သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ကုိဗစ္အတည္ျပဳလူနာသစ္ ၈ ဦးတုိး၊ ၃၆၉ ဦးရွိ


ေ၀ဘာဂီေဆးရံု။

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ထပ္ ရွစ္ ေယာက္ ေတြ႔ရွိတာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၆၉ ေယာက္ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ၾသဂုတ္ ၁၃ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။ ဓါတ္ခဲြ နမူနာ ၁,၃၅၅ ခုကို ဒီေန႔စစ္ေဆးခဲ့တာမွာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ရွစ္ ေယာက္ရွိကို ေတြ႔ရွိခဲ့တာပါ။ ဒီေန႔ ေရာဂါပိုးေတြ႔ရွိသူ ရွစ္ ေယာက္စလုံးဟာ ျပည္ပက ျပန္လာသူေတြျဖစ္ၿပီး ၆ ေယာက္က ယူေအအီး ႏုိင္ငံကျဖစ္ၿပီး ၂ ေယာက္ကေတာ့ ဂ်ပန္ႏုိင္ငံက ျဖစ္ပါတယ္။

သူတုိ႔အားလုံးဟာ အသက္ ၂၁ ႏွစ္ကေန ၃၃ ႏွစ္ အရြယ္ၾကားျဖစ္ၾကၿပီး အမ်ိဳးသား ၅ ေယာက္နဲ႔ အမ်ိဳးသမီး ၃ ေယာက္္ျဖစ္ပါတယ္။

ဒီေန႔ ကူးစက္ခံရသူ ၈ ေယာက္မွာ ရန္ကုန္တုိင္းက ကူးစက္ခံရသူ ေလး ေယာက္ကေတာ့ တာေမြ၊ မဂၤလာေတာင္ညႊန္႔၊ စမ္းေခ်ာင္း နဲ႔ သန္လွ်င္ၿမိဳ႕နယ္ေတြကျဖစ္ၿပီး၊ မြန္ျပည္နယ္က ၂ ေယာက္ကေတာ့ ေမာ္လၿမိဳင္ကျဖစ္ပါတယ္။ က်န္တဲ့ ၂ ေယာက္ကေတာ့ ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္ေတြကျဖစ္ပါတယ္။ သူတုိ႔အားလုံးဟာ လိႈိင္ၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ခံထားရသူေတြျဖစ္ၿပီး ေ၀ဘာဂီေဆး႐ုံမွာ ကုသမႈေတြ ဆက္လုပ္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေန႔မွာ ေရာဂါအတည္ျပဳလူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္ ပိုးမေတြ႔ရွိသူ ၃ ဦး ထပ္မံေတြရွိတာေၾကာင့္ ေရာဂါပိုးကင္းစင္လာသူ ၃၂၁ ဦး ရွိသြားၿပီျဖစ္ပါတယ္။ အဲဒီထဲက ၃၁၂ ဦးကိုေတာ့ ေဆး႐ုံးက ဆင္းခြင့္ျပဳလိုက္ သတ္မွတ္ထားတဲ့ေနရာေတြမွာ ဆက္ၿပီးေတာ့ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ မေန႔ ၾသဂုတ္လ ၁၂ ရက္ေန႔လယ္ကေန ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာအသစ္ ၁၈ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိေတာ့ COVID-19 ေၾကာင့္ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ၈ ဦးတိုး၊ ၃၆၉ ဦးရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ရှစ် ယောက် တွေ့ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆၉ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ် ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။ ဓါတ်ခွဲ နမူနာ ၁,၃၅၅ ခုကို ဒီနေ့စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ရှစ် ယောက်ရှိကို တွေ့ရှိခဲ့တာပါ။ ဒီနေ့ ရောဂါပိုးတွေ့ရှိသူ ရှစ် ယောက်စလုံးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး ၆ ယောက်က ယူအေအီး နိုင်ငံကဖြစ်ပြီး ၂ ယောက်ကတော့ ဂျပန်နိုင်ငံက ဖြစ်ပါတယ်။

သူတို့အားလုံးဟာ အသက် ၂၁ နှစ်ကနေ ၃၃ နှစ် အရွယ်ကြားဖြစ်ကြပြီး အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပါတယ်။

ဒီနေ့ ကူးစက်ခံရသူ ၈ ယောက်မှာ ရန်ကုန်တိုင်းက ကူးစက်ခံရသူ လေး ယောက်ကတော့ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ စမ်းချောင်း နဲ့ သန်လျှင်မြို့နယ်တွေကဖြစ်ပြီး၊ မွန်ပြည်နယ်က ၂ ယောက်ကတော့ မော်လမြိုင်ကဖြစ်ပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွေကဖြစ်ပါတယ်။ သူတို့အားလုံးဟာ လှိုင်မြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မှာ ရောဂါအတည်ပြုလူနာဟောင်းတွေထဲက ၂ ကြိမ်ဆက် ပိုးမတွေ့ရှိသူ ၃ ဦး ထပ်မံတွေရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ ၃၂၁ ဦး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲက ၃၁၂ ဦးကိုတော့ ဆေးရုံးက ဆင်းခွင့်ပြုလိုက် သတ်မှတ်ထားတဲ့နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ သြဂုတ်လ ၁၂ ရက်နေ့လယ်ကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာအသစ် ၁၈ ယောက်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်ထိတော့ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

XS
SM
MD
LG