သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ကျောင်းပြန်ဖွင့်ချိန် ကာကွယ်ရေး (အပိုင်း- ၂)


ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)
တိုက်ရိုက် လင့်ခ်

ကိုဗစ် (COVID-19) ဆက်လက် ကူးစက်နေချိန်မှာပဲ ကျောင်းတွေကို အစမ်းသဘောနဲ့ စဖွင့်ရတာကြောင့်၊ ကူးစက်မူအန္တရာယ် တစုံတရာရှိနေတာကို သတိပြုဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြီး ဆက်လက်ကူးစက်နေချိန်မှာ ကူးစက်မူအန္တရာယ် အနည်းဆုံး (Low Risk) ကတော့ အင်တာနက် Online နည်းနဲ့ အိမ်ကနေ စာသင်ယူတာပါလို့အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ဆိုပါတယ်။ ဒါပေမဲ့ ဒီ Online နည်းက မြန်မာနိုင်ငံမှာ အရင်းအမြှစ် အခက်အခဲကြောင့် လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးတာမို့၊ အခု လူနည်းနည်း၊ အချိန်နည်းနည်းနဲ့ ကာကွယ်နည်း (Social Distancing ခပ်ခွာခွာနေတာ၊ Mask ပါးစပ်၊ နှာခေါင်းစည်းနဲ့ Face Shield မျက်နှာအုပ်အကာတပ်တာ၊ လက်ဆေးတာ စတာ) တွေ စည်းကမ်းတင်းကြပ်စွာဖြင့် ဖွင့်ရတာက၊ ဒီ CDC ရဲ့ သတ်မှတ်ချက်အရ ကူးစက်နိုင်မူအဆင့် အလယ်အလတ် (Medium Risk) မှာ ရှိနေပါတယ်။ ကူးစက်မူ အမြင့်မားဆုံးအဆင့် (High Risk) ကတော့ ယခင်ကဲ့သို့ ကျောင်းကို အပြည့်ပြန်ဖွင့်တာလို့ CDC က ဆိုထားပြီး၊ မြန်မာနိုင်ငံမှာလည်း အခုလို အားလုံးစုပြုံပြီး အပြည့်အစုံကျာင်းပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးပါဘူး။

အခုလို ကိုဗစ်ရောဂါကူးစက်နိုင်မူ အန္တရာယ် အလယ်အလတ်အဆင့်မှာ စမ်းဖွင့်ရတာကြောင့်၊ သတ်မှတ်ထားတဲ့ ကာကွယ်ရေး စည်းကမ်းတွေကို စနစ်တကျ လိုက်နာနိုင်မှသာ ရှေ့ဆက်သွားနိုင်မှာမို့၊ ကျောင်းသူကျောင်းသားတွေ လိုက်နာနိုင်ဖို့အပြင်၊ မိဘတွေအနေနဲ့လည်း ကူညီပြင်ဆင်ပေးဖို့ လိုပါတယ်။ မိမိကလေး ကျောင်းမသွားခင်မှာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို သွန်သင်ပေးတာအပြင်၊ လိုအပ်မယ့် နှာခေါင်းစည်း၊ မျက်နှာအုပ်အကာ တပ်တတ်ဖို့ လေ့ကျင့်ပေးတာနဲ့ ကျောင်းမှာ လက်ဆေးဖို့၊ ခပ်ခွာခွာနေဖို့၊ တစ်ယောက်နဲ့တစ်ယောက် မကူးဖို့၊ မဆော့ဖို့၊ မကစားဖို့၊ အုပ်စုလိုက်မဖွဲ့မိဖို့တွေကို မှာကြားသင့်ပါတယ်။ အကြောင်းက ကလေးတွေအနေနဲ့ မိဘနဲ့ဆရာတွေက သွန်သင်တာကို၊ အခြားသူတွေ ပြောတာထက် ပိုနာခံတတ်လို့ပါ။ ဒါ့အပြင် ကာကွယ်ရေးအတွက် အိမ်ကနေ အစားအသောက်တွေ ပြင်ဆင်ထည့်ပေးလိုက်ဖို့ လိုပါတယ်။

မိဘတွေအနေနဲ့ ကလေးကိုကျောင်းမလွှတ်မီ နောက်ထပ်လုပ်ဆောင်ပေးဖို့ လိုတာက ကလေးရဲ့ကျန်းမာရေးအခြေအနေ ဆန်းစစ်ဖို့ပါ။ ကိုယ်ပူတာ၊ ချောင်းဆိုးတာ၊ နှာစေးတာစတဲ့ ကိုဗစ်သံသယလက္ခဏာတွေ ရှိ၊ ရှိမရှိ ဆန်းစစ်ပြီး၊ ရှိနေလျှင် ကျောင်းမတက်နိုင်ကြောင်း အကြောင်းကြားတဲ့စနစ် ရှိဖို့လိုပါတယ်။ ကျောင်းဘက်ကလည်း အခုလို ကိုဗစ်ကာလမှာ ကျောင်းပျက်တဲ့ကလေး ရှိလာလျှင်၊ အကြောင်းရင်းကို မိဘတွေထံ စုံစမ်းဖို့ လိုပါတယ်။ အခုလို ဆရာ၊ ဆရာမနဲ့ မိဘတွေအကြား အပြန်အလှန် သတင်းပုံမုန် ချိတ်ဆက်မူရှိဖို့ အရေးကြီးပါတယ်။ ကလေးမိဘတွေအနေနဲ့ ကလေးမှာ ဒီသံသယလက္ခဏာတွေ ရှိလာလျှင် ကျောင်းနဲ့တိုင်ပင်တာအပြင်၊ ကလေးကို နီးစပ်ရာ ကျန်းမာရေးဌာန အမြန်ပို့ဖို့လည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်ကလေး စာနောက်ကျမှာ စိုးရိမ်ပြီး၊ ဖျားနာနေချိန် ကျောင်းကို မသိအောင်လွှတ်တာမျိုးကိုတော့ လုံးဝ မလုပ်သင့်ပါဘူး။ အကြောင်းက အခြားကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမတွေကတဆင့် အများပြည်သူတွေအထိ ကူးစက်ဒုက္ခပေးနိုင်လို့ပါ။

ဆရာဆရာမတွေအနေနဲ့လည်း အသက်အရွယ် ကြီးနိုင်ပြီး အခြားရောဂါအခံတွေ ရှိနေနိုင်ကာ၊ ကျောင်းကိစ္စအပြင် အခြားကိစ္စရပ် (ဈေးဝယ်တာမျိုး) တွေပါ သွားလာလုပ်ကိုင်ရတာကြောင့်၊ ကလေးတွေထက် ကူးစက်နိုင်မူ အန္တရာယ် ပိုများနေတာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာရေးစစ်တာအပြင်၊ ဆရာ၊ဆရာမတွေအနေနဲ့လည်း ဒီကိုဗစ်ရောဂါကင်းတာ သေချာအောင်လုပ်ပြီး၊ ကျန်းမာရေး အခြေအနေအရ လိုအပ်လျှင် ကျောင်းမလာဘဲ အိမ်မှာနေသင့်ပါတယ်။ ဆရာမတွေ ဖျားနာလာလျှင်လည်း စာသင်ဖို့ ခွင့်ပြုချက် မပေးသင့်ပါဘူး။ ဒါ့အပြင် ရောဂါကာကွယ်ရေး လုပ်ဆောင်ရာမှာလည်း ဆရာ၊ဆရာမတွေအနေနဲ့ ကလေးတွေအတွက် စံပြဖြစ်အောင် အလေးအနက် အတိအကျ ကာကွယ်နည်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ အကြောင်းက ကလေးတွေအနေနဲ့ ဆရာ၊ဆရာမတွေ၊ မိဘတွေ ဒီကာကွယ်ရေးတွေ လုပ်တာကြည့်ပြီး လိုက်လုပ်တတ်လေ့ရှိလို့ပါ။

ကျောင်းဖွင့်တာနဲ့အတူ တွဲပါလာနိုင်ခြေရှိနေတာက ကျူရှင်ကျောင်းတွေပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်ထိ ကျူရှင်တွေပြန်ဖွင့်ဖို့ ခွင့်ပြုချက် မပေးသေးပေမယ့် တရားမဝင် မသိမသာ ကျူရှင်သင်ကြားမူတွေ ရှိလာနိုင်တာကို မှန်းဆမူတွေ ရှိထားပါတယ်။ အိမ်မှာ တစ်ဦးချင်း ကျူရှင်ဆရာ၊ ဆရာမ ခေါ်သင်တာအတွက်၊ ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်း၊ မျက်နှာအုပ်အကာတွေသုံးကာ၊ လက်ဆေး၊ ခပ်ခွာခွာနေတဲ့နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အများနဲ့ အုပ်စုလိုက် သင်ကြားမူ ဖြစ်လာလျှင်တော့၊ ကျောင်းမှာကဲ့သို့ ထုတ်ပြန်ထားတာ အားလုံးကို လိုက်နာပေးဖို့ အထူးအရေးကြီးပါတယ်။ မဟုတ်လျှင် ကူးစက်မူတွေ ဖြစ်လာနိုင်ပါတယ်။

ဒီ ကူးစက်မူတွေ ပြန်ဖြစ်လာမှာကို အများစိုးရိမ်နေကြတဲ့ ရန်ကုန်မြိုက၊ ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှုး ဒေါက်တာမော်မော်ဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

===Unicode===








XS
SM
MD
LG