သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္လူနာ ၅ ဦးထပ္တုိး၊ စုစုေပါင္း ၃၇၄ ဦးရွိ


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၅ ဦး ေနာက္ထပ္ အတည္ျပဳလိုက္တဲ့အတြက္ ကူးစက္သူ စုစုေပါင္း ၃၇၄ ေယာက္ ရွိၿပီ ျဖစ္ပါတယ္။ မေန႔က ဓါတ္ခြဲ နမူနာ ၁၄၆၈ ခုကို စစ္ေဆးခဲ့တာမွာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၅ ေယာက္ေတြ႕ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ၾသဂုတ္လ ၁၄ ရက္ ညပိုင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ သူတို႔အားလုံးက ျပည္ပက ျပန္ေရာက္လာသူ ေတြျဖစ္ၿပီး အသြားအလာ ကန္႔သတ္ထားသူေတြလည္း ျဖစ္ပါတယ္။

မေန႔က အတည္ျပဳလူနာ အမ်ိဳးသား ၅ ဦးမွာ အေမရိကန္နိုင္ငံက ျပန္လာသူ ၁ ဦး၊ ယူေအအီးနိုင္ငံ က ၁ ဦးနဲ႔ က်န္ ၃ ဦးက အိႏၵိယက ျပန္လာ တာျဖစ္ပါတယ္။COVID-19 အတည္ျပဳလူနာေဟာင္းေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၃၂၂ ဦးရွိၿပီး ေသဆုံးသူက ၆ ဦးရွိပါတယ္။ အခုထိ COVID-19 ဓါတ္ခြဲစစ္ေဆးမႈ စုစုေပါင္း ၁ သိန္း ၃ ေသာင္းနီးပါးျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာ COVID-19 ကူးစက္မႈကို အတိုင္းအတာ တခုထိထိန္းခ်ဳပ္ထားနိုင္ေပမဲ့ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆမေနဘဲ ခ်မွတ္ ထားတဲ့ စည္းကမ္း လမ္းညႊန္ခ်က္ေတြကို ဆက္လက္ လိုက္နာၾကဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကသတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာမှာကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာCOVID-19 ကူးစက်သူ လူနာသစ် ၅ ဦး နောက်ထပ် အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၇၄ ယောက် ရှိပြီ ဖြစ်ပါတယ်။ မနေ့က ဓါတ်ခွဲ နမူနာ ၁၄၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက် ညပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့အားလုံးက ပြည်ပက ပြန်ရောက်လာသူ တွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူတွေလည်း ဖြစ်ပါတယ်။

မနေ့က အတည်ပြုလူနာ အမျိုးသား ၅ ဦးမှာ အမေရိကန်နိုင်ငံက ပြန်လာသူ ၁ ဦး၊ ယူအေအီးနိုင်ငံ က ၁ ဦးနဲ့ ကျန် ၃ ဦးက အိန္ဒိယက ပြန်လာ တာဖြစ်ပါတယ်။COVID-19 အတည်ပြုလူနာဟောင်းတွေထဲ ရောဂါပိုးကင်းစင်လာသူ ၃၂၂ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိပါတယ်။ အခုထိ COVID-19 ဓါတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ သိန်း ၃ သောင်းနီးပါးပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုကို အတိုင်းအတာ တခုထိထိန်းချုပ်ထားနိုင်ပေမဲ့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဘဲ ချမှတ် ထားတဲ့ စည်းကမ်း လမ်းညွှန်ချက်တွေကို ဆက်လက် လိုက်နာကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသတိပေးထားပါတယ်။

XS
SM
MD
LG