သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ အြန္လိုင္းကေန ပညာသင္ယူေရး စိုးရိမ္မႈေတြ ထြက္ေပၚ


ရန္ကုန္တကၠသိုလ္တခုမွာ ေတြ႕ရတဲ့ ေက်ာင္းသူတခ်ိဳ႕။ (မတ္ ၁၉၊ ၂၀၁၅)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံမွာ တကၠသိုလ္ေတြ ျပန္မဖြင့္ႏိုင္ေသးတဲ့အခ်ိန္မွာ Online ကေန သင္ၾကားဖို႔ ပညာေရးဌာန တာ၀န္ရွိသူေတြ ျပင္ဆင္ေနေပမဲ့ ေက်ာင္းသားေတြၾကား စုိးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ကပ္ေရာဂါကာလ တကၠသုိလ္ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္မွာ ေက်ာင္းသားေတြ ပညာေရး အခြင့္အလမ္း မဆုံးရႈံးရေအာင္ဆုိၿပီး အြန္လုိင္းသင္ၾကားေရးစနစ္ကို အေကာင္အထည္ေဖာ္ဖို႔ အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္ ပါေမာကၡခ်ဳပ္မ်ား ေကာ္မတီက ေျပာဆုိလုိက္ေပမဲ့ အခြင့္အလမ္းေတြ မမွ်မတျဖစ္မွာ ေက်ာင္းသားေတြ စုိးရိမ္ေနၾကတာပါ။

အဆင့္ျမင့္ပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ သိန္းဝင္းကေတာ့ Online ကေန သင္ႏိုင္ဖို႔အတြက္ သင္႐ိုးေတြကုိ ျပင္ဆင္ေနၿပီး အင္တာနက္ မရရွိတဲ့ ေနရာေတြမွာလည္း Offline စနစ္နဲ႔ သင္ၾကားပုိ႔ခ်ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

“Face to face system ကေန Online system ကို ေျပာင္းသြားတဲ့အတြက္ အမ်ားႀကီးခ်ိန္းသြားတယ္။ အဲ့လိုခ်ိန္းသြားတဲ့အတြက္ အဲ့ဒါေတြမွာ စိန္ေခၚမႈေတြ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ အဲ့တာေတြအတြက္ က်ေနာ္တို႔က လိုအပ္တာေတြ ပံ့ပိုေပးဖို႔ ျဖည့္ဆည္းေပးဖို႔ ေနာက္ၿပီးေတာ့ အဓိကကေတာ့ Curriculum ပါ။ ဒါေၾကာင့္ နဂိုတုန္းက Curriculum ကို Online Curriculum ျဖစ္ေအာင္ ထိေရာက္မႈရွိေအာင္ အရင္လုပ္ေနပါတယ္ဗ်။ ကြၽန္ေတာ္တို႔ Online က 100 ရာခိုင္ႏႈန္းသြားမွာ မဟုတ္ပါဘူး။ အင္တာနက္ မရတဲ့ေနရာေတြမွာ Offline သြားမွာေပါ့။ Offline သြားမယ္ဆိုေတာ့ သူတို႔ဒီမွာ က်ေနာ္တို႔ Online သင္ဖို႔အတြက္ ႐ိုက္ကူးေရးေတြ လုပ္တယ္။ အဲ့ဒါေတြ အကုန္လုံးကို Offline မွာ သုံးလို႔ရေအာင္ Video Files ေတြ၊ အသံဖိုင္ေတြ၊ Power Point ေတြ Stick နဲ႔ Offline နဲ႔တစ္ခါလုပ္မွာေပါ့။ ႏွစ္မ်ိဳးသြားမွာေပါ့။ အင္တာနက္မရတဲ့ ေနရာမွာ အဆင္ေျပေအာင္ သူတို႔ ေက်ာင္းေတြအေရာက္ ေက်ာင္းေတြကေန တစ္ဆင့္ ၿမိဳ႕နယ္ေတြအေရာက္ကို လုပ္ဖို႔ က်ေနာ္တို႔ စီစဥ္ေနတာ။ online ႏွင့္ offline မွာ Online မရတာ အနည္းစုပါ။ ေတာ္ေတာ္မ်ားမ်ား ရေနပါၿပီ။”

ျမန္မာႏိုင္ငံမွာ အင္တာနက္ ေကာင္းေကာင္းမရတဲ့ ေဒသေတြရွိေနသလို ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္တို႔ဟာ ပဋိပကၡေတြေၾကာင့္ အင္တာနက္ ျဖတ္ေတာက္ခံထားရပါတယ္။

ဒီလို အင္တာနက္ မရတဲ့ ေဒသက ေက်ာင္းသားေတြအတြက္ Online ကေန သင္ၾကားတာက အဆင္မေျပႏိုင္သလို Offline သင္ၾကားမႈအေနနဲ႔ သင္ခန္းစာ video ပါတဲ့ stick ကို ေက်ာင္းသားေတြဆီ ပို႔ေပးမယ္ဆိုတာမ်ိဳးကလည္း ပဋိပကၡေဒသေတြမွာ ရွိေနၾကတဲ့ ေက်ာင္းသားေတြအတြက္ အဆင္ေျပႏိုင္မွာ မဟုတ္ဘူးလို႔ ရခိုင္ျပည္ေက်ာင္းသားသမဂၢရဲ႕ ျပန္ၾကားေရးႏွင့္ ျပင္ပ ဆက္သြယ္ေရးတာဝန္ခံ ကိုေက်ာ္ႏိုင္ေဌးက ေျပာပါတယ္။

“က်ေနာ္တို႔ ရခိုင္ျပည္ အတိုင္းအတာနဲ႔ဆိုလို႔ရွိရင္ အင္တာနက္ ျဖတ္ေတာက္ထားတဲ့အတြက္ေၾကာင့္ ဒီအခုလုပ္လိုက္တဲ့ လုပ္ရပ္ဟာ က်ေနာ္တို႔ ရခိုင္ျပည္ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ မပါဘူးလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာတယ္ေပါ့ေနာ္။ က်ေနာ္တို႔ လက္ရွိ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ လုပ္ေဆာင္ရတာျဖစ္တဲ့အတြက္ေၾကာင့္္ တစ္ႏိုင္ငံလုံး အင္တာနက္ အဆင္ေျပမွ လြတ္လြတ္လပ္လပ္ အလုပ္ျဖစ္တာ ျဖစ္တဲ့အတြက္ အခုလက္ရွိ အခ်ိန္ထိ က်ေနာ္တို႔ ရခိုင္ျပည္မွာက အင္တာနက္လိုင္း ျဖတ္ေတာက္ထာတယ္၊ အင္တာနက္လိုင္းျဖတ္ထားတဲ့ေနရာက ေက်ာင္းသား၊ ေက်ာင္းသူေတြကလည္း မ်ားတဲ့အတြက္ အဲ့ဒီ ပါေမာကၡခ်ဳပ္ ေကာ္မတီက ထုတ္လိုက္တဲ့ စာဟာ က်ေနာ္တို႔အတြက္ အက်ဴံးမဝင္သလို ျဖစ္ေနတယ္ေပါ့။ ဒါေၾကာင့္မို႔ ရခိုင္ျပည္ ေက်ာင္းသားသမဂၢအေနနဲ႔ ဒါကို က်ေနာ္တို႔ ေကာ္မတီကိုလည္း အိတ္ဖြင့္စာေပးဖို႔ စီစဥ္ေနပါတယ္။”

အေျခခံပညာေက်ာင္းေတြ ဒီလထဲျပန္ဖြင့္ဖုိ႔ စီစဥ္ေနရာမွာလည္း လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀က ရာဂဏန္းရွိတဲ့ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏုိင္မွာ မဟုတ္ဘူးလုိ႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ မေကြးတကၠသိုလ္ ေက်ာင္းသားသမဂၢဥကၠ႒ ကိုမ်ိဳးသန္႔စင္ကေတာ့ သင္ၾကားေရးပုံစံ အေျပာင္းအလဲေတြ လုပ္တဲ့ေနရာမွာ ေက်ာင္းသားေတြရဲ႕ သေဘာထား ဆႏၵေတြကုိပါ ထည့္သြင္းစဥ္းစားေစခ်င္တယ္လုိ႔ ေျပာပါတယ္။

“ဘယ္လိုနည္းလမ္းရွာမလဲဆိုတာကေတာ့ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ရယ္ ေက်ာင္းသူေက်ာင္းသား ေတြရယ္ ညႇိႏႈိင္းၿပီးမွ အေျဖထြက္မယ္၊ ေက်ာင္းသားေတြရဲ႕ ဆႏၵတစ္ခုတည္းနဲ႔လည္း လုပ္လို႔ မရဘူးေလ၊ ဆရာေတြရဲ႕ ဆႏၵတစ္ခုတည္းနဲ႔လည္း လုပ္လို႔မရဘူး။ အထက္ကလည္း သူတို႔ဆႏၵတစ္ခုတည္းနဲ႔ လုပ္လို႔မရဘူး။ အဲ့ေတာ အကုန္လုံးက ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္မွ အဆင္ေျပမယ္ထင္တယ္ ခင္ဗ်။”

Online သင္ၾကားမႈစနစ္ကို အေကာင္အထည္ေဖာ္ေရး ပါေမာကၡခ်ဳပ္မ်ားေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ ေတြအေနနဲ႔ ဆရာဆရာမေတြ ေက်ာင္းသား၊ ေက်ာင္းသူေတြ အလြယ္တကူ ဆက္သြယ္ႏိုင္ဖို႔အတြက္ email ေတြ၊ အတန္းလိုက္၊ ဘာသာရပ္အလိုက္ Facebook Group ဖြဲ႕တာေတြစတဲ့ ခ်ိတ္ဆက္ဖြဲ႕စည္း တာေတြ လုပ္ထားၾကဖို႔နဲ႔ ဘာသာရပ္အလိုက္ Online သင္ၾကားမႈ လုပ္ႏိုင္ဖို႔ သင္႐ိုးျပင္ဆင္တာေတြကို ႀကိဳတင္စီမံထားၾကဖို႔လည္း ထည့္သြင္းေဖာ္ျပထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ အွန်လိုင်းကနေ ပညာသင်ယူရေး စိုးရိမ်မှုတွေထွက်ပေါ်

COVID-19 ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေ ပြန်မဖွင့်နိုင်သေးတဲ့အချိန်မှာ Online ကနေ သင်ကြားဖို့ ပညာရေးဌာန တာဝန်ရှိသူတွေ ပြင်ဆင်နေပေမဲ့ ကျောင်းသားတွေကြား စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကပ်ရောဂါကာလ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ကျောင်းသားတွေ ပညာရေး အခွင့်အလမ်း မဆုံးရှုံးရအောင်ဆိုပြီး အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ပါမောက္ခချုပ်များ ကော်မတီက ပြောဆိုလိုက်ပေမဲ့ အခွင့်အလမ်းတွေ မမျှမတဖြစ်မှာ ကျောင်းသားတွေ စိုးရိမ်နေကြတာပါ။

အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သိန်းဝင်းကတော့ Online ကနေ သင်နိုင်ဖို့အတွက် သင်ရိုးတွေကို ပြင်ဆင်နေပြီး အင်တာနက် မရရှိတဲ့ နေရာတွေမှာလည်း Offline စနစ်နဲ့ သင်ကြားပို့ချနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“Face to face system ကနေ Online system ကို ပြောင်းသွားတဲ့အတွက် အများကြီးချိန်းသွားတယ်။ အဲ့လိုချိန်းသွားတဲ့အတွက် အဲ့ဒါတွေမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့တာတွေအတွက် ကျနော်တို့က လိုအပ်တာတွေ ပံ့ပိုပေးဖို့ ဖြည့်ဆည်းပေးဖို့ နောက်ပြီးတော့ အဓိကကတော့ Curriculum ပါ။ ဒါကြောင့် နဂိုတုန်းက Curriculum ကို Online Curriculum ဖြစ်အောင် ထိရောက်မှုရှိအောင် အရင်လုပ်နေပါတယ်ဗျ။ ကျွန်တော်တို့ Online က 100 ရာခိုင်နှုန်းသွားမှာ မဟုတ်ပါဘူး။ အင်တာနက် မရတဲ့နေရာတွေမှာ Offline သွားမှာပေါ့။ Offline သွားမယ်ဆိုတော့ သူတို့ဒီမှာ ကျနော်တို့ Online သင်ဖို့အတွက် ရိုက်ကူးရေးတွေ လုပ်တယ်။ အဲ့ဒါတွေ အကုန်လုံးကို Offline မှာ သုံးလို့ရအောင် Video Files တွေ၊ အသံဖိုင်တွေ၊ Power Point တွေ Stick နဲ့ Offline နဲ့တစ်ခါလုပ်မှာပေါ့။ နှစ်မျိုးသွားမှာပေါ့။ အင်တာနက်မရတဲ့ နေရာမှာ အဆင်ပြေအောင် သူတို့ ကျောင်းတွေအရောက် ကျောင်းတွေကနေ တစ်ဆင့် မြို့နယ်တွေအရောက်ကို လုပ်ဖို့ ကျနော်တို့ စီစဉ်နေတာ။ online နှင့် offline မှာ Online မရတာ အနည်းစုပါ။ တော်တော်များများ ရနေပါပြီ။”

မြန်မာနိုင်ငံမှာ အင်တာနက် ကောင်းကောင်းမရတဲ့ ဒေသတွေရှိနေသလို ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ဟာ ပဋိပက္ခတွေကြောင့် အင်တာနက် ဖြတ်တောက်ခံထားရပါတယ်။

ဒီလို အင်တာနက် မရတဲ့ ဒေသက ကျောင်းသားတွေအတွက် Online ကနေ သင်ကြားတာက အဆင်မပြေနိုင်သလို Offline သင်ကြားမှုအနေနဲ့ သင်ခန်းစာ video ပါတဲ့ stick ကို ကျောင်းသားတွေဆီ ပို့ပေးမယ်ဆိုတာမျိုးကလည်း ပဋိပက္ခဒေသတွေမှာ ရှိနေကြတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ပြန်ကြားရေးနှင့် ပြင်ပ ဆက်သွယ်ရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည် အတိုင်းအတာနဲ့ဆိုလို့ရှိရင် အင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့် ဒီအခုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ ကျနော်တို့ ရခိုင်ပြည်ကျောင်းသား၊ ကျောင်းသူတွေအတွက် မပါဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်ပေါ့နော်။ ကျနော်တို့ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး အင်တာနက် အဆင်ပြေမှ လွတ်လွတ်လပ်လပ် အလုပ်ဖြစ်တာ ဖြစ်တဲ့အတွက် အခုလက်ရှိ အချိန်ထိ ကျနော်တို့ ရခိုင်ပြည်မှာက အင်တာနက်လိုင်း ဖြတ်တောက်ထာတယ်၊ အင်တာနက်လိုင်းဖြတ်ထားတဲ့နေရာက ကျောင်းသား၊ ကျောင်းသူတွေကလည်း များတဲ့အတွက် အဲ့ဒီ ပါမောက္ခချုပ် ကော်မတီက ထုတ်လိုက်တဲ့ စာဟာ ကျနော်တို့အတွက် အကျူံးမဝင်သလို ဖြစ်နေတယ်ပေါ့။ ဒါကြောင့်မို့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့ ဒါကို ကျနော်တို့ ကော်မတီကိုလည်း အိတ်ဖွင့်စာပေးဖို့ စီစဉ်နေပါတယ်။”

အခြေခံပညာကျောင်းတွေ ဒီလထဲပြန်ဖွင့်ဖို့ စီစဉ်နေရာမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝက ရာဂဏန်းရှိတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမျိုးသန့်စင်ကတော့ သင်ကြားရေးပုံစံ အပြောင်းအလဲတွေ လုပ်တဲ့နေရာမှာ ကျောင်းသားတွေရဲ့ သဘောထား ဆန္ဒတွေကိုပါ ထည့်သွင်းစဉ်းစားစေချင်တယ်လို့ ပြောပါတယ်။

“ဘယ်လိုနည်းလမ်းရှာမလဲဆိုတာကတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရယ် ကျောင်းသူကျောင်းသား တွေရယ် ညှိနှိုင်းပြီးမှ အဖြေထွက်မယ်၊ ကျောင်းသားတွေရဲ့ ဆန္ဒတစ်ခုတည်းနဲ့လည်း လုပ်လို့ မရဘူးလေ၊ ဆရာတွေရဲ့ ဆန္ဒတစ်ခုတည်းနဲ့လည်း လုပ်လို့မရဘူး။ အထက်ကလည်း သူတို့ဆန္ဒတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အဲ့တော အကုန်လုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေမယ်ထင်တယ် ခင်ဗျ။”

Online သင်ကြားမှုစနစ်ကို အကောင်အထည်ဖော်ရေး ပါမောက္ခချုပ်များကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တွေအနေနဲ့ ဆရာဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေ အလွယ်တကူ ဆက်သွယ်နိုင်ဖို့အတွက် email တွေ၊ အတန်းလိုက်၊ ဘာသာရပ်အလိုက် Facebook Group ဖွဲ့တာတွေစတဲ့ ချိတ်ဆက်ဖွဲ့စည်း တာတွေ လုပ်ထားကြဖို့နဲ့ ဘာသာရပ်အလိုက် Online သင်ကြားမှု လုပ်နိုင်ဖို့ သင်ရိုးပြင်ဆင်တာတွေကို ကြိုတင်စီမံထားကြဖို့လည်း ထည့်သွင်းဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG