(Zawgyi / Unicode)
၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္ခြင့္ ဆယ္တန္းစာေမးပဲြ ေအာင္စာရင္းေတြကို ၾသဂုတ္လ ၉ ရက္ တနဂၤေႏြမနက္ အ႐ုဏ္တက္ခ်ိန္ကစလို႔ ထုတ္ျပန္လုိက္ၿပီ ျဖစ္ပါတယ္။
ဒီလိုထုတ္ျပန္တယ္ဆိုေပမယ့္ အရင္ႏွစ္ေတြလုိ စာစစ္ဌာနနဲ႔ အထက္တန္းေက်ာင္းေတြမွာ ေအာင္စာရင္းစာရြက္ကို ကပ္ထားေပးမွာ မဟုတ္ဘဲ ပညာေရးဝန္ႀကီးဌာနရဲ႕ အင္တာနက္ စာမ်က္ႏွာေတြျဖစ္တဲ့ www.moe.gov.mm နဲ႔ www.myanmarexam.org တို႔မွာ ျပည္နယ္နဲ႔ တုိင္းအလိုက္ ေအာင္စာရင္းကုိ ဝင္ေရာက္ရွာေဖြ ၾကည့္႐ႈႏိုင္တယ္လို႔ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေရးထားပါတယ္။
ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ ကာကြယ္တားဆီးေရး ဦးစားေပး လုပ္ေဆာင္ေနရခ်ိန္ ျဖစ္တာေၾကာင့္ ခုလို အြန္လိုင္းကေန ထုတ္ျပန္ရတာ ျဖစ္တယ္လုိ႔လည္း ေၾကညာခ်က္က ဆုိပါတယ္။
အင္တာနက္ ဝက္ဘ္ဆုိက္ကေန ၾကည့္႐ႈဖို႔ မလြယ္ကူသူေတြအတြက္ ျမန္မာ့အသံ ေရဒီယုိ အစီအစဥ္ကေရာ Skynet Education Channel ေတြကပါ ေအာင္စာရင္းေတြကို တနဂၤေႏြ ဒီေန႔ကစၿပီး ေၾကညာသြားမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ သက္ဆုိင္ရာ စာစစ္ဌာနေတြကို ေပးပို႔ထုတ္ျပန္ထားတဲ့ ေအာင္စာရင္းေတြကို လူကိုယ္တိုင္ လာၾကည့္လိုတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးနဲ႔ တာဝန္က် ဆရာ၊ ဆရာမေတြဆီမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကိုဗစ္ကာကြယ္ေရး စည္းကမ္းခ်က္ေတြအတုိင္း လုိက္နာၿပီး တနလၤာေန႔ကစလို႔ မနက္ ၉ နာရီကေန ညေန ၄ နာရီအတြင္း လာေရာက္ ၾကည့္႐ႈႏိုင္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
ေအာင္စာရင္း လာၾကည့္သူေတြ မ်က္ႏွာကာနဲ႔ ႏွာေခါင္းစည္းတပ္လာတာ၊ တေယာက္နဲ႔တေယာက္ ၆ ေပအကြာ တန္းစီတာေတြ လုပ္ရမယ္လို႔ သတ္မွတ္ထားပါတယ္။
တနဂၤေႏြေန႔မွာ စတင္ထုတ္ျပန္တဲ့ ဆယ္တန္းေအာင္စာရင္းနဲ႔ ပတ္သက္လို႔ မရွင္းလင္းတာ ရွိပါက ေမးျမန္းဆက္သြယ္ႏိုင္မယ့္ အေျခခံပညာဦးစီးဌာန တာဝန္ရွိပုဂၢိဳလ္ေတြရဲ႕ တယ္လီဖုန္းနံပါတ္ေတြကိုလည္း ပညာေရးဝန္ႀကီးဌာန ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ Ministry of Education Myanmar မွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။
-----------------------------
(Unicode)
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်ပြီ
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက် တနင်္ဂနွေမနက် အရုဏ်တက်ချိန်ကစလို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်တယ်ဆိုပေမယ့် အရင်နှစ်တွေလို စာစစ်ဌာနနဲ့ အထက်တန်းကျောင်းတွေမှာ အောင်စာရင်းစာရွက်ကို ကပ်ထားပေးမှာ မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာတွေဖြစ်တဲ့ www.moe.gov.mm နဲ့ www.myanmarexam.org တို့မှာ ပြည်နယ်နဲ့ တိုင်းအလိုက် အောင်စာရင်းကို ဝင်ရောက်ရှာဖွေ ကြည့်ရှုနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေး ဦးစားပေး လုပ်ဆောင်နေရချိန် ဖြစ်တာကြောင့် ခုလို အွန်လိုင်းကနေ ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
အင်တာနက် ဝက်ဘ်ဆိုက်ကနေ ကြည့်ရှုဖို့ မလွယ်ကူသူတွေအတွက် မြန်မာ့အသံ ရေဒီယို အစီအစဉ်ကရော Skynet Education Channel တွေကပါ အောင်စာရင်းတွေကို တနင်္ဂနွေ ဒီနေ့ကစပြီး ကြေညာသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာ စာစစ်ဌာနတွေကို ပေးပို့ထုတ်ပြန်ထားတဲ့အောင်စာရင်းတွေကို လူကိုယ်တိုင် လာကြည့်လိုတယ်ဆိုရင်တော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနဲ့ တာဝန်ကျ ဆရာ၊ ဆရာမတွေဆီမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေအတိုင်း လိုက်နာပြီး တနင်္လာနေ့ကစလို့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း လာရောက် ကြည့်ရှုနိုင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အောင်စာရင်း လာကြည့်သူတွေ မျက်နှာကာနဲ့ နှာခေါင်းစည်းတပ်လာတာ၊ တယောက်နဲ့တယောက် ၆ ပေအကွာ တန်းစီတာတွေ လုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
တနင်္ဂနွေနေ့မှာ စတင်ထုတ်ပြန်တဲ့ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်လို့ မရှင်းလင်းတာ ရှိပါက မေးမြန်းဆက်သွယ်နိုင်မယ့် အခြေခံပညာဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ တယ်လီဖုန်းနံပါတ်တွေကိုလည်း ပညာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာ Ministry of Education Myanmar မှာ ဖော်ပြထားတာ တွေ့ရပါတယ်။