သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵရွင္စာရင္း သြားၾကည့္ၾကဖို႔ တိုက္တြန္းႏႈိးေဆာ္ထား


ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲဆႏၵရွင္စာရင္းၾကည့္ဖုိ႔ တုိက္တြန္းႏႈိးေဆာ္ခ်က္။ (ဇူလုိင္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ပါဝင္မဲေပးႏိုင္မယ့္ မဲဆႏၵရွင္စာရင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ဒီကေန႔ စတင္ထုတ္ျပန္လိုက္ပါတယ္။ အျပည့္အစုံကုိ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ တနဂၤေႏြေန႔မွာ လႊတ္ေတာ္အသီးသီးအတြက္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြ က်င္းပမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ၿပီးခဲ့တဲ့ ဇူလိုင္လ ၁ ရက္ေန႔က ေၾကညာခဲ့ပါတယ္။ ဒီကေန႔ ဇူလုိင္လ ၂၅ ရက္ေန႔မွာေတာ့ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ ေရြးေကာက္ပြဲမွာ ပါဝင္မဲေပးခြင့္ရွိတဲ့ သူေတြရဲ႕ မဲဆႏၵရွင္စာရင္း ပထမဆံုးအႀကိမ္အျဖစ္နဲ႔ ျမန္မာျပည္တဝန္း စတင္ေၾကညာ ကပ္လိုက္ၿပီ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ုိင္၊ ခ်ီေဖြၿမိဳ႕က ရပ္ကြက္ေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ကပ္ထားတဲ့ မဲစာရင္း ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၅၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ုိင္၊ ခ်ီေဖြၿမိဳ႕က ရပ္ကြက္ေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ကပ္ထားတဲ့ မဲစာရင္း ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၅၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

ဒီမဲဆႏၵရွင္စာရင္းေတြကို ရပ္ကြက္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြ၊ ရပ္ကြက္ ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးေတြမွာ ဒီေန႔ ဇူလိုင္လ ၂၅ ရက္ေန႔ကေန လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔အထိ စုစုေပါင္း ၁၄ ရက္ ကပ္ထားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ မဲဆႏၵရွင္ျပည္သူေတြအေနနဲ႔ မိမိတို႔ရဲ႕ အမည္စာရင္းေတြကို ကိုယ္တုိင္သြားၾကည့္ၾကပါ၊ မိသားစုဝင္ေတြကလည္း သြားၾကည့္ၾကပါ၊ တကယ္လို႔ ကိုယ့္ရဲ႕အမည္၊ မွတ္ပံုတင္နံပါတ္နဲ႔ ေနရပ္လိပ္စာ အမွားအယြင္း ရွိတယ္ဆိုရင္ ရပ္ကြက္ ေက်းရြာ ေကာ္မရွင္အဖြဲ႔ခြဲကို ဆက္သြယ္ၿပီး လိုအပ္တဲ့ ေဖာင္ပံုစံေတြ ျဖည့္သြင္းပါလို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က သတိေပး ေၾကညာထားပါတယ္။

မိမိအမည္စာရင္း မပါဝင္ပါက ပံုစံ-၃ ျဖည့္သြင္းၿပီး အမည္စာရင္း ထည့္သြင္းေပးဖို႔ ေတာင္းဆိုႏိုင္သလို မပါဝင္သင့္သူေတြ ပါဝင္ေနတယ္ဆိုရင္လည္း ပံုစံ-၄ ျဖည့္သြင္း ကန္႔ကြက္ႏိုင္ပါတယ္။ ေနာက္ မဲစာရင္းပါ အခ်က္အလက္ေတြ မွားယြင္းေနတယ္ဆိုရင္ ပံုစံ ၄-ဂ နဲ႔ ျပင္ဆင္လႊာ ျဖည့္သြင္းႏုိင္ၿပီး ဒီပံုစံေတြကို ရပ္ကြက္ ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးေတြမွာ အခမဲ့ရယူႏုိင္တယ္လို႔ ေကာ္မရွင္က ေျပာထားပါတယ္။ ဒီလိုမ်ိဳး မဲစာရင္းသြားၾကည့္တဲ့ ျပည္သူေတြ အခက္အခဲျဖစ္ရင္ အခ်ိန္နဲ႔တေျပးညီ ဆက္သြယ္ႏုိင္တဲ့ အေျခအေနကို ဖန္တီးေပးဖို႔နဲ႔ ျပည္သူေတြကို ပညာေပးဖို႔လိုတယ္လို႔ မဲဆႏၵရွင္ ရန္ကုန္ၿမိဳ႕ခံ ေရွ႕ေနတဦးျဖစ္တဲ့ ဦးစိုးမိုးျမင့္က ေျပာပါတယ္။

“မဲစာရင္း သြားၾကည့္ဖို႔ပဲ ေျပာေနတာ။ မဲစာရင္း သြားၾကည့္ၿပီးေတာ့ က်ေနာ္တို႔ ဘယ္လို Apply လုပ္ရမလဲ၊ မဲစာရင္းမွာမပါရင္ ဘယ္လိုေဆာင္ရြက္ရမလဲ၊ ကိုယ္မဲေပးမယ့္နယ္ေျမ ေျပာင္းခ်င္ရင္ ဘယ္လိုေျပာင္းရမလဲဆိုတဲ့ အဲဒီအသိေလးေတြေပးဖို႔ နည္းနည္းေလးေတာ့ လိုအပ္ေနေသးတယ္ဗ်။ ပညာေပးဖို႔ Education ေပးဖို႔ Awareness ေတြေပးဖို႔ အားနည္းေနေသးတယ္ဗ်။ မဲစာရင္းသြားၾကည့္ဖို႔ပဲ ဖိတ္ေခၚတဲ့ပံုစံပဲ မ်ားေနတာကိုး။ မိမိအမည္မပါရင္ ဘာနဲ႔ေလွ်ာက္ရမလဲ၊ မိမိမွာ အခ်က္အလက္မွားေနရင္ ဘာနဲ႔ေလွ်ာက္ရမလဲ၊ မဲေပးလို႔မရတဲ့သူေတြပါရင္ ဘယ္လိုကန္႔ကြက္ရမလဲလို႔။

“ဥပမာ က်ေနာ္က ေန႔လယ္က သြားၾကည့္တယ္။ က်ေနာ့္ရဲ႕နာမည္က လြဲေနတယ္။ ျပန္ျပင္ရမယ္ဆိုရင္ ဘယ္လိုေလွ်ာက္ၿပီး ဘယ္သူ႔ဆီကယူရမယ္၊ ဘယ္အခ်က္အလက္ေတြကို ဘယ္လိုျဖည့္ၿပီး ဘယ္လိုေလွ်ာက္ရမယ္ဆိုတာ ႐ံုးနဲ႔အလွမ္းေဝးတဲ့ ျပည္သူေတြအတြက္က အဆင္မေျပဘူးေလ။ ေလွ်ာက္လို႔ရတယ္ဆိုတာ သိတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ သူတို႔ လြယ္လြယ္ကူကူ မရွိဘူးဆိုရင္ ေကာ္မရွင္ေတြ ရွိတဲ့အခ်ိန္မွ ျပန္လာပါဆိုရင္ အဲဒီလူေတြက ျပန္လာပါ့မလား၊ ဒုတိယအေခါက္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးကို။ အဲဒါမ်ိဳးေလးေတြ အခက္အခဲ နည္းနည္းပါးပါး ရွိတယ္ခင္ဗ်။ ျဖည့္ႏုိင္မွ လာမယ့္ ေအာက္တိုဘာလ မဲစာရင္း ျပန္ေၾကညာတဲ့အခ်ိန္မွ ကိုယ့္နာမည္ပါလာမွာေလ။”

မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ မဲဆႏၵရွင္စာရင္း ကပ္ထားခ်ိန္ အမွားအယြင္းရွိခဲ့ရင္ အသိေပးဖို႔ ႏုိင္ငံသားတို႔ရဲ႕ တာဝန္နဲ႔အညီ ေစာင့္ၾကည့္ေလ့လာသင့္တယ္လို႔ ေရြးေကာက္ပြဲမွာ မဲေပးၾကမယ့္ ျပည္သူေတြ မဲဆႏၵရွင္ေတြရဲ႕ အခြင့္အေရးနဲ႔ လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ပညာေပးေနတဲ့ ျပည္သူ႔မိတ္ေဆြအဖြဲ႔ (Genuine People’s Servants) အဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးသြင္လင္းေအာင္ကလည္း အႀကံေပးပါတယ္။

“ႏိုင္ငံသားျဖစ္တဲ့အတြက္ ဒီအခြင့္အေရးကို မဆံုး႐ႈံးသင့္ဘူးလို႔ ယူဆတယ္ဆိုရင္ မဲေပးသင့္တယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း မဲမေပးဘူးဆိုရင္လည္း တေယာက္ခ်င္းရဲ႕ ဆံုးျဖတ္ခ်က္ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ကစၿပီး မဲစာရင္းေတြ စကပ္တဲ့အခါမွာေတာ့ ကိုယ့္နာမည္ပါမပါ သြားၾကည့္တာကိုေတာ့ လုပ္သင့္တယ္ ထင္ပါတယ္။ ဒါမွလည္း ႏုိင္ငံေတာ္ရဲ႕ အဓိက အေရးႀကီးတဲ့ ယႏၱရားေတြေပါ့ေနာ္၊ အဓိက ေရြးေကာက္ပြဲကို ထိန္းေက်ာင္းရတဲ့ UEC လို ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ႏုိင္ငံသားတေယာက္အေနနဲ႔ အကဲျဖတ္တဲ့အလုပ္ကို လုပ္ႏုိင္မွာေလ။ ဒါေတြကို ေထာက္႐ႈၿပီး မဲစာရင္းကို သြားၾကည့္ပါ၊ ကိုယ့္နာမည္ပါသလား၊ ဘာေတြမွားေနလဲ၊ မပါသင့္တဲ့သူေတြ ပါေနလား၊ အဲဒါေတြကိုေတာ့ ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေနတဲ့ သီးသန္႔ေစာင့္ၾကည့္တဲ့ အဖြဲ႔ေတြရဲ႕ တာဝန္တင္မဟုတ္ဘဲ ႏုိင္ငံသားတုိင္း လုပ္ဖို႔လိုအပ္ပါတယ္။ မဲစာရင္းကို သြားၾကည့္တာကိုေတာ့ ၾကည့္သင့္တယ္လို႔ ျမင္ပါတယ္။

“က်ေနာ္တို႔ မဲဆႏၵရွင္ေတြကို ပညာေပးတဲ့ သင္တန္းေတြမွာဆို အဲဒါေတြပါပါတယ္။ နာမည္မပါရင္ ေဖာင္နံပါတ္ဘယ္ေလာက္၊ မွားယြင္းေနရင္ ဘာကိုသံုးရမလဲ၊ မပါသင့္တဲ့တေယာက္ ပါေနတယ္ဆိုရင္ ဘယ္ေဖာင္နံပါတ္ကို သံုးရမလဲဆိုတာ အခုေတာ့ က်ေနာ္တို႔ ျပည္သူေတြသိေအာင္ အသိပညာေပးတာေပါ့။ Awareness ေပးပါတယ္။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ ကိုဗစ္ကာလျဖစ္ေနေတာ့ မလုပ္ႏုိင္ေသးဘူး။ ဒါေၾကာင့္ လာမယ့္လမွာ စလုပ္ပါမယ္။ ဒါေပမယ့္ အခုေလာေလာဆယ္မွာက အာဏာပိုင္ေတြအေနနဲ႔ မဲစာရင္းကပ္ထားတဲ့ ေနရာေတြမွာ ရွင္းလင္းျပတဲ့သူတေယာက္ ထားသင့္တယ္လို႔ ထင္ပါတယ္။ ၂၀၁၅ တုန္းကေတာ့ အဲဒါမ်ိဳးရွိခဲ့တယ္ဗ်။”

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ ေရြးေကာက္ပြဲမွာ မဲဆႏၵရွင္ ျပည္သူတခ်ိဳ႕က မဲမေပးဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတဲ့အတြက္ ႏုိင္ငံသားအခြင့္အေရးနဲ႔အညီ မိမိတို႔ကို အုပ္ခ်ဳပ္မယ့္ အစိုးရ အဖြဲ႔အစည္းကို မိမိတို႔ကိုယ္တုိင္ ေရြးခ်ယ္တင္ေျမႇာက္ႏိုင္တဲ့ အခြင့္အေရးကို လက္လြတ္ ဆုံး႐ံႈးမခံၾကဖို႔အတြက္ ဒီကေန႔ကပ္တဲ့ မဲစာရင္းကို သြားၾကည့္ေပးပါလို႔ လူ႔ေဘာင္သစ္ပါတီရဲ႕ ဗဟိုေရြးေကာက္ပြဲေအာင္ႏုိင္ေရး ေကာ္မတီ အတြင္းေရးမွဴး ေဒၚႏွင္းႏွင္းေမႊးကလည္း ျပည္သူကို တိုက္တြန္းပါတယ္။

“မဲဆႏၵရွင္စာရင္းေတြ ဒီေန႔ စကပ္ပါတယ္။ ျပည္သူေတြ အေနနဲ႔ကေတာ့ ဒီေန႔ကပ္တဲ့ မဲဆႏၵရွင္စာရင္းမွာ မိမိတို႔ရဲ႕နာမည္ ပါမပါကို ေသေသခ်ာခ်ာ သြားၾကည့္သင့္ပါတယ္။ မပါဘူးဆိုရင္လည္း ျဖည့္စြက္ၾကပါလို႔ က်မက တိုက္တြန္းခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လာမယ့္ေရြးေကာက္ပြဲမွာ မဲမေပးဘူးဆိုတဲ့ အသံေတြကလည္း ထြက္လာတယ္။ ဒါကလည္း လက္ရွိအေျခအေနအေပၚမွာ တစံုတရာ စိတ္ပ်က္မႈ၊ အားမလိုအားမရ ျဖစ္မႈေတြေၾကာင့္လို႔ ယူဆပါတယ္။ ဆိုတဲ့အခါက်ေတာ့ မဲမေပးေတာ့ဘူး၊ မဲဆႏၵရွင္စာရင္းလည္း သြားမၾကည့္ေတာ့ဘူးဆိုတဲ့ အသံမ်ိဳးေတြ မ်ားလာေတာ့ က်မက စိတ္ပူပါတယ္။ တကယ္ေတာ့ မဲေပးတယ္ဆိုတာက က်မတို႔ ႏိုင္ငံသားေတြရဲ႕ ရပိုင္ခြင့္ အခြင့္အေရး၊ ရႏိုင္တဲ့ အခြင့္အေရး ျဖစ္ပါတယ္။ အဲဒီအခြင့္အေရးကို အသံုးခ်ၿပီးေတာ့မွ က်မတို႔အေနနဲ႔ ႏုိင္ငံရဲ႕ ျပည္သူ႔ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ႏုိင္ဖို႔၊ ေနာက္ အစိုးရတရပ္ ဖြဲ႔စည္းႏုိင္ဖို႔ ဒါကို တင္ေျမႇာက္ႏုိင္တဲ့ အခြင့္အေရးတရပ္ျဖစ္တာမို႔ ေသေသခ်ာခ်ာ အသံုးခ်ေစခ်င္ပါတယ္။”

ဒီကေန႔မွစ ၾသဂုတ္လ ၇ ရက္အထိ ကပ္ထားတဲ့ မဲဆႏၵရွင္စာရင္းရဲ႕ လိုအပ္ခ်က္ အမွားအယြင္း ျပင္ဆင္ျဖည့္စြက္ခ်က္ေတြကို ျဖည့္စြက္ၿပီးခ်ိန္မွာေတာ့ ေနာက္ထပ္တႀကိမ္ မဲဆႏၵရွင္စာရင္းေတြကို လာမယ့္ ေအာက္တိုဘာလ ေနာက္ဆံုးအႀကိမ္အျဖစ္ ထပ္မံေၾကညာမွာ ျဖစ္ပါတယ္။ အဲဒီအႀကိမ္မွာလည္း မိမိတို႔ရဲ႕ မဲဆႏၵရွင္စာရင္းေတြကို ၾကည့္႐ႈၿပီး လိုအပ္တာေတြကို ထပ္မံျဖည့္သြင္း ေဆာင္ရြက္ႏိုင္မယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားပါတယ္။

ဒါေၾကာင့္ မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ မိမိတို႔ရဲ႕ နာမည္စာရင္း ပါမွသာ မဲေပးခြင့္ရမွာျဖစ္လို႔ ျပည့္စံုမွန္ကန္တဲ့ မဲစာရင္းရႏိုင္ဖို႔ မိမိတို႔ရဲ႕ အိမ္ေထာင္စုဝင္ မိသားစု အနည္းဆံုး တဦးကေန မဲစာရင္းေတြ လာေရာက္ၾကည့္႐ႈေပးျခင္းအားျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲျဖစ္ေျမာက္ေရး ဝိုင္းဝန္းကူညီေပးၾကပါလို႔လည္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ျပည္သူကို ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

မဲဆန္ဒရှင်စာရင်း သွားကြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထား

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်မယ့် မဲဆန္ဒရှင်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ စတင်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရှိတဲ့ သူတွေရဲ့ မဲဆန္ဒရှင်စာရင်း ပထမဆုံးအကြိမ်အဖြစ်နဲ့မြန်မာပြည်တဝန်း စတင်ကြေညာ ကပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီမဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ စုစုပေါင်း ၁၄ ရက် ကပ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အမည်စာရင်းတွေကို ကိုယ်တိုင်သွားကြည့်ကြပါ၊ မိသားစုဝင်တွေကလည်း သွားကြည့်ကြပါ၊ တကယ်လို့ ကိုယ့်ရဲ့အမည်၊ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာ အမှားအယွင်း ရှိတယ်ဆိုရင် ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး လိုအပ်တဲ့ ဖောင်ပုံစံတွေ ဖြည့်သွင်းပါလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး ကြေညာထားပါတယ်။

မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ-၃ ဖြည့်သွင်းပြီး အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်သလို မပါဝင်သင့်သူတွေ ပါဝင်နေတယ်ဆိုရင်လည်း ပုံစံ-၄ ဖြည့်သွင်း ကန့်ကွက်နိုင်ပါတယ်။ နောက် မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင် ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာ ဖြည့်သွင်းနိုင်ပြီး ဒီပုံစံတွေကို ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ အခမဲ့ရယူနိုင်တယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ဒီလိုမျိုး မဲစာရင်းသွားကြည့်တဲ့ ပြည်သူတွေ အခက်အခဲဖြစ်ရင် အချိန်နဲ့တပြေးညီ ဆက်သွယ်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့နဲ့ ပြည်သူတွေကို ပညာပေးဖို့လိုတယ်လို့ မဲဆန္ဒရှင် ရန်ကုန်မြို့ခံ ရှေ့နေတဦးဖြစ်တဲ့ ဦးစိုးမိုးမြင့်က ပြောပါတယ်။

“မဲစာရင်း သွားကြည့်ဖို့ပဲ ပြောနေတာ။ မဲစာရင်း သွားကြည့်ပြီးတော့ ကျနော်တို့ ဘယ်လို Apply လုပ်ရမလဲ၊ မဲစာရင်းမှာမပါရင် ဘယ်လိုဆောင်ရွက်ရမလဲ၊ ကိုယ်မဲပေးမယ့်နယ်မြေ ပြောင်းချင်ရင် ဘယ်လိုပြောင်းရမလဲဆိုတဲ့ အဲဒီအသိလေးတွေပေးဖို့ နည်းနည်းလေးတော့ လိုအပ်နေသေးတယ်ဗျ။ ပညာပေးဖို့Education ပေးဖို့ Awareness တွေပေးဖို့ အားနည်းနေသေးတယ်ဗျ။ မဲစာရင်းသွားကြည့်ဖို့ပဲ ဖိတ်ခေါ်တဲ့ပုံစံပဲ များနေတာကိုး။ မိမိအမည်မပါရင် ဘာနဲ့လျှောက်ရမလဲ၊ မိမိမှာ အချက်အလက်မှားနေရင် ဘာနဲ့လျှောက်ရမလဲ၊ မဲပေးလို့မရတဲ့သူတွေပါရင် ဘယ်လိုကန့်ကွက်ရမလဲလို့။

“ဥပမာ ကျနော်က နေ့လယ်က သွားကြည့်တယ်။ ကျနော့်ရဲ့နာမည်က လွဲနေတယ်။ ပြန်ပြင်ရမယ်ဆိုရင် ဘယ်လိုလျှောက်ပြီး ဘယ်သူ့ဆီကယူရမယ်၊ ဘယ်အချက်အလက်တွေကို ဘယ်လိုဖြည့်ပြီး ဘယ်လိုလျှောက်ရမယ်ဆိုတာ ရုံးနဲ့အလှမ်းဝေးတဲ့ ပြည်သူတွေအတွက်က အဆင်မပြေဘူးလေ။ လျှောက်လို့ရတယ်ဆိုတာ သိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့ လွယ်လွယ်ကူကူ မရှိဘူးဆိုရင် ကော်မရှင်တွေ ရှိတဲ့အချိန်မှ ပြန်လာပါဆိုရင် အဲဒီလူတွေက ပြန်လာပါ့မလား၊ ဒုတိယအခေါက် အုပ်ချုပ်ရေးမှူးရုံးကို။အဲဒါမျိုးလေးတွေ အခက်အခဲ နည်းနည်းပါးပါး ရှိတယ်ခင်ဗျ။ ဖြည့်နိုင်မှ လာမယ့် အောက်တိုဘာလ မဲစာရင်း ပြန်ကြေညာတဲ့အချိန်မှ ကိုယ့်နာမည်ပါလာမှာလေ။”

တနသၤာရီတုိင္း၊ ၿမိတ္ခ႐ုိင္၊ ပေလာက္ၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ကပ္ထားတဲ့ မဲစာရင္း ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၅၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
တနသၤာရီတုိင္း၊ ၿမိတ္ခ႐ုိင္၊ ပေလာက္ၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ကပ္ထားတဲ့ မဲစာရင္း ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၅၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်း ကပ်ထားချိန် အမှားအယွင်းရှိခဲ့ရင် အသိပေးဖို့ နိုင်ငံသားတို့ရဲ့ တာဝန်နဲ့အညီ စောင့်ကြည့်လေ့လာသင့်တယ်လို့ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးနဲ့ လုပ်ဆောင်ရမယ့် အချက်တွေကို ပညာပေးနေတဲ့ ပြည်သူ့မိတ်ဆွေအဖွဲ့ (Genuine People’s Servants) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင်ကလည်း အကြံပေးပါတယ်။

“နိုင်ငံသားဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို မဆုံးရှုံးသင့်ဘူးလို့ ယူဆတယ်ဆိုရင် မဲပေးသင့်တယ်ပေါ့နော်။ ဒါပေမယ့်လည်း မဲမပေးဘူးဆိုရင်လည်း တယောက်ချင်းရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး မဲစာရင်းတွေ စကပ်တဲ့အခါမှာတော့ ကိုယ့်နာမည်ပါမပါ သွားကြည့်တာကိုတော့ လုပ်သင့်တယ် ထင်ပါတယ်။ ဒါမှလည်း နိုင်ငံတော်ရဲ့ အဓိက အရေးကြီးတဲ့ ယန္တရားတွေပေါ့နော်၊ အဓိက ရွေးကောက်ပွဲကို ထိန်းကျောင်းရတဲ့ UEC လို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံသားတယောက်အနေနဲ့ အကဲဖြတ်တဲ့အလုပ်ကို လုပ်နိုင်မှာလေ။ ဒါတွေကို ထောက်ရှုပြီး မဲစာရင်းကို သွားကြည့်ပါ၊ ကိုယ့်နာမည်ပါသလား၊ ဘာတွေမှားနေလဲ၊ မပါသင့်တဲ့သူတွေ ပါနေလား၊ အဲဒါတွေကိုတော့ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ သီးသန့်စောင့်ကြည့်တဲ့ အဖွဲ့တွေရဲ့ တာဝန်တင်မဟုတ်ဘဲ နိုင်ငံသားတိုင်း လုပ်ဖို့လိုအပ်ပါတယ်။ မဲစာရင်းကို သွားကြည့်တာကိုတော့ ကြည့်သင့်တယ်လို့ မြင်ပါတယ်။

“ကျနော်တို့ မဲဆန္ဒရှင်တွေကို ပညာပေးတဲ့ သင်တန်းတွေမှာဆို အဲဒါတွေပါပါတယ်။ နာမည်မပါရင် ဖောင်နံပါတ်ဘယ်လောက်၊ မှားယွင်းနေရင် ဘာကိုသုံးရမလဲ၊ မပါသင့်တဲ့တယောက် ပါနေတယ်ဆိုရင် ဘယ်ဖောင်နံပါတ်ကို သုံးရမလဲဆိုတာ အခုတော့ ကျနော်တို့ ပြည်သူတွေသိအောင် အသိပညာပေးတာပေါ့။ Awareness ပေးပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ကိုဗစ်ကာလဖြစ်နေတော့ မလုပ်နိုင်သေးဘူး။ ဒါကြောင့် လာမယ့်လမှာ စလုပ်ပါမယ်။ ဒါပေမယ့် အခုလောလောဆယ်မှာက အာဏာပိုင်တွေအနေနဲ့ မဲစာရင်းကပ်ထားတဲ့ နေရာတွေမှာ ရှင်းလင်းပြတဲ့သူတယောက် ထားသင့်တယ်လို့ ထင်ပါတယ်။ ၂၀၁၅ တုန်းကတော့ အဲဒါမျိုးရှိခဲ့တယ်ဗျ။”

လာမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတချို့က မဲမပေးဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံသားအခွင့်အရေးနဲ့အညီ မိမိတို့ကို အုပ်ချုပ်မယ့် အစိုးရ အဖွဲ့အစည်းကို မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်တဲ့ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးမခံကြဖို့အတွက် ဒီကနေ့ကပ်တဲ့ မဲစာရင်းကို သွားကြည့်ပေးပါလို့ လူ့ဘောင်သစ်ပါတီရဲ့ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း ပြည်သူကို တိုက်တွန်းပါတယ်။

“မဲဆန္ဒရှင်စာရင်းတွေ ဒီနေ့ စကပ်ပါတယ်။ ပြည်သူတွေ အနေနဲ့ကတော့ ဒီနေ့ကပ်တဲ့ မဲဆန္ဒရှင်စာရင်းမှာ မိမိတို့ရဲ့နာမည် ပါမပါကို သေသေချာချာ သွားကြည့်သင့်ပါတယ်။ မပါဘူးဆိုရင်လည်း ဖြည့်စွက်ကြပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုတဲ့ အသံတွေကလည်း ထွက်လာတယ်။ ဒါကလည်း လက်ရှိအခြေအနေအပေါ်မှာ တစုံတရာ စိတ်ပျက်မှု၊ အားမလိုအားမရ ဖြစ်မှုတွေကြောင့်လို့ ယူဆပါတယ်။ ဆိုတဲ့အခါကျတော့ မဲမပေးတော့ဘူး၊ မဲဆန္ဒရှင်စာရင်းလည်း သွားမကြည့်တော့ဘူးဆိုတဲ့ အသံမျိုးတွေ များလာတော့ ကျမက စိတ်ပူပါတယ်။ တကယ်တော့ မဲပေးတယ်ဆိုတာက ကျမတို့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး၊ ရနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို အသုံးချပြီးတော့မှ ကျမတို့အနေနဲ့ နိုင်ငံရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ဖို့၊ နောက် အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ဒါကို တင်မြှောက်နိုင်တဲ့ အခွင့်အရေးတရပ်ဖြစ်တာမို့ သေသေချာချာ အသုံးချစေချင်ပါတယ်။”

ဒီကနေ့မှစ သြဂုတ်လ ၇ ရက်အထိ ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းရဲ့ လိုအပ်ချက် အမှားအယွင်း ပြင်ဆင်ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးချိန်မှာတော့ နောက်ထပ်တကြိမ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် အောက်တိုဘာလ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအကြိမ်မှာလည်း မိမိတို့ရဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြည့်ရှုပြီး လိုအပ်တာတွေကို ထပ်မံဖြည့်သွင်း ဆောင်ရွက်နိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နာမည်စာရင်း ပါမှသာ မဲပေးခွင့်ရမှာဖြစ်လို့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရနိုင်ဖို့ မိမိတို့ရဲ့ အိမ်ထောင်စုဝင် မိသားစု အနည်းဆုံး တဦးကနေ မဲစာရင်းတွေ လာရောက်ကြည့်ရှုပေးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြပါလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG