သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းေတြအတြက္ ေစ်းၿပိဳင္စနစ္နဲ႔ တင္ဒါေခၚမည္


The New Yangon City project infograph / NYDC (New Yangon Development Company Limited)

(Zawgyi/Unicode)

တ႐ုတ္အစုိးရက ေၾကာေထာက္ေနာက္ခံေပးထားတဲ့ ကုမၸဏီေတြနဲ႔ အေကာင္အထည္ေဖၚဖို႔ အလားအလာမ်ားခဲ့တဲ့ ၊ ရန္ကုန္ ၾကည့္ျမင္တိုင္တဖက္ကမ္းက ရန္ကုန္ၿမဳိ႕သစ္ စီမံကိန္းႀကီးကုိ စီမံကိန္း အငယ္စားေတြအျဖစ္ ခြဲၿပီး ၊ ေစ်းၿပဳိင္တင္တာ စနစ္နဲ႔ လုပ္ေဆာင္သြားမယ္လို႔ ျမန္မာအစိုးရ တာဝန္ရွိသူတဦးက ဇူလိုင္ (၂၉)ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။

ဂ်ပန္ ျပည္ပကုန္သြယ္မႈ အဖြဲ႔အစည္း (JETRO - Japan External Trade Organisation) က ကမကထလုပ္တဲ့ ေဆြးေႏြးပဲြတခုမွာ ျမန္မာအစိုးရအဖဲြ႔ဝင္ ရင္းႏွီးျမွဳပ္ႏွံမႈဆုိင္ရာ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက အဲဒီလို ေျပာၾကားလုိက္တာပါ။ အခုလို ဆုံးျဖတ္ရတာဟာ စီမံကိန္းႀကီးတခု အေကာင္ထည္ ေဖၚရာမွာ ႏိုင္ငံတကာ စံခ်ိန္စံညႊန္းေတြ အတိုင္း ျဖစ္ေစလိုၿပီး ပြင့္လင္းျမင္သာမႈရွိေစခ်င္ တာေၾကာင့္ ျဖစ္တယ္လို႔ ဝန္ႀကီး ဦးေသာင္းထြန္းက ေျပာပါတယ္ ။

စီးပြားေရး စက္မႈဇုန္ျဖစ္တဲ့ ရန္ကုန္ၿမဳိ့သစ္ စီမံကိန္းမွာ အေမရိကန္ေဒၚလာ (၈) ဘီလ်ံကုန္က်မယ္ ခန္႔မွန္းထားၿပီး ေျမအက်ယ္ဝန္း (၈၁၀၀) ဟက္တာကို အသုံးျပဳ တည္ေဆာက္မွာပါ။ စီမံကိန္း စတင္ အေကာင္အထည္ေဖၚႏိုင္ဖုိ႔ ေဒၚလာသန္း (၈၀၀)ေလာက္ ကုန္က်မယ္လို႔ အစိုးရ အရာရွိတဦးက ေျပာပါတယ္။ စီမံကိန္းရဲ႕အဓိက်တဲ့ ကနဦးလုပ္ငန္းေတြကို Aecom ကုမၸဏီက အေကာင္ထည္ေဖၚဖို႔ ရွိၿပီး ျမစ္ကူး တံတား(၂)စင္း၊ စက္မႈဇုံ အိမ္ယာ ၊ စီးပြားေရး နဲ႔ လူေန အေဆာက္အဦးႀကီးေတြ ပါဝင္မွာ ျဖစ္ပါတယ္။ ရန္ကုန္ျမစ္ ကမ္းနေဘး တည္ေဆာက္သြားမယ့္ စီမံကိန္း အပိုင္း(၂)ဟာ စကၤာပူႏိုင္ငံရဲ႕ ၂ ဆစာေလာက္ က်ယ္ဝန္းပါတယ္။

ရန္ကုန္တိုင္းအစိုးရနဲ႔ ျမန္မာ-တ႐ုတ္ စီးပြားေရး လုပ္ငန္းရွင္ႀကီးျဖစ္တဲ့ ဦးသိမ္းေငြေခၚ Serge pun တို႔ပူးေပါင္းၿပီး NYDC ေခၚ ရန္ကုန္ၿမဳိ့သစ္ ေဖၚေဆာင္ေရး ကုမၸဏီလီမိတက္ကို ၂၀၁၈ မွာ စတင္တည္ေထာင္ၿပီး ဒီစီမံကိန္းႀကီးကုိ အေကာင္ထည္ေဖၚဖို႔ ႀကဳိးပမ္း လာတဲ့အခါ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ကနဦး အစီအစဥ္ ေရးဆဲြေရးအတြက္ တရုတ္ CCCC ကုမၸဏီကို NYDC တာဝန္ ေပးထားခဲ့တဲ့ အတြက္ ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့အျခားစိတ္၀င္စားတဲ့ ကုမၸဏီႀကီးေတြ ရိွလာခဲ့ရင္ ေစ်းၿပိဳင္တင္ဒါ စနစ္နဲ႔ ေခၚယူသြားဖုိ႔ အစီအစဥ္ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် ဈေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည်

(Unicode)

တရုတ်အစိုးရက ကြောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီတွေနဲ့ အကောင်အထည်ဖေါ်ဖို့ အလားအလာများခဲ့တဲ့ ၊ ရန်ကုန် ကြည့်မြင်တိုင်တဖက်ကမ်းက ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို စီမံကိန်း အငယ်စားတွေအဖြစ် ခွဲပြီး ၊ ဈေးပြိုင်တင်တာ စနစ်နဲ့ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ဇူလိုင် (၂၉)ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဂျပန် ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း (JETRO - Japan External Trade Organisation) က ကမကထလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ မြန်မာအစိုးရအဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဲဒီလို ပြောကြားလိုက်တာပါ။ အခုလို ဆုံးဖြတ်ရတာဟာ စီမံကိန်းကြီးတခု အကောင်ထည် ဖေါ်ရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေ အတိုင်း ဖြစ်စေလိုပြီး ပွင့်လင်းမြင်သာမှုရှိစေချင် တာကြောင့် ဖြစ်တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ် ။

စီးပွားရေး စက်မှုဇုန်ဖြစ်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းမှာ အမေရိကန်ဒေါ်လာ (၈) ဘီလျံကုန်ကျမယ် ခန့်မှန်းထားပြီး မြေအကျယ်ဝန်း (၈၁၀၀) ဟက်တာကို အသုံးပြု တည်ဆောက်မှာပါ။ စီမံကိန်း စတင် အကောင်အထည်ဖေါ်နိုင်ဖို့ ဒေါ်လာသန်း (၈၀၀)လောက် ကုန်ကျမယ်လို့ အစိုးရ အရာရှိတဦးက ပြောပါတယ်။ စီမံကိန်းရဲ့အဓိကျတဲ့ ကနဦးလုပ်ငန်းတွေကို Aecom ကုမ္ပဏီက အကောင်ထည်ဖေါ်ဖို့ ရှိပြီး မြစ်ကူး တံတား(၂)စင်း၊ စက်မှုဇုံ အိမ်ယာ ၊ စီးပွားရေး နဲ့ လူနေ အဆောက်အဦးကြီးတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြစ် ကမ်းနဘေး တည်ဆောက်သွားမယ့် စီမံကိန်း အပိုင်း(၂)ဟာ စင်္ကာပူနိုင်ငံရဲ့ ၂ ဆစာလောက် ကျယ်ဝန်းပါတယ်။

ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဦးသိမ်းငွေခေါ် Serge pun တို့ပူးပေါင်းပြီး NYDC ခေါ် ရန်ကုန်မြို့သစ် ဖေါ်ဆောင်ရေး ကုမ္ပဏီလီမိတက်ကို ၂၀၁၈ မှာ စတင်တည်ထောင်ပြီး ဒီစီမံကိန်းကြီးကို အကောင်ထည်ဖေါ်ဖို့ ကြိုးပမ်း လာတဲ့အခါ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကနဦး အစီအစဉ် ရေးဆွဲရေးအတွက် တရုတ် CCCC ကုမ္ပဏီကို NYDC တာဝန် ပေးထားခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့အခြားစိတ်ဝင်စားတဲ့ ကုမ္ပဏီကြီးတွေ ရှိလာခဲ့ရင် ဈေးပြိုင်တင်ဒါ စနစ်နဲ့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေပါတယ်။

XS
SM
MD
LG