သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆြယ္စည္း႐ုံးမႈမ်ား ကပ္ေဘးကန႔္သတ္ခ်က္နဲ႔အညီ ေဆာင္႐ြက္ခြင့္ျပဳမည္


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ ေတြ႔ရတဲ့ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီေတြရဲ႕ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းေတြကို COVID-19 ကပ္ေရာဂါကာလ ထုတ္ျပန္ခ်က္ေတြနဲ႔အညီ ခြင့္ျပဳဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပပါမယ္။

ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရး ပါတီေတြ စည္း႐ုံးလႈပ္ရွားခြင့္ျပဳမွာ ျဖစ္ေပမဲ့ က်န္းမာေရးအတြက္ သတ္မွတ္ခ်က္ေတြနဲ႔အညီသာ လုပ္ခြင့္ရွိမွာ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ က်န္းမာေရးအစီအမံေတြနဲ႔အညီ ေဆာင္႐ြက္ဖို႔ တာဝန္ရွိသူေတြက အႀကံျပဳထားတယ္လို႔လည္း က်န္းမာေရးဦးစီးဌာန ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာ သန္းႏိုင္စိုးကေျပာပါတယ္။

"ဒီလုပ္ငန္းစဥ္ တခုလုံးကို ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သတ္ၿပီးေတာ့ လိုက္နာရမယ့္အေျခခံမူေတြေပါ့ေနာ္။ အေျခခံမူေတြကေတာ့ ခုနကေျပာတဲ့ social distancing ပိုင္းပဲေပါ့။ ၆ ေပအကြာအေဝးေနတာ၊ mask တပ္တာ၊ လက္ကိုဆပ္ျပာနဲ႔ ေဆးျခင္း၊ လူစုလူေဝးမျဖစ္ေစျခင္းတို႔ ျဖစ္တယ္။ ဒီအေျခခံသေဘာတရားေတြနဲ႔ ေ႐ြးေကာက္ပြဲလုပ္ငန္းေတြနဲ႔ ဘယ္လိုေဆာင္႐ြက္ရမလဲဆိုတာကို အႀကံျပဳေပးတာ၊ သူတို႔မွာလည္း ဒီဟာနဲ႔ပတ္သတ္ၿပီးေတာ့ ႏိုင္ငံတကာက အဖြဲ႕ဘက္က အႀကံျပဳေနတဲ့ အဖြဲ႕ရွိေနတယ္။ သူတို႔ဘက္က ကူညီေပးေနတာရွိေနတယ္။"

ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္တဦးကေတာ့ အေသးစိတ္လမ္းၫႊန္ခ်က္ေတြ ထုတ္ျပန္တဲ့အခါ အရင္ေ႐ြးေကာက္ပြဲ ကာလေတြလို မဟုတ္ဘဲ လူစုလူေဝးနဲ႔ မဲဆြယ္စည္း႐ုံးတာမ်ိဳးေတြကို ကန႔္သတ္မယ့္ အခ်က္ေတြ ပါဝင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္အေပၚ အေျခခံၿပီး လမ္းၫႊန္ခ်က္ေတြကို ထုတ္ျပန္သြားမယ္လို႔လည္း ေျပာပါတယ္။ က်န္းမာေရး ပညာရွင္ေတြကေတာ့ ကပ္ေရာဂါ ကူးစက္မႈေတြကို တားဆီးထိန္းခ်ဳပ္ႏိုင္ေအာင္ လူစုလူေဝးေရွာင္ဖို႔၊ ႏွာေခါင္းစည္း အကာအကြယ္ေတြ ဝတ္ဆင္ဖို႔၊ လက္ကိုမွန္မွန္ေဆးေၾကာဖို႔ တိုက္တြန္းထားတာပါ။

ႏိုင္ငံေရးပါတီေတြကေတာ့ ကပ္ေရာဂါကာလ ကန႔္သတ္မႈေတြၾကား က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြအေပၚ စိုးရိမ္ေနပါတယ္။ ဒီႏွစ္မွာ ပါတီသစ္တစ္ခုအျဖစ္ ပထမဆုံးအႀကိမ္ ေ႐ြးေကာက္ပြဲဝင္မယ့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ဒုဥကၠ႒ ဦးျမင့္ေမာင္ထြန္းကေတာ့ ကန႔္သတ္ခ်က္ေတြေၾကာင့္ အြန္လိုင္းဆက္သြယ္မႈေတြကို အားကိုးေနရတာေၾကာင့္ အခက္အခဲေတြ ႀကဳံေနရတယ္လို႔ ေျပာပါတယ္။

"စက္တင္ဘာကေနၿပီးေတာ့ ႏိုဝင္ဘာ ပထမအပတ္အထိက ေအာင္ႏိုင္ေရးကာလပါ။ ဒီ၂ လမွာမွ လူထုနဲ႔ထိေတြ႕မႈပိုင္းမွာ ဒီကာလထိန္းခ်ဳပ္ကာလလို လုပ္ေနရရင္ေတာ့ က်ေနာ္တို႔ အမ်ားႀကီးအခက္အခဲ ရွိတယ္။ ဒီကိုဗစ္မျဖစ္ခင္ က်ေနာ္တို႔ အခ်ိန္ဘာမွမရဘူး။ က်ေနာ္တို႔အတြက္ လူထုစည္း႐ုံးေရးကေလ။ ကိုဗစ္ကာလဆိုေတာ့ ပိုဆိုးတာေပါ့။ ျပည္သူနဲ႔ ထိေတြ႕မႈက လုံးဝကို မရွိခဲ့တာ။ ျပည္သူနဲ႔ မထိေတြ႕ဘဲ မဲရဖို႔မလြယ္ဘူး။ က်ေနာ္တို႔ပါတီရဲ႕မူဝါဒကို ခ်ျပဖို႔ မလုပ္ႏိုင္ဘူး။ အဲလိုေတာ့ရွိတယ္။ အခုေလာေလာဆယ္ေတာ့ ေဖ့ဘုတ္ကေန ဆက္သြယ္ေနရတာေပါ့။ အကုန္လုံးထိေတြ႕လို႔ မရဘူး။ အထူးသျဖင့္အေျခခံ လူတန္းစားေတြနဲ႔ ထိေတြ႕မႈ အားနည္းတာေပါ့။"

က်င္းပဖို႔ ၄ လေလာက္သာ လိုေတာ့တဲ့ အခ်ိန္အထိ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း မရွိေနေသးတဲ့ အေပၚမွာလည္း ႏိုင္ငံေရးပါတီေတြက စိုးရိမ္ေနၾကတာပါ။

သမၼတ ဦးဝင္းျမင့္ ကေတာ့ ေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး၊ မွ်တမႈရွိေအာင္ ေဆာင္႐ြက္ဖို႔၊ မဲေပးခြင့္ရွိသူေတြ အခြင့္အေရး မဆုံးရႈံးေစဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္တာဝန္ရွိသူေတြ၊ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြနဲ႔ မၾကာေသးခင္တုန္းက ေတြ႕ဆုံခ်ိန္မွာ ေျပာဆိုထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆွယ်စည်းရုံးမှုများ ကပ်ဘေးကန့်သတ်ချက်နဲ့အညီ ဆောင်ရွက်ခွင့်ပြုမည်

လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို COVID-19 ကပ်ရောဂါကာလ ထုတ်ပြန်ချက်တွေနဲ့အညီ ခွင့်ပြုဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေ စည်းရုံးလှုပ်ရှားခွင့်ပြုမှာ ဖြစ်ပေမဲ့ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေနဲ့အညီသာ လုပ်ခွင့်ရှိမှာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ကျန်းမာရေးအစီအမံတွေနဲ့အညီ ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက အကြံပြုထားတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။

"ဒီလုပ်ငန်းစဉ် တခုလုံးကို ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သတ်ပြီးတော့ လိုက်နာရမယ့်အခြေခံမူတွေပေါ့နော်။ အခြေခံမူတွေကတော့ ခုနကပြောတဲ့ social distancing ပိုင်းပဲပေါ့။ ၆ ပေအကွာအဝေးနေတာ၊ mask တပ်တာ၊ လက်ကိုဆပ်ပြာနဲ့ ဆေးခြင်း၊ လူစုလူဝေးမဖြစ်စေခြင်းတို့ ဖြစ်တယ်။ ဒီအခြေခံသဘောတရားတွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေနဲ့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အကြံပြုပေးတာ၊ သူတို့မှာလည်း ဒီဟာနဲ့ပတ်သတ်ပြီးတော့ နိုင်ငံတကာက အဖွဲ့ဘက်က အကြံပြုနေတဲ့ အဖွဲ့ရှိနေတယ်။ သူတို့ဘက်က ကူညီပေးနေတာရှိနေတယ်။"

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးကတော့ အသေးစိတ်လမ်းညွှန်ချက်တွေ ထုတ်ပြန်တဲ့အခါ အရင်ရွေးကောက်ပွဲ ကာလတွေလို မဟုတ်ဘဲ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာမျိုးတွေကို ကန့်သတ်မယ့် အချက်တွေ ပါဝင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး လမ်းညွှန်ချက်တွေကို ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။ ကျန်းမာရေး ပညာရှင်တွေကတော့ ကပ်ရောဂါ ကူးစက်မှုတွေကို တားဆီးထိန်းချုပ်နိုင်အောင် လူစုလူဝေးရှောင်ဖို့၊ နှာခေါင်းစည်း အကာအကွယ်တွေ ဝတ်ဆင်ဖို့၊ လက်ကိုမှန်မှန်ဆေးကြောဖို့ တိုက်တွန်းထားတာပါ။

နိုင်ငံရေးပါတီတွေကတော့ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအပေါ် စိုးရိမ်နေပါတယ်။ ဒီနှစ်မှာ ပါတီသစ်တစ်ခုအဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒုဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းကတော့ ကန့်သတ်ချက်တွေကြောင့် အွန်လိုင်းဆက်သွယ်မှုတွေကို အားကိုးနေရတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

"စက်တင်ဘာကနေပြီးတော့ နိုဝင်ဘာ ပထမအပတ်အထိက အောင်နိုင်ရေးကာလပါ။ ဒီ၂ လမှာမှ လူထုနဲ့ထိတွေ့မှုပိုင်းမှာ ဒီကာလထိန်းချုပ်ကာလလို လုပ်နေရရင်တော့ ကျနော်တို့ အများကြီးအခက်အခဲ ရှိတယ်။ ဒီကိုဗစ်မဖြစ်ခင် ကျနော်တို့ အချိန်ဘာမှမရဘူး။ ကျနော်တို့အတွက် လူထုစည်းရုံးရေးကလေ။ ကိုဗစ်ကာလဆိုတော့ ပိုဆိုးတာပေါ့။ ပြည်သူနဲ့ ထိတွေ့မှုက လုံးဝကို မရှိခဲ့တာ။ ပြည်သူနဲ့ မထိတွေ့ဘဲ မဲရဖို့မလွယ်ဘူး။ ကျနော်တို့ပါတီရဲ့မူဝါဒကို ချပြဖို့ မလုပ်နိုင်ဘူး။ အဲလိုတော့ရှိတယ်။ အခုလောလောဆယ်တော့ ဖေ့ဘုတ်ကနေ ဆက်သွယ်နေရတာပေါ့။ အကုန်လုံးထိတွေ့လို့ မရဘူး။ အထူးသဖြင့်အခြေခံ လူတန်းစားတွေနဲ့ ထိတွေ့မှု အားနည်းတာပေါ့။"

ကျင်းပဖို့ ၄ လလောက်သာ လိုတော့တဲ့ အချိန်အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိနေသေးတဲ့ အပေါ်မှာလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြတာပါ။

သမ္မတ ဦးဝင်းမြင့် ကတော့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး၊ မျှတမှုရှိအောင် ဆောင်ရွက်ဖို့၊ မဲပေးခွင့်ရှိသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ မကြာသေးခင်တုန်းက တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG