သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီးယူရဲ႕ “ျမန္ကူ” အစီအစဥ္နဲ႔ အထည္ခ်ဳပ္လုပ္သားေတြကုိ က်ပ္ ၄ ဘီလီယံ ေထာက္ပံ့ခဲ့


(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြင္း COVID-19 ေၾကာင့္ အလုပ္ဆုံးရႈံးခဲ့သူ အထည္ခ်ဳပ္လုပ္သားေတြ ဥေရာပ သမဂၢအဖြဲ႕ရဲ့ “ျမန္ကူ” အေရးေပၚ ရန္ပုံေငြအဖြဲ႕က ေပးအပ္တဲ့ ေထာက္ပံ့ေငြေတြ ဆက္လက္ရရွိေနဆဲ ျဖစ္ၿပီး ေမလ ၁ ရက္က ဩဂုတ္လ ၃ ရက္အထိယူရို ေငြ ၂.၅ သန္း (ျမန္မာက်ပ္ေငြ ၄ ဘီလီယံ) ျမန္ကူက ေထာက္ပံ့ကူညီခဲ့တယ္လို႔ ဥေရာပ သမဂၢ အဖြဲ႕က ေျပာပါတယ္။

ဒီႏွစ္ ေမလကစၿပီး အကူအညီေပးတဲ့ ျမန္ကူ အေရးေပၚ ရန္ပုံေငြကို ယူရိုေငြ ၅ သန္း (ျမန္မာက်ပ္ေငြ ၇.၉ ဘီလီယံ)မတည္ထား တာ ျဖစ္တာေၾကာင့္ အခုအခါ ရန္ပုံေငြ တဝက္ ေပးအပ္ခဲ့ၿပီးျဖစ္ပါတယ္။ လစဥ္ ေထာက္ပံ့ေငြ ေပးအပ္တဲ့ ဒီ အစီ အစဥ္ကို နိုဝင္ဘာလ ၃၀ ရက္ေန႔အထိ ရက္တိုး သတ္မွတ္လိုက္တယ္လို႔လည္း ဥေရာပသမဂၢကသတင္းထုတ္ျပန္ ထားပါတယ္။

အခုအခ်ိန္အထိ အထည္ခ်ဳပ္၊ အထည္အလိပ္နဲ႔ ဖိနပ္ခ်ဳပ္ က႑က စက္႐ုံ ၂၃၀ ဝန္းက်င္က လုပ္သား စုစုေပါင္း ၂၆,၅၀၀ ေက်ာ္ ကို ေထာက္ပံ့ေပးေနၿပီး ေထာက္ပံ့ေငြေၾကး ပမာဏက တစ္ဦးကို တစ္လ က်ပ္ ၃ ေသာင္းခြဲကေန ၁၂၅,၀၀၀ အထိ ျခားနားမႈ ရွိတယ္ လို႔ လည္း ေျပာပါတယ္။

ေလာေလာဆယ္ အခ်ိန္ပိုင္းသာ အလုပ္ဆင္းရၿပီး လစာေငြ ၁ သိန္း ေအာက္ရသူေတြကို ျမန္ကူက လစာေငြရဲ့ ၅၀ ရာခိုင္ႏႈန္းကို ေထာက္ပံ့ေပးထားပါတယ္။

အထည္ခ်ဳပ္က႑မွာ အလုပ္လုပ္ကိုင္သူရဲ့ ၉၀ ရာခိုင္ႏႈန္းက ဆင္းရဲတဲ့ ဇာတိရြာေတြကေန သင့္တင့္တဲ့လစာ ရရွိဖို႔ စက္႐ုံေတြမွာ လာေရာက္ လုပ္ကိုင္ေနသူ အမ်ိဳးသမီးေတြ ျဖစ္တာေၾကာင့္ ျမန္ကူရဲ့ အကူအညီဟာ သူတို႔အတြက္ ယုံၾကည္မႈ ခြန္အားကို ရရွိေစ မွာ ျဖစ္ေၾကာင္းနဲ႔ သူတို႔ ရရွိထားတဲ့ အလုပ္ေတြ တည္ျမဲဖို႔နဲ႔ လက္ရွိ အက်ပ္အတည္းကေန ေက်ာ္လႊား လြတ္ေျမာက္နိုင္ေစဖို႔က ျမန္ကူရဲ့ အဓိက ရည္ရြယ္ခ်က္ ျဖစ္ေၾကာင္း ဥေရာပ သမဂၢက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အီးယူရဲ့ “မြန်ကူ” အစီအစဉ်နဲ့ အထည်ချုပ်လုပ်သားတွေကို ကျပ် ၄ ဘီလီယံ ထောက်ပံ့ခဲ့
(Unicode)

မြန်မာနိုင်ငံအတွင်း COVID-19 ကြောင့် အလုပ်ဆုံးရှုံးခဲ့သူ အထည်ချုပ်လုပ်သားတွေ ဥရောပ သမဂ္ဂအဖွဲ့ရဲ့ “မြန်ကူ” အရေးပေါ် ရန်ပုံငွေအဖွဲ့က ပေးအပ်တဲ့ ထောက်ပံ့ငွေတွေ ဆက်လက်ရရှိနေဆဲ ဖြစ်ပြီး မေလ ၁ ရက်က ဩဂုတ်လ ၃ ရက်အထိယူရို ငွေ ၂.၅ သန်း (မြန်မာကျပ်ငွေ ၄ ဘီလီယံ) မြန်ကူက ထောက်ပံ့ကူညီခဲ့တယ်လို့ ဥရောပ သမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒီနှစ် မေလကစပြီး အကူအညီပေးတဲ့ မြန်ကူ အရေးပေါ် ရန်ပုံငွေကို ယူရိုငွေ ၅ သန်း (မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ)မတည်ထား တာ ဖြစ်တာကြောင့် အခုအခါ ရန်ပုံငွေ တဝက် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ လစဉ် ထောက်ပံ့ငွေ ပေးအပ်တဲ့ ဒီ အစီ အစဉ်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရက်တိုး သတ်မှတ်လိုက်တယ်လို့လည်း ဥရောပသမဂ္ဂကသတင်းထုတ်ပြန် ထားပါတယ်။

အခုအချိန်အထိ အထည်ချုပ်၊ အထည်အလိပ်နဲ့ ဖိနပ်ချုပ် ကဏ္ဍက စက်ရုံ ၂၃၀ ဝန်းကျင်က လုပ်သား စုစုပေါင်း ၂၆,၅၀၀ ကျော် ကို ထောက်ပံ့ပေးနေပြီး ထောက်ပံ့ငွေကြေး ပမာဏက တစ်ဦးကို တစ်လ ကျပ် ၃ သောင်းခွဲကနေ ၁၂၅,၀၀၀ အထိ ခြားနားမှု ရှိတယ် လို့ လည်း ပြောပါတယ်။

လောလောဆယ် အချိန်ပိုင်းသာ အလုပ်ဆင်းရပြီး လစာငွေ ၁ သိန်း အောက်ရသူတွေကို မြန်ကူက လစာငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားပါတယ်။

အထည်ချုပ်ကဏ္ဍမှာ အလုပ်လုပ်ကိုင်သူရဲ့ ၉၀ ရာခိုင်နှုန်းက ဆင်းရဲတဲ့ ဇာတိရွာတွေကနေ သင့်တင့်တဲ့လစာ ရရှိဖို့ စက်ရုံတွေမှာ လာရောက် လုပ်ကိုင်နေသူ အမျိုးသမီးတွေ ဖြစ်တာကြောင့် မြန်ကူရဲ့ အကူအညီဟာ သူတို့အတွက် ယုံကြည်မှု ခွန်အားကို ရရှိစေ မှာ ဖြစ်ကြောင်းနဲ့ သူတို့ ရရှိထားတဲ့ အလုပ်တွေ တည်မြဲဖို့နဲ့ လက်ရှိ အကျပ်အတည်းကနေ ကျော်လွှား လွတ်မြောက်နိုင်စေဖို့က မြန်ကူရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG