သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ရာသီတုပ္ေကြး၊ အေအးမိတာ ကာကြယ္ေရး


ကိုဗစ္ကာလ ရာသီတုတ္ေကြး၊ အေအးမိတာ ကာကြယ္ေရး
please wait

No media source currently available

0:00 0:07:37 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ေရာဂါႀကီး ဆက္လက္ကူးစက္ေနခ်ိန္ မိုးတြင္းကာလေရာက္လာတာမို႔၊ ဒီရာသီမွာ ျဖစ္ေလ့ရွိတဲ့ ရာသီတုပ္ေကြးနဲ႔ သာမန္အေအးမိတာေတြနဲ႔ ခြဲျခားသိရွိဖို႔အျပင္၊ ဂရုစိုက္ကာကြယ္ဖို႔လည္း လိုေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

ကိုဗစ္နဲ႔ ရာသီတုပ္ေကြး၊ အေအးမိတာေတြအၾကား ခြဲျခားႏိုင္ဖို႔ လကၡဏာတခ်ဳိ ႔ကို ေစာင့္ၾကည္ႏိုင္ပါတယ္။ ကိုဗစ္မွာ အဓိကျဖစ္တာက ဖ်ားတာ၊ ခ်မ္းတာ၊ ေခ်ာင္းဆိုးတာနဲ႔ အသက္႐ူၾကပ္ၿပီး ေမာတာေတြပါ။ ဒီလကၡဏာေတြ ျဖစ္လာခဲ့လွ်င္ ကိုဗစ္ေရာဂါရွိသူနဲ႔ ထိေတြ႔မႈ (သို႔မဟုတ္) ဒီေရာဂါျဖစ္ေနတဲ့ ႏိုင္ငံေတြက ျပန္လာတာ ရွိ၊ မရွိ ေနာက္ေၾကာင္းေတြကို ေမးျမန္းဖို႔ လိုလာပါတယ္။ ဒါေပမဲ့ ရာသီတုပ္ေကြးနဲ႔ သာမန္အေအးမိတာေတြမွာေတာ့ ပုံမွန္လို ျဖစ္တတ္တာေၾကာင့္ အခုလို ထိေတြ႔မႈ (Contact) နဲ႔ ခရီးသြားရာဇဝင္ေတြ ေမးစရာ မလိုပါဘူး။ ရာသီတုပ္ေကြး (Flu) က ႏွစ္စဥ္ (၂) ႀကိမ္ (၃) ႀကိမ္ ျဖစ္တတ္ၿပီး၊ လကၡဏာမွာေတာ့ ဖ်ားးတာအျပင္ တုပ္ေကြးဆိုတဲ့အတိုင္း တုပ္ေႏွာင္ထားသလို ေကြးေနကာ၊ ကိုက္ခဲတာ၊ ႂကြက္သားနာတာေတြ အဓိကျဖစ္ကာ၊ လည္ပင္းနာတာနဲ႔ အနည္းငယ္ ေခ်ာင္းဆိုးတာေတြလည္း ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ သာမန္အေအးမိတာ (Common Cold) ကလည္း ႏွစ္စဥ္ (၅) ႀကိမ္ (၆) ႀကိမ္အထိ ျဖစ္တတ္ၿပီး ႏွာေစး၊ ေခ်ာင္းဆိုးတာေတြ အေအးမိသလို အဓိကျဖစ္တာပါ။ ဒီ ပုံမွန္ဖ်ားနာတဲ့ ရာသီတုပ္ေကြးနဲ႔ သာမန္အေအးမိတာေတြက၊ သာမန္အဖ်ားေပ်ာက္ေဆး (၂) ရက္ (၃) ရက္ေသာက္ၿပီး အနားယူတာနဲ႔ သက္သာသြားေလ့ ရွိပါတယ္။ ဒီ ပုံမွန္ဖ်ားနာတာေတြနဲ႔ မတူဘဲ၊ ကိုဗစ္မွာ အခုေနာက္ပိုင္း ထူးထူးျခားျခား ေတြ႔လာတာကေတာ့ အနံ႔အရသာ ပ်က္သြားတာပါ။ ဒါ့အျပင္ ကိုဗစ္မွာ ဝမ္းပ်က္တာ၊ ပ်ဳိ ႔အန္တာနဲ႔ ဗိုက္နာတာေတြပါ အခုေနာက္ပိုင္းေတြ႔ရွိလာကာ၊ မစင္မွာပါ ပိုးပါလာၿပီး မစင္ကတဆင့္ ကူးစက္ႏိုင္တာလည္း ေတြ႔ရွိထားပါတယ္။ အခုလို လကၡဏာတခ်ဳိ ႔ ကြဲႏိုင္ေပမယ့္ ေသခ်ာေအာင္ေတာ့ ကိုဗစ္ သံသယလကၡဏာေတြ ျဖစ္လာလွ်င္၊ ႏွာေခါင္း (သို႔မဟုတ္) အာေခါင္တို႔ဖတ္ယူၿပီး၊ စစ္ေဆးၾကည့္ၿပီးမွသာ ဒီ ပိုးရွိေၾကာင္း အတည္ျပဳႏိုင္မွာ ျဖစ္ပါတယ္။

ကိုဗစ္နဲ႔ ရာသီတုပ္ေကြး၊ သာမန္အေအးမိတာေတြအၾကား အခုလို လကၡဏာေတြ တစုံတရာ ကြဲျပားႏိုင္ေပမယ့္ ကူးစက္ပုံ အမ်ားစုကေတာ့ တူေနတာမို႔ ကိုဗစ္ကာကြယ္ေရးေတြ အေလးအနက္ လုပ္ျခင္းအားျဖင့္၊ ဒီ အျခားပုံမွန္ဖ်ားနာတာ (၂) ခုလုံးကို အမ်ားႀကီး ထိေရာက္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ကိုဗစ္ကဲ့သို႔ ဒီရာသီတုတ္ေကြးနဲ႔ သာမန္အေအးမိတာေတြက ေခ်ာင္းဆိုး၊ ႏွာေခ်တာေတြကို အနီးကပ္ ႐ူ႐ိုက္မိတာနဲ႔၊ ဒီေခ်ာင္းဆိုး၊ ႏွာေခ်ၿပီး ထြက္လာတဲ့ အရည္နဲ႔အမႈန္႔စက္ေတြကို တဆင့္ ကိုင္တြယ္မိတဲ့ ပစၥည္းေတြကေန၊ မ်က္လုံး၊ ႏွာေခါင္းနဲ႔ ပါးစပ္ေတြကို ျပန္ထိမိၿပီး အဓိက ကူးစက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိလုပ္ေနတဲ့ ကိုဗစ္ကာကြယ္နည္းေတြျဖစ္တဲ့ လက္ပုံမွန္ေဆးတာ (ေရနဲ႔ဆပ္ျပာ၊ Hand Gel လက္ေဆးရည္ပ်စ္သုံး)၊ ပါးစပ္နဲ႔ႏွာေခါင္းစီး (Mask) တပ္တာ (အထူးသျဖင့္ လူအုပ္ထဲသြားခ်ိန္)၊ ခပ္ေဝးေဝးေနတာ( Social Distancing) ေတြအျပင္၊ ေနာက္ဆုံးေတြ႔ရွိထားတဲ့ ကိုဗစ္ကာကြယ္နည္းေတြကို သုံးျခင္းျဖင့္၊ ရာသီတုပ္ေကြးနဲ႔ သာမန္အေအးမိတာေတြကိုပါ အဆေပါင္းမ်ားစြာ ကာကြယ္ေပးၿပီးသား ျဖစ္ေစပါတယ္။

အခုေနာက္ဆုံးေတြ႔ထားတဲ့ ကိုဗစ္ကာကြယ္နည္း တစ္ခုကေတာ့ ေလွာင္ပိတ္ေနတဲ့ အခန္းေတြကို သတိထားၿပီး၊ ေလဝင္ေလထြက္ေကာင္းေအာင္ ျပင္ဆင္ကာ၊ တတ္ႏိုင္လွ်င္ ေလဟာျပင္က်ယ္က်ယ္မွာ အဓိက ေနထိုင္စားေသာက္ အားကစားလုပ္ၾကဖို႔ပါ။ ဥပမာအားျဖင့္ ေဂါက္သီး႐ိုက္ကြင္းေတြဟာ က်ယ္ျပန႔္တဲ့ ေလဟာျပင္မွာ ရွိတာမို႔၊ ကူးစက္ဖို႔ အႏၲရာယ္ နည္းပါတယ္။ ဒါေပမဲ့ အလုံပိတ္ စားေသာက္ဆိုင္ေတြ၊ လူေတြကပ္ေနႏိုင္တဲ့ အရက္ဘားဆိုင္ေတြ၊ အားကစားခန္းမ (Gym) ေတြမွာေတာ့ ကူးစက္ဖို႔ အႏၲရာယ္မ်ားသြားပါတယ္။ ဒါေၾကာင့္ အလုံပိတ္အခန္းေတြကို က်ယ္သည္ျဖစ္ေစ၊ က်ဥ္းသည္ျဖစ္ေစ၊ ေလဝင္ေလထြက္ေကာင္းေအာင္ ျပဴတင္းေပါက္ေတြ မၾကာခဏ ဖြင့္ေပးတာနဲ႔၊ လူေတြကို ခ်ဲထားေပးဖို႔၊ ပလပ္စတစ္ေတြကာထားဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးေတြရွိထားတဲ့ မစင္ကတဆင့္ ကိုဗစ္ကူးစက္တာ ေလွ်ာ့ခ်ဖို႔အတြက္ေတာ့၊ အိမ္သာသုံးၿပီး ပုံမွန္လက္ေဆးတာနဲ႔ သုံးေနခ်ိန္ ပါးစပ္နဲ႔ႏွာေခါင္းစီး တပ္ထားတာအျပင္၊ အမ်ားသုံး အိမ္သာ ကမုတ္ခြက္သုံးရလွ်င္လည္း ကမုတ္ခြက္အဖုံးပိတ္ၿပီးမွ ေရဆြဲခ်သင့္ပါတယ္။ အေၾကာင္းက ေရဆြဲခ်ခ်ိန္ ျဖစ္လာတဲ့ တြန္းအားအရွိန္ေၾကာင့္၊ မစင္မွာပိုးရွိခဲ့လွ်င္ အိမ္သာခန္းတြင္း ေလထဲမွာ လြင့္ပ်ံ ႔ကူးစက္ေစႏိုင္လို႔ပါ။

