သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားအားလံုးမဲေပးခြင့္ရဖို႔ စီစဥ္ေပးေန


ျမန္မာသံအမတ္ႀကီးက ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားနဲ႔ လူငယ္ကိုယ္စားလွယ္မ်ားကို ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ေရြးေကာက္ပြဲမွာ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားတုိင္း ႏုိင္ငံသားအခြင့္အေရးနဲ႔အညီ အားလံုး မဲေပးႏုိင္ခြင့္ရဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို မဆုမြန္က တင္ျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာ လႊတ္ေတာ္အသီးသီးအတြက္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြကိုလာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔ မွာ က်င္းပမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာလိုက္ၿပီးတဲ့ေနာက္မွာပဲ ဒီ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ မဲေပးႏုိင္ၾကဖို႔ သက္ဆုိင္ရာႏိုင္ငံအသီးသီးက ျမန္မာသံ႐ံုးေတြက ၾကိဳတင္ဆႏၵမဲေပးခြင့္ရွိသူမ်ား ေလွ်ာက္ထားနိုင္ဖို႔ ပံုစံ ၁၅ေတြကို ဒီဇူလိုင္လဆန္းကစလို႔ စတင္ျဖန္႔ေဝေပးၿပီး ၾသဂုတ္လေနာက္ဆံုးထားျဖည့္သြင္းေပးပို႔ဖို႔ တိုက္တြန္းထားပါတယ္။

ျပည္ပေရာက္ျမန္မာအမ်ားဆံုးေနထုိင္ရာ အာရွႏိုင္ငံေတြမွာအထူးသျဖင့္ ကမာၻ႔ကပ္ေရာဂါ COVID 19 ကပ္ေရာဂါကာလအတြင္း အသြားအလာ လူစုလူေဝးကန္႔သတ္မႈေတြၾကားက မဲေပးရမယ့္ပံုစံေတြျဖည့္သြင္းေပးပို႔ႏုိင္ေရး သက္ဆိုင္ရာျမန္မာသံ႐ံုးေတြနဲ႔ ပူးေပါင္းၿပီး ျပည္ပေရာက္ႏုိင္ငံသားအခ်င္းခ်င္း ဝိုင္းဝန္းကူညီေပးၾကတာပါ။

ဒီႏိုင္ငံေတြထဲ ျမန္မာႏိုင္ငံသား ေသာင္းခ်ီေနထိုင္တဲ့ ဂ်ပန္ႏုိင္ငံမွာ ဇူလိုင္လ ၂၆ ရက္ေန႔က ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ ျမန္မာသံ႐ံုးမွာ ျမန္မာသံအမတ္ၾကီးနဲ႔ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားေတြ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္မွာ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားတုိင္း ျမန္မာႏုိင္ငံသားျဖစ္ေၾကာင္း သက္ေသျပႏိုင္တယ္ဆိုရင္ ႏိုင္ငံသားတို႔အခြင့္အေရးနဲ႔အညီ အားလံုးပါဝင္ မဲေပးႏုိင္ခြင့္ရေရး ျမန္မာသံ႐ံုးကေန စီစဥ္ေပးေနတဲ့အေၾကာင္း သံအမတ္ၾကီးကသတင္းစကားပါးတယ္လို႔ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားေတြက ေျပာပါတယ္။

ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ မိမိမွာ သက္တမ္းကုန္ဆံုးေနသည္ျဖစ္ေစ ႏုိင္ငံကူးလက္မွတ္ရွိရင္-ေလွ်ာက္ထားႏုိင္သလို၊ ႏိုင္ငံကူးလက္မွတ္ လက္ဝယ္မရွိေတာ့ဘူးဆိုရင္လည္း မိမိရဲ႕မွတ္ပံုတင္မိတၱဴ ၊ သန္းေခါင္စာရင္း မိတၱဴနဲ႔တကြ မဲေပးခြင့္ပံုစံ ေလွ်ာက္ထားႏုိင္တယ္လို႔ ဂ်ပန္ေရာက္တိုင္းရင္းသားေတြ စုဖြဲ႔ထားတဲ့ ညီညႊတ္ေသာတုိင္းရင္းသားမ်ားအဖြဲ႔အစည္း(ဂ်ပန္)ရဲ႕ဥကၠ႒ ဦးမိုင္ေက်ာ္ဦးက ရွင္းျပပါတယ္။

“ၿပီးခဲ့တဲ့တနဂၤေႏြေန႔ မေန႔က က်ေနာ္တို႔ေတြ ဂ်ပန္တိုက်ိဳသံအမတ္နဲ႔ သြားေရာက္ေတြ႔ဆံုေဆြးေႏြးပါတယ္။ မဲေပးတဲ့သူတိုင္း အဆင္ေျပေအာင္ေပါ့။ ဂ်ပန္မွာက အမ်ိဳးမ်ိဳးနဲ႔ေရာက္လာၾကတာ တခ်ိဳ႕က်ေတာ့ စာအုပ္ေတြ မရွိေတာ့တဲ့သူေတြရွိတယ္။ တခ်ိဳ႕က်ေတာ့ ျမန္မာႏုိင္ငံသားျပန္ေလွ်ာက္တဲ့သူရွိတယ္။ အစကေတာ့ ပတ္စပို႔စာအုပ္ရွိမွ -ဆိုတဲ့ကန္႔သတ္ခ်က္ေတြမ်ားတယ္။ အခုေတာ့ ကိုယ့္ဆီမွာ အေထာက္အထားတခုခုရွိ႐ံုနဲ႔ ဥပမာ-သန္းေခါင္စာရင္း(ပံုစံ၁၀) မိတၱဴျဖစ္ျဖစ္ ၊ ကိုယ့္ရဲ႕ ျမန္မာႏုိင္ငံသား မွတ္ပံုတင္ ေကာ္ပီတခုခုျဖစ္ျဖစ္ ေနာက္မွာ ကိုယ့္လက္ထဲ သက္တမ္းမရွိေတာ့တဲ့ ပတ္စပို႔ရွိရင္ျဖစ္ျဖစ္ ပံုစံ(၁၅)ကို တြဲၿပီးတင္တယ္ဆိုရင္ေတာ့ သံ႐ံုးကေန စုစည္းၿပီး ေကာ္မရွင္ကို စနစ္တက်ေပးပို႔မွာျဖစ္ပါတယ္။ ဒီလိုလုိအပ္တဲ့အခ်က္အလက္ေတြျပည့္စံုေအာင္ ျဖည့္ၿပီးတဲ့အျပင္ ကိုယ္ေနထိုင္ခဲ့တဲ့ ကိုယ့္ၿမိဳ႕ရြာ ရပ္ကြက္ေက်းရြာအဆင့္ ကိုယ့္သန္းေခါင္စာရင္းေပါက္တဲ့ေနရာမွာ ကိုယ့္မိသားစုကို ရပ္ကြက္မဲ႐ံုမွာ ကိုယ့္နာမည္ပါ မပါ စံုစမ္းဖို႔သြားၾကည့္ဖို႔ မွားေနတာ လြဲေခ်ာ္တာ ရွိ-မရွိ သြားၾကည့္ဖို႔ အားလံုးကို ေဆာ္ၾသထားပါတယ္။

ျပည္ပေရာက္ျမန္မာႏိုင္ငံသားတုိင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ နည္းဥပေဒလမ္းညႊန္ခ်က္ေတြနဲ႔အညီ မဲေပးႏုိင္ခြင့္ရႏိုင္ဖို႔ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားေတြဘက္က ေဆြးေႏြးခ့ဲၾကတယ္လို႔ ေတြ႔ဆံုပြဲမွာ ကိုယ္တုိင္တက္ေရာက္ခဲ့တဲ့ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ားအသင္းက ဦးသန္းေဆြကလည္းေျပာျပပါတယ္။

ျမန္မာသံအမတ္ႀကီးက ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားနဲ႔ လူငယ္ကိုယ္စားလွယ္မ်ားကို ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင္ ၂၆၊ ၂၀၂၀)
ျမန္မာသံအမတ္ႀကီးက ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားနဲ႔ လူငယ္ကိုယ္စားလွယ္မ်ားကို ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင္ ၂၆၊ ၂၀၂၀)

“သံအမတ္နဲ႔မေန႔က က်ေနာ္တို႔ေဆြးေႏြးတာကေတာ့-UEC ကေနၿပီးေတာ့ ျမန္မာႏိုင္ငံသားတေယာက္ မဲေပးပိုင္ခြင့္ရွိတယ္ဆိုရင္ မဲစာရင္းထဲမွာပါတဲ့ ျမန္မာႏုိင္ငံသားေတြ အကုန္လံုးကို မဲေပးလို႔ရေအာင္ သူတို႔ေတြ ၾကိဳးစားၿပီးေဆာင္ရြက္ပါတယ္ဆိုတဲ့ Message ကို က်ေနာ္တို႔ကိုေပးပါတယ္။ တခ်ိဳ႕က ႏုိင္ငံသားျပန္ေလွ်ာက္ဆဲမွာပဲ လက္ဝယ္မွာ ပတ္စပို႔မရွိတဲ့သူေတြရွိတယ္။ ျမန္မာႏုိင္ငံသားျဖစ္ေၾကာင္း အေထာက္အထား အမ်ိဳးသားမွတ္ပံုတင္နံပတ္၊ သန္းေခါင္စာရင္း မိတၱဴရွိခဲ့မယ္ဆိုရင္- အဓိက တင္တဲ့ပံုစံ ၁၅ နဲ႔ ျမန္မာႏုိင္ငံက မဲစာရင္းနဲ႔ သြားတုိက္ၾကည့္မွာျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံမွာရွိတဲ့ Identification မွန္ကန္တယ္ဆိုရင္ UEC ကေန ဒီလူကို မဲေပးပိုင္ခြင့္ျပဳမယ္လို႔ သံအမတ္က က်ေနာ္တို႔ကို ေဆြးေႏြးပါတယ္။ အဲ့တာေၾကာင့္မို႔လို႔ ဒီဂ်ပန္မွာရွိတဲ့သူေတြ အကုန္လံုး မျဖစ္မေန ၾကိဳတင္မဲေပးႏုိင္ၾကဖို႔ ပံုစံ ၁၅ ေတြကို ဂ်ပန္က ျမန္မာဆိုင္ေတြမွာျဖန္႔ထားေပးတယ္ ဂ်ပန္ထဲမွာပဲ ေဝးတဲ့ေနရာေတြကိုဆိုလည္း စာတုိက္ကေန ပို႔ေပးတယ္။ လိုအပ္တာေတြကို အကုန္လံုး Volunteer ဝိုင္းလုပ္ေပးၾကပါတယ္။ ဒီႏွစ္ေတာ့ ဂ်ပန္မွာ မဲေပးမယ့္သူ ေတာ္ေတာ္ေလးမ်ားလိမ့္မယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းထားပါတယ္။”

ဂ်ပန္နုိင္ငံတဝွမ္းေနထိုင္သူ ျမန္မာႏုိင္ငံသားတုိင္း ၾကိဳတင္မဲေပးခြင့္ရဖို႔ အထူးသျဖင့္ ကမာၻ႔ကပ္ေရာဂါ COVID 19 ျဖစ္ပြားေနဆဲအခ်ိန္ အသြားအလာကန္႔သတ္မႈေတြနဲ႔ လူစုလူေဝးစုေဝးခြင့္တားျမစ္ခ်က္ေတြေၾကာင့္ မဲလာေပးႏုိင္ဖို႔ အခက္အခဲၾကံဳလာရႏိုင္တာေတြ အတြက္လည္း မဲေပးႏုိင္ခြင့္ပံုစံစနစ္နဲ႔ေနရာေဒသေတြကိုလည္း ထည့္သြင္းစဥ္းစားေနၾကတယ္လို႔ ဂ်ပန္ေရာက္တုိင္းရင္းသားအဖြဲ႔ဥကၠ႒ ဦးမိုင္ေက်ာ္ဦးကရွင္းျပပါတယ္။

“ ဒီကေန ဟိုး ကားနဲ႔သြားရင္ အနည္းဆံုး ၆ နာရီေလာက္ၾကာတဲ့ နာဂိုယာၿမိဳ႕မွာလည္း မဲရံုခြဲလုပ္ဖို႔ သူတို႔ၾကိဳးစားေနတယ္ သံရံုးကေန။ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္ေတာင္းထားတယ္လို႔ေျပာတယ္။ ေနာက္တခုက က်ေနာ္တို႔စဥ္းစားတာက စာတုိက္ကေန ေပးပို႔တဲ့စနစ္ေပါ့ေနာ္။ အဲ့တာကိုလည္း ေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပထားတယ္။ ဒီ ဟိုကိုင္းဒိုး ဆိုတာက တိုက်ိဳကို ေလယာဥ္စီးမွပဲ လာလို႔ရတာရွိတယ္။ အဲ့ကလူေတြဆို မဲရံုကို မဲလာေပးဖို႔ခက္မယ္ မဲေပးခ်င္တယ္ဆိုရင္ေလ။ ေနာက္ အိုခီနာဝါဆိုတာကလည္း သီးသန္႔ကၽြန္းတကၽြန္းလိုျဖစ္ေနတယ္ အဲ့ကလည္း ေလယာဥ္နဲ႔လာမွျဖစ္မယ္ အဲ့ဒီ့ေနရာေတြကသူေတြကလည္း မဲေပးခ်င္တယ္လို႔ က်ေနာ္တုိ႔ သိရတယ္။ အဲ့သူတို႔ေတြအတြက္ စဥ္းစားတဲ့အေနနဲ႔ သံရံုးကေန ေရြးေကာက္ပြဲေကာ္မရွင္ကို အေဝးေရာက္စာတုိက္ကေန မဲေပးႏုိင္တဲ့ မဲစနစ္နဲ႔ မဲေပးႏုိင္ေအာင္ေပါ့ေနာ္ အဲ့တာလည္း ၾကိဳးစားေနပါတယ္။ ၂၀၁၅ တုန္းကဂ်ပန္မွာ မဲေပးႏိုင္ခဲ့တဲ့သူ ၈၀၀ ေက်ာ္ေက်ာ္ေလးပဲ ရွိခဲ့တယ္ တကယ္က ဂ်ပန္မွာေရာက္ေနတာက ေသာင္းဂဏန္းရွိတယ္။ ၂၀၂၀ မွာေတာ့ ေတာ္ေတာ္မ်ားမ်ား ႏုိင္ငံေရး ခိုလံႈခြင့္ေတာင္းခဲ့သူေတြပါအပါ စပ္ကူးမတ္ကူးကာလ အမ်ိဳးမ်ိဳးအဖံုဖံု ဒါေတြအားလံုးကို ေျဖေလ်ာ့ၿပီးေတာ့မွ အသိအမွတ္ျပဳကဒ္ ကိုယ္ရွိတာေလးေတြကိုေပးပို႔ၿပီးေတာ့ မဲေပးႏုိင္ၾကလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။”

ဒီလို ၾကိဳတင္မဲေပးႏုိင္ခြင့္ ပံုစံ ၁၅ ေလွ်ာက္ထားေပမဲ့ တကယ္လို႔ ျမန္မာႏုိင္ငံတြင္း မိမိေနထိုင္ခဲ့တဲ့သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ရပ္ကြက္ေက်းရြာ မဲဆႏၵနယ္မွာ ဒီဇူလိုင္လ ၂၅ ရက္ေန႔ကစတင္ထုတ္ျပန္တဲ့ မဲဆႏၵရွင္စာရင္းမွာ မပါဝင္ခဲ့ဘူးဆိုရင္ မဲေပးခြင့္ရမွာ မဟုတ္လို႔ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ျမန္မာႏုိင္ငံမွာ မဲစာရင္းပါ-မပါကိုလည္း အထူးသတိထားစစ္ေဆးၾကဖို႔ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားမ်ားအသင္းက ဦးသန္းေဆြကတုိက္တြန္းပါတယ္။

“ပံုစံ ၁၅ တင္မယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ဂ်ပန္ႏုိင္ငံမွာ လုပ္ရမယ့္အပိုင္းရွိသလို ျမန္မာႏုိင္ငံဘက္ျခမ္းမွာ လုပ္ရမယ့္အပိုင္း ၂ ပိုင္းကို အားလံုးသိေအာင္ေပါ့ ကိုယ္ျဖည့္ထားတဲ့ပံုစံ ၁၅ ထဲပါတဲ့ လိပ္စာက ကိုယ့္ျမန္မာႏုိင္ငံက သန္းေခါင္စာရင္း လိပ္စာျဖစ္ရမယ္။ ကိုယ့္သန္းေခါင္စာရင္းထဲအတုိင္း မဲစာရင္းမွာပါ ပါလိမ့္မယ္။ တကယ္လို႔ အေၾကာင္းေၾကာင္းေၾကာင္း ကိုယ့္နာမည္မပါခဲ့သည္ရွိေသာ္ UEC ရဲ႕ ဥပေဒျပ႒ာန္းထားတာနဲ႔အညီ ကိုယ္က ဒီမွာေနခဲ့တဲ့အေထာက္အထား ခုိင္ခုိင္လံုလံုရွိတယ္ဆိုရင္ ခ်က္ျခင္း ေက်းရြာ ရပ္ကြက္ ေရြးေကာ္မရွင္ကို ခ်က္ျခင္းျပင္ဆင္ခ်က္လုပ္ရပါမယ္။ သတ္မွတ္ထားတဲ့ ပံုစံနဲ႔တင္မယ္ဆိုရင္ ျမန္မာႏုိင္ငံက ေရြးေကာက္ပြဲေကာ္မရွင္က ျပန္ျပင္ေပးပါလိမ့္မယ္။ ဒုတိယအၾကိမ္မဲစာရင္း ထပ္ထုတ္ျပန္ခ်ိန္မွာ ဒီကပို႔လိုက္တဲ့ပံုစံ ၁၅ နဲ႔ ေနာက္ထုတ္တဲ့ မဲစာရင္းမွာ ပါလာၿပီဆုိရင္ေတာ့ ဒီလူဟာ မလြဲမေန မဲေပးပိုင္ခြင့္ရွိၿပီလို႔ က်ေနာ္တို႔ယူဆရမွာျဖစ္ပါတယ္။”

အခုဆိုရင္ေတာ့ ဇူလုိင္လ ၁၅ရက္ေန႔ကစလို႔ ၾသဂုတ္လ ၅ ရက္ေန႔ ည ၁၂ နာရီအခ်ိန္အထိ သတ္မွတ္ကာလအတြင္း ၾကိဳတင္မဲေပးႏုိင္ဖို႔ ပံုစံတင္သြင္းလာတဲ့ ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြရဲ႕ ျဖည့္စြက္ပံုစံေတြကို ျမန္မာႏုိင္ငံဆိုင္ရာသံ႐ံုးေတြက စုစည္းၿပီး-ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဆီကို သတ္မွတ္ခ်က္အမွီေပးပို႔သြားမွာျဖစ္ၿပီး သက္ဆိုင္ရာ ႏုိင္ငံေတြအလိုက္ ၾကိဳတင္ဆႏၵမဲေပးပြဲ က်င္းပမယ့္ေန႔ရက္နဲ႔ အခ်ိန္ေတြကို ထပ္မံသတိေပးအေၾကာင္းၾကားသြားမွာျဖစ္တယ္လို႔ ျပည္ပႏိုင္ငံေတြမွာ အေျခစိုက္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ သံ႐ံုးေတြဘက္က ထုတ္ျပန္ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန်ရောက် မြန်မာနိုင်ငံသားအားလုံးမဲပေးခွင့်ရဖို့ စီစဉ်ပေးနေ

၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးနဲ့အညီ အားလုံး မဲပေးနိုင်ခွင့်ရဖို့ စီစဉ်နေတဲ့အကြောင်းကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကိုလာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီးတဲ့နောက်မှာပဲ ဒီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ကြဖို့ သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာသံရုံးတွေက ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လျှောက်ထားနိုင်ဖို့ ပုံစံ ၁၅တွေကို ဒီဇူလိုင်လဆန်းကစလို့ စတင်ဖြန့်ဝေပေးပြီး သြဂုတ်လနောက်ဆုံးထားဖြည့်သွင်းပေးပို့ဖို့ တိုက်တွန်းထားပါတယ်။

ပြည်ပရောက်မြန်မာအများဆုံးနေထိုင်ရာ အာရှနိုင်ငံတွေမှာအထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ကပ်ရောဂါကာလအတွင်း အသွားအလာ လူစုလူဝေးကန့်သတ်မှုတွေကြားက မဲပေးရမယ့်ပုံစံတွေဖြည့်သွင်းပေးပို့နိုင်ရေး သက်ဆိုင်ရာမြန်မာသံရုံးတွေနဲ့ပူးပေါင်းပြီး ပြည်ပရောက်နိုင်ငံသားအချင်းချင်း ဝိုင်းဝန်းကူညီပေးကြတာပါ။

ဒီနိုင်ငံတွေထဲ မြန်မာနိုင်ငံသား သောင်းချီနေထိုင်တဲ့ ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှာ မြန်မာသံအမတ်ကြီးနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တယ်ဆိုရင် နိုင်ငံသားတို့အခွင့်အရေးနဲ့အညီ အားလုံးပါဝင် မဲပေးနိုင်ခွင့်ရရေး မြန်မာသံရုံးကနေ စီစဉ်ပေးနေတဲ့အကြောင်း သံအမတ်ကြီးကသတင်းစကားပါးတယ်လို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိမှာ သက်တမ်းကုန်ဆုံးနေသည်ဖြစ်စေ နိုင်ငံကူးလက်မှတ်ရှိရင်-လျှောက်ထားနိုင်သလို၊ နိုင်ငံကူးလက်မှတ် လက်ဝယ်မရှိတော့ဘူးဆိုရင်လည်း မိမိရဲ့မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်း မိတ္တူနဲ့တကွ မဲပေးခွင့်ပုံစံ လျှောက်ထားနိုင်တယ်လို့ ဂျပန်ရောက်တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွှတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)ရဲ့ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မနေ့က ကျနော်တို့တွေ ဂျပန်တိုကျိုသံအမတ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပါတယ်။ မဲပေးတဲ့သူတိုင်း အဆင်ပြေအောင်ပေါ့။ ဂျပန်မှာက အမျိုးမျိုးနဲ့ရောက်လာကြတာ တချို့ကျတော့ စာအုပ်တွေ မရှိတော့တဲ့သူတွေရှိတယ်။ တချို့ကျတော့ မြန်မာနိုင်ငံသားပြန်လျှောက်တဲ့သူရှိတယ်။ အစကတော့ ပတ်စပို့စာအုပ်ရှိမှ -ဆိုတဲ့ကန့်သတ်ချက်တွေများတယ်။ အခုတော့ ကိုယ့်ဆီမှာ အထောက်အထားတခုခုရှိရုံနဲ့ ဥပမာ-သန်းခေါင်စာရင်း(ပုံစံ၁၀) မိတ္တူဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင် ကော်ပီတခုခုဖြစ်ဖြစ် နောက်မှာ ကိုယ့်လက်ထဲ သက်တမ်းမရှိတော့တဲ့ ပတ်စပို့ရှိရင်ဖြစ်ဖြစ် ပုံစံ(၁၅)ကို တွဲပြီးတင်တယ်ဆိုရင်တော့ သံရုံးကနေ စုစည်းပြီး ကော်မရှင်ကို စနစ်တကျပေးပို့မှာဖြစ်ပါတယ်။ ဒီလိုလိုအပ်တဲ့အချက်အလက်တွေပြည့်စုံအောင် ဖြည့်ပြီးတဲ့အပြင် ကိုယ်နေထိုင်ခဲ့တဲ့ ကိုယ့်မြို့ရွာ ရပ်ကွက်ကျေးရွာအဆင့် ကိုယ့်သန်းခေါင်စာရင်းပေါက်တဲ့နေရာမှာ ကိုယ့်မိသားစုကို ရပ်ကွက်မဲရုံမှာ ကိုယ့်နာမည်ပါ မပါ စုံစမ်းဖို့သွားကြည့်ဖို့ မှားနေတာ လွဲချော်တာ ရှိ-မရှိ သွားကြည့်ဖို့ အားလုံးကို ဆော်သြထားပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေလမ်းညွှန်ချက်တွေနဲ့အညီ မဲပေးနိုင်ခွင့်ရနိုင်ဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဘက်က ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအသင်းက ဦးသန်းဆွေကလည်းပြောပြပါတယ်။

“သံအမတ်နဲ့မနေ့က ကျနော်တို့ဆွေးနွေးတာကတော့-UEC ကနေပြီးတော့ မြန်မာနိုင်ငံသားတယောက် မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင် မဲစာရင်းထဲမှာပါတဲ့ မြန်မာနိုင်ငံသားတွေ အကုန်လုံးကို မဲပေးလို့ရအောင် သူတို့တွေ ကြိုးစားပြီးဆောင်ရွက်ပါတယ်ဆိုတဲ့ Message ကို ကျနော်တို့ကိုပေးပါတယ်။ တချို့က နိုင်ငံသားပြန်လျှောက်ဆဲမှာပဲ လက်ဝယ်မှာ ပတ်စပို့မရှိတဲ့သူတွေရှိတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား အမျိုးသားမှတ်ပုံတင်နံပတ်၊ သန်းခေါင်စာရင်း မိတ္တူရှိခဲ့မယ်ဆိုရင်- အဓိက တင်တဲ့ပုံစံ ၁၅ နဲ့ မြန်မာနိုင်ငံက မဲစာရင်းနဲ့ သွားတိုက်ကြည့်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ Identification မှန်ကန်တယ်ဆိုရင် UEC ကနေ ဒီလူကို မဲပေးပိုင်ခွင့်ပြုမယ်လို့ သံအမတ်က ကျနော်တို့ကို ဆွေးနွေးပါတယ်။ အဲ့တာကြောင့်မို့လို့ ဒီဂျပန်မှာရှိတဲ့သူတွေ အကုန်လုံး မဖြစ်မနေ ကြိုတင်မဲပေးနိုင်ကြဖို့ ပုံစံ ၁၅ တွေကို ဂျပန်က မြန်မာဆိုင်တွေမှာဖြန့်ထားပေးတယ် ဂျပန်ထဲမှာပဲ ဝေးတဲ့နေရာတွေကိုဆိုလည်း စာတိုက်ကနေ ပို့ပေးတယ်။ လိုအပ်တာတွေကို အကုန်လုံး Volunteer ဝိုင်းလုပ်ပေးကြပါတယ်။ ဒီနှစ်တော့ ဂျပန်မှာ မဲပေးမယ့်သူ တော်တော်လေးများလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။”

ဂျပန်နိုင်ငံတဝှမ်းနေထိုင်သူ မြန်မာနိုင်ငံသားတိုင်း ကြိုတင်မဲပေးခွင့်ရဖို့ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားနေဆဲအချိန် အသွားအလာကန့်သတ်မှုတွေနဲ့ လူစုလူဝေးစုဝေးခွင့်တားမြစ်ချက်တွေကြောင့် မဲလာပေးနိုင်ဖို့ အခက်အခဲကြုံလာရနိုင်တာတွေ အတွက်လည်း မဲပေးနိုင်ခွင့်ပုံစံစနစ်နဲ့နေရာဒေသတွေကိုလည်း ထည့်သွင်းစဉ်းစားနေကြတယ်လို့ ဂျပန်ရောက်တိုင်းရင်းသားအဖွဲ့ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးကရှင်းပြပါတယ်။

“ ဒီကနေ ဟိုး ကားနဲ့သွားရင် အနည်းဆုံး ၆ နာရီလောက်ကြာတဲ့ နာဂိုယာမြို့မှာလည်း မဲရုံခွဲလုပ်ဖို့ သူတို့ကြိုးစားနေတယ် သံရုံးကနေ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်တောင်းထားတယ်လို့ပြောတယ်။ နောက်တခုက ကျနော်တို့စဉ်းစားတာက စာတိုက်ကနေ ပေးပို့တဲ့စနစ်ပေါ့နော်။ အဲ့တာကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်။ ဒီ ဟိုကိုင်းဒိုး ဆိုတာက တိုကျိုကို လေယာဉ်စီးမှပဲ လာလို့ရတာရှိတယ်။ အဲ့ကလူတွေဆို မဲရုံကို မဲလာပေးဖို့ခက်မယ် မဲပေးချင်တယ်ဆိုရင်လေ။ နောက် အိုခီနာဝါဆိုတာကလည်း သီးသန့်ကျွန်းတကျွန်းလိုဖြစ်နေတယ် အဲ့ကလည်း လေယာဉ်နဲ့လာမှဖြစ်မယ် အဲ့ဒီ့နေရာတွေကသူတွေကလည်း မဲပေးချင်တယ်လို့ ကျနော်တို့ သိရတယ်။ အဲ့သူတို့တွေအတွက် စဉ်းစားတဲ့အနေနဲ့ သံရုံးကနေ ရွေးကောက်ပွဲကော်မရှင်ကို အဝေးရောက်စာတိုက်ကနေ မဲပေးနိုင်တဲ့ မဲစနစ်နဲ့ မဲပေးနိုင်အောင်ပေါ့နော် အဲ့တာလည်း ကြိုးစားနေပါတယ်။ ၂၀၁၅ တုန်းကဂျပန်မှာ မဲပေးနိုင်ခဲ့တဲ့သူ ၈၀၀ ကျော်ကျော်လေးပဲ ရှိခဲ့တယ် တကယ်က ဂျပန်မှာရောက်နေတာက သောင်းဂဏန်းရှိတယ်။ ၂၀၂၀ မှာတော့ တော်တော်များများ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့သူတွေပါအပါ စပ်ကူးမတ်ကူးကာလ အမျိုးမျိုးအဖုံဖုံ ဒါတွေအားလုံးကို ဖြေလျော့ပြီးတော့မှ အသိအမှတ်ပြုကဒ် ကိုယ်ရှိတာလေးတွေကိုပေးပို့ပြီးတော့ မဲပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။”

ဒီလို ကြိုတင်မဲပေးနိုင်ခွင့် ပုံစံ ၁၅ လျှောက်ထားပေမဲ့ တကယ်လို့ မြန်မာနိုင်ငံတွင်း မိမိနေထိုင်ခဲ့တဲ့သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်ကျေးရွာ မဲဆန္ဒနယ်မှာ ဒီဇူလိုင်လ ၂၅ ရက်နေ့ကစတင်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ မပါဝင်ခဲ့ဘူးဆိုရင် မဲပေးခွင့်ရမှာ မဟုတ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ မဲစာရင်းပါ-မပါကိုလည်း အထူးသတိထားစစ်ဆေးကြဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအသင်းက ဦးသန်းဆွေကတိုက်တွန်းပါတယ်။

“ပုံစံ ၁၅ တင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ လုပ်ရမယ့်အပိုင်းရှိသလို မြန်မာနိုင်ငံဘက်ခြမ်းမှာ လုပ်ရမယ့်အပိုင်း ၂ ပိုင်းကို အားလုံးသိအောင်ပေါ့ ကိုယ်ဖြည့်ထားတဲ့ပုံစံ ၁၅ ထဲပါတဲ့ လိပ်စာက ကိုယ့်မြန်မာနိုင်ငံက သန်းခေါင်စာရင်း လိပ်စာဖြစ်ရမယ်။ ကိုယ့်သန်းခေါင်စာရင်းထဲအတိုင်း မဲစာရင်းမှာပါ ပါလိမ့်မယ်။ တကယ်လို့ အကြောင်းကြောင်းကြောင်း ကိုယ့်နာမည်မပါခဲ့သည်ရှိသော် UEC ရဲ့ ဥပဒေပြဋ္ဌာန်းထားတာနဲ့အညီ ကိုယ်က ဒီမှာနေခဲ့တဲ့အထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်ဆိုရင် ချက်ခြင်း ကျေးရွာ ရပ်ကွက် ရွေးကော်မရှင်ကို ချက်ခြင်းပြင်ဆင်ချက်လုပ်ရပါမယ်။ သတ်မှတ်ထားတဲ့ ပုံစံနဲ့တင်မယ်ဆိုရင် မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်က ပြန်ပြင်ပေးပါလိမ့်မယ်။ ဒုတိယအကြိမ်မဲစာရင်း ထပ်ထုတ်ပြန်ချိန်မှာ ဒီကပို့လိုက်တဲ့ပုံစံ ၁၅ နဲ့ နောက်ထုတ်တဲ့ မဲစာရင်းမှာ ပါလာပြီဆိုရင်တော့ ဒီလူဟာ မလွဲမနေ မဲပေးပိုင်ခွင့်ရှိပြီလို့ ကျနော်တို့ယူဆရမှာဖြစ်ပါတယ်။”

အခုဆိုရင်တော့ ဇူလိုင်လ ၁၅ရက်နေ့ကစလို့ သြဂုတ်လ ၅ ရက်နေ့ ည ၁၂ နာရီအချိန်အထိ သတ်မှတ်ကာလအတွင်း ကြိုတင်မဲပေးနိုင်ဖို့ ပုံစံတင်သွင်းလာတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဖြည့်စွက်ပုံစံတွေကို မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက စုစည်းပြီး-ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို သတ်မှတ်ချက်အမှီပေးပို့သွားမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ကြိုတင်ဆန္ဒမဲပေးပွဲ ကျင်းပမယ့်နေ့ရက်နဲ့ အချိန်တွေကို ထပ်မံသတိပေးအကြောင်းကြားသွားမှာဖြစ်တယ်လို့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

XS
SM
MD
LG