ကာလ က်န္းမာေရးသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့ ေက်ာင္းေပါင္း ၄,၀၀၀ ေက်ာ္ကိုသာ ျပန္ဖြင့္ခဲ့ၿပီး က်န္တဲ့ေက်ာင္းေတြကေတာ့ တစ္လေလာက္ၾကာတဲ့အထိ မဖြင့္ႏုိင္ေသးပဲ ျဖစ္ေနရတယ္လုိ႔ အေျခခံပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ေက်ာင္းေတြက ဒီသင္႐ိုးၫႊန္းတန္းကို သင္ၾကားသင္ယူရတဲ့ ကိစၥေတြကို လုပ္ရတဲ့အတြက္ေၾကာင့္မို႔လို႔ တေျပးညီ ဖြင့္ႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့။ ခုပဲ မဖြင့္ႏိုင္တဲ့အတြက္ေၾကာင့္မို႔ ေက်ာင္းေပါင္း ၂,၀၀၀ ေက်ာ္က မဖြင့္ ႏိုင္ေသးေတာ့ ၃,၀၀၀ နီးပါးေပါ့ေလ မဖြင့္ႏိုင္ေသးတဲ့အခါက်ေတာ့ အဲ့ဒီေက်ာင္းေတြအတြက္ အရမ္းနစ္နာေနၿပီ လို႔ ဆရာ တို႔က ယူဆတာေပါ့ေလ။ အဲ့ဒါေၾကာင့္မို႔ ဆရာတို႔တင္ျပျခင္တာက ဆရာတို႔ကလည္းလုပ္ေပးတယ္။ အတတ္ႏိုင္ဆုံးပူးေပါင္းေဆာင္႐ြက္တယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဒီလုပ္ငန္းေတြအေပၚမွာ သူတို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဆရာဝန္ေတြပဲ ေခါင္းေဆာင္ၿပီး စစ္တဲ့ဟာကို ေသေသခ်ာခ်ာ ေလး ဒါကို ယုံၾကည္မႈရွိဖို႔ကေတာ့ လိုအပ္ပါတယ္။ အဲ့လို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၿမိဳ႕နယ္ ဆရာဝန္ေတြက ေခါင္းေဆာင္ၿပီးစစ္တဲ့ဟာကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မယုံၾကည္ဘူးဆို ဘယ္သူ႔သြားယုံၾကည္မွာလဲ”

က်န္းမာေရး အဆင့္သတ္မွတ္ခ်က္နဲ႔ ကုိက္ညီေပမဲ့ ျပန္မဖြင့္ႏုိင္ေသးတဲ့ ေက်ာင္းေတြလည္းရွိေနၿပီး အမ်ားစုကေတာ့ ကယားျပည္နယ္နဲ႔ ဧရာဝတီတိုင္းမွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာေတာ့ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရးစိတ္မခ်ရတဲ့ ‌ေဒသေတြက ေက်ာင္း ၁၁ ေက်ာင္းေလာက္ကုိ က်န္းမာေရးသတ္မွတ္ခ်က္ စစ္ေဆးဖို႔ က်န္ေန‌ေသးတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမွဴး ဦးတင္သိန္းက ေျပာပါတယ္။

“ေက်ာင္းကေတာ့ ခုတက္ေနတဲ့ ေက်ာင္းေတြကေတာ့ ပုံမွန္ပဲ၊ တခ်ိဳ႕ေက်ာင္းေတြကေတာ့ စစ္ေဆးဖို႔ မသြားႏိုင္တဲ့ ေနရာေတြရွိတယ္။ ေဒသအေျခအေနအရ သြားမစစ္ႏိုင္ဘူးေပါ့။ အဖြဲ႕ေပါင္းစုံစစ္ရမွာဆိုေတာ့ တစ္ခ်ိဳ႕အဖြဲ႕ေတြက မသြားႏိုင္ေသးဘူးေပါ့။ မစစ္ရေသးတဲ့ေက်ာင္းေတြလည္း တခ်ိဳ႕ရွိတယ္။ စစ္ၿပီးမွ အဆင့္မမွီတဲ့ ေက်ာင္းေတြလည္း က်န္ေနေသးတယ္။”

ကပ္ေရာဂါကာလ ပိတ္ထားခဲ့ၿပီးေနာက္ ျပန္ဖြင့္ခြင့္ေပးလုိက္တဲ့အထဲမွာေတာ့ ပုဂၢလိက ကုိယ္ပုိင္ေက်ာင္းေတြလည္း ပါပါတယ္။ ကုိယ္ပုိင္ေက်ာင္း ၁,၀၀၀ ေက်ာ္မွာ တ၀က္လာက္ျပန္ဖြင့္ခြင့္ ေပးထားတယ္လုိ႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ခုလိုေျပာပါတယ္။

“ကိုယ္ပိုင္ေက်ာင္းေတြကလည္း ၅၀၀၊ ၆၀၀ ေလာက္ေတာ့ ဖြင့္ႏိုင္ၿပီလို႔ ဆရာတို႔ စာရင္းအရေတာ့ ေတြ႕ရတယ္ ေပါ့ေႏွာ္။ စုစုေပါင္းက ၁,၀၀၁ ေက်ာင္း ရွိတယ္။ စာရင္းအရေတာ့ တစ္ဝက္ေလာက္ျပန္ဖြင့္ႏိုင္ ၿပီေပါ့။ တကယ္တမ္းက် အျပင္မွာက အကုန္ျပန္ဖြင့္ေနတာ ေတြ႕ရတယ္။”

အထက္တန္းေက်ာင္းေတြအားလုံး ျပန္ဖြင့္ၿပီး ၁ လအၾကာမွာမွ အလယ္တန္းေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ဖို႔ စဥ္းစားမယ္လို႔ COVID-19 ကာကြယ္ထိန္းခ်ဴပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေျပာထားေပမဲ့ ရာနဲ႔ခ်ီတဲ့ေက်ာင္းေတြ မဖြင့္ႏုိင္ေသးပဲ ျဖစ္ေနရတာပါ။ ေသဆုံးသူ ၆ ဦး အပါအ၀င္ ေရာဂါပုိးကူးစက္သူ ၃၆၀ ကုိ အတည္ျပဳထားတဲ့ ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြျပန္ဖြင့္ခဲ့တဲ့အေပၚ စုိးရိမ္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့လည္း ပညာေရးဌာန တာ၀န္ရွိသူေတြကေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြ အတိုင္းအတိအက် ျပင္ဆင္ထားတာေၾကာင့္ မိဘေတြအေနနဲ႔ စိုးရိမ္မေနဘဲ ကူးစက္ေရာဂါက ကာကြယ္ႏိုင္ဖို႔ကို ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ အထက်တန်းကျောင်း ၃,၀၀၀ နီးပါး ပြန်မဖွင့်နိုင်သေး

ကိုဗစ်ကာလမှာ တလလောက်နောက်ကျပြီး ကျောင်းတွေကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ မဖွင့်နိုင်သေးဘဲ ကျန်နေတဲ့ ကျောင်းတွေ ရာနဲ့ချီ ရှိနေသေးတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

အခြေခံပညာအထက်တန်း ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်တဲ့ ဇွန်လမှာ ပြန်မဖွင့်နိုင်ခဲ့ဘဲ ဇူလိုင်လ တတိယပတ်မှာမှ ပြန်ဖွင့်ခဲ့ပေမဲ့ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် မဖွင့်နိုင်သေးဘဲ ဖြစ်နေတဲ့ ကျောင်းတွေလည်း အများအပြား ကျန်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းကျောင်းစုစုပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ထဲက ကိုဗစ်ကာလ ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းပေါင်း ၄,၀၀၀ ကျော်ကိုသာ ပြန်ဖွင့်ခဲ့ပြီး ကျန်တဲ့ကျောင်းတွေကတော့ တစ်လလောက်ကြာတဲ့အထိ မဖွင့်နိုင်သေးပဲ ဖြစ်နေရတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ကျောင်းတွေက ဒီသင်ရိုးညွှန်းတန်းကို သင်ကြားသင်ယူရတဲ့ ကိစ္စတွေကို လုပ်ရတဲ့အတွက်ကြောင့်မို့လို့ တပြေးညီ ဖွင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ခုပဲ မဖွင့်နိုင်တဲ့အတွက်ကြောင့်မို့ ကျောင်းပေါင်း ၂,၀၀၀ ကျော်က မဖွင့် နိုင်သေးတော့ ၃,၀၀၀ နီးပါးပေါ့လေ မဖွင့်နိုင်သေးတဲ့အခါကျတော့ အဲ့ဒီကျောင်းတွေအတွက် အရမ်းနစ်နာနေပြီ လို့ ဆရာ တို့က ယူဆတာပေါ့လေ။ အဲ့ဒါကြောင့်မို့ ဆရာတို့တင်ပြခြင်တာက ဆရာတို့ကလည်းလုပ်ပေးတယ်။ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီလုပ်ငန်းတွေအပေါ်မှာ သူတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေပဲ ခေါင်းဆောင်ပြီး စစ်တဲ့ဟာကို သေသေချာချာ လေး ဒါကို ယုံကြည်မှုရှိဖို့ကတော့ လိုအပ်ပါတယ်။ အဲ့လို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြို့နယ် ဆရာဝန်တွေက ခေါင်းဆောင်ပြီးစစ်တဲ့ဟာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မယုံကြည်ဘူးဆို ဘယ်သူ့သွားယုံကြည်မှာလဲ”

ကျန်းမာရေး အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီပေမဲ့ ပြန်မဖွင့်နိုင်သေးတဲ့ ကျောင်းတွေလည်းရှိနေပြီး အများစုကတော့ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေကြောင့် လုံခြုံရေးစိတ်မချရတဲ့ ‌ဒေသတွေက ကျောင်း ၁၁ ကျောင်းလောက်ကို ကျန်းမာရေးသတ်မှတ်ချက် စစ်ဆေးဖို့ ကျန်နေ‌သေးတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

“ကျောင်းကတော့ ခုတက်နေတဲ့ ကျောင်းတွေကတော့ ပုံမှန်ပဲ၊ တချို့ကျောင်းတွေကတော့ စစ်ဆေးဖို့ မသွားနိုင်တဲ့ နေရာတွေရှိတယ်။ ဒေသအခြေအနေအရ သွားမစစ်နိုင်ဘူးပေါ့။ အဖွဲ့ပေါင်းစုံစစ်ရမှာဆိုတော့ တစ်ချို့အဖွဲ့တွေက မသွားနိုင်သေးဘူးပေါ့။ မစစ်ရသေးတဲ့ကျောင်းတွေလည်း တချို့ရှိတယ်။ စစ်ပြီးမှ အဆင့်မမှီတဲ့ ကျောင်းတွေလည်း ကျန်နေသေးတယ်။”

ကပ်ရောဂါကာလ ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်ခွင့်ပေးလိုက်တဲ့အထဲမှာတော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေလည်း ပါပါတယ်။ ကိုယ်ပိုင်ကျောင်း ၁,၀၀၀ ကျော်မှာ တဝက်လာက်ပြန်ဖွင့်ခွင့် ပေးထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ခုလိုပြောပါတယ်။

“ကိုယ်ပိုင်ကျောင်းတွေကလည်း ၅၀၀၊ ၆၀၀ လောက်တော့ ဖွင့်နိုင်ပြီလို့ ဆရာတို့ စာရင်းအရတော့ တွေ့ရတယ် ပေါ့နှော်။ စုစုပေါင်းက ၁,၀၀၁ ကျောင်း ရှိတယ်။ စာရင်းအရတော့ တစ်ဝက်လောက်ပြန်ဖွင့်နိုင် ပြီပေါ့။ တကယ်တမ်းကျ အပြင်မှာက အကုန်ပြန်ဖွင့်နေတာ တွေ့ရတယ်။”

အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်ပြီး ၁ လအကြာမှာမှ အလယ်တန်းကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ စဉ်းစားမယ်လို့ COVID-19 ကာကွယ်ထိန်းချူပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြောထားပေမဲ့ ရာနဲ့ချီတဲ့ကျောင်းတွေ မဖွင့်နိုင်သေးပဲ ဖြစ်နေရတာပါ။ သေဆုံးသူ ၆ ဦး အပါအဝင် ရောဂါပိုးကူးစက်သူ ၃၆၀ ကို အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်ခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပညာရေးဌာန တာဝန်ရှိသူတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းအတိအကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ ကူးစက်ရောဂါက ကာကွယ်နိုင်ဖို့ကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG