သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေက်ာင္းျပန္ဖြင့္ခ်ိန္ကာကြယ္ေရး (အပိုင္း- ၁)


တိုက္႐ိုက္ လင့္ခ္

COVID-19 ကူးစက္ေနခ်ိန္မွာပဲ ေရွ ႔အပတ္ထဲမွာ ျမန္မာႏိုင္ငံက ေက်ာင္းေတြျပန္ဖြင့္ရေတာ့မွာမို႔၊ လူစုလူေဝးျပန္ျဖစ္မွာ စိုးရိမ္ရၿပီး၊ ကာကြယ္ေရးစည္းကမ္းေတြ လိုက္နာႏိုင္ဖို႔၊ က်န္းမာေရးပညာရွင္ေတြက သတိေပးလိုက္ပါတယ္။

ေက်ာင္းျပန္ဖြင့္ခ်ိန္ ကမာၻ႔ကပ္ေရာဂါႀကီး ကူးစက္မူကို ေလ်ာ့ခ်ႏိုင္ေအာင္၊ ပညာေရးဝန္ႀကီးဌာနက စည္းကမ္းအျပည့္အစုံကို ထုတ္ျပန္ထားၿပီး၊ ေက်ာင္းေတြမွာလည္း လိုက္နာႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳတင္ျပင္ဆင္ထားေပမယ့္ ပထမဆုံး ျပန္ဖြင့္ရတာမို႔ စမ္းသပ္တဲ့အဆင့္ သေဘာမ်ိဳးျဖစ္ေနပါတယ္။ ဒါေၾကာင့္မို႔ အဓိက လိုက္နာသင့္တာေတြျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) နဲ႔ မ်က္ႏွာအုပ္အကာ (Face Shield) တပ္တာ၊ အခ်င္းခ်င္းခပ္ခြာခြာ (၆) ေပခြာေနတာ (အတန္းစာသင္ခုံနဲ႔ သြားလာစားေသာက္ရာမွာ)၊ လက္ကို မၾကာခဏ ေဆးတာ (အျခားပစၥည္းေတြ ကိုင္တြယ္ၿပီးတိုင္း) နဲ႔၊ ေခ်ာင္းဆိုး၊ ႏွာေစး၊ ဖ်ားနာစတဲ့ သံသယလကၡဏာေတြရွိလွ်င္၊ ေက်ာင္းမသြားတာေတြအတြက္၊ ေက်ာင္းကေန အႀကိမ္ႀကိမ္ရွင္းျပ (Remind) ေပးၿပီး၊ လက္ေတြ႔ႀကီးၾကပ္ေပးဖို႔ အေရးႀကီးေနပါတယ္။

ဥပမာအေနနဲ႔ ဆရာ၊ ဆရာမေတြကိုယ္တိုင္ ေန႔စဥ္အတန္းထဲေရာက္တာနဲ႔၊ စာစမသင္ခင္မွာ ကိုဗစ္ေရာဂါကာကြယ္ေရး၊ အဓိကလိုက္နာရမွာေတြကို မိနစ္အနည္းငယ္ (၅ မိနစ္ခန႔္) အက်ဥ္းခ်ဳပ္ရွင္းျပ (Briefing) ၿပီး၊ တခ်ိန္ထဲမွာ ဒါေတြကို အတန္းထဲမွာ လက္ေတြ႕ျဖစ္မျဖစ္၊ ခ်က္ခ်င္းအကဲခပ္ၾကည့္ကာ၊ ေသခ်ာမွ စသင့္သင့္ပါတယ္။ ဒီကာကြယ္ေရးစည္းကမ္းေတြကို လက္ေတြ႕လိုက္နာတာ ေသခ်ာေအာင္ အနီးကပ္ေစာင့္ၾကည့္ ႀကီးၾကပ္ဖို႔အတြက္လည္း၊ သီးသန႔္ တစုံတဦးထားၿပီး၊ ေက်ာင္းသူ/သားေတြရဲ႕ ျပဳမူေဆာာင္႐ြက္ပုံနဲ႔ ေနထိုင္သြားလာေဆာင္႐ြက္ပုံေတြအေနနဲ႔၊ ကိုဗစ္ကူးစက္မူ ကာကြယ္ေရးနည္းေတြနဲ႔ ကိုက္ညီမူရွိေအာင္ ျပင္ဆင္၊ တိုက္တြန္းေပးဖို႔ လိုပါတယ္။

အထက္ပါကာကြယ္နည္းေတြကို လက္ေတြ႕လိုက္နာႏိုင္ၿပီး တကယ္ထိေရာက္မူလည္း ရွိႏိုင္ေအာင္၊ လိုအပ္တဲ့ ေနရာအခင္းအက်င္းအတြက္၊ ေက်ာင္းေတြဖက္ကလည္း ႀကိဳတင္ျပင္ဆင္မူေကာင္းဖို႔ အေရးႀကီးပါတယ္။ စာသင္ခုံေတြ ျခားၿပီးခ်ထားတာ၊ အခန္း ေလဝင္ေလထြက္ေကာင္းေအာင္ ျပင္ထားတာ၊ လက္ေဆးေရ၊ ဆပ္ျပာနဲ႔ လက္ေဆးဘုံပိုင္ခြက္ (Basin) ေတြ အသင့္ျပင္ေပးထားတာစတာေတြ အသင့္ျပင္ထားေပးသင့္ပါတယ္။ ဒါ့အျပင္ လူစုလူေဝးမျဖစ္ေအာင္၊ မုန႔္စားဆင္းခ်ိန္၊ သန႔္စင္ခန္း (Toilet) သြားခ်ိန္နဲ႔ ဝင္ေပါက္ထြက္ေပါက္၊ ေလွ်ာက္လမ္းေတြကို ႀကိဳတင္ျပင္ဆင္ေပးၿပီး၊ ေစာင့္ၾကပ္ေပးဖို႔ လိုပါတယ္။ ေနာက္ပိုအေရးႀကီးတာက၊ ကိုဗစ္ သံသယလကၡဏာျပလာတဲ့ ေက်ာင္းသူ/သားေတြ ရွိလာလွ်င္ ဆရာ၊ ဆရာမနဲ႔ ေက်ာင္းဝန္ထမ္းေတြက ခ်က္ခ်င္းသတိျပဳမိဖို႔ ျပင္ဆင္ထားသင့္ပါတယ္။ သို႔မွသာ တျခားေက်ာင္းသားေတြနဲ႔ ခ်က္ခ်င္းခြဲလိုက္ၿပီး၊ မိဘေတြနဲ႔တိုင္ပင္ကာ နီးစပ္ရာ က်န္းမာေရးဌာနကို လႊဲေပးသင့္ပါတယ္။ ၿပီးလွ်င္ အိမ္မွာ ဆက္လက္ျပဳစုကုသႏိုင္တဲ့အဆင့္ရွိလွ်င္၊ အိမ္ျပန္ပို႔ၿပီး၊ ေနာက္တစ္ေန႔အထိ ဒီလကၡဏာေတြ ဆက္ရွိေနေသးပါက၊ ေက်ာင္းျပန္မလႊတ္ဖို႔၊ မိဘေတြကို ႀကိဳတင္အသိေပး ခ်ိတ္ဆက္ထားကာ၊ လိုက္နာမူရွိေအာင္လည္း ၾကပ္မတ္ေပးသင့္ပါတယ္။

မုန႔္စားဆင္းခ်ိန္မွာ သီးသန႔္စားႏိုင္ေအာင္၊ ျဖစ္ႏိုင္လွ်င္ အိမ္ကဘူးနဲ႔ထည့္ယူလာတာအျပင္၊ အတန္းထဲက ခပ္ခြာခြာျဖစ္ေနတဲ့ စာသင္ခုံမွာပဲ ထိုင္စားသင့္ပါတယ္။ အေၾကာင္းက စားေသာက္ေနခ်ိန္မွာ၊ အဓိက ကာကြယ္နည္းတစ္ခုျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) နဲ႔ မ်က္ႏွာအုပ္အကာ (Face Shield) တပ္မထားႏိုင္ဘဲ၊ ခဏျဖဳတ္ထားရမွာမို႔၊ စားေသာက္ခန္း၊ စားေသာက္ဆိုင္တန္းေတြမွာ သြားစားလိုက္လွ်င္၊ ခပ္ခြာခြာေနတာ (Social Distancing) ပါ၊ ပ်က္ေကာင္းပ်က္သြားႏိုင္လို႔ပါ။ စားေသာက္ၿပီးခ်ိန္မွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) ေတြ၊ ေပက်ံ၊ အနံ႔စြန္းႏိုင္တာအတြက္လည္း ႀကိဳစဥ္းစားထားၿပီး အသစ္လဲသုံးႏိုင္ေအာင္ ႀကိဳျပင္ထားသင့္ပါတယ္။ ဒါ့အျပင္ ေရေသာက္ဖို႔အတြက္လည္း ျဖစ္ႏိုင္လွ်င္ အိမ္ကေန ေရဘူးနဲ႔ ယူလာၿပီး ကိုယ္ပိုင္သီးသန႔္သာ ေသာက္သင့္ပါတယ္။ အေၾကာင္းက ေသာက္ေရဘုံပိုင္ (Water Dispensers)၊ ေသာက္ေရအိုးစဥ္ေတြမွာ အတန္းလႊတ္လိုက္တဲ့ အားလပ္ခ်ိန္တြင္း၊ လူသြားၿပဳံတိုးမိႏိုင္တာအျပင္၊ အမ်ားသူငွာနဲ႔ မွ်ေဝထိေတြ႕အသုံးျပဳမူေတြ မ်ားသြားေစႏိုင္လို႔ပါ။ အိမ္ကေန ေသာက္ေရဘူး ယူမလာႏိုင္သူေတြအတြက္လည္း၊ ေက်ာင္းကေန ေရသန႔္ဘူးေတြ သီးသန႔္စီ စာသင္ခုံေတြမွာ ေဝထားေပးသင့္ပါတယ္။

ေနာက္ထပ္လူစုေစႏိုင္တာအျပင္၊ သတိပိုထားသင့္တာက သန႔္စင္ခန္းသြားခ်ိန္ပါ။ ဒါေၾကာင့္ အတန္းလႊတ္လိုက္ခ်ိန္မွာ ဝုန္းကနဲ သြားၿပဳံတိုးတာမ်ိဳး မျဖစ္ရေအာင္၊ ေက်ာင္းဝန္ထမ္းေတြက ႀကီးၾကပ္ၿပီး၊ ခပ္ခြာခြာအေနအထား တန္းစီေစကာ၊ အလွည့္နဲ႔ တစ္ဦးၿပီးမွ ေနာက္တစ္ဦးဝင္ႏိုင္ေအာင္ စီစဥ္ေပးဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံက အိမ္သာအမ်ားစုက ပိတ္ေလွာင္ၿပီး ေဆာက္ထားတဲ့သေဘာ ျဖစ္တာေၾကာင့္၊ ေရာဂါရွိသူတစ္ဦးက ႏွာေခ်၊ေခ်ာင္းဆိုးထားလွ်င္၊ ေနာက္တစ္ဦးကို ကူးစက္ဖို႔ မ်ားေနတာအတြက္၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) နဲ႔ မ်က္ႏွာအုပ္အကာ (Face Shield) ေတြ မျဖစ္မေနဆက္တပ္ထားဖို႔ ပိုအေရးႀကီးပါတယ္။ ဒါ့အျပင္ သန႔္စင္ခန္းသြားၿပီးခ်ိန္မွာ လက္ျပန္ေဆးတာေသခ်ာဖို႔လည္း ေစာင့္ၾကည့္စီစစ္ေပးသင့္ပါတယ္။

ေနာက္ အေရးႀကီးတာတစ္ခုက အမႈိက္စြန႔္ပစ္တာပါ။ လက္နဲ႔အဖုံးဖြင့္ စြန႔္ပစ္ရတဲ့ အမႈိက္ပုံးအစား၊ ေျခေထာက္နဲ႔ နင္းၿပီး ဖြင့္လို႔ရတဲ့ အမႈိက္ပုံးေတြ၊ ျဖစ္ႏိုင္လွ်င္ ျပင္ဆင္ထားေပးသင့္ပါတယ္။ ဒါ့အျပင္ အမႈိက္ပစ္ၿပီးခ်ိန္မွာလည္း အလားတူ လက္ျပန္ေဆးဖို႔ ေစာင့္ၾကည့္ၾကပ္မတ္ေပးသင့္ပါတယ္။

ကူးစက္မူေတြ အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္ၿမိဳက ေဆး႐ုံႀကီးအေရးေပၚဌာနရဲ႕ ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

COVID-19 ကူးစက်နေချိန်မှာပဲ ရှေ့အပတ်ထဲမှာ မြန်မာနိုင်ငံက ကျောင်းတွေပြန်ဖွင့်ရတော့မှာမို့၊ လူစုလူဝေးပြန်ဖြစ်မှာ စိုးရိမ်ရပြီး၊ ကာကွယ်ရေးစည်းကမ်းတွေ လိုက်နာနိုင်ဖို့၊ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကျောင်းပြန်ဖွင့်ချိန် ကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်မူကို လျော့ချနိုင်အောင်၊ ပညာရေးဝန်ကြီးဌာနက စည်းကမ်းအပြည့်အစုံကို ထုတ်ပြန်ထားပြီး၊ ကျောင်းတွေမှာလည်း လိုက်နာနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ထားပေမယ့် ပထမဆုံး ပြန်ဖွင့်ရတာမို့ စမ်းသပ်တဲ့အဆင့် သဘောမျိုးဖြစ်နေပါတယ်။ ဒါကြောင့်မို့ အဓိက လိုက်နာသင့်တာတွေဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) နဲ့ မျက်နှာအုပ်အကာ (Face Shield) တပ်တာ၊ အချင်းချင်းခပ်ခွာခွာ (၆) ပေခွာနေတာ (အတန်းစာသင်ခုံနဲ့ သွားလာစားသောက်ရာမှာ)၊ လက်ကို မကြာခဏ ဆေးတာ (အခြားပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း) နဲ့၊ ချောင်းဆိုး၊ နှာစေး၊ ဖျားနာစတဲ့ သံသယလက္ခဏာတွေရှိလျှင်၊ ကျောင်းမသွားတာတွေအတွက်၊ ကျောင်းကနေ အကြိမ်ကြိမ်ရှင်းပြ (Remind) ပေးပြီး၊ လက်တွေ့ကြီးကြပ်ပေးဖို့ အရေးကြီးနေပါတယ်။

ဥပမာအနေနဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် နေ့စဉ်အတန်းထဲရောက်တာနဲ့၊ စာစမသင်ခင်မှာ ကိုဗစ်ရောဂါကာကွယ်ရေး၊ အဓိကလိုက်နာရမှာတွေကို မိနစ်အနည်းငယ် (၅ မိနစ်ခန့်) အကျဉ်းချုပ်ရှင်းပြ (Briefing) ပြီး၊ တချိန်ထဲမှာ ဒါတွေကို အတန်းထဲမှာ လက်တွေ့ဖြစ်မဖြစ်၊ ချက်ချင်းအကဲခပ်ကြည့်ကာ၊ သေချာမှ စသင့်သင့်ပါတယ်။ ဒီကာကွယ်ရေးစည်းကမ်းတွေကို လက်တွေ့လိုက်နာတာ သေချာအောင် အနီးကပ်စောင့်ကြည့် ကြီးကြပ်ဖို့အတွက်လည်း၊ သီးသန့် တစုံတဦးထားပြီး၊ ကျောင်းသူ/သားတွေရဲ့ ပြုမူဆောာင်ရွက်ပုံနဲ့ နေထိုင်သွားလာဆောင်ရွက်ပုံတွေအနေနဲ့၊ ကိုဗစ်ကူးစက်မူ ကာကွယ်ရေးနည်းတွေနဲ့ ကိုက်ညီမူရှိအောင် ပြင်ဆင်၊ တိုက်တွန်းပေးဖို့ လိုပါတယ်။

အထက်ပါကာကွယ်နည်းတွေကို လက်တွေ့လိုက်နာနိုင်ပြီး တကယ်ထိရောက်မူလည်း ရှိနိုင်အောင်၊ လိုအပ်တဲ့ နေရာအခင်းအကျင်းအတွက်၊ ကျောင်းတွေဖက်ကလည်း ကြိုတင်ပြင်ဆင်မူကောင်းဖို့ အရေးကြီးပါတယ်။ စာသင်ခုံတွေ ခြားပြီးချထားတာ၊ အခန်း လေဝင်လေထွက်ကောင်းအောင် ပြင်ထားတာ၊ လက်ဆေးရေ၊ ဆပ်ပြာနဲ့ လက်ဆေးဘုံပိုင်ခွက် (Basin) တွေ အသင့်ပြင်ပေးထားတာစတာတွေ အသင့်ပြင်ထားပေးသင့်ပါတယ်။ ဒါ့အပြင် လူစုလူဝေးမဖြစ်အောင်၊ မုန့်စားဆင်းချိန်၊ သန့်စင်ခန်း (Toilet) သွားချိန်နဲ့ ဝင်ပေါက်ထွက်ပေါက်၊ လျှောက်လမ်းတွေကို ကြိုတင်ပြင်ဆင်ပေးပြီး၊ စောင့်ကြပ်ပေးဖို့ လိုပါတယ်။ နောက်ပိုအရေးကြီးတာက၊ ကိုဗစ် သံသယလက္ခဏာပြလာတဲ့ ကျောင်းသူ/သားတွေ ရှိလာလျှင် ဆရာ၊ ဆရာမနဲ့ ကျောင်းဝန်ထမ်းတွေက ချက်ချင်းသတိပြုမိဖို့ ပြင်ဆင်ထားသင့်ပါတယ်။ သို့မှသာ တခြားကျောင်းသားတွေနဲ့ ချက်ချင်းခွဲလိုက်ပြီး၊ မိဘတွေနဲ့တိုင်ပင်ကာ နီးစပ်ရာ ကျန်းမာရေးဌာနကို လွှဲပေးသင့်ပါတယ်။ ပြီးလျှင် အိမ်မှာ ဆက်လက်ပြုစုကုသနိုင်တဲ့အဆင့်ရှိလျှင်၊ အိမ်ပြန်ပို့ပြီး၊ နောက်တစ်နေ့အထိ ဒီလက္ခဏာတွေ ဆက်ရှိနေသေးပါက၊ ကျောင်းပြန်မလွှတ်ဖို့၊ မိဘတွေကို ကြိုတင်အသိပေး ချိတ်ဆက်ထားကာ၊ လိုက်နာမူရှိအောင်လည်း ကြပ်မတ်ပေးသင့်ပါတယ်။

မုန့်စားဆင်းချိန်မှာ သီးသန့်စားနိုင်အောင်၊ ဖြစ်နိုင်လျှင် အိမ်ကဘူးနဲ့ထည့်ယူလာတာအပြင်၊ အတန်းထဲက ခပ်ခွာခွာဖြစ်နေတဲ့ စာသင်ခုံမှာပဲ ထိုင်စားသင့်ပါတယ်။ အကြောင်းက စားသောက်နေချိန်မှာ၊ အဓိက ကာကွယ်နည်းတစ်ခုဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) နဲ့ မျက်နှာအုပ်အကာ (Face Shield) တပ်မထားနိုင်ဘဲ၊ ခဏဖြုတ်ထားရမှာမို့၊ စားသောက်ခန်း၊ စားသောက်ဆိုင်တန်းတွေမှာ သွားစားလိုက်လျှင်၊ ခပ်ခွာခွာနေတာ (Social Distancing) ပါ၊ ပျက်ကောင်းပျက်သွားနိုင်လို့ပါ။ စားသောက်ပြီးချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တွေ၊ ပေကျံ၊ အနံ့စွန်းနိုင်တာအတွက်လည်း ကြိုစဉ်းစားထားပြီး အသစ်လဲသုံးနိုင်အောင် ကြိုပြင်ထားသင့်ပါတယ်။ ဒါ့အပြင် ရေသောက်ဖို့အတွက်လည်း ဖြစ်နိုင်လျှင် အိမ်ကနေ ရေဘူးနဲ့ ယူလာပြီး ကိုယ်ပိုင်သီးသန့်သာ သောက်သင့်ပါတယ်။ အကြောင်းက သောက်ရေဘုံပိုင် (Water Dispensers)၊ သောက်ရေအိုးစဉ်တွေမှာ အတန်းလွှတ်လိုက်တဲ့ အားလပ်ချိန်တွင်း၊ လူသွားပြုံတိုးမိနိုင်တာအပြင်၊ အများသူငှာနဲ့ မျှဝေထိတွေ့အသုံးပြုမူတွေ များသွားစေနိုင်လို့ပါ။ အိမ်ကနေ သောက်ရေဘူး ယူမလာနိုင်သူတွေအတွက်လည်း၊ ကျောင်းကနေ ရေသန့်ဘူးတွေ သီးသန့်စီ စာသင်ခုံတွေမှာ ဝေထားပေးသင့်ပါတယ်။

နောက်ထပ်လူစုစေနိုင်တာအပြင်၊ သတိပိုထားသင့်တာက သန့်စင်ခန်းသွားချိန်ပါ။ ဒါကြောင့် အတန်းလွှတ်လိုက်ချိန်မှာ ဝုန်းကနဲ သွားပြုံတိုးတာမျိုး မဖြစ်ရအောင်၊ ကျောင်းဝန်ထမ်းတွေက ကြီးကြပ်ပြီး၊ ခပ်ခွာခွာအနေအထား တန်းစီစေကာ၊ အလှည့်နဲ့ တစ်ဦးပြီးမှ နောက်တစ်ဦးဝင်နိုင်အောင် စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အိမ်သာအများစုက ပိတ်လှောင်ပြီး ဆောက်ထားတဲ့သဘော ဖြစ်တာကြောင့်၊ ရောဂါရှိသူတစ်ဦးက နှာချေ၊ချောင်းဆိုးထားလျှင်၊ နောက်တစ်ဦးကို ကူးစက်ဖို့ များနေတာအတွက်၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) နဲ့ မျက်နှာအုပ်အကာ (Face Shield) တွေ မဖြစ်မနေဆက်တပ်ထားဖို့ ပိုအရေးကြီးပါတယ်။ ဒါ့အပြင် သန့်စင်ခန်းသွားပြီးချိန်မှာ လက်ပြန်ဆေးတာသေချာဖို့လည်း စောင့်ကြည့်စီစစ်ပေးသင့်ပါတယ်။

နောက် အရေးကြီးတာတစ်ခုက အမှိုက်စွန့်ပစ်တာပါ။ လက်နဲ့အဖုံးဖွင့် စွန့်ပစ်ရတဲ့ အမှိုက်ပုံးအစား၊ ခြေထောက်နဲ့ နင်းပြီး ဖွင့်လို့ရတဲ့ အမှိုက်ပုံးတွေ၊ ဖြစ်နိုင်လျှင် ပြင်ဆင်ထားပေးသင့်ပါတယ်။ ဒါ့အပြင် အမှိုက်ပစ်ပြီးချိန်မှာလည်း အလားတူ လက်ပြန်ဆေးဖို့ စောင့်ကြည့်ကြပ်မတ်ပေးသင့်ပါတယ်။

ကူးစက်မူတွေ အများဆုံးဖြစ်နေတဲ့ ရန်ကုန်မြိုက ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG