သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္အပါအဝင္ လက္ရွိ NLD အမတ္အမ်ားစု ေရြးေကာက္ပြဲျပန္ဝင္မယ္


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ညာ) နဲ႔ သမၼတ ဦးဝင္းျမင့္ (၀ဲ)။

[Zawgyi/Unicode]

ႏိုဝင္ဘာ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္ အပါအဝင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ကိုယ္စားလွယ္ေဟာင္းအမ်ားစု ျပန္လည္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း ဒီေန႔ပဲ ေၾကညာလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

NLD ပါတီ ထိပ္တန္း ေခါင္းေဆာင္ေတြ အပါအဝင္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ကိုယ္စားလွယ္ေတြထဲက ၈၀ ရာခိုင္ႏႈန္းေလာက္ ျပန္အေ႐ြးခံမွာျဖစ္ေၾကာင္း ဒီေန႔ပဲ သတင္းထုတ္ျပန္လိုက္တာပါ။ ဒီတႀကိမ္ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာေတာ့ ၿပီးခဲ့တဲ့ အစိုးရနဲ႔ လႊတ္ေတာ္ သက္တမ္းအတြင္း ေဆာင္႐ြက္ခဲ့တာေတြ ပါတီအေပၚ သစၥာရွိရွိနဲ႔ အနစ္နာခံသူေတြကို ဦးစားေပး ေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္း ပါတီထိပ္တန္းေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က အင္တာနက္ လူမႈကြန္ရက္မွာ ဗြီဒီယိုနဲ႔ ရွင္းျပခဲ့ပါတယ္။

"ကိုယ္စားလွယ္ေတြကို ေ႐ြးတဲ့ေနရာမွာ ဘာကိုအဓိကထားလဲဆို သစၥာရွိမႈနဲ႔ အေတြ႕အႀကဳံရွိမႈကို အဓိကထားတယ္။ ဘာလို႔အေလးထားရလဲဆိုေတာ့ အဖြဲ႔ခ်ဳပ္က ျဖတ္သန္းလာတဲ့လမ္း အင္မတန္ၾကမ္းပါတယ္။ ရွည္လည္း ရွည္တယ္။ လမ္းဆုံးလည္း မေရာက္ေသးပါဘူး။ ၾကမ္းတမ္းမႈ မၿပီးေသးပါဘူး။ ဒါေၾကာင့္ ခံႏိုင္ရည္ရွိမႈနဲ႔ သစၥာခိုင္ၿမဲမႈကို ပိုၿပီး အင္မတန္မွ အေလးထားပါတယ္။"

ဒီအထဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္ အပါအဝင္ NLD ပါတီထိပ္တန္းေခါင္းေဆာင္ေတြလည္း ပါဝင္မွာျဖစ္ေၾကာင္း ပါတီေျပာခြင့္ရ ေဒါက္တာေဇာ္ျမင့္ေမာင္က ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

"ေဒၚေအာင္ဆန္းစုၾကည္က ေကာ့မွဴးၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကေန ဝင္ၿပိဳင္ပါမယ္။ သမၼတႀကီး ဦးဝင္းျမင့္က တာေမြ ျပည္သူကေန ဝင္ၿပိဳင္ပါမယ္။ ဝန္ႀကီးခ်ဳပ္ေတြၿပိဳင္မွာလားဆိုေတာ့ ေယဘူယ်ၿပိဳင္ခြင့္ရွိတယ္။ မၿပိဳင္ရဘူးလို႔ ေျပာခြင့္မရွိဘူး။ ေတာ္ေတာ္မ်ားမ်ား ျပန္တင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား တင္ထားပါတယ္။"

အမ်ိဳးသားလႊတ္ေတာ္မွာ ၁၆၁ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္မွာ ၃၁၉ ေနရာ၊ ျပည္နယ္နဲ႔တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ၆၂၂ ေနရာ၊ တိုင္းရင္းသားေရးရာဝန္ႀကီး ၂၉ ေနရာအတြက္ စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၁,၁၃၁ ဦးကုိ NLD ေရြးခ်ယ္ထားတာပါ။ ဒါေပမဲ့လည္း တိုင္းရင္းသားေဒသေတြက မဲဆႏၵနယ္ တခ်ိဳ႕မွာေတာ့ NLD ပါတီက ယွဥ္ၿပိဳင္မွာ မဟုတ္ဘူးလို႔လည္း ပါတီေျပာခြင့္ရ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

"တိုင္းရင္းသားေတြဆိုရင္ အဲျ့ပည္နယ္မွာ ရွိတဲ့ တိုင္းရင္းသားေတြပါတယ္။ တိုင္းရင္းသားပါတီေတြ ဆက္ဆံေရးမွာ NLD ဘက္ကေန ပါတီႀကီးအေနနဲ႔ သုံးေနတာေတြ ရွိတယ္။ က်ေနာ္တို႔ တိုင္းရင္းသားနယ္ ေျမေတြမွာ အဲမွာရွိတဲ့ တိုင္းရင္းသားနယ္ေတြက NLD အဖြဲ႕ဝင္ေတြကို ေ႐ြးတာျဖစ္ပါတယ္။ ျပည္မကေန သြားမၿပိဳင္ပါဘူး။ မၿပိဳင္တဲ့ေနရာရွိတယ္။ ရခိုင္တို႔ ဘာတို႔ကို သြားမၿပိဳင္ပါဘူး။ ရခိုင္မွာ ျပည္သူ ငါး ေနရာမၿပိဳင္ဘူး။ ရွမ္းမွာလည္း ရွိတယ္။ ၿခဳံၾကည့္ရင္ အမ်ိဳးသား ေျခာက္ ေနရာ၊ ျပည္သူ႔ ၁၁ ေနရာ မၿပိဳင္ႏိုင္ဘူး။ အဲ့ထဲ မက်င္းပႏိုင္တာ ပါေကာင္းပါမယ္။ ျပည္နယ္တိုင္းမွာလည္းဒီလိုပဲ။ ေယဘူယ်ၾကည့္ရင္ ၂၀၁၅ ထက္ ပိုၿပိဳင္ႏိုင္တယ္။ ၃၊ ၄ ေနရာတိုးၿပိဳင္ႏိုင္ခဲ့တယ္။"

လက္ရွိ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အမ်ားစုဟာလည္း လာမယ့္ေ႐ြးေကာက္ပြဲမွာ ျပန္လည္အေ႐ြးခံမွာ ျဖစ္ေပမဲ့ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းအတြင္း အျငင္းပြားစရာေတြနဲ႔ ေဝဖန္မႈေတြ ႀကဳံခဲ့ရတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေတာ့ က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ အေ႐ြးခံမွာ မဟုတ္ေၾကာင္းလည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒီတႀကိမ္ေ႐ြးေကာက္ပြဲမွာ လူေဟာင္းေတြ အမ်ားစု ျပန္လည္အေ႐ြးခံဖို႔ NLD ပါတီက ဆုံးျဖတ္ခဲ့တဲ့ အေပၚမွာေတာ့ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အခုလို သုံးသပ္ပါတယ္။

"မဲဆႏၵရွင္ ျပည္သူေတြရဲ႕ ဆႏၵနဲ႔ဖီလာဆန႔္က်င္ေနတယ္လို႔ ျမင္ပါတယ္။ ျပည္သူလူထုရဲ႕ အသံေတြကို နားေထာင္ၿပီးေတာ့ လႊတ္ေတာ္မွာ တင္ျပေဆြးေႏြးတာမွာ အားနည္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေ႐ြးေကာက္ပြဲမွာ ခ်န္လွပ္ထားမယ္ထင္ခဲ့တယ္။ လက္ရွိမွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ၈၀ ရာခိုင္ႏႈန္းေလာက္ကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ထားလို႔ ဒါဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ NLD အႏိုင္ရဖို႔အတြက္ ႀကီးမားတဲ့ စိန္ေခၚမႈ အၾကပ္အတည္း တခုျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ပါတယ္။"

ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေပါင္း ၉၇ ပါတီအေနနဲ႔ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြကိုေတာ့ ၾသဂုတ္လ ၇ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို တင္ျပရမွာပါ။ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔ ေကာ္မရွင္က ခန႔္မွန္းထားေပမဲ့ COVID-19 ကပ္ေရာဂါႀကဳံေနရခ်ိန္ အကန႔္အသတ္ေတြနဲ႔ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား အမ်ားစု မဲေပးခြင့္ရႏိုင္ပါ့မလားဆိုတာကို စိုးရိမ္မႈေတြလည္း ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် လက်ရှိ NLD အမတ်အများစု ရွေးကောက်ပွဲပြန်ဝင်မယ်

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်ဟောင်းအများစု ပြန်လည်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ်တွေထဲက ၈၀ ရာခိုင်နှုန်းလောက် ပြန်အရွေးခံမှာဖြစ်ကြောင်း ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်တာပါ။ ဒီတကြိမ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ လွှတ်တော် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တာတွေ ပါတီအပေါ် သစ္စာရှိရှိနဲ့ အနစ်နာခံသူတွေကို ဦးစားပေး ရွေးချယ်ခဲ့ကြောင်းလည်း ပါတီထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် လူမှုကွန်ရက်မှာ ဗွီဒီယိုနဲ့ ရှင်းပြခဲ့ပါတယ်။

"ကိုယ်စားလှယ်တွေကို ရွေးတဲ့နေရာမှာ ဘာကိုအဓိကထားလဲဆို သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို အဓိကထားတယ်။ ဘာလို့အလေးထားရလဲဆိုတော့ အဖွဲ့ချုပ်က ဖြတ်သန်းလာတဲ့လမ်း အင်မတန်ကြမ်းပါတယ်။ ရှည်လည်း ရှည်တယ်။ လမ်းဆုံးလည်း မရောက်သေးပါဘူး။ ကြမ်းတမ်းမှု မပြီးသေးပါဘူး။ ဒါကြောင့် ခံနိုင်ရည်ရှိမှုနဲ့ သစ္စာခိုင်မြဲမှုကို ပိုပြီး အင်မတန်မှ အလေးထားပါတယ်။"

ဒီအထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီထိပ်တန်းခေါင်းဆောင်တွေလည်း ပါဝင်မှာဖြစ်ကြောင်း ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်က ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်ပါမယ်။ သမ္မတကြီး ဦးဝင်းမြင့်က တာမွေ ပြည်သူကနေ ဝင်ပြိုင်ပါမယ်။ ဝန်ကြီးချုပ်တွေပြိုင်မှာလားဆိုတော့ ယေဘူယျပြိုင်ခွင့်ရှိတယ်။ မပြိုင်ရဘူးလို့ ပြောခွင့်မရှိဘူး။ တော်တော်များများ ပြန်တင်ပါတယ်။ တော်တော်များများ တင်ထားပါတယ်။"

အမျိုးသားလွှတ်တော်မှာ ၁၆၁ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်မှာ ၆၂၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁,၁၃၁ ဦးကို NLD ရွေးချယ်ထားတာပါ။ ဒါပေမဲ့လည်း တိုင်းရင်းသားဒေသတွေက မဲဆန္ဒနယ် တချို့မှာတော့ NLD ပါတီက ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"တိုင်းရင်းသားတွေဆိုရင် အဲြ့ပည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေပါတယ်။ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေးမှာ NLD ဘက်ကနေ ပါတီကြီးအနေနဲ့ သုံးနေတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားနယ် မြေတွေမှာ အဲမှာရှိတဲ့ တိုင်းရင်းသားနယ်တွေက NLD အဖွဲ့ဝင်တွေကို ရွေးတာဖြစ်ပါတယ်။ ပြည်မကနေ သွားမပြိုင်ပါဘူး။ မပြိုင်တဲ့နေရာရှိတယ်။ ရခိုင်တို့ ဘာတို့ကို သွားမပြိုင်ပါဘူး။ ရခိုင်မှာ ပြည်သူ ငါး နေရာမပြိုင်ဘူး။ ရှမ်းမှာလည်း ရှိတယ်။ ခြုံကြည့်ရင် အမျိုးသား ခြောက် နေရာ၊ ပြည်သူ့ ၁၁ နေရာ မပြိုင်နိုင်ဘူး။ အဲ့ထဲ မကျင်းပနိုင်တာ ပါကောင်းပါမယ်။ ပြည်နယ်တိုင်းမှာလည်းဒီလိုပဲ။ ယေဘူယျကြည့်ရင် ၂၀၁၅ ထက် ပိုပြိုင်နိုင်တယ်။ ၃၊ ၄ နေရာတိုးပြိုင်နိုင်ခဲ့တယ်။"

လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်အများစုဟာလည်း လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမှာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း အငြင်းပွားစရာတွေနဲ့ ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ အရွေးခံမှာ မဟုတ်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီတကြိမ်ရွေးကောက်ပွဲမှာ လူဟောင်းတွေ အများစု ပြန်လည်အရွေးခံဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို သုံးသပ်ပါတယ်။

"မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒနဲ့ဖီလာဆန့်ကျင်နေတယ်လို့ မြင်ပါတယ်။ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ပြီးတော့ လွှတ်တော်မှာ တင်ပြဆွေးနွေးတာမှာ အားနည်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲမှာ ချန်လှပ်ထားမယ်ထင်ခဲ့တယ်။ လက်ရှိမှာတော့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၈၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားလို့ ဒါဟာ လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု အကြပ်အတည်း တခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။"

နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတော့ သြဂုတ်လ ၇ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမှာပါ။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့ ကော်မရှင်က ခန့်မှန်းထားပေမဲ့ COVID-19 ကပ်ရောဂါကြုံနေရချိန် အကန့်အသတ်တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား အများစု မဲပေးခွင့်ရနိုင်ပါ့မလားဆိုတာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG