သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ ၊ မုိင္းလားနဲ႔ တုိင္းရင္းသားေဒသတခ်ဳိ႕မွာ ေရြးေကာက္ပြဲ က်င္းပႏုိင္ေျခနည္း


မဲဆႏၵရွင္ မဲထည့္စဥ္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi/ Unicode)

ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ ၀နဲ႔ မိုင္းလား လက္နက္ကိုင္အဖဲြ႔ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမေတြ အပါအ၀င္ တုိင္းရင္းသား ေဒသတခ်ဳိ႕မွာေရြးေကာက္ပဲြ က်င္းပႏုိင္မယ့္ အလားအလာနည္းပါးေနတဲ့ အေၾကာင္း ကိုမိုးေဇာ္ ေျပာျပပါမယ္။

UWSA ေခၚ ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္နဲ႔ မိုင္းလားအဖဲြ႕လို႔ လူသိမ်ားတဲ့ NDAA ေခၚ အမ်ိဳးသားဒီမိုကေရစီ ေသြးစည္းညီၫြတ္ေရး တပ္မေတာ္ ထိန္းခ်ဳပ္ရာေဒသေတြမွာ ဒီႏွစ္လည္း ေရြးေကာက္ပဲြေတြ က်င္းပႏုိင္ဖုိ႔ မေရမရာ အေျခအေနနဲ႔ ျဖစ္ပါတယ္။

အထူးေဒသ ၂ နဲ႔ အထူးေဒသ ၄ အျဖစ္ သတ္မွတ္ထားတဲ့ UWSA ထိန္းခ်ဳပ္ရာ ၀ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသက ၿမိဳ႔နယ္ ၄ၿမိဳ႔နယ္နဲ႔ မိုင္းလားအဖဲြ႕က ထိန္းခ်ဳပ္ထားတဲ့ က်ိဳင္းတံုခ႐ိုင္ မိုင္းလားၿမိဳ႔နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၀နဲ႔ ၂၀၁၅ ေရြးေကာက္ပဲြေတြမွာလည္း ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့ပါဘူး။

ဒီႏွစ္ေဖေဖာ္ဝါရီလကုန္ပိုင္းကေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ဥကၠဌ ဦးလွသိန္းဟာ UWSA ထိန္းခ်ဳပ္ရာ ၿမိဳ႔နယ္ ၄ၿမိဳ႔နယ္မွာ ေရြးေကာက္ပဲြ က်င္းပႏိုင္ေရးအတြက္ ပန္ဆန္းၿမိဳ႔ကို သြားေရာက္ ေဆြးေႏြးခဲ့ေပမဲ့ ေလာေလာဆည္မွာ ႏိုင္ငံေရးပါတီအမ်ားစုဟာ ဒီေဒသေတြမွာ အမည္စာရင္းတင္သြင္း ထားတာမရွိပါဘူး။

ဒီႏွစ္အေစာပိုင္းမွာ ၀ႏိုင္ငံေရးပါတီ ၃ပါတီ ပူးေပါင္းဖဲြ႕စည္းလိုက္တဲ့ ၀ အမ်ိဳးသားပါတီအေနနဲ႔လည္း ဒီ ၄ၿမိဳ႔နယ္မွာ အမည္စာရင္း တင္သြင္းတာမရွိသလို အျခားပါတီေတြလည္း တင္သြင္းတာ မၾကားသိရေၾကာင္း ၀အမ်ိဳးသားပါတီရဲ႕ အေထြေထြ အတြင္းေရးမႈး ဦးဆမ္ေဆာင္ကားက VOA ကို အခုလို ေျပာပါတယ္။

“ အဲဒီၿမိဳ႔နယ္ေတြကေတာ့ ေကာ္မရွင္ကေတာ့ လက္နက္ကိုင္အဖဲြ႕နဲ႔လည္း သူတို႔ ညွိႏိႈင္းခဲ့ၿပီးၿပီ။ လက္နက္ကိုင္အဖဲြ႕က ဆက္ၿပီးေတာ့ လုပ္ႏိုင္ေအာင္ ကူညီေပးမယ္လို႔ေတာ့ ေျပာတယ္။ ဒါေပမဲ့ အခုထက္ထိေတာ့ အဲဒီဘက္မွာ ေလွ်ာက္လႊာတင္တဲ့ပါတီေတြလည္း မေတြ႕ရဘူး။ ပါတီႀကီးေတြက အစေလ။ ေလွ်ာက္လႊာတင္ထားတာ မၾကားဘူး။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ပါတီအေနနဲ႔က ၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔လည္း ေတာ္ေတာ္ေလး ခက္ပါတယ္။ အဲဒါေၾကာင့္ အဲဒီဘက္မွာ ၿပိဳင္ဖို႔ေတာ့ မရွိေလာက္ဘူးထင္တယ္။ အခုအေသခ်ာဆံုးကေတာ့ ၀ တိုင္းမွာ ဟိုပန္ၿမိဳ႔နယ္မွာ ၃ေနရာ၊ မက္မန္းမွာ ၃ေနရာ၊ ေနာက္ၿပီးေတာ့မွ အမ်ိဳးသားလႊတ္ေတာ္လည္း ၀င္ေရာက္ယွဥ္ၿပိဳင္မယ္ အဲဒီ ၇ေနရာေတာ့ ေသခ်ာသေလာက္ေတာ့ ရွိပါတယ္ေနာ္။”

၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းမွာ ၆ၿမိဳ႔နယ္ရွိရာမွာ ဟိုပန္နဲ႔ မက္မန္းက အစိုးရထိန္းခ်ဳပ္ထားၿပီး ပန္ဝိုင္၊ မိုင္းေမာ၊ နားဖန္၊ ပန္ဆန္း(ပန္ခမ္း)ၿမိဳ႔နယ္ေတြကေတာ့ UWSA က ထိန္းခ်ဳပ္ထားတာပါ။ ၀ အမ်ိဳးသားပါတီဟာ ဝ အမ်ိဳးသား စည္းလုံး ညီၫြတ္ေရးပါတီ၊ ဝ ဒီမိုကရက္တစ္ ပါတီႏွင့္ ဝ လစ္ဘရယ္ ဒီမိုကရက္တစ္ တိုးတက္ဖြံ႕ၿဖိဳးေရး ပါတီ တို႔ ပူးေပါင္းတည္ေထာင္ထားတာျဖစ္ၿပီး က်ိဳင္းတံု၊ တာခ်ီလိတ္၊ တန္႔ယန္း၊ မိုင္းရႈး၊ မိုင္းပ်ဥ္းစတဲ့ၿမိဳ႔နယ္ေတြမွာ ကိုယ္စားလွယ္ရရွိေရးအတြက္ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။

ရွမ္းျပည္နယ္အတြင္းက အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ SNLD ပါတီအေနနဲ႔လည္း UWSA ထိန္းခ်ဳပ္ရာ ၿမိဳ႔နယ္ ၄ၿမိဳ႔နယ္ အပါအ၀င္ မိုင္းလားအဖဲြ႕ေခၚ NDAA ထိန္းခ်ဳပ္ရာ မိုင္းလားၿမိဳ႔နယ္မွာလည္း ၀င္ေရာက္ယွဥ္ၿပိဳင္ဖု႔ိ မေသခ်ာေၾကာင္း SNLD ပါတီ တဲြဘက္အေထြေထြ အတြင္းေရးမႈး ၁ စိုင္းေက်ာ္ၫႊန္က ေျပာပါတယ္။

“ ေလာေလာဆည္ေတာ့ UEC က ၿမိဳ႔ ၃၃၀လံုးကို ေၾကညာထားတယ္ဆိုေပမဲ့ အဲဒီေနရာက ေရြးေကာက္ပဲြ က်င္းပ ျဖစ္ဖို႔၊ မျဖစ္ဖို႔ဆိုတာ သိပ္မေသခ်ာေသးဘူးေပါ့ဗ်ာ။ နည္းနည္းအနီးကပ္မွပဲ သူတို႔ ျပန္ေၾကညာမလား ဘာညာေတာ့ ရွိႏိုင္တာေပါ့။ အဲဒီေနရာေတြကေတာ့ က်ေနာ္တို႔နဲ႔ အလွမ္းေ၀းတယ္။ က်ေနာ္တို႔ ေလာေလာဆည္ေတာ့ မရွိဘူးဗ်။ ၀ ေဒသမွာေနတဲ့ လူေတြရဲ႕ မွတ္ပံုတင္တို႔ဘာတို႔ အခုထိ အခက္အခဲရွိတယ္ေလ။ က်ေနာ္တို႔ ၾကားသေလာက္ေတာ့။ အဲဒါ မရွိဘဲနဲ႔ က်ေနာ္တို႔ ဘယ္လို မဲေပးၾကမလဲေပါ့။ မိုင္းလားကေတာ့လည္း သိပ္ေတာ့ မေသခ်ာဘူးဗ်။ ၿပီးတဲ့ ေခါက္က မလုပ္ဘူးေလ မိုင္းလားကလည္း။”

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ မဲဆႏၵနယ္ေျမစာရင္း ထုတ္ျပန္ခ်က္မွာေတာ့ ၀နဲ႔မုိင္းလားေဒသေတြကုိလည္း ထည့္သြင္းထားတာပါ။

၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၀၊ ရွမ္း၊ လားဟူ၊ အခါ စတဲ့တိုင္းရင္းသားေတြ စုေပါင္းေနထိုင္ၿပီး LNDP ေခၚ လားဟူအမ်ိဳးသား ဖံြ႕ၿဖိဳးတိုးတက္ေရးပါတီကလည္း ၀ေဒသက ၄ ၿမိဳ႔နယ္မွာ ကိုယ္စားလွယ္အမည္ တင္သြင္းထားတာ မရွိပါဘူး။

ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ရွမ္းျပည္နယ္ ၅၅ၿမိဳ႔နယ္မွာ ဒီ ၅ၿမိဳ႔နယ္မွာေတာ့ ေရြးေကာက္ပဲြ က်င္းပဖို႔ အလားအလာနည္းေၾကာင္း အခုလို သံုးသပ္ေျပာဆိုပါတယ္။

“ က်ေနာ္ သိသေလာက္ကေတာ့ ၂၀၁၀ ေရြးေကာက္ပဲြမွာေကာ၊ ၂၀၁၅ေရြးေကာက္ပဲြမွာေကာ UWSA ဒီ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးတိုင္းေအာက္က ၄ၿမိဳ႔နယ္ေရာ၊ ရွမ္းအေရွ႕က မိုင္းလားၿမိဳ႔နယ္ စုစုေပါင္း ၅ၿမိဳ႔နယ္ ေရြးေကာက္ပြဲ မလုပ္ခဲ့ဘူး။ ဒါ တစ္ခ်က္ေပါ့။ ဒုတိယတစ္ခ်က္အေနနဲ႔ ေျပာရင္ လက္ရွိ ေရြးေကာ္က ေဆြးေႏြးတာကေတာ့ မိုင္းလားမပါဘူး။ ၀ ေတာ့ ပါတယ္။ ဒါေပမဲ့ ဒီေဒသေတြက လက္ရွိ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားမရွိတဲ့ ေဒသေတြျဖစ္ပါတယ္။ အဲေတာ့ လက္ရွိ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရား မရွိဘဲ ေရြးေကာက္ပဲြ လုပ္ဖို႔ ဆိုတာကေတာ့ က်ေနာ္ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ပဲ ထင္ပါတယ္။”

အမည္မေဖာ္လိုတဲ့ ရွမ္းျပည္နယ္ ေရြးေကာက္ပဲြ ေကာ္မရွင္က တာ၀န္ရွိသူ တစ္ဦးကေတာ့ UWSA ထိန္းခ်ဳပ္ရာ ၄ၿမိဳ႔နယ္မွာ မဲစာရင္း ျပဳစုလို႔ မရေသးေၾကာင္းနဲ႔ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းက ၂ၿမိဳ႔နယ္မွာသာ ေရြးေကာက္ပဲြ က်င္းပႏိုင္ဖြယ္ရွိေၾကာင္း ေျပာပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး UWSA က ေျပာေရးဆိုခြင့္ရွိသူကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၂၀၁၅ေရြးေကာက္ပဲြကာလမွာေတာ့ ရွမ္းျပည္နယ္က ၅၅ၿမိဳ႔နယ္မွာ ၀နဲ႔ မိုင္းလား ၅ၿမိဳ႔နယ္အျပင္ ေက်းသီးနဲ႔မိုင္းရႈးၿမိဳ႔နယ္ေတြမွာပါ လုံၿခံဳေရးအေျခအေနေတြေၾကာင့္ ေရြးေကာက္ပဲြ က်င္းပႏိုင္တာ မရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


....................

၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း
(Unicode)

နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝနဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေ အပါအဝင် တိုင်းရင်းသား ဒေသတချို့မှာရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာနည်းပါးနေတဲ့ အကြောင်း ကိုမိုးဇော် ပြောပြပါမယ်။

UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ ဒီနှစ်လည်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ မရေမရာ အခြေအနေနဲ့ ဖြစ်ပါတယ်။

အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ အဖြစ် သတ်မှတ်ထားတဲ့ UWSA ထိန်းချုပ်ရာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မြို့နယ် ၄မြို့နယ်နဲ့ မိုင်းလားအဖွဲ့က ထိန်းချုပ်ထားတဲ့ ကျိုင်းတုံခရိုင် မိုင်းလားမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းဟာ UWSA ထိန်းချုပ်ရာ မြို့နယ် ၄မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပန်ဆန်းမြို့ကို သွားရောက် ဆွေးနွေးခဲ့ပေမဲ့ လောလောဆည်မှာ နိုင်ငံရေးပါတီအများစုဟာ ဒီဒေသတွေမှာ အမည်စာရင်းတင်သွင်း ထားတာမရှိပါဘူး။

ဒီနှစ်အစောပိုင်းမှာ ဝနိုင်ငံရေးပါတီ ၃ပါတီ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ၀ အမျိုးသားပါတီအနေနဲ့လည်း ဒီ ၄မြို့နယ်မှာ အမည်စာရင်း တင်သွင်းတာမရှိသလို အခြားပါတီတွေလည်း တင်သွင်းတာ မကြားသိရကြောင်း ဝအမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးဆမ်ဆောင်ကားက VOA ကို အခုလို ပြောပါတယ်။

“ အဲဒီမြို့နယ်တွေကတော့ ကော်မရှင်ကတော့ လက်နက်ကိုင်အဖွဲ့နဲ့လည်း သူတို့ ညှိနှိုင်းခဲ့ပြီးပြီ။ လက်နက်ကိုင်အဖွဲ့က ဆက်ပြီးတော့ လုပ်နိုင်အောင် ကူညီပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုထက်ထိတော့ အဲဒီဘက်မှာ လျှောက်လွှာတင်တဲ့ပါတီတွေလည်း မတွေ့ရဘူး။ ပါတီကြီးတွေက အစလေ။ လျှောက်လွှာတင်ထားတာ မကြားဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့က ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း တော်တော်လေး ခက်ပါတယ်။ အဲဒါကြောင့် အဲဒီဘက်မှာ ပြိုင်ဖို့တော့ မရှိလောက်ဘူးထင်တယ်။ အခုအသေချာဆုံးကတော့ ၀ တိုင်းမှာ ဟိုပန်မြို့နယ်မှာ ၃နေရာ၊ မက်မန်းမှာ ၃နေရာ၊ နောက်ပြီးတော့မှ အမျိုးသားလွှတ်တော်လည်း ဝင်ရောက်ယှဉ်ပြိုင်မယ် အဲဒီ ၇နေရာတော့ သေချာသလောက်တော့ ရှိပါတယ်နော်။”

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ၆မြို့နယ်ရှိရာမှာ ဟိုပန်နဲ့ မက်မန်းက အစိုးရထိန်းချုပ်ထားပြီး ပန်ဝိုင်၊ မိုင်းမော၊ နားဖန်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်တွေကတော့ UWSA က ထိန်းချုပ်ထားတာပါ။ ၀ အမျိုးသားပါတီဟာ ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ် ပါတီနှင့် ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီ တို့ ပူးပေါင်းတည်ထောင်ထားတာဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ မိုင်းရှုး၊ မိုင်းပျဉ်းစတဲ့မြို့နယ်တွေမှာ ကိုယ်စားလှယ်ရရှိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့လည်း UWSA ထိန်းချုပ်ရာ မြို့နယ် ၄မြို့နယ် အပါအဝင် မိုင်းလားအဖွဲ့ခေါ် NDAA ထိန်းချုပ်ရာ မိုင်းလားမြို့နယ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖု့ိ မသေချာကြောင်း SNLD ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှုး ၁ စိုင်းကျော်ညွှန်က ပြောပါတယ်။

“ လောလောဆည်တော့ UEC က မြို့ ၃၃၀လုံးကို ကြေညာထားတယ်ဆိုပေမဲ့ အဲဒီနေရာက ရွေးကောက်ပွဲ ကျင်းပ ဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာ သိပ်မသေချာသေးဘူးပေါ့ဗျာ။ နည်းနည်းအနီးကပ်မှပဲ သူတို့ ပြန်ကြေညာမလား ဘာညာတော့ ရှိနိုင်တာပေါ့။ အဲဒီနေရာတွေကတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်။ ကျနော်တို့ လောလောဆည်တော့ မရှိဘူးဗျ။ ၀ ဒေသမှာနေတဲ့ လူတွေရဲ့ မှတ်ပုံတင်တို့ဘာတို့ အခုထိ အခက်အခဲရှိတယ်လေ။ ကျနော်တို့ ကြားသလောက်တော့။ အဲဒါ မရှိဘဲနဲ့ ကျနော်တို့ ဘယ်လို မဲပေးကြမလဲပေါ့။ မိုင်းလားကတော့လည်း သိပ်တော့ မသေချာဘူးဗျ။ ပြီးတဲ့ ခေါက်က မလုပ်ဘူးလေ မိုင်းလားကလည်း။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ချက်မှာတော့ ဝနဲ့မိုင်းလားဒေသတွေကိုလည်း ထည့်သွင်းထားတာပါ။

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝ၊ ရှမ်း၊ လားဟူ၊ အခါ စတဲ့တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ပြီး LNDP ခေါ် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ဝဒေသက ၄ မြို့နယ်မှာ ကိုယ်စားလှယ်အမည် တင်သွင်းထားတာ မရှိပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရှမ်းပြည်နယ် ၅၅မြို့နယ်မှာ ဒီ ၅မြို့နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့ အလားအလာနည်းကြောင်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ကျနော် သိသလောက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာကော၊ ၂၀၁၅ရွေးကောက်ပွဲမှာကော UWSA ဒီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းအောက်က ၄မြို့နယ်ရော၊ ရှမ်းအရှေ့က မိုင်းလားမြို့နယ် စုစုပေါင်း ၅မြို့နယ် ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး။ ဒါ တစ်ချက်ပေါ့။ ဒုတိယတစ်ချက်အနေနဲ့ ပြောရင် လက်ရှိ ရွေးကော်က ဆွေးနွေးတာကတော့ မိုင်းလားမပါဘူး။ ၀ တော့ ပါတယ်။ ဒါပေမဲ့ ဒီဒေသတွေက လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားမရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ အဲတော့ လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား မရှိဘဲ ရွေးကောက်ပွဲ လုပ်ဖို့ ဆိုတာကတော့ ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်။”

အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူ တစ်ဦးကတော့ UWSA ထိန်းချုပ်ရာ ၄မြို့နယ်မှာ မဲစာရင်း ပြုစုလို့ မရသေးကြောင်းနဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ၂မြို့နယ်မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး UWSA က ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲကာလမှာတော့ ရှမ်းပြည်နယ်က ၅၅မြို့နယ်မှာ ဝနဲ့ မိုင်းလား ၅မြို့နယ်အပြင် ကျေးသီးနဲ့မိုင်းရှုးမြို့နယ်တွေမှာပါ လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တာ မရှိခဲ့ပါဘူး။

XS
SM
MD
LG