သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ကိုယ်ဝန်ဆောင် စောင့်ရှောက်ပုံ


တိုက်ရိုက် လင့်ခ်

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်နိုင်ဖို့ အိမ်မှာ အဓိကနေရသော်လည်း၊ ပုံမှန် ကိုယ်ဝန်ဆာင် စစ်ဆေးစောင့်ရှောက်မူကိုတော့ ခံယူသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

ကျန်းမာတဲ့မိခင်ဖြစ်ဖို့နဲ့ ကျန်းမာတဲ့ကလေးရဖို့ ကိုယ်ဝန်ဆောင် စစ်ဆေးစောင့်ရှောက်မူကို စနစ်တကျ ပုံမှန် ခံယူဖို့လိုရာမှာ၊ ကိုယ်ဝန်နုစဉ် တစ်လ တစ်ခါ၊ ကိုယ်ဝန်ရင့်လာချိန် နှစ်ပတ် တစ်ခါနဲ့၊ မွေးကာနီးလာချိန် တစ်ပတ် တစ်ခါ စောင့်ရှောက်မူခံယူသင့်ပါတယ်။ သို့သော်လည်း ကိုဗစ်ကာလ ဆေးရုံဆေးခန်းတွေ သွားရခက်နိုင်တာ၊ လူစုလူဝေးဖြစ်လာမှာ စိုးရိမ်ပြီး မသွားရဲကြတာကြောင့်၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မူ ခံယူဖို့ အခက်အခဲ ရှိလာပါတယ်။ ဒီကိုဗစ်ကာလထဲ ကိုယ်ဝန်နုချိန်က တစ်လတစ်ခါမို့ ဒီကာလတွင်း မပြဖြစ်လျှင် သိပ်ပြဿနာ မရှိသော်လည်း၊ ကိုယ်ဝန်လရင့်လာစဉ် နှစ်ပတ်တစ်ခါနဲ့၊ အထူးသဖြင့် မွေးကာနီးလာချိန် တစ်ပတ်တခါ ပြဖို့ကတော့ မဖြစ်မနေ လိုလာပါတယ်။ ဒီအတွက် သွားဖို့လာဖို့ ခက်နေသေးလျှင် မြို့ပေါ်မှာ ဆေးရုံ၊ ဆေးခန်းတွေကို ဖုန်းနဲ့ ချိတ်ဆက်ထားတာ၊ ကျေးလက်မှာ ကျန်းမာရေးဆရာမတွေနဲ့၊ သားဖွားဆရာမတွေကို အမြဲချိတ်ဆက်ထားတာတွေ လုပ်ဆောင်ထားဖို့ လိုပါတယ်။

အခုနောက်ပိုင်း အခြေအနေပေးလာပြီး ဆေးရုံဆေးခန်းပြဖို့ အဆင်ပြေလာလျှင်လည်း၊ စနစ်တကျ ကြိုတင် ဆေးရုံဆေးခန်းချိန်းချိန် (Booking) ကြိုယူတာ၊ ကိုဗစ်ကာကွယ်နည်းတွေ အသုံးပြုသွားပြတာ (ပါးစပ်နဲ့နှာခေါင်းစီးတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ)၊ ဆေးရုံ ၊ဆေးခန်းတွေဘက်ကလည်း တချိန်ထဲ လူမစုမိအောင် လူနာခြားပြီးခေါ်တာတွေ ဆောင်ရွက်သင့်ပါတယ်။ လက်ရှိ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း၊ ထိုင်ခုံတွေကို တစ်ခုံခြား ထိုင်နိုင်အောင် ပြင်ဆင်ထားပေးကြပါတယ်။

အကယ်၍ သွားဖို့လာဖို့ ထပ်မံခက်နေသေးလျှင်လဲ၊ အရေးပေါ် အန္တရာယ်လက္ခဏာတွေကို သတိထားစောင့်ကြည့်ထားပြီး၊ ဒီလက္ခဏာတွေ ပေါ်လာလျှင်တော့၊ မဖြစ်မနေ အချိန်မဆိုင်းဘဲ၊ အမြန်ဆုံး ဆေးရုံသွားဖို့ အရေးကြီးပါတယ်။ အကြောင်းက ဆေးရုံအရောက် နောက်ကျသွားလျှင် ကိုဗစ်ကူးစက်တာက နောက်မှ ဖြစ်လာနိုင်တာဖြစ်ပြီး၊ လတ်တလောမှာ ဒီအရေးပေါ် အခြေအနေကြောင့် မိခင်နဲ့ကလေး အသက်အန္တရာယ် ချက်ချင်းကျရာက်သွားနိုင်လို့ပါ။

ဒီအရေးပေါ် အန္တရာယ်လက္ခဏာတွေကတော့ ဗိုက်နာတာ (ခလေးမွေးတော့မှာမို့၊ သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ သို့မဟုတ် အချင်းကွာတာဖြစ်နိုင်) သွေးဆင်းတာ (အချင်းကွာတာ၊ သို့မဟုတ် အချင်းရှေ့ရောက်တာဖြစ်နိုင်)၊ ရေဆင်းတာ (ရေမွှာပေါက်တာကြောင့် ကလေးပိုးဝင်တာ၊ သို့မဟုတ် မွေးတော့မှာဖြစ်နိုင်) နဲ့၊ ကလေးအတိုးနည်းတာ (ကလေးနေမကောင်းတာ ဖြစ်နိုင်ပြီး၊ သတိမပြုမိလျှင် နှလုံးခုန်ပါ ရပ်သွားတာဖြစ်နိုင်) တွေပါ။ ကိုဗစ်ကာလ သွားလာရခက်နေချိန်မှာ၊ ဒီလက္ခဏာတွေကို ကိုယ်ဝန်ဆောင်မိခင်အပြင်၊ ခင်ပွန်းသည်နဲ့ မိသားစုဝင်တွေအားလုံး ကောင်းကောင်း သိထားပြီး၊ ဝိုင်းဝန်းကူညီစောင့်ကြည့်ပေးဖို့ အရေးကြီးပါတယ်။

တချိန်ထဲမှာ ကိုဗစ်ကာလမှာ Quarantine အသွားအလာ ကန့်သတ်ထားတဲ့စခန်းတွေမှာ၊ ကိုယ်ဝန်ဆောင်မိခင်တွေပါ ရောက်လာတာမို့ ထပ်သိထားသင့်တာတွေ ရှိလာပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလထဲ အိမ်မှာပဲ အဓိကနေတဲ့ ကိုယ်ဝန်ဆောင်တွေလည်း အလားတူ သိထားသင့်ပါတယ်။ အသွားအလာ ကန့်သတ်စခန်း ဝင်ရတော့မယ့်သူတွေမှာတော့ သောက်နေတဲ့ဆေးတွေ (ကိုယ်ဝန်ဆောင် အားဆေးအပါအဝင်) နဲ့ ကိုယ်ဝန်ဆိုင်ရာဆေးစာ (မွေးဖို့အစီအစဉ်အပါအဝင်) ယူဆောင်သွားဖို့ လိုပါတယ်။ အကယ်၍ အရင်ဆေးစာနဲ့ ကိုယ်ဝန်စောင့်ရှောက်မူ မရှိထားလျှင်လဲ၊ ဒီ အသွှားအလာ ကန့်သန့်စခန်းတွေက တာဝန်ရှိသူတွေအနေနဲ့၊ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ချိတ်ဆက်ပေးဖို့ လိုပါတယ်။

ဒါ့အပြင် ဒီစခန်းတွေမှာရော၊ အိမ်တွေမှာပါ၊ ကပ်ရောဂါကာလတွင်း အစားအသောက် အခက်အခဲ ဖြစ်လာနိုင်ခြေရှိချိန်မှာ အာဟာရပြည့်အောင် အလေးထားစားသောက်ပေးဖို့၊ အသွားအလာ ကန့်သတ်ထားချိန်မှာ ရှိနေတဲ့နေရာမှာပဲ လူူပ်လှုပ်ရှားရှားနေဖို့ လိုတာကြောင့် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပေးဖို့နဲ့၊ အနားယူရာမှာ အကြာကြီးထိုင်တာမျိုး မဟုတ်ဘဲ၊ ဘေးစောင်းလဲလျောင်း အနားယူဖို့ ဖြစ်ပါတယ်။ အကြောင်းက အစားအသောက် အကန့်အသတ် ဖြစ်လာနိုင်ချိန်မှာ သား ငါး ဟင်းသီးဟင်းရွက် အသီးအနှံ အမယ်စုံအောင် စားနိုင်ဖို့ အခက်အခဲရှိနိုင်တာ၊ လူပ်ရှားမူနည်းလျှင်လည်း ကိုယ်ဝန်ဆောင်တွေမှာ ခြေသလုံးသွေးခဲပြီး အဆုပ်ကို ရောက်သွားလျှင် အသက်အန္တရာယ် ရှိနေတာနဲ့၊ အကြာကြီးထိုင်အနားယူလျှင်လဲ၊ သန္ဓေသားနဲ့သားအိမ်က ပေါင်ခြံရှိသွေးကြောကြီးကို ဖိထားပြီး၊ ခြေထောက်ကသွေး ကောင်းကောင်းပြန်မတက်တော့ဘဲ၊ ခြေထောက်မှာ သွေးအိုင်ရောင်ရမ်းကာ၊ သွေးလှည့်ပတ်မူ ထိခိုက်ပြီး၊ ကလေးကိုပါ သွေးရောက်တာ နည်းသွားတာကြောင့်၊ ကလေးဖွံ့ဖြိုးမူကို ထိခိုက်တာတွေ ဖြစ်နိုင်လို့ပါ။ ဒါကြောင့် သွေးလှည့်ပတ်မူ မှန်ကန်အောင် ကြာကြာထိုင်တာ မလုပ်တာအပြင်၊ ကြာကြာရပ်တာလဲ မလုပ်သင့်ပါဘူး။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==








XS
SM
MD
LG