သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ရွမ္းေျမာက္က တအာင္းလူငယ္ေတြ ပညာသင္ၾကားခြင့္ ဆုံးရႈံးႏုိင္


(ဓါတ္ပံု- Ta'ang Education Institute)

(Zawgyi/Unicode)

ေတာင္တန္းေဒသမွာ ပရဟိတ ပညာေရးလုပ္ငန္း ေဆာင္ရြက္ေနတဲ့ တအာင္းပညာေရးအင္စတီက်ဴ႕ဟာ COVID-19 ကပ္ေရာဂါျဖစ္ပြားခ်ိန္ လွဴဒါန္းတာေတြ ေလ်ာ့က်လာတာေၾကာင့္ ေက်ာင္းေပါင္း ၅၀ေက်ာ္ဟာ ဆက္လက္ လည္ပတ္ဖို႔ အခက္အခဲေတြေနၿပီး ေထာင္နဲ႔ခ်ီတဲ့ ေက်ာင္းသားေတြ ပညာသင္ၾကားခြင့္ ဆံုးရႈံးႏိုင္တဲ့အေျခအေနကို ကိုမိုးေဇာ္ တင္ျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႔မွာ အေျခစိုက္ထားတဲ့ တအာင္းပညာေရးအင္စတီက်ဴ႔ ဟာ ေ၀းလံတဲ့ေက်းရြာေတြနဲ႔ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားရာေဒသေတြက ေက်ာင္းမတက္ႏိုင္တဲ့ ကေလးငယ္ေတြအတြက္ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းေတြ ဖြင့္လွစ္ေနတဲ့ အဖဲြ႕ ျဖစ္ပါတယ္။

ဒီအဖဲြ႕ဟာ အရင္ႏွစ္ေတြက အလွဴရွင္ေတြ၊ ေစတနာ၀န္ထမ္းေတြ၊ NGO ေခၚ အစိုးရမဟုတ္တဲ့ အဖဲြ႕အစည္းေတြနဲ႔ ေဒသခံျပည္သူေတြ ပူးေပါင္းၿပီး စာသင္ေက်ာင္း ၅၀ ဖြင့္လွစ္ထားတာပါ။

ေလာေလာဆည္ ကမ႓ာနဲ႔ အ၀ွမ္းျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါေၾကာင့္ အလွဴရွင္ေတြ က်ပ္တည္းလာတာေၾကာင့္ ေက်ာင္းေတြ ဆက္လက္ လည္ပတ္ဖို႔ အခက္အခဲျဖစ္လာေၾကာင္း တအာင္းပညာေရး အင္စတီက်ဴ႔ ရဲ႕ ဦးေဆာင္ အဖဲြ႕၀င္ ဦးတိကၡဉာဏက VOA ကို မိန္႔ၾကားပါတယ္။

“ အရင္တုန္းကဆိုရင္ေတာ့ဦးပဥၹင္းတို႔ ျပင္ပက အလွဴရွင္ေတြက မ်ားတယ္ေလ။ ဒီ ဆရာ၊ ဆရာမ လစာတို႔ ၊ စာေရးကရိယာေတြေပါ့ေလ။ ဒီႏွစ္အေတာအတြင္းဆိုရင္ေတာ့ ေထာက္ပံ့ေပးႏိုင္တဲ့အေနအထားမ်ိဳးမရွိဘူးေလ။ အဲလိုျဖစ္ေနတာ။ ဥပမာ- ၾသဂုတ္လမွာ စဖြင့္မယ္ ဆိုရင္ေတာ့ ဒီ ၂လ၊ ၃လအတြင္းေတာ့ ေျဖရွင္းႏိုင္ေသးတယ္။ ပညာသင္ႏွစ္အကုန္ထိ ေရရွည္ရပ္တည္ႏိုင္ဖို႔က မလြယ္ဘူး အဲလိုျဖစ္ေနတာ။ အလြန္လိုအပ္တာက ဆရာ၊ ဆရာမေတြ လစာပဲ။ လစာဆိုလည္း ဦးပဥၹင္းတို႔ အမ်ားႀကီးေပးတာမဟုတ္ဘူး။ မုန္႔ဖိုးသေဘာမ်ိဳးပဲ ဥပမာ- ဆရာ၊ ဆရာမ တစ္ေယာက္ကို အမ်ားဆံုးမွ တစ္သိန္း ႏွစ္ေသာင္း အဲလိုအေနအထားမ်ိဳးနဲ႔ ေပးတာ။ အဲဒီဟာကို အခက္အခဲၾကံဳေနရတယ္ေပါ့။ ဆရာ၊ ဆရာမ အင္အားကလည္း မ်ားတာကိုး။”

အခက္အခဲၾကံဳရႏိုင္တဲ့ ေက်ာင္းေတြနဲ႔ ေက်ာင္းသား ဦးေရ အေျခအေနကိုလည္း အခုလို ဆက္ၿပီး မိန္႔ၾကားပါတယ္။

“ ေက်ာင္းက ေက်ာင္းေဟာင္းက ၅၀ေပါ့။ ဒီႏွစ္ အသစ္ေနာက္ထပ္ ၃၀ထပ္ဖြင့္မယ္ ဆိုေတာ့ ေက်ာင္းက ၈၀။ ဆရာ၊ ဆရာမ ဦးေရ ခန္႔မွန္းေျခက အေဟာင္းေရာ အသစ္ေရာ တစ္ေက်ာင္းကို ႏွစ္ေယာက္ႏႈန္းနဲ႔ပဲ တြက္ ၾကည့္လို႔ ရတယ္။ ဆရာ၊ ဆရာမ အင္အား ၁၆၀ေလာက္ရွိမယ္။ ဒါကိုယ္ထူကိုယ္ထ ေက်ာင္းက ဆရာ၊ ဆရာမေတြပဲ ေျပာေသးတာေပါ့။ ဦးပဥၹင္းတို႔ ဖြင့္ထားတဲ့ ပရဟိတ ေဘာ္ဒါေဆာင္က တစ္ေက်ာင္းကို ၅ေယာက္ႏႈန္းနဲ႔ တြက္ရင္ပဲ ပရဟိတေဘာ္ဒါေဆာင္က ၅ခု။ ဦးပဥၹင္းတို႔ တစ္ဘက္တလမ္းကေန ပံ့ပိုးေပးတဲ့ ဘက ေက်ာင္းကလည္း ၃ခုရွိတာကိုး။ ကေလးဦးေရက ဒီႏွစ္ဖြင့္မယ့္ ေက်ာင္းနဲ႔ပါ ေပါင္းလိုက္လို႔ရွိရင္ ကေလးဦးေရက တစ္ေသာင္းနီးပါးေလာက္ ျဖစ္သြားမွာ။”

ဒီေက်ာင္းေတြ ဆက္လက္ လည္ပတ္ႏိုင္ဖို႔အတြက္ ျပည္တြင္း၊ ျပည္ပ အလွဴရွင္ေတြကို ပါ၀င္ လွဴဒါန္းဖို႔ ႏိႈးေဆာ္ျပန္ၾကားေၾကာင္း ထုတ္ျပန္ထားၿပီး လံုေလာက္တဲ့ အကူအညီေတြ မရဘူးဆိုရင္ ကေလးေတြဟာ ပညာသင္ၾကားခြင့္ ဆံုးရႈံးမယ္အေျခအေနရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ ေဘာ္ဒါေဆာင္ထားရွိတဲ့ ပုဂၢလိက ကိ္ုယ္ပိုင္အထက္တန္းေက်ာင္းေတြ၊ ေဘာ္ဒါေဆာင္ေတြနဲ႔ ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ မျပဳေၾကာင္း COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ပညာေရး၀န္ႀကီးဌာနကို အေၾကာင္းၾကားခဲ့ပါတယ္။

ဒီအေျခအေနေၾကာင့္ ေတာင္တန္းေဒသက အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းမရွိတဲ့ ေက်းရြာေတြက ကေလးေတြဟာ ၿမိဳ႔ႀကီးေတြမွာ ဆက္လက္ပညာသင္ၾကားဖို႔ အခက္အခဲရွိခဲ့ပါတယ္။

လားရိႈးၿမိဳ႔ တအန္းပညာေရးေဘာ္ဒါေဆာင္ကေန တက္ေရာက္ေနတဲ့ ေက်ာင္းသားေတြကေတာ့ ျပင္ပမွာ ေနထိုင္ဖို႔ အခက္အခဲရွိေနတာေၾကာင့္ ေဘာ္ဒါေဆာင္မွာပဲ လတ္တေလာ လက္ခံထားေနရတယ္လို႔ ေဘာ္ဒါအုပ္ မိုင္းတင္ေအာင္က ေျပာပါတယ္။

“ ေဘာ္ဒါေဆာင္ကေန ေက်ာင္းသားေတြ လက္ခံထားတဲ့အေနအထား။ က်ေနာ္တို႔ကလည္း ဒီ အစိုးရထုတ္ျပန္တဲ့အေပၚမွာ အခက္အခဲျဖစ္ေနတယ္။ ဘာေၾကာင္လဲဆိုရင္ေတာ့ ဒီအနီးအနားမွာရွိတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြ မဟုတ္တဲ့အတြက္ေၾကာင့္၊ တျခားၿမိဳ႔နယ္က လာတဲ့ ေက်ာင္းသူေက်ာင္းသားေတြ ျဖစ္တယ္ဆိုေတာ့ ျပန္လႊတ္ဖို႔လည္း အခက္အခဲျဖစ္တယ္။ ၿပီးေတာ့ ဒီ အစိုးရေက်ာင္းကလည္း ေက်ာင္းဖြင့္ေနၿပီဆိုေတာ့ တျခားေနရာထားဖို႔ဆိုတာ အခက္အခဲျဖစ္ေနလို႔၊ ယာယီအေနနဲ႔ပဲ လက္ခံထားလိုက္တယ္။ တခ်ိဳ႔ကလည္း ေက်ာင္းစတက္ေနၿပီ။ တခ်ိဳ႔ကလည္း သူက တစ္ပတ္ျခားတက္ရတာ ျဖစ္တဲ့အတြက္ေၾကာင့္ ေနာက္ တစ္ပတ္မွပဲ တက္ရတဲ့အေနအထားျဖစ္ေနတာေပါ့။”

ပုဂၢလိက ပညာေရး က႑ဖံြ႕ၿဖိဳးေရးကြန္ရက္ကေတာ့ ေဘာ္ဒါေဆာင္ထားရွိတဲ့ ပုဂၢလိက ကိ္ုယ္ပိုင္ အထက္တန္းေက်ာင္းေတြ၊ ေဘာ္ဒါေဆာင္ေတြနဲ႔ ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေက်ာင္းေတြကို က်န္းမာေရးသတ္မွတ္ခ်က္နဲ႔အညီ ျပန္ဖြင့္ခြင့္ေပးဖို႔ အတြက္ ေတာင္းဆိုထားပါတယ္။

ဒီလ ၂၁ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံတ၀ွမ္းက အထက္တန္းေက်ာင္းေတြ စတင္ဖြင့္ခြင့္ေပးခဲ့ၿပီး က်န္အဆင့္ေတြကိုေတာ့ လာမယ္ ၾသဂုတ္လ အကုန္ပိုင္းေလာက္မွ ဖြင့္လွစ္ဖြယ္ ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

တောင်တန်းဒေသမှာ ပရဟိတ ပညာရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ တအာင်းပညာရေးအင်စတီကျူ့ဟာ COVID-19 ကပ်ရောဂါဖြစ်ပွားချိန် လှူဒါန်းတာတွေ လျော့ကျလာတာကြောင့် ကျောင်းပေါင်း ၅၀ကျော်ဟာ ဆက်လက် လည်ပတ်ဖို့ အခက်အခဲတွေနေပြီး ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနိုင်တဲ့အခြေအနေကို ကိုမိုးဇော် တင်ပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အခြေစိုက်ထားတဲ့ တအာင်းပညာရေးအင်စတီကျူ့ ဟာ ဝေးလံတဲ့ကျေးရွာတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေက ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ အရင်နှစ်တွေက အလှူရှင်တွေ၊ စေတနာဝန်ထမ်းတွေ၊ NGO ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စာသင်ကျောင်း ၅၀ ဖွင့်လှစ်ထားတာပါ။

လောလောဆည် ကမ္ဘာနဲ့ အဝှမ်းဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် အလှူရှင်တွေ ကျပ်တည်းလာတာကြောင့် ကျောင်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်အခဲဖြစ်လာကြောင်း တအာင်းပညာရေး အင်စတီကျူ့ ရဲ့ ဦးဆောင် အဖွဲ့ဝင် ဦးတိက္ခဉာဏက VOA ကို မိန့်ကြားပါတယ်။

“ အရင်တုန်းကဆိုရင်တော့ဦးပဉ္ဖင်းတို့ ပြင်ပက အလှူရှင်တွေက များတယ်လေ။ ဒီ ဆရာ၊ ဆရာမ လစာတို့ ၊ စာရေးကရိယာတွေပေါ့လေ။ ဒီနှစ်အတောအတွင်းဆိုရင်တော့ ထောက်ပံ့ပေးနိုင်တဲ့အနေအထားမျိုးမရှိဘူးလေ။ အဲလိုဖြစ်နေတာ။ ဥပမာ- သြဂုတ်လမှာ စဖွင့်မယ် ဆိုရင်တော့ ဒီ ၂လ၊ ၃လအတွင်းတော့ ဖြေရှင်းနိုင်သေးတယ်။ ပညာသင်နှစ်အကုန်ထိ ရေရှည်ရပ်တည်နိုင်ဖို့က မလွယ်ဘူး အဲလိုဖြစ်နေတာ။ အလွန်လိုအပ်တာက ဆရာ၊ ဆရာမတွေ လစာပဲ။ လစာဆိုလည်း ဦးပဉ္ဖင်းတို့ အများကြီးပေးတာမဟုတ်ဘူး။ မုန့်ဖိုးသဘောမျိုးပဲ ဥပမာ- ဆရာ၊ ဆရာမ တစ်ယောက်ကို အများဆုံးမှ တစ်သိန်း နှစ်သောင်း အဲလိုအနေအထားမျိုးနဲ့ ပေးတာ။ အဲဒီဟာကို အခက်အခဲကြုံနေရတယ်ပေါ့။ ဆရာ၊ ဆရာမ အင်အားကလည်း များတာကိုး။”

အခက်အခဲကြုံရနိုင်တဲ့ ကျောင်းတွေနဲ့ ကျောင်းသား ဦးရေ အခြေအနေကိုလည်း အခုလို ဆက်ပြီး မိန့်ကြားပါတယ်။

“ ကျောင်းက ကျောင်းဟောင်းက ၅၀ပေါ့။ ဒီနှစ် အသစ်နောက်ထပ် ၃၀ထပ်ဖွင့်မယ် ဆိုတော့ ကျောင်းက ၈၀။ ဆရာ၊ ဆရာမ ဦးရေ ခန့်မှန်းခြေက အဟောင်းရော အသစ်ရော တစ်ကျောင်းကို နှစ်ယောက်နှုန်းနဲ့ပဲ တွက် ကြည့်လို့ ရတယ်။ ဆရာ၊ ဆရာမ အင်အား ၁၆၀လောက်ရှိမယ်။ ဒါကိုယ်ထူကိုယ်ထ ကျောင်းက ဆရာ၊ ဆရာမတွေပဲ ပြောသေးတာပေါ့။ ဦးပဉ္ဖင်းတို့ ဖွင့်ထားတဲ့ ပရဟိတ ဘော်ဒါဆောင်က တစ်ကျောင်းကို ၅ယောက်နှုန်းနဲ့ တွက်ရင်ပဲ ပရဟိတဘော်ဒါဆောင်က ၅ခု။ ဦးပဉ္ဖင်းတို့ တစ်ဘက်တလမ်းကနေ ပံ့ပိုးပေးတဲ့ ဘက ကျောင်းကလည်း ၃ခုရှိတာကိုး။ ကလေးဦးရေက ဒီနှစ်ဖွင့်မယ့် ကျောင်းနဲ့ပါ ပေါင်းလိုက်လို့ရှိရင် ကလေးဦးရေက တစ်သောင်းနီးပါးလောက် ဖြစ်သွားမှာ။”

ဒီကျောင်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေကို ပါဝင် လှူဒါန်းဖို့ နှိုးဆော်ပြန်ကြားကြောင်း ထုတ်ပြန်ထားပြီး လုံလောက်တဲ့ အကူအညီတွေ မရဘူးဆိုရင် ကလေးတွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးမယ်အခြေအနေရှိကြောင်းလည်း ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ဘော်ဒါဆောင်ထားရှိတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့် မပြုကြောင်း COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပညာရေးဝန်ကြီးဌာနကို အကြောင်းကြားခဲ့ပါတယ်။

ဒီအခြေအနေကြောင့် တောင်တန်းဒေသက အလယ်တန်းနဲ့ အထက်တန်းကျောင်းမရှိတဲ့ ကျေးရွာတွေက ကလေးတွေဟာ မြို့ကြီးတွေမှာ ဆက်လက်ပညာသင်ကြားဖို့ အခက်အခဲရှိခဲ့ပါတယ်။

လားရှိုးမြို့ တအန်းပညာရေးဘော်ဒါဆောင်ကနေ တက်ရောက်နေတဲ့ ကျောင်းသားတွေကတော့ ပြင်ပမှာ နေထိုင်ဖို့ အခက်အခဲရှိနေတာကြောင့် ဘော်ဒါဆောင်မှာပဲ လတ်တလော လက်ခံထားနေရတယ်လို့ ဘော်ဒါအုပ် မိုင်းတင်အောင်က ပြောပါတယ်။

“ ဘော်ဒါဆောင်ကနေ ကျောင်းသားတွေ လက်ခံထားတဲ့အနေအထား။ ကျနော်တို့ကလည်း ဒီ အစိုးရထုတ်ပြန်တဲ့အပေါ်မှာ အခက်အခဲဖြစ်နေတယ်။ ဘာကြောင်လဲဆိုရင်တော့ ဒီအနီးအနားမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ မဟုတ်တဲ့အတွက်ကြောင့်၊ တခြားမြို့နယ်က လာတဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်တယ်ဆိုတော့ ပြန်လွှတ်ဖို့လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ ဒီ အစိုးရကျောင်းကလည်း ကျောင်းဖွင့်နေပြီဆိုတော့ တခြားနေရာထားဖို့ဆိုတာ အခက်အခဲဖြစ်နေလို့၊ ယာယီအနေနဲ့ပဲ လက်ခံထားလိုက်တယ်။ တချို့ကလည်း ကျောင်းစတက်နေပြီ။ တချို့ကလည်း သူက တစ်ပတ်ခြားတက်ရတာ ဖြစ်တဲ့အတွက်ကြောင့် နောက် တစ်ပတ်မှပဲ တက်ရတဲ့အနေအထားဖြစ်နေတာပေါ့။”

ပုဂ္ဂလိက ပညာရေး ကဏ္ဍဖွံ့ဖြိုးရေးကွန်ရက်ကတော့ ဘော်ဒါဆောင်ထားရှိတဲ့ ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းတွေကို ကျန်းမာရေးသတ်မှတ်ချက်နဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့ အတွက် တောင်းဆိုထားပါတယ်။

ဒီလ ၂၁ရက်နေ့မှာတော့ မြန်မာနိုင်ငံတဝှမ်းက အထက်တန်းကျောင်းတွေ စတင်ဖွင့်ခွင့်ပေးခဲ့ပြီး ကျန်အဆင့်တွေကိုတော့ လာမယ် သြဂုတ်လ အကုန်ပိုင်းလောက်မှ ဖွင့်လှစ်ဖွယ် ရှိနေတာပါ။

XS
SM
MD
LG