(Zawgyi/Unicode)
ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က ျမန္မာနိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွနိုင္ငံေတြကို သြားေရာက္မယ့္ ခရီးစဥ္ ကိုစတင္လိုက္ပါတယ္။ စကၤာပူကို ဗုဒၶဟူးေန႔က ေရာက္ရွိခဲ့ၿပီးတဲ့ေနာက္ မေန႔ၾကာသပေတးေန႔က ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Motegi က စကၤာပူနိုင္ငံျခား ေရးဝန္ႀကီး Vivian Balakrishnan နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး ဂ်ပန္ နဲ႔ စကၤာပူ ႏွစ္နိုင္ငံအၾကား မျဖစ္မေန အလုပ္ သေဘာ သြားေရာက္မယ့္ သူေတြအတြက္ ေလယာဥ္ခရီးစဥ္ေတြ ျပန္လည္ စတင္ဖို႔ အေရး သေဘာတူညီေၾကာင္း ႏွစ္နိုင္ငံ ပူးတြဲ ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
အဲဒီ သေဘာတူညီခ်က္အရ Residence Track အစီအစဥ္ကို စက္တင္ဘာလ ေနာက္ဆုံးထားၿပီး အေကာင္အထည္ေဖာ္ဖို႔ ႏွစ္နိုင္ငံ ဆက္လက္ ေဆြးေႏြးသြားမယ္လို႔ လည္း CNA သတင္းဌာနက ေျပာပါတယ္။ အဲဒီ အစီအစဥ္အရ သတ္မွတ္ထားတဲ့ အေရအတြက္ quota နဲ႔ ႏွစ္နိုင္ငံက စီးပြားေရး လုပ္ငန္းရွင္ေတြ က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး အျပန္အလွန္ ခရီးသြားနိုင္မွာ ျဖစ္ပါတယ္။
ၾကာသပေတးေန႔မွာပဲ ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီး Motegi က စကၤာပူ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းနဲ႔ ေတြ႕ဆုံၿပီး ေဒသတြင္း စီးပြားေရး အရ ေပါင္းစည္းေရး ကိစၥေတြကို ေဆြးေႏြးခဲ့ပါတယ္။ ဒီခရီးစဥ္ဟာ Motegi အတြက္ နိုင္ငံျခားေရး ဝန္ႀကီးအျဖစ္ စကၤာပူကို ပထမ ဆုံးသြားတဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။
စကၤာပူခရီး ၿပီးတဲ့ေနာက္ ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Motegi က မေလးရွားနိုင္ငံကို ေသာၾကာေန႔မွာ သြားေရာက္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဩဂုတ္လ ၂၀ ရက္ေန႔က ၂၅ ရက္အထိ ပါပူဝါနယူးဂီနီ၊ ကေမၻာဒီးယား၊ လာအိုနဲ႔ ျမန္မာနိုင္ငံေတြကို သြားေရာက္မွာ ျဖစ္ပါတယ္။
ဂ်ပန္ နိုင္ငံျခားေရးဝန္ႀကီးရဲ့ ခရီးစဥ္အတြင္း COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရး ကိစၥကို အဓိကထား ေဆြးေႏြးမယ့္ နည္းတူ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ အင္ဒို-ပစိဖိတ္ေဒသ လြတ္လပ္မႈရွိေရးကိစၥေတြကိုလည္း ေဆြးေႏြးသြားနိုင္ေျခရွိတယ္လို႔ နိုင္ငံျခား ေရးရာဆိုင္ရာ ကၽြမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။ဂ်ပန္နိုင္ငံျခားေရး ဝန္ႀကီးဟာ ဂ်ပန္ရဲ့ အဓိက မဟာမိတ္အေမရိကန္နိုင္ငံနဲ႔ တ႐ုတ္နိုင္ငံအၾကား ေဟာင္ေကာင္၊ ထိုင္ဝမ္နဲ႔ ေတာင္ တ႐ုတ္ ပင္လယ္အေရး ကိစၥေတြေၾကာင့္ ဆက္ဆံေရး တင္းမာေနခ်ိန္မွာ အခုလို အေရွ႕ေတာင္ အာရွနိုင္ငံေတြကို သြားေရာက္တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ အပတ္ထဲမွာလည္း ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Motegiၿဗိတိန္နိုင္ငံကို ၄ ရက္ၾကာ သြားေရာက္ခဲ့ပါေသးတယ္။
................
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ အာဆီယံနိုင်ငံတွေ ခရီးလှည့်
(Unicode)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မယ့် ခရီးစဉ် ကိုစတင်လိုက်ပါတယ်။ စင်္ကာပူကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပြီးတဲ့နောက် မနေ့ကြာသပတေးနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဂျပန် နဲ့ စင်္ကာပူ နှစ်နိုင်ငံအကြား မဖြစ်မနေ အလုပ် သဘော သွားရောက်မယ့် သူတွေအတွက် လေယာဉ်ခရီးစဉ်တွေ ပြန်လည် စတင်ဖို့ အရေး သဘောတူညီကြောင်း နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ သဘောတူညီချက်အရ Residence Track အစီအစဉ်ကို စက်တင်ဘာလ နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးသွားမယ်လို့ လည်း CNA သတင်းဌာနက ပြောပါတယ်။ အဲဒီ အစီအစဉ်အရ သတ်မှတ်ထားတဲ့ အရေအတွက် quota နဲ့ နှစ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး အပြန်အလှန် ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာပဲ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Motegi က စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံပြီး ဒေသတွင်း စီးပွားရေး အရ ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ Motegi အတွက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စင်္ကာပူကို ပထမ ဆုံးသွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
စင်္ကာပူခရီး ပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က မလေးရှားနိုင်ငံကို သောကြာနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၀ ရက်နေ့က ၂၅ ရက်အထိ ပါပူဝါနယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကိစ္စကို အဓိကထား ဆွေးနွေးမယ့် နည်းတူ တောင်တရုတ်ပင်လယ်အရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်မှုရှိရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားနိုင်ခြေရှိတယ်လို့ နိုင်ငံခြား ရေးရာဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဂျပန်ရဲ့ အဓိက မဟာမိတ်အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တောင် တရုတ် ပင်လယ်အရေး ကိစ္စတွေကြောင့် ဆက်ဆံရေး တင်းမာနေချိန်မှာ အခုလို အရှေ့တောင် အာရှနိုင်ငံတွေကို သွားရောက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegiဗြိတိန်နိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့ပါသေးတယ်။