ဒါ့အျပင္ ေနာက္ပိုင္းမွာ ကူးစက္မူႏႈန္း (၃) ဆကေန (၆) ဆအထိျမန္တဲ့ ဒီကို႐ိုနာဗိုင္းရပ္စ္ပိုး အမ်ိဳးအစားကို ေတြ႔ရွိလာတာေၾကာင့္၊ ျမန္မာႏိုင္ငံကို ဒီအမ်ိဳးအစား ေရာက္လာမွာကိုလည္း ထည့္တြက္ထားဖို႔ အေရးႀကီးပါတယ္။ လက္ရွိမွာ ျမန္မာႏိုင္ငံထဲ ကူးစက္မူက ရာဂဏန္းအနည္းငယ္အဆင့္မွာ ရွိေနေသးေပမယ့္ အျခားႏိုင္ငံ တခ်ဳိ ႔မွာေတာ့ သန္းနဲ႔ခ်ီကူးစက္မူ ျမန္လြန္းေနတာေၾကာင့္ အလားတူ ေပါက္ကြဲထြက္မသြားေအာင္ ပိုသတိထား ကာကြယ္သင့္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ စက္႐ုံေတြ၊ လုပ္ငန္းေတြ၊ ႐ုံးေတြ၊ စားေသာက္ဆိုင္နဲ႔ အခုေနာက္ဆုံး ေက်ာင္းေတြပါ ျပန္ဖြင့္လာခ်ိန္မွာ၊ ေရာဂါျဖစ္တာေတြ႔ႏႈန္း နည္းေနတာေၾကာင့္၊ တခ်ဳိ ႔ကလဲ မိုး႐ြာတာနဲ႔ ပိုးေတြ သန႔္စင္သြားႏိုင္မယ္လို႔ မွားယြင္းယူဆကာ ေပါ့ေလ်ာ့မူေတြ ျဖစ္လာႏိုင္ပါတယ္။ တကယ္ေတာ့ အခုလို ေလွ်ာ့တြက္မေပါ့ဆဘဲ၊ ကူးစက္ျမန္အမ်ိဳးအစား အျခားႏိုင္ငံေတြမွာ ေတြ႔ရွိလာခ်ိန္မွာ၊ ကိုဗစ္ကာကြယ္ေရးေတြကို ပိုအေလးအနက္ လုပ္ေဆာင္သင့္ပါတယ္။ မိုးမက်ခင္ထဲကစခဲ့တဲ့ ကိုဗစ္ကာကြယ္နည္းေတြ အက်ိဳးေက်းဇူးေၾကာင့္၊ အျခား ရာသီတုပ္ေကြးနဲ႔ သာမန္အေအးမိတာေတြကိုလည္း၊ ထိထိေရာက္ေရာက္ ကာကြယ္ေပးၿပီးသား ျဖစ္တာမို႔၊ အခုႏွစ္ထဲ ဒီ ရာသီတုတ္ေကြးနဲ႔ သာမန္အေအးမိတာေတြ အရင္ႏွစ္ေတြလို အမ်ားႀကီး မကူးစက္ေတာ့တာကို ေဆးခန္းေတြနဲ႔ ေဆး႐ုံေတြမွာ စေတြ႔လာေနပါတယ္။ ဒါ့အျပင္ ကိုဗစ္ကာလမွာ ရာသီတုတ္ေကြးပါ မျဖစ္ရေအာင္ ကာကြယ္ေဆးထိုးတာေတြ မ်ားလာတာေၾကာင့္လည္း၊ ရာသီတုပ္ေကြး အရင္လို စုၿပဳံျဖစ္တာေတြ မေတြ႔ရေသးတာ ျဖစ္ႏိုင္ပါတယ္။

ဒီေရာဂါေတြအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကု ဆရာဝန္မ်ားအဖြဲ႔က ေဒါက္တာျမင့္ဦး ကို၊ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။


==Unicode==

ကိုဗစ်ရောဂါကြီး ဆက်လက်ကူးစက်နေချိန် မိုးတွင်းကာလရောက်လာတာမို့၊ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာတွေနဲ့ ခွဲခြားသိရှိဖို့အပြင်၊ ဂရုစိုက်ကာကွယ်ဖို့လည်း လိုနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ကိုဗစ်နဲ့ ရာသီတုပ်ကွေး၊ အအေးမိတာတွေအကြား ခွဲခြားနိုင်ဖို့ လက္ခဏာတချို့ကို စောင့်ကြည်နိုင်ပါတယ်။ ကိုဗစ်မှာ အဓိကဖြစ်တာက ဖျားတာ၊ ချမ်းတာ၊ ချောင်းဆိုးတာနဲ့ အသက်ရူကြပ်ပြီး မောတာတွေပါ။ ဒီလက္ခဏာတွေ ဖြစ်လာခဲ့လျှင် ကိုဗစ်ရောဂါရှိသူနဲ့ ထိတွေ့မှု (သို့မဟုတ်) ဒီရောဂါဖြစ်နေတဲ့ နိုင်ငံတွေက ပြန်လာတာ ရှိ၊ မရှိ နောက်ကြောင်းတွေကို မေးမြန်းဖို့ လိုလာပါတယ်။ ဒါပေမဲ့ ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာတွေမှာတော့ ပုံမှန်လို ဖြစ်တတ်တာကြောင့် အခုလို ထိတွေ့မှု (Contact) နဲ့ ခရီးသွားရာဇဝင်တွေ မေးစရာ မလိုပါဘူး။ ရာသီတုပ်ကွေး (Flu) က နှစ်စဉ် (၂) ကြိမ် (၃) ကြိမ် ဖြစ်တတ်ပြီး၊ လက္ခဏာမှာတော့ ဖျားးတာအပြင် တုပ်ကွေးဆိုတဲ့အတိုင်း တုပ်နှောင်ထားသလို ကွေးနေကာ၊ ကိုက်ခဲတာ၊ ကြွက်သားနာတာတွေ အဓိကဖြစ်ကာ၊ လည်ပင်းနာတာနဲ့ အနည်းငယ် ချောင်းဆိုးတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သာမန်အအေးမိတာ (Common Cold) ကလည်း နှစ်စဉ် (၅) ကြိမ် (၆) ကြိမ်အထိ ဖြစ်တတ်ပြီး နှာစေး၊ ချောင်းဆိုးတာတွေ အအေးမိသလို အဓိကဖြစ်တာပါ။ ဒီ ပုံမှန်ဖျားနာတဲ့ ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာတွေက၊ သာမန်အဖျားပျောက်ဆေး (၂) ရက် (၃) ရက်သောက်ပြီး အနားယူတာနဲ့ သက်သာသွားလေ့ ရှိပါတယ်။ ဒီ ပုံမှန်ဖျားနာတာတွေနဲ့ မတူဘဲ၊ ကိုဗစ်မှာ အခုနောက်ပိုင်း ထူးထူးခြားခြား တွေ့လာတာကတော့ အနံ့အရသာ ပျက်သွားတာပါ။ ဒါ့အပြင် ကိုဗစ်မှာ ဝမ်းပျက်တာ၊ ပျို့အန်တာနဲ့ ဗိုက်နာတာတွေပါ အခုနောက်ပိုင်းတွေ့ရှိလာကာ၊ မစင်မှာပါ ပိုးပါလာပြီး မစင်ကတဆင့် ကူးစက်နိုင်တာလည်း တွေ့ရှိထားပါတယ်။ အခုလို လက္ခဏာတချို့ ကွဲနိုင်ပေမယ့် သေချာအောင်တော့ ကိုဗစ် သံသယလက္ခဏာတွေ ဖြစ်လာလျှင်၊ နှာခေါင်း (သို့မဟုတ်) အာခေါင်တို့ဖတ်ယူပြီး၊ စစ်ဆေးကြည့်ပြီးမှသာ ဒီ ပိုးရှိကြောင်း အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်နဲ့ ရာသီတုပ်ကွေး၊ သာမန်အအေးမိတာတွေအကြား အခုလို လက္ခဏာတွေ တစုံတရာ ကွဲပြားနိုင်ပေမယ့် ကူးစက်ပုံ အများစုကတော့ တူနေတာမို့ ကိုဗစ်ကာကွယ်ရေးတွေ အလေးအနက် လုပ်ခြင်းအားဖြင့်၊ ဒီ အခြားပုံမှန်ဖျားနာတာ (၂) ခုလုံးကို အများကြီး ထိရောက်အောင် ကာကွယ်နိုင်ပါတယ်။ ကိုဗစ်ကဲ့သို့ ဒီရာသီတုတ်ကွေးနဲ့ သာမန်အအေးမိတာတွေက ချောင်းဆိုး၊ နှာချေတာတွေကို အနီးကပ် ရူရိုက်မိတာနဲ့၊ ဒီချောင်းဆိုး၊ နှာချေပြီး ထွက်လာတဲ့ အရည်နဲ့အမှုန့်စက်တွေကို တဆင့် ကိုင်တွယ်မိတဲ့ ပစ္စည်းတွေကနေ၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပြန်ထိမိပြီး အဓိက ကူးစက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ ကိုဗစ်ကာကွယ်နည်းတွေဖြစ်တဲ့ လက်ပုံမှန်ဆေးတာ (ရေနဲ့ဆပ်ပြာ၊ Hand Gel လက်ဆေးရည်ပျစ်သုံး)၊ ပါးစပ်နဲ့နှာခေါင်းစီး (Mask) တပ်တာ (အထူးသဖြင့် လူအုပ်ထဲသွားချိန်)၊ ခပ်ဝေးဝေးနေတာ( Social Distancing) တွေအပြင်၊ နောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ်ကာကွယ်နည်းတွေကို သုံးခြင်းဖြင့်၊ ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာတွေကိုပါ အဆပေါင်းများစွာ ကာကွယ်ပေးပြီးသား ဖြစ်စေပါတယ်။

အခုနောက်ဆုံးတွေ့ထားတဲ့ ကိုဗစ်ကာကွယ်နည်း တစ်ခုကတော့ လှောင်ပိတ်နေတဲ့ အခန်းတွေကို သတိထားပြီး၊ လေဝင်လေထွက်ကောင်းအောင် ပြင်ဆင်ကာ၊ တတ်နိုင်လျှင် လေဟာပြင်ကျယ်ကျယ်မှာ အဓိက နေထိုင်စားသောက် အားကစားလုပ်ကြဖို့ပါ။ ဥပမာအားဖြင့် ဂေါက်သီးရိုက်ကွင်းတွေဟာ ကျယ်ပြန့်တဲ့ လေဟာပြင်မှာ ရှိတာမို့၊ ကူးစက်ဖို့ အန္တရာယ် နည်းပါတယ်။ ဒါပေမဲ့ အလုံပိတ် စားသောက်ဆိုင်တွေ၊ လူတွေကပ်နေနိုင်တဲ့ အရက်ဘားဆိုင်တွေ၊ အားကစားခန်းမ (Gym) တွေမှာတော့ ကူးစက်ဖို့ အန္တရာယ်များသွားပါတယ်။ ဒါကြောင့် အလုံပိတ်အခန်းတွေကို ကျယ်သည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ၊ လေဝင်လေထွက်ကောင်းအောင် ပြူတင်းပေါက်တွေ မကြာခဏ ဖွင့်ပေးတာနဲ့၊ လူတွေကို ချဲထားပေးဖို့၊ ပလပ်စတစ်တွေကာထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် နောက်ဆုံးတွေရှိထားတဲ့ မစင်ကတဆင့် ကိုဗစ်ကူးစက်တာ လျှော့ချဖို့အတွက်တော့၊ အိမ်သာသုံးပြီး ပုံမှန်လက်ဆေးတာနဲ့ သုံးနေချိန် ပါးစပ်နဲ့နှာခေါင်းစီး တပ်ထားတာအပြင်၊ အများသုံး အိမ်သာ ကမုတ်ခွက်သုံးရလျှင်လည်း ကမုတ်ခွက်အဖုံးပိတ်ပြီးမှ ရေဆွဲချသင့်ပါတယ်။ အကြောင်းက ရေဆွဲချချိန် ဖြစ်လာတဲ့ တွန်းအားအရှိန်ကြောင့်၊ မစင်မှာပိုးရှိခဲ့လျှင် အိမ်သာခန်းတွင်း လေထဲမှာ လွင့်ပျံ့ကူးစက်စေနိုင်လို့ပါ။

ဒါ့အပြင် နောက်ပိုင်းမှာ ကူးစက်မူနှုန်း (၃) ဆကနေ (၆) ဆအထိမြန်တဲ့ ဒီကိုရိုနာဗိုင်းရပ်စ်ပိုး အမျိုးအစားကို တွေ့ရှိလာတာကြောင့်၊ မြန်မာနိုင်ငံကို ဒီအမျိုးအစား ရောက်လာမှာကိုလည်း ထည့်တွက်ထားဖို့ အရေးကြီးပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံထဲ ကူးစက်မူက ရာဂဏန်းအနည်းငယ်အဆင့်မှာ ရှိနေသေးပေမယ့် အခြားနိုင်ငံ တချို့မှာတော့ သန်းနဲ့ချီကူးစက်မူ မြန်လွန်းနေတာကြောင့် အလားတူ ပေါက်ကွဲထွက်မသွားအောင် ပိုသတိထား ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စက်ရုံတွေ၊ လုပ်ငန်းတွေ၊ ရုံးတွေ၊ စားသောက်ဆိုင်နဲ့ အခုနောက်ဆုံး ကျောင်းတွေပါ ပြန်ဖွင့်လာချိန်မှာ၊ ရောဂါဖြစ်တာတွေ့နှုန်း နည်းနေတာကြောင့်၊ တချို့ကလဲ မိုးရွာတာနဲ့ ပိုးတွေ သန့်စင်သွားနိုင်မယ်လို့ မှားယွင်းယူဆကာ ပေါ့လျော့မူတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ အခုလို လျှော့တွက်မပေါ့ဆဘဲ၊ ကူးစက်မြန်အမျိုးအစား အခြားနိုင်ငံတွေမှာ တွေ့ရှိလာချိန်မှာ၊ ကိုဗစ်ကာကွယ်ရေးတွေကို ပိုအလေးအနက် လုပ်ဆောင်သင့်ပါတယ်။ မိုးမကျခင်ထဲကစခဲ့တဲ့ ကိုဗစ်ကာကွယ်နည်းတွေ အကျိုးကျေးဇူးကြောင့်၊ အခြား ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာတွေကိုလည်း၊ ထိထိရောက်ရောက် ကာကွယ်ပေးပြီးသား ဖြစ်တာမို့၊ အခုနှစ်ထဲ ဒီ ရာသီတုတ်ကွေးနဲ့ သာမန်အအေးမိတာတွေ အရင်နှစ်တွေလို အများကြီး မကူးစက်တော့တာကို ဆေးခန်းတွေနဲ့ ဆေးရုံတွေမှာ စတွေ့လာနေပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလမှာ ရာသီတုတ်ကွေးပါ မဖြစ်ရအောင် ကာကွယ်ဆေးထိုးတာတွေ များလာတာကြောင့်လည်း၊ ရာသီတုပ်ကွေး အရင်လို စုပြုံဖြစ်တာတွေ မတွေ့ရသေးတာ ဖြစ်နိုင်ပါတယ်။

ဒီရောဂါတွေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို၊ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG