သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေသြးလြန္တုပ္ေကြး သတိျပဳစရာ


ကိုဗစ္ကာလ ေသြးလြန္တုပ္ေကြး သတိျပဳစရာ
please wait

No media source currently available

0:00 0:07:39 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ေရာဂါႀကီး ဆက္ကူးစက္ေနခ်ိန္ ေသြးလြန္တုပ္ေကြး ျဖစ္ႏႈန္း၊ ေသႏႈန္းက ကိုဗစ္ထက္ (၅) ဆေက်ာ္ မ်ားေနတာမို႔၊ ေသြးလြန္တုပ္ေကြး ျဖစ္ႏိုင္တာကို သတိျပဳမိဖို႔လိုတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုေနပါတယ္။

ကိုဗစ္ကာလမွာ ျမန္မာႏိုင္ငံအတြင္း ျပည္တြင္းေန လူမ်ားအခ်င္းခ်င္းကူးစက္မူ (Community Transmission) ကို မေတြ႔ရဘဲ၊ ျပည္ပက ျပန္လာတဲ့သူေတြဆီကသာ ကူးစက္တာေတြ (Imported Cases) ကို အဓိက ေတြ႔ေနရတာေၾကာင့္၊ ကူးစက္ခံရသူက ဒီႏွစ္ထဲ အခုခ်ိန္ထိ ရာဂဏန္းသာ (၃၅၀ ေက်ာ္) ရွိၿပီး ေသဆုံးသူကလည္း ခု ဂဏန္း (၆ ဦး) သာ ရွိပါေသးတယ္။ ဒါေပမဲ့ ျခင္ကိုက္တာေၾကာင့္ ႏွစ္စဥ္ျဖစ္ေနက် ေသြးလြန္တုပ္ေကြးကေတာ့ မႏွစ္ကေလာက္ ျဖစ္ႏႈန္း၊ ေသႏႈန္း မျမင့္မားေသးေသာ္လည္း၊ ေရာဂါျဖစ္သူေတြ ဒီႏွစ္ အခုခ်ိန္ထိ ေထာင္ကဏန္း (၄၁၀၀) ေက်ာ္နဲ႔ ေသဆုံးသူ ဆယ္ဂဏန္း (၃၀) ေက်ာ္ထိ ရွိေနပါတယ္။ ဒါေပမဲ့ ေသြးလြန္တုပ္ေကြး သဘာဝအရ (၃) ႏွစ္ (၄) ႏွစ္တစ္ႀကိမ္ အမ်ားဆုံးျဖစ္တတ္ကာ၊ လြန္ခဲ့တဲ့ ၂၀၁၃ နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ျဖစ္ႏႈန္းေသႏႈန္း မ်ားခဲ့တာမို႔၊ ေရွ ႔ႏွစ္ ၂၀၂၁ မွာ ျဖစ္ႏႈန္း၊ ေသႏႈန္း အမ်ားဆုံးျဖစ္ႏိုင္တယ္လို႔ တြက္ဆထားၾကပါတယ္။ ဒီႏွစ္မွာ အရင္ႏွစ္ေတြထက္ ျဖစ္ႏႈန္းနည္းေနရတာက၊ ေသြးလြန္တုပ္ေကြးအဓိက ကူးစက္ေလ့ရွိတဲ့ေနရာေတြျဖစ္တဲ့ ကေလးေတြစုေဝးၿပီး ျခင္ကိုက္ခံရတတ္တဲ့၊ ေန႔ကေလးထိန္းေက်ာင္းေတြ၊ က်ဳရွင္ေတြ၊ ေက်ာင္းေတြအမ်ားစု (မၾကာခင္က တခ်ိဳ ႔အတန္းေတြ ျပန္ဖြင့္ေသာ္လည္း) ပိတ္ထားေသးလို႔ ျဖစ္ႏိုင္ပါတယ္။

ကိုဗစ္ကာလမွာ ေသြးလြန္တုပ္ေကြးျဖစ္တာကို ခြဲျခားသိႏိုင္ဖို႔ လကၡဏာေတြကို သတိျပဳခြဲျခားဖို႔ လိုပါတယ္။ ကိုဗစ္နဲ႔ ရာသီတုပ္ေကြးကေတာ့ လကၡဏာတခ်ိဳ ႔ ဆင္တူေသာ္လည္း၊ ေသြးလြန္တုပ္ေကြးကေတာ့ လကၡဏာ အနည္းငယ္ ပိုကြဲျပားတတ္ပါတယ္။ ဥပမာ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ ႏွာေစးတာနဲ႔ ႏွာရည္ယိုတာေတြက ကိုဗစ္နဲ႔ ရာသီတုပ္ေကြး (၂) မ်ိဳးလုံးမွာ ျဖစ္တတ္ေပမယ့္၊ ရာသီတုပ္ေကြးမွာ အနည္းငယ္ပိုျဖစ္တတ္ၿပီး၊ ကိုဗစ္မွာကေတာ့ ျပင္းထန္လာလွ်င္ အသက္ရႈၾကပ္လာၿပီး၊ ေနာက္ပိုင္းမွာ အနံ႔အရသာပါပ်က္တာကို ထူးထူးျခားျခား ေတြ႔လာပါတယ္။ ဒါေပမဲ့ ေသြးလြန္တုပ္ေကြးကေတာ့ အခုလို ေခ်ာင္းဆိုး၊ ႏွာေစး၊ ႏွာရည္ယိုတာေတြ သိပ္မျဖစ္ဘဲ၊ အေျခာက္ဖ်ားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးလြန္တုပ္ေကြးမွာ သီးသန႔္ထူးျခားတဲ့ လကၡဏာေတြက၊ အဖ်ားႀကီးတာ၊ မွိန္းတာ၊ ဗိုက္ေအာင့္တာ၊ အေရျပား အနီစက္ေတြေပၚတာ၊ အန္တာ၊ ေနာက္ ေသြးယိုတဲ့လကၡဏာေတြျဖစ္တဲ့ အေရျပား အနီစက္ေပၚဖိလိုက္လွ်င္ ေပ်ာက္မသြားတာ (သို႔မဟုတ္) ေကာ္ဖီႏွစ္ေရာင္အန္တာ၊ ႏွာေခါင္းေသြးလွ်ံတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ကေလးေတြမွာေတာ့ ကိုဗစ္ျဖစ္လွ်င္ ဝမ္းေလွ်ာ ဝမ္းပ်က္တာ (၁၀)% ရွိတာကို ေတြ႕ရွိထားၿပီး ဗိုက္နာႏိုင္ေပမယ့္၊ ကေလးေတြက ကိုဗစ္အျဖစ္နည္းၿပီး၊ ျဖစ္လာလွ်င္လည္း လကၡဏာမျပတာ၊ ျပင္းထန္မူနည္းတာေတြေၾကာင့္၊ ေသြးလြန္တုပ္ေကြးနဲ႔ ခြဲဖို႔ အခက္အခဲ မရွိေသးပါဘူး။ အသက္အ႐ြယ္အားျဖင့္ ကြာျခားပုံကလည္း၊ ကိုဗစ္က လူႀကီးေတြမွာ ပိုျဖစ္၊ ပိုအႏၲရာယ္မ်ားၿပီး၊ ေသြးလြန္တုပ္ေကြးက ကေလးေတြ အထူးသျဖင့္ (၃) ႏွစ္မွ (၁၅) ႏွစ္) မွာ ပိုျဖစ္၊ ပိုအႏၲရာယ္မ်ားပါတယ္။

အခုလို ေသြးလြန္တုပ္ေကြး အႏၲရာယ္မ်ားတဲ့ ကေလးေတြအတြက္၊ ရာသီတုပ္ေကြးနဲ႔ ခြဲႏိုင္ဖို႔ေတာ့ လကၡဏာေတြကို အထူးဂ႐ုျပဳ ေစာင့္ၾကည့္ဖို႔လိုပါတယ္။ ေသြးလြန္တုပ္ေကြးက အၿမဲပုံမွန္ ျဖစ္ေနက်မို႔ အၿမဲကို သတိထားၿပီး၊ ေစာေစာႀကိဳသတိျပဳမိျခင္းျဖင့္၊ လိုအပ္လွ်င္ အခ်ိန္မီ ေဆး႐ုံတင္ကာ၊ ေသဆုံးမူအဆင့္ မေရာက္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ေစာေစာႀကိဳသိႏိုင္ဖို႔ ေသြးလြန္တုပ္ေကြး သံသယလကၡဏာေတြကို သိထားဖို႔ လိုပါတယ္။ ဒီသံသယလကၡဏာေတြကေတာ့ ဖ်ားတာနဲ႔ ေနာက္လကၡဏာေတြ (၂) ခု တြဲလာတာပါ။ ဒီေနာက္လကၡဏာေတြက ေအာ့အန္တာ၊ အေရျပားမွာ အနီစက္ေတြ အနီအကြက္ေတြေပၚတာ၊ ကိုယ္လက္နာက်င္ကိုက္ခဲတာ၊ ေသြးလြန္တုပ္ေကြးလက္မွာ စမ္းတဲ့စမ္းသပ္မူ (Hess Test) ေပၚတာ (Positive)၊ ေသြးျဖဴဥနည္းတာနဲ႔ အႏၲရာယ္လကၡဏာ ေတြ႔ရွိတာပါ။ ဒါေၾကာင့္ ဥပမာအားျဖင့္ ဖ်ားတာနဲ႔ ေနာက္လကၡဏာ (၂) ခုျဖစ္တဲ့ ေအာ့အန္တာ၊ ကိုယ္လက္နာက်င္ကိုက္ခဲတာေတြ တြဲလာလွ်င္၊ ေသြးလြန္တုပ္ေကြး ျဖစ္ႏိုင္ေၾကာင္း သံသယသတိရွိဖို႔ လိုလာပါတယ္။

အခုလို ေသြးလြန္တုပ္ေကြး သံသယလကၡဏာေတြကို သိထားျခင္းျဖင့္ အႏၲရာယ္ရွိတဲ့ လကၡဏာေတြကို ႀကိဳေစာင့္ၾကည့္ႏိုင္ၿပီး၊ ေသြးလန႔္တာ စျဖစ္ခ်ိန္ကိုလည္း သတိျပဳမိႏိုင္ကာ၊ ဒီလကၡဏာေတြေပၚလာလွ်င္ အခ်ိန္မီ ေဆး႐ုံတင္ျခင္းျဖင့္ ေသဆုံးမူကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒီအႏၲရာယ္လကၡဏာေတြကေတာ့ ဖ်ားၿပီး ဗိုက္နာတာ၊ ဖ်ားၿပီး အဆက္မျပတ္အန္တာ၊ ႏွာေခါင္းေသြးလွ်ံတာ၊ ေကာ္ဖီႏွစ္ေရာင္အန္တာ၊ မွိန္းတာ (သို႔မဟုတ္) ကဏာမၿငိမ္ျဖစ္တာ၊ ဆရာဝန္လက္နဲ႔စမ္းလွ်င္ ညာဖက္နံ႐ိုးေအာက္မွာ အသည္းႀကီးေနတာေတြပါ။ ေသြးလန႔္တဲ့လကၡဏာေတြကေတာ့၊ စဖ်ားၿပီး (၃) ရက္ကေန (၅) ရက္အတြင္းျဖစ္ႏိုင္ကာ၊ ေျခလက္ေအးစက္လာတာ၊ ႏုံးေခြလာတာ၊ ကေယာင္ကတမ္းျဖစ္တာ၊ ေနာက္ပိုင္းမွာ ေသြးခုန္ႏႈန္း တိုင္းမရတာ စမ္းမရတာ၊ ေသြးေပါင္ခ်ိန္တိုင္းမရတာ အေပၚေသြးနဲ႔ေအာက္ေသြး ကပ္ေနတာေတြပါ။ အခုလို ေသြးလန႔္တာ (Shock) ျဖစ္ခ်င္တဲ့အခ်ိန္မွာ ထူးျခားတာက၊ မျဖစ္ခင္မွာ အဖ်ားက်သြားေပမဲ့၊ လူနာက လန္းဆန္းမူမရွိဘဲ ပိုႏုံးသြားတာ၊ ပိုအံလာတာ၊ ေခါင္းမူးလာတာ၊ အိပ္ေနတာေတြျဖစ္လာတတ္တာမို႔၊ ဒီေသြးစလန႔္တဲ့ လကၡဏာေတြ ေပၚလာလွ်င္လည္း ခ်က္ခ်င္းေဆး႐ုံတင္ဖို႔ လိုပါတယ္။ အခုလိုအဖ်ားက်ခ်ိန္မွာ ျဖစ္တတ္တာက ေကာင္းသြားၿပီထင္ၿပီး၊ မိဘေတြေရာ ဆရာဝန္တခ်ဳိ ႔ကပါ ေပါ့သြားတတ္ပါတယ္။ ဒါက ေသြးလြန္တုပ္ေကြး ေထာင္ေျခာက္မို႔၊ အဖ်ားက်ေသာ္လည္း မလန္းတာကို အထူးသတိျပဳမိဖို႔ အေရးႀကီးပါတယ္။ အခုလို အႏၲရာယ္လကၡဏာေတြ ေပၚလာခ်ိန္နဲ႔ ေသြးစလန႔္ခ်ိန္ေတြမွာ ေဆး႐ုံအခ်ိန္မီ ပို႔ႏိုင္လွ်င္၊ ဆားရည္သြင္းတာအပါအဝင္ အေရးေပၚကုသမူေတြ လုပ္ေပးျခင္းျဖင့္ ေသြးလန႔္ခ်ိန္ကို တိုေတာင္ေစၿပီး၊ အႏၲရာယ္ရွိတဲ့ ကိုယ္တြင္းေသြးယိုျခင္းနဲ႔ အသက္ဆုံးရႈံးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးလြန္တုပ္ေကြးမျဖစ္ေအာင္ ကာကြဝ္နည္းေတြကေတာ့ ဒီႏွစ္ကိုဗစ္ကာလအတြက္ ထူးထူးျခားျခားေတာ့ ပိုမရွိဘဲ၊ အရင္လုပ္ေနက် ပိုးေလာက္လန္းႏွိမ္နင္းေရး ပုံမွန္ကာကြယ္နည္းေတြကို ဆက္လုပ္ဖို႔ပါ။ ဒါေတြကေတာ့၊ အတိုေကာက္အားျဖင့္ “ဖုံး သြန္ ခပ္ စစ္၊ ေလာင္း ေထာင္ လဲ ဖြင့္၊ ျမဳပ္ ရွင္း မႈတ္” ဆိုတာေတြပါ။ အေသးစိတ္ ရွင္းျပရရင္ေတာ့ ေရအိုး၊ ေရတိုင္ကီ၊ ေရကန္ေတြကို အဖုံး “ဖံုး” ထားဖို႔၊ ေရလဲသြန္ႏိုင္တဲ့အ႐ြယ္ ေရသိုေလွာင္ပစၥည္းေတြကို မၾကာခဏ ေရလဲ “သြန္” ၿပီး ေဆးေၾကာေပးဖို႔၊ ေရလဲသြန္ႏိုင္တဲ့ အ႐ြယ္မဟုတ္တဲ့ အုတ္ကန္က ေရမ်ိဳးကို “ခပ္” ထုတ္ေဆးေၾကာေပးဖို႔၊ ေရရွားလို႔ သြန္မပစ္ႏိုင္ရင္ အျခားေရပုံး၊ ေရအိုးထဲကို ေရစစ္သုံးၿပီး ေျပာင္းထဲ့ကာ ပိုးေလာက္လန္းေတြ “စစ္” ထုတ္ပစ္ဖို႔၊ ေနာက္ ေရတင္ႏိုင္တဲ့ ေၾကာင္အိမ္ေအာက္ခံခြက္မွာ အင္ဂ်င္ဝိုင္လို ပိုးသတ္ေဆး “ေလာင္း” ေပးထားဖို႔၊ ေန႔အခ်ိန္မွာလည္း ျခင္ “ေထာင္” နဲ႔့အိပ္ဖို႔၊ ဘုရားပန္းအိုး၊ ေညာင္ေရအိုးေတြကို (၂) ရက္ (၃) ရက္ တစ္ႀကိမ္ “လဲ” ၿပီး ေဆးေၾကာေပးဖို႔၊ ျပဴတင္းေပါက္ေတြ “ဖြင့္” ထားၿပီး အလင္းေရာင္နဲ႔ ျခင္မခိုႏိုင္ေအာင္ လုပ္ေပးဖို႔၊ ဒါ့အျပင္ ေရတင္ေနႏိုင္တဲ့ အိုးျခမ္းပဲ့၊ ဘက္ထရီအိုးေဟာင္းနဲ႔ တာယာေတြကို ေျမထဲ “ျမဳပ္” ပစ္ဖို႔၊ ျခင္ေပါက္ႏိုင္တဲ့ ၿခဳံႏြယ္ပိတ္ေပါင္းေတြကို “ရွင္း” လင္းပစ္ဖို႔နဲ႔ ျခင္ေဆးဖ်န္း “မႈတ္” ေပးတာေတြပါ။ ဒါ့အျပင္ အခုေနာက္ပိုင္းမွာ ပိုးေလာက္လန္း မေပါက္ဖြားေစႏိုင္တဲ့ အဘိတ္ (Abate) ေဆးမႈန႔္ကို၊ ေရတိုင္ကီ၊ စဥ့္အိုး၊ ေရေလွာင္ကန္ေတြမွာ ခပ္ေပးျခင္းျဖင့္ ရက္သတၱပတ္ (၆) ပတ္မွ (၈) ပတ္အထိ ျခင္မေပါက္ဖြားႏိုင္ပါဘူး။ ဒီကာကြယ္နည္းေတြကို ကေလးငယ္ေတြစုေဝးၿပီး ကူးစက္မူအဓိက ျဖစ္ေလ့ရွိတဲ့ ေက်ာင္းေတြ၊ ေန႔ကေလးထိန္းေက်ာင္းေတြနဲ႔ က်ဴရွင္ေတြမွာ ပိုလုပ္ေပးသင့္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေသြးလြန္တုပ္ေကြးကဗ်ာေလးကိုလည္း မေမ့ဖို႔လိုပါတယ္။ ကဗ်ာကေလးကေတာ့၊ “ရာသီတိုင္းတြင္ ဖ်ားနာလွ်င္ ေသြးလြန္တုပ္ေကြးမွတ္” (ဆိုလိုတာက အဖ်ားႀကီးၿပီး မွိန္းေနလွ်င္ ေသြးလြန္တုပ္ေကြး ျဖစ္ႏိုင္တာကို သတိျပဳမိဖို႔ပါ)၊ “အဖ်ားက်ဆင္း မလန္းလွ်င္ အစဥ္သတိခ်ပ္” (သေဘာက အေရးႀကီးတဲ့ အဆင့္ထဲေရာက္သြားတာကို သတိမထားမိလိုက္လွ်င္ အသက္အႏၲရာယ္ရွိလို႔) ပဲ ျဖစ္ပါတယ္။

ဒီေရာဂါအေၾကာင္းကို ပိုမုိနားလည္ႏုိင္ဖို႔ ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ ပညာဌာန အၿငိမ္းစား ဌာနမွဴး ပါေမာကၡ ေဒါက္တာေစာဝင္း ကို
ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

ကိုဗစ်ရောဂါကြီး ဆက်ကူးစက်နေချိန် သွေးလွန်တုပ်ကွေး ဖြစ်နှုန်း၊ သေနှုန်းက ကိုဗစ်ထက် (၅) ဆကျော် များနေတာမို့၊ သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာကို သတိပြုမိဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

ကိုဗစ်ကာလမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေ လူများအချင်းချင်းကူးစက်မူ (Community Transmission) ကို မတွေ့ရဘဲ၊ ပြည်ပက ပြန်လာတဲ့သူတွေဆီကသာ ကူးစက်တာတွေ (Imported Cases) ကို အဓိက တွေ့နေရတာကြောင့်၊ ကူးစက်ခံရသူက ဒီနှစ်ထဲ အခုချိန်ထိ ရာဂဏန်းသာ (၃၅၀ ကျော်) ရှိပြီး သေဆုံးသူကလည်း ခု ဂဏန်း (၆ ဦး) သာ ရှိပါသေးတယ်။ ဒါပေမဲ့ ခြင်ကိုက်တာကြောင့် နှစ်စဉ်ဖြစ်နေကျ သွေးလွန်တုပ်ကွေးကတော့ မနှစ်ကလောက် ဖြစ်နှုန်း၊ သေနှုန်း မမြင့်မားသေးသော်လည်း၊ ရောဂါဖြစ်သူတွေ ဒီနှစ် အခုချိန်ထိ ထောင်ကဏန်း (၄၁၀၀) ကျော်နဲ့ သေဆုံးသူ ဆယ်ဂဏန်း (၃၀) ကျော်ထိ ရှိနေပါတယ်။ ဒါပေမဲ့ သွေးလွန်တုပ်ကွေး သဘာဝအရ (၃) နှစ် (၄) နှစ်တစ်ကြိမ် အများဆုံးဖြစ်တတ်ကာ၊ လွန်ခဲ့တဲ့ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်နှုန်းသေနှုန်း များခဲ့တာမို့၊ ရှေ့နှစ် ၂၀၂၁ မှာ ဖြစ်နှုန်း၊ သေနှုန်း အများဆုံးဖြစ်နိုင်တယ်လို့ တွက်ဆထားကြပါတယ်။ ဒီနှစ်မှာ အရင်နှစ်တွေထက် ဖြစ်နှုန်းနည်းနေရတာက၊ သွေးလွန်တုပ်ကွေးအဓိက ကူးစက်လေ့ရှိတဲ့နေရာတွေဖြစ်တဲ့ ကလေးတွေစုဝေးပြီး ခြင်ကိုက်ခံရတတ်တဲ့၊ နေ့ကလေးထိန်းကျောင်းတွေ၊ ကျုရှင်တွေ၊ ကျောင်းတွေအများစု (မကြာခင်က တချို့အတန်းတွေ ပြန်ဖွင့်သော်လည်း) ပိတ်ထားသေးလို့ ဖြစ်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ သွေးလွန်တုပ်ကွေးဖြစ်တာကို ခွဲခြားသိနိုင်ဖို့ လက္ခဏာတွေကို သတိပြုခွဲခြားဖို့ လိုပါတယ်။ ကိုဗစ်နဲ့ ရာသီတုပ်ကွေးကတော့ လက္ခဏာတချို့ ဆင်တူသော်လည်း၊ သွေးလွန်တုပ်ကွေးကတော့ လက္ခဏာ အနည်းငယ် ပိုကွဲပြားတတ်ပါတယ်။ ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာနဲ့ နှာရည်ယိုတာတွေက ကိုဗစ်နဲ့ ရာသီတုပ်ကွေး (၂) မျိုးလုံးမှာ ဖြစ်တတ်ပေမယ့်၊ ရာသီတုပ်ကွေးမှာ အနည်းငယ်ပိုဖြစ်တတ်ပြီး၊ ကိုဗစ်မှာကတော့ ပြင်းထန်လာလျှင် အသက်ရှုကြပ်လာပြီး၊ နောက်ပိုင်းမှာ အနံ့အရသာပါပျက်တာကို ထူးထူးခြားခြား တွေ့လာပါတယ်။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးကတော့ အခုလို ချောင်းဆိုး၊ နှာစေး၊ နှာရည်ယိုတာတွေ သိပ်မဖြစ်ဘဲ၊ အခြောက်ဖျားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးမှာ သီးသန့်ထူးခြားတဲ့ လက္ခဏာတွေက၊ အဖျားကြီးတာ၊ မှိန်းတာ၊ ဗိုက်အောင့်တာ၊ အရေပြား အနီစက်တွေပေါ်တာ၊ အန်တာ၊ နောက် သွေးယိုတဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြား အနီစက်ပေါ်ဖိလိုက်လျှင် ပျောက်မသွားတာ (သို့မဟုတ်) ကော်ဖီနှစ်ရောင်အန်တာ၊ နှာခေါင်းသွေးလျှံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကလေးတွေမှာတော့ ကိုဗစ်ဖြစ်လျှင် ဝမ်းလျှော ဝမ်းပျက်တာ (၁၀)% ရှိတာကို တွေ့ရှိထားပြီး ဗိုက်နာနိုင်ပေမယ့်၊ ကလေးတွေက ကိုဗစ်အဖြစ်နည်းပြီး၊ ဖြစ်လာလျှင်လည်း လက္ခဏာမပြတာ၊ ပြင်းထန်မူနည်းတာတွေကြောင့်၊ သွေးလွန်တုပ်ကွေးနဲ့ ခွဲဖို့ အခက်အခဲ မရှိသေးပါဘူး။ အသက်အရွယ်အားဖြင့် ကွာခြားပုံကလည်း၊ ကိုဗစ်က လူကြီးတွေမှာ ပိုဖြစ်၊ ပိုအန္တရာယ်များပြီး၊ သွေးလွန်တုပ်ကွေးက ကလေးတွေ အထူးသဖြင့် (၃) နှစ်မှ (၁၅) နှစ်) မှာ ပိုဖြစ်၊ ပိုအန္တရာယ်များပါတယ်။

အခုလို သွေးလွန်တုပ်ကွေး အန္တရာယ်များတဲ့ ကလေးတွေအတွက်၊ ရာသီတုပ်ကွေးနဲ့ ခွဲနိုင်ဖို့တော့ လက္ခဏာတွေကို အထူးဂရုပြု စောင့်ကြည့်ဖို့လိုပါတယ်။ သွေးလွန်တုပ်ကွေးက အမြဲပုံမှန် ဖြစ်နေကျမို့ အမြဲကို သတိထားပြီး၊ စောစောကြိုသတိပြုမိခြင်းဖြင့်၊ လိုအပ်လျှင် အချိန်မီ ဆေးရုံတင်ကာ၊ သေဆုံးမူအဆင့် မရောက်အောင် ကာကွယ်နိုင်ပါတယ်။ စောစောကြိုသိနိုင်ဖို့ သွေးလွန်တုပ်ကွေး သံသယလက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ ဒီသံသယလက္ခဏာတွေကတော့ ဖျားတာနဲ့ နောက်လက္ခဏာတွေ (၂) ခု တွဲလာတာပါ။ ဒီနောက်လက္ခဏာတွေက အော့အန်တာ၊ အရေပြားမှာ အနီစက်တွေ အနီအကွက်တွေပေါ်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ သွေးလွန်တုပ်ကွေးလက်မှာ စမ်းတဲ့စမ်းသပ်မူ (Hess Test) ပေါ်တာ (Positive)၊ သွေးဖြူဥနည်းတာနဲ့ အန္တရာယ်လက္ခဏာ တွေ့ရှိတာပါ။ ဒါကြောင့် ဥပမာအားဖြင့် ဖျားတာနဲ့ နောက်လက္ခဏာ (၂) ခုဖြစ်တဲ့ အော့အန်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေ တွဲလာလျှင်၊ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ကြောင်း သံသယသတိရှိဖို့ လိုလာပါတယ်။

အခုလို သွေးလွန်တုပ်ကွေး သံသယလက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို ကြိုစောင့်ကြည့်နိုင်ပြီး၊ သွေးလန့်တာ စဖြစ်ချိန်ကိုလည်း သတိပြုမိနိုင်ကာ၊ ဒီလက္ခဏာတွေပေါ်လာလျှင် အချိန်မီ ဆေးရုံတင်ခြင်းဖြင့် သေဆုံးမူကို လျှော့ချနိုင်ပါတယ်။ ဒီအန္တရာယ်လက္ခဏာတွေကတော့ ဖျားပြီး ဗိုက်နာတာ၊ ဖျားပြီး အဆက်မပြတ်အန်တာ၊ နှာခေါင်းသွေးလျှံတာ၊ ကော်ဖီနှစ်ရောင်အန်တာ၊ မှိန်းတာ (သို့မဟုတ်) ကဏာမငြိမ်ဖြစ်တာ၊ ဆရာဝန်လက်နဲ့စမ်းလျှင် ညာဖက်နံရိုးအောက်မှာ အသည်းကြီးနေတာတွေပါ။ သွေးလန့်တဲ့လက္ခဏာတွေကတော့၊ စဖျားပြီး (၃) ရက်ကနေ (၅) ရက်အတွင်းဖြစ်နိုင်ကာ၊ ခြေလက်အေးစက်လာတာ၊ နုံးခွေလာတာ၊ ကယောင်ကတမ်းဖြစ်တာ၊ နောက်ပိုင်းမှာ သွေးခုန်နှုန်း တိုင်းမရတာ စမ်းမရတာ၊ သွေးပေါင်ချိန်တိုင်းမရတာ အပေါ်သွေးနဲ့အောက်သွေး ကပ်နေတာတွေပါ။ အခုလို သွေးလန့်တာ (Shock) ဖြစ်ချင်တဲ့အချိန်မှာ ထူးခြားတာက၊ မဖြစ်ခင်မှာ အဖျားကျသွားပေမဲ့၊ လူနာက လန်းဆန်းမူမရှိဘဲ ပိုနုံးသွားတာ၊ ပိုအံလာတာ၊ ခေါင်းမူးလာတာ၊ အိပ်နေတာတွေဖြစ်လာတတ်တာမို့၊ ဒီသွေးစလန့်တဲ့ လက္ခဏာတွေ ပေါ်လာလျှင်လည်း ချက်ချင်းဆေးရုံတင်ဖို့ လိုပါတယ်။ အခုလိုအဖျားကျချိန်မှာ ဖြစ်တတ်တာက ကောင်းသွားပြီထင်ပြီး၊ မိဘတွေရော ဆရာဝန်တချို့ကပါ ပေါ့သွားတတ်ပါတယ်။ ဒါက သွေးလွန်တုပ်ကွေး ထောင်ခြောက်မို့၊ အဖျားကျသော်လည်း မလန်းတာကို အထူးသတိပြုမိဖို့ အရေးကြီးပါတယ်။ အခုလို အန္တရာယ်လက္ခဏာတွေ ပေါ်လာချိန်နဲ့ သွေးစလန့်ချိန်တွေမှာ ဆေးရုံအချိန်မီ ပို့နိုင်လျှင်၊ ဆားရည်သွင်းတာအပါအဝင် အရေးပေါ်ကုသမူတွေ လုပ်ပေးခြင်းဖြင့် သွေးလန့်ချိန်ကို တိုတောင်စေပြီး၊ အန္တရာယ်ရှိတဲ့ ကိုယ်တွင်းသွေးယိုခြင်းနဲ့ အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွဝ်နည်းတွေကတော့ ဒီနှစ်ကိုဗစ်ကာလအတွက် ထူးထူးခြားခြားတော့ ပိုမရှိဘဲ၊ အရင်လုပ်နေကျ ပိုးလောက်လန်းနှိမ်နင်းရေး ပုံမှန်ကာကွယ်နည်းတွေကို ဆက်လုပ်ဖို့ပါ။ ဒါတွေကတော့၊ အတိုကောက်အားဖြင့် “ဖုံး သွန် ခပ် စစ်၊ လောင်း ထောင် လဲ ဖွင့်၊ မြုပ် ရှင်း မှုတ်” ဆိုတာတွေပါ။ အသေးစိတ် ရှင်းပြရရင်တော့ ရေအိုး၊ ရေတိုင်ကီ၊ ရေကန်တွေကို အဖုံး “ဖုံး” ထားဖို့၊ ရေလဲသွန်နိုင်တဲ့အရွယ် ရေသိုလှောင်ပစ္စည်းတွေကို မကြာခဏ ရေလဲ “သွန်” ပြီး ဆေးကြောပေးဖို့၊ ရေလဲသွန်နိုင်တဲ့ အရွယ်မဟုတ်တဲ့ အုတ်ကန်က ရေမျိုးကို “ခပ်” ထုတ်ဆေးကြောပေးဖို့၊ ရေရှားလို့ သွန်မပစ်နိုင်ရင် အခြားရေပုံး၊ ရေအိုးထဲကို ရေစစ်သုံးပြီး ပြောင်းထဲ့ကာ ပိုးလောက်လန်းတွေ “စစ်” ထုတ်ပစ်ဖို့၊ နောက် ရေတင်နိုင်တဲ့ ကြောင်အိမ်အောက်ခံခွက်မှာ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေး “လောင်း” ပေးထားဖို့၊ နေ့အချိန်မှာလည်း ခြင် “ထောင်” နဲ့အိပ်ဖို့၊ ဘုရားပန်းအိုး၊ ညောင်ရေအိုးတွေကို (၂) ရက် (၃) ရက် တစ်ကြိမ် “လဲ” ပြီး ဆေးကြောပေးဖို့၊ ပြူတင်းပေါက်တွေ “ဖွင့်” ထားပြီး အလင်းရောင်နဲ့ ခြင်မခိုနိုင်အောင် လုပ်ပေးဖို့၊ ဒါ့အပြင် ရေတင်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြေထဲ “မြုပ်” ပစ်ဖို့၊ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို “ရှင်း” လင်းပစ်ဖို့နဲ့ ခြင်ဆေးဖျန်း “မှုတ်” ပေးတာတွေပါ။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ပိုးလောက်လန်း မပေါက်ဖွားစေနိုင်တဲ့ အဘိတ် (Abate) ဆေးမှုန့်ကို၊ ရေတိုင်ကီ၊ စဉ့်အိုး၊ ရေလှောင်ကန်တွေမှာ ခပ်ပေးခြင်းဖြင့် ရက်သတ္တပတ် (၆) ပတ်မှ (၈) ပတ်အထိ ခြင်မပေါက်ဖွားနိုင်ပါဘူး။ ဒီကာကွယ်နည်းတွေကို ကလေးငယ်တွေစုဝေးပြီး ကူးစက်မူအဓိက ဖြစ်လေ့ရှိတဲ့ ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေနဲ့ ကျူရှင်တွေမှာ ပိုလုပ်ပေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ သွေးလွန်တုပ်ကွေးကဗျာလေးကိုလည်း မမေ့ဖို့လိုပါတယ်။ ကဗျာကလေးကတော့၊ “ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်” (ဆိုလိုတာက အဖျားကြီးပြီး မှိန်းနေလျှင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာကို သတိပြုမိဖို့ပါ)၊ “အဖျားကျဆင်း မလန်းလျှင် အစဉ်သတိချပ်” (သဘောက အရေးကြီးတဲ့ အဆင့်ထဲရောက်သွားတာကို သတိမထားမိလိုက်လျှင် အသက်အန္တရာယ်ရှိလို့) ပဲ ဖြစ်ပါတယ်။

ဒီရောဂါအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို
ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG