သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ လြတ္လပ္မ ွ်တဖို႔ ေရြးေကာက္ပြဲေကာ္မရွင္ အာမခံ


ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားေတြ႕ဆုံပြဲက်င္းပတဲ့ျမင္ကြင္း။ (ဓာတ္ပံု - MOI - ဇူလိုင္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ေ႐ြးေကာက္ပြဲကို လြတ္လပ္မွ်တေအာင္ ေဆာင္႐ြက္မယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဒီကေန႔ လူထုအေျချပဳအဖဲြ႔အစည္းေတြနဲ႔ ေတြ႔ဆုံရာမွာ ထပ္မံဂတိျပဳလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးပါမယ္။

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ ေ၀ဖန္ခံေနရတဲ့ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ လြတ္လပ္မွ်တမႈရွိေအာင္ ႀကိဳးပမ္းသြားမယ့္အေၾကာင္း ဂတိျပဳလုိက္သလုိ၊ လူထုအေျချပဳ အဖဲြ႔အစည္းေတြ ပူးေပါင္း ကူညီၾကဖိ႔ုလည္း တုိက္တြန္းလုိက္ပါတယ္။ COVID-19 ကပ္ေရာဂါကာလ ကန္႔သတ္မႈေတြၾကား ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြ ၾကန္႔ၾကာေနခ်ိန္မွာ ေ၀ဖန္သံေတြ ထြက္ေပၚေနေပမဲ့ အမ်ားလက္ခံႏုိင္တဲ့ ေရြးေကာက္ပဲြျဖစ္ေအာင္ ႀကိဳးစားမယ့္အေၾကာင္း ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေနျပည္ေတာ္မွာ ဒီကေန႔ လူထုအေျချပဳအဖဲြ႔အစည္းေတြက ကုိယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံရာမွာ ေျပာဆုိလုိက္တာပါ။

“က်ေနာ္တို႔က ေ႐ြးေကာက္ပြဲကို စံ ၅ ခ်က္နဲ႔ ေဆာင္႐ြက္မယ္။ စံ ၅ ခ်က္နဲ႔ ျပည့္စုံေအာင္လည္း CSOက မိသားစုလုပ္ငန္းသဖြယ္ ဝင္လုပ္ဖို႔လိုတယ္။ ဒါေၾကာင့္မို႔ ဒီလိုမွ မဟုတ္ဘဲ လမ္းေၾကာင္းလြဲၿပီးေတာ့ ဒီ UEC ကိုပဲ မသကၤာတဲ့ ပုံစံနဲ႔ ေစာင့္ၾကည့္ၿပီးေတာ့ အခ်က္အလက္ လိုက္ရွာေနမယ္ဆိုရင္ေတာ့ ဆရာတို႔ က်ေနာ္တို႔ လုပ္ငန္းေတြက ထပ္တူက်မွာ မဟုတ္ေတာ့ဘူး။ က်ေနာ္တို႔က ျပည္သူကို အာမခံပါတယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အေရးႀကီးတဲ့ အခမ္းက႑မွာရွိေနတဲ့ ေကာ္မရွင္အေနနဲ႔ မွ်တေအာင္ ေဆာင္ရြက္ဖုိ႔ ပ်က္ကြက္ေနတယ္ဆုိၿပီး ေ၀ဖန္မႈေတြ ထြက္ေပၚေနတာေတြကုိလည္း ေကာ္မရွင္ဥကၠ႒က တုန္႔ျပန္ေျပာဆုိသြားပါတယ္။ အထူးသျဖင့္ အာဏာရ အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီရဲ႕ စည္း႐ုံးေရးလုပ္ငန္းေတြမွာ လြတ္လပ္ေရးေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံေတြကုိ သုံးေနတဲ့အေပၚ ႏုိင္ငံေရးပါတီတခ်ဳိ႕က ကန္႔ကြက္ေနတာကုိလည္း ေကာ္မရွင္ဥကၠ႒က မွတ္ခ်က္ေပး ေျပာဆုိခဲ့ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားေတြ႕ဆုံပြဲက်င္းပတဲ့ျမင္ကြင္း။ (ဓာတ္ပံု - MOI - ဇူလိုင္ ၁၇၊ ၂၀၂၀)
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားေတြ႕ဆုံပြဲက်င္းပတဲ့ျမင္ကြင္း။ (ဓာတ္ပံု - MOI - ဇူလိုင္ ၁၇၊ ၂၀၂၀)

“ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ႏိုင္ငံေခါင္းေဆာင္ မဟုတ္ဘူး။ အမ်ိဳးသားေခါင္းေဆာင္ National Leader ျမန္မာႏိုင္ငံႀကီးတည္ရွိေနသ၍ အမ်ိဳးသားေခါင္းေဆာင္ရွိမယ္။ ႏိုင္ငံေခါင္းေဆာင္က အုပ္ခ်ဳပ္တဲ့ကာလ အႀကီးအကဲျဖစ္ေနတဲ့ကာလသာ သူက ႏိုင္ငံေခါင္းေဆာင္၊ ဘာမွ ခြဲခြဲျခားျခားမသိဘဲနဲ႔ ႏိုင္ငံေခါင္းေဆာင္ပုံ မသုံးစြဲေရးဆိုေတာ့ ဘာကို ဆိုလိုတာလဲ။"

ေကာ္မရွင္ဥကၠ႒က ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ ပြင့္လင္းျမင္သာမႈနဲ႔ လြတ္လပ္မွ်တေအာင္ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ဂတိျပဳ ထားေပမဲ့ စုိးရိမ္တဲ့ သေဘာထားေတြလည္း ရွိေနဆဲပါ။ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည့္သူ႔ လႈပ္ရွားမႈအဖြဲ႕ (PACE) ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ကေတာ့ လက္ရွိအခ်ိန္အထိ ပြင့္လင္းျမင္သာမႈေတြ အားနည္းေနဆဲျဖစ္တယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ အဓိက ေဆြးေႏြးျဖစ္တာက ေစာင့္ၾကည့္ေလ့လာသူမ်ားက်င့္ဝတ္နဲ႔ လုပ္ငန္းစဥ္ေတြမွာ တခ်ိဳ႕လုပ္ငန္းစဥ္ေတြကို ၾကည့္ခြင့္မရတာ၊ အသစ္ထုတ္လိုက္တဲ့ လုပ္ငန္းစဥ္ေတြထဲမွာ တခ်ိဳ႕လုပ္ငန္းစဥ္ေတြက ျပန္ပါမလာေတာ့ဘူး။ ျပန္ပါမလာတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ပြင့္လင္းျမင္သာမႈနဲ႔ ပတ္သက္လို႔ရွိရင္ ဒါက စိုးရိမ္စရာေကာင္းတယ္လို႔၊ က်ေနာ္တို႔က အဲ့ဒါကို ေျပာတာေပါ့။ ေကာ္မရွင္ရဲ႕ တုန္႔ျပန္ခ်က္ကက်ေတာ့ ဥပေဒမူေဘာင္ကိစၥေတြ၊ ၿပီးေတာ့ မဲဆႏၵရွင္ စာရင္းနဲ႔ ပတ္သက္တဲ့ကိစၥ၊ ေ႐ြးေကာက္ပြဲအျငင္းပြားမႈ ခုံ႐ုံးနဲ႔ ပတ္သက္တဲ့ ကိစၥေတြဟာ ေစာင့္ၾကည့္ေလ့လာသူေတြရဲ႕ လုပ္ထုံးလုပ္နည္းထဲမွာ မပါေပမယ့္လည္း ေစာင့္ၾကည့္ေလလာခြင့္ ရပါတယ္။ ဒါဘယ္သူမဆို ေစာင့္ၾကည့္ေလ့လာခြင့္ရပါတယ္ဆိုတဲ့ဟာကို က်ေနာ္တို႔က အာမခံခ်က္ေပးတယ္။ က်ေနာ္တို႔ ေမွ်ာ္လင့္တာကေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ အာမခံခ်က္အတိုင္းပဲ လုပ္ေဆာင္ႏိုင္ လိမ့္မယ္လို႔ က်ေနာ္တို႔ ထင္ပါတယ္။”

ကပ္ေရာဂါေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ ရွိေနေပမဲ့ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ေကာ္မရွင္က ေၾကညာထားပါတယ္။ မဲဆႏၵနယ္ေျမေတြကိုလည္း မၾကာေသးခင္ကပဲ ေကာ္မရွင္က ထုတ္ျပန္ခဲ့ၿပီး ဒီလ ၂၅ ရက္ေန႔မွာ မဲဆႏၵရွင္စာရင္းကိုထုတ္ျပန္ သြားမယ္လို႔လည္း ေၾကညာထားပါတယ္။

သမၼတ ဦး၀င္းျမင့္ကေတာ့ မဲဆႏၵရွင္ ၃၇ သန္းေက်ာ္ မဲေပးခြင့္ရမယ့္ ေရြးေကာက္ပဲြဟာ လြတ္လပ္မွ်တမႈရွိဖုိ႔နဲ႔ မဲဆႏၵရွင္ေတြအားလုံး မဲေပးခြင့္ရေအာင္ ႀကိဳးပမ္းၾကဖုိ႔ မၾကာေသးခင္တုန္းကပဲ ေနျပည္ေတာ္မွာ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ တာ၀န္ရွိသူေတြ၊ အစုိးရအဖဲြ႔ ၀န္ႀကီးေတြနဲ႔ ေတြ႔ဆုံရာမွာ ေျပာဆုိထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ လွတ်လပ်မ ျှတဖို့ ရွေးကောက်ပွဲကော်မရှင် အာမခံ

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ထပ်မံဂတိပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုရှိအောင် ကြိုးပမ်းသွားမယ့်အကြောင်း ဂတိပြုလိုက်သလို၊ လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်း ကူညီကြဖိ့ုလည်း တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ကြန့်ကြာနေချိန်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပေမဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားမယ့်အကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်မှာ ဒီကနေ့ လူထုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်တာပါ။

“ကျနော်တို့က ရွေးကောက်ပွဲကို စံ ၅ ချက်နဲ့ ဆောင်ရွက်မယ်။ စံ ၅ ချက်နဲ့ ပြည့်စုံအောင်လည်း CSOက မိသားစုလုပ်ငန်းသဖွယ် ဝင်လုပ်ဖို့လိုတယ်။ ဒါကြောင့်မို့ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းလွဲပြီးတော့ ဒီ UEC ကိုပဲ မသင်္ကာတဲ့ ပုံစံနဲ့ စောင့်ကြည့်ပြီးတော့ အချက်အလက် လိုက်ရှာနေမယ်ဆိုရင်တော့ ဆရာတို့ ကျနော်တို့ လုပ်ငန်းတွေက ထပ်တူကျမှာ မဟုတ်တော့ဘူး။ ကျနော်တို့က ပြည်သူကို အာမခံပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခမ်းကဏ္ဍမှာရှိနေတဲ့ ကော်မရှင်အနေနဲ့ မျှတအောင် ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတာတွေကိုလည်း ကော်မရှင်ဥက္ကဋ္ဌက တုန့်ပြန်ပြောဆိုသွားပါတယ်။ အထူးသဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေကို သုံးနေတဲ့အပေါ် နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေတာကိုလည်း ကော်မရှင်ဥက္ကဋ္ဌက မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံခေါင်းဆောင် မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင် National Leader မြန်မာနိုင်ငံကြီးတည်ရှိနေသ၍ အမျိုးသားခေါင်းဆောင်ရှိမယ်။ နိုင်ငံခေါင်းဆောင်က အုပ်ချုပ်တဲ့ကာလ အကြီးအကဲဖြစ်နေတဲ့ကာလသာ သူက နိုင်ငံခေါင်းဆောင်၊ ဘာမှ ခွဲခွဲခြားခြားမသိဘဲနဲ့ နိုင်ငံခေါင်းဆောင်ပုံ မသုံးစွဲရေးဆိုတော့ ဘာကို ဆိုလိုတာလဲ။“

ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်မျှတအောင် ဆောင်ရွက်မှာဖြစ်ကြောင်း ဂတိပြု ထားပေမဲ့ စိုးရိမ်တဲ့ သဘောထားတွေလည်း ရှိနေဆဲပါ။ ရွေးကောက်ပွဲဆိုင်ရာ ပြည့်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကတော့ လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာမှုတွေ အားနည်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ အဓိက ဆွေးနွေးဖြစ်တာက စောင့်ကြည့်လေ့လာသူများကျင့်ဝတ်နဲ့ လုပ်ငန်းစဉ်တွေမှာ တချို့လုပ်ငန်းစဉ်တွေကို ကြည့်ခွင့်မရတာ၊ အသစ်ထုတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ တချို့လုပ်ငန်းစဉ်တွေက ပြန်ပါမလာတော့ဘူး။ ပြန်ပါမလာတဲ့အတွက်ကြောင့် ကျနော်တို့က ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ရှိရင် ဒါက စိုးရိမ်စရာကောင်းတယ်လို့၊ ကျနော်တို့က အဲ့ဒါကို ပြောတာပေါ့။ ကော်မရှင်ရဲ့ တုန့်ပြန်ချက်ကကျတော့ ဥပဒေမူဘောင်ကိစ္စတွေ၊ ပြီးတော့ မဲဆန္ဒရှင် စာရင်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ ရွေးကောက်ပွဲအငြင်းပွားမှု ခုံရုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ စောင့်ကြည့်လေ့လာသူတွေရဲ့ လုပ်ထုံးလုပ်နည်းထဲမှာ မပါပေမယ့်လည်း စောင့်ကြည့်လေလာခွင့် ရပါတယ်။ ဒါဘယ်သူမဆို စောင့်ကြည့်လေ့လာခွင့်ရပါတယ်ဆိုတဲ့ဟာကို ကျနော်တို့က အာမခံချက်ပေးတယ်။ ကျနော်တို့ မျှော်လင့်တာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အာမခံချက်အတိုင်းပဲ လုပ်ဆောင်နိုင် လိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ ရှိနေပေမဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။ မဲဆန္ဒနယ်မြေတွေကိုလည်း မကြာသေးခင်ကပဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ဒီလ ၂၅ ရက်နေ့မှာ မဲဆန္ဒရှင်စာရင်းကိုထုတ်ပြန် သွားမယ်လို့လည်း ကြေညာထားပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ မဲဆန္ဒရှင် ၃၇ သန်းကျော် မဲပေးခွင့်ရမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိဖို့နဲ့ မဲဆန္ဒရှင်တွေအားလုံး မဲပေးခွင့်ရအောင် ကြိုးပမ်းကြဖို့ မကြာသေးခင်တုန်းကပဲ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG