သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိ၀င္ဘာေရြးေကာက္ပြဲမွာ တုိင္းရင္းသားပါတီေတြ ကုိယ့္ေဒသအသီးသီးမွာ အႏုိင္ရမလား


မွတ္တမ္းဓါတ္ပံု- ၂၀၁၀ ႏို၀င္ဘာ ေရြးေကာက္ပြဲတုန္းက မဲဆႏၵရွင္တဦး မဲထည့္ေနစဥ္

(Zawgyi/Unicode)

အခုလာမယ့္ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြအတြင္း တိုင္းရင္းသားျပည္နယ္ေတြမွာ ေဒသခံပါတီေတြ အႏိုင္ရလိမ့္မယ္ဆိုတာ အျပည့္အဝ ယုံၾကည္ေၾကာင္း တိုင္းရင္းသားပါတီ ေခါင္းေဆာင္တခ်ဳိ႕က ေျပာၾကားတဲ့အေၾကာင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။

၂၀၁၅ အေထြေထြေရြးေကာက္ပဲြမွာ NLD ပါတီ အျပတ္အသတ္ အႏိုင္ရၿပီး ဗဟုိနဲ႔ တုိင္း/ျပည္နယ္ ေဒသႀကီးေတြမွာ အစိုးရဖဲြ႔ႏုိင္ခဲ့ေပမယ့္ တုိင္းရင္သားေဒသ လက္နက္ကိုင္ပဋိပကၡ ေလွ်ာ့ခ် ပေပ်ာက္ေရး အပါအဝင္ ၊ ျပည္နယ္ေတြမွာ လုပ္သင့္လုပ္ထိုက္တဲ့ ဖံြ႔ၿဖဳိးတိုးတက္မႈေတြ လက္ေတြ႔ အေကာင္အထည္ ေဖၚႏိုင္ျခင္း မရွိခဲ့ဘူးဆိုတဲ့ ေဝဖန္သံေတြလည္း ထြက္ေပၚေနတာပါ။

ရခုိင္ျပည္နယ္မွာေတာ့ တခ်ဳိ႕ျပည္သူေတြက NLD ပါတီကို ေမွ်ာ္လင့္ခ်က္နဲ႔ ၂၀၁၅ မွာ မဲေပးခဲ့ၾကေပမဲ့ လက္ေတြ႔မွာ အေျပာင္းအလဲဆိုတာထက္ ပဋိပကၡကိုသာ ႀကဳံလာရတာေၾကာင့္ ဒီတႀကိမ္မွာ ရခိုင္ေဒသအေရး အာ႐ုံစိုက္လုပ္ႏိုင္မယ့္ ရခုိင္အမ်ဳိးသားပါတီ ANP ကုိသာ မဲထည့္ၾကလိမ့္မယ္လို႔ ေဒသခံေတြရဲ႕ အသံကိုနားေထာင္ထားတဲ့ ANP ပါ တီ ဥကၠဌ ဦးသာထြန္းလွက VOA ျမန္မာပုိင္းကို ေျပာပါတယ္။

“က်ေနာ္တို႔ ၂၀၁၅ ထက္ပိုၿပီး အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္တယ္။ ဘာျဖစ္လို႔လည္းဆိုရင္ ျပည္သူေတြက ဒီ NLD အစိုးရ လက္ထက္မွာ အေျပာင္းအလဲကို ခံစားရတာ မရွိဘူး ။ မခံစားရတဲ့အျပင္ ရခုိင္ျပည္နယ္မွာ ပဋိပကၡ ေတြ မ်ားၿပီး ျပည္သူေတြ ဒုကၡေရာက္တာ ပိုမ်ားတာပဲရွိတယ္ ။ ၿပီးရင္ ျမန္မာ တႏိုင္ငံလုံးမွာလည္း NLD အစိုးရ လုပ္ကုိင္ေဆာင္ရြက္ပုံေတြကို အားမလို အားမရ ျဖစ္တာ အမ်ားႀကီးရွိတယ္။ အဲလို အေျခအေနေတြ ရွိတဲ့အတြက္ေၾကာင့္ ၂၀၁၅ တုန္းက NLD ပါတီ အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္ေတြကိုပါ ဒီ ၂၀၂၀ ေရြးေကာက္ပဲြမွာ က်ေနာ္တို႔ အႏိုင္ရဖို႔ ရာခိုင္ႏႈန္း ပုိမ်ားတယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္။ NLD ပါတီက ၂၀၀၈ ဖဲြ႔စည္းပုံ အေျခခံ ဥပေဒ အရသာ အစိုးရျဖစ္ေနတာ ၊ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို အစိုးရက ထိထိမိမိ မလုပ္ႏိုင္ခဲ့တာေတြကို က်ေနာ္တို႔ ေတြ႔ရတယ္။ အဲလို အေျခအေန ရွိတဲ့အတြက္ေၾကာင့္ မဲဆႏၵရွင္ ျပည္သူေတြက ျပည္နယ္အတြက္ ကုိယ္လူမ်ဳိးေတြကိုယ္တိုင္ ဆုံးျဖတ္ၿပီး လုပ္ကိုင္ေဆာင္ရြက္တဲ့ ပါတီကို ေရြးခ်ယ္မဲေပး လာမယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္။”

ANP ပါတီကေတာ့ ရခိုင္ျပည္နယ္ ၿမဳိ့နယ္ (၁၇)ခုစလုံးမွာ ဝင္ၿပဳိင္မွာျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္ (၁၇)ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္ (၁၂)ေနရာနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ (၃၄) ေနရာ ဝင္ျပဳိင္သ ြားမွာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္မွာ ဆုိရင္လည္း ေဒသခံေတြက NLD အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေပၚ သုံးသပ္လာၾကၿပီး မိမိတို႔ တုိင္းရင္းသားအေရးကို အာ႐ုံစိုက္လုပ္မယ့္ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ SNLD ကို မဲေပးလာမယ္ဆိုတာ ယုံၾကည္တယ္လုိ႔ SNLD ပါတီ တဲြဖက္အတြင္းေရးမႉး(၁) စိုင္းေက်ာ္ညြန္႔က ေျပာပါတယ္။

“ အခုလက္ရွိ အႏိုင္ရပါတီ NLD ေပါ့ဗ်ာ၊ သူတို႔ အစိုးရျဖစ္လာတဲ့ အခ်ိန္က်ေတာ့ က်ေနာ္တို႔ ရွမး္ျပည္အတြက္သာ မကေပါ့ ကခ်င္တုိ႔ ရခုိင္တုိ႔ကအစ ျပည္နယ္မွာရွိတဲ့ တိုင္းရင္းသား လူမ်ဳိးေတြအတြက္ သူတို႔က အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္တာရွိတယ္။ ေနာက္ တိုင္းရင္းသားလူမ်ဳိးေတြကို တုိးတက္ေစတဲ့ လုပ္ငန္းေတြ လုပ္ေဆာင္လာတာ သိပ္မရွိပါဘူး။ ဒီ တုိင္းရင္းသား ျပည္နယ္ေဒသေတြမွာ ျဖစ္လာတဲ့ တိုက္ပဲြေတြမွာ အစိုးရက ဘာမွ အသံမထြက္ဘူးေလ ၊ တုိက္ပဲြကို ရပ္တန္႔ဖို႔ အမိန္႔မေပးတဲ့အျပင္ တခ်ဳိ႕ေနရာမွာက အားေပးတဲ့ သေဘာေတာင္ျဖစ္တယ္ ဥပမာ ရခုိင္ေဒသမွာ ဆုိရင္ေပါ့။ ဆုိေတာ့ကာ ၂၀၁၅ တုန္းကေတာ့ ဒီႏိုင္ငံရဲ႕ စနစ္တခု ေျပာင္းလဲႏိုင္မလား ဆိုၿပီးေတာ့ ဗမာမဟုတ္တဲ့ တုိင္းရင္းသား ေတြ ေတာင္မွပဲ လက္ရွိ အာဏာရပါတီ ကို မဲေပးခဲ့ၾကတာေပ့ါဗ်ာ။ ဒါေပမဲ့ မဲဆႏၵရွင္ေတြ သူတို႔ ေမွ်ာ္မွန္းသလို ျဖစ္မလာတဲ့အခါက်ေတာ့ ဒီတေခါက္မွာေတာ့ ကုိယ့္အလုပ္ကို ကုိယ္လုပ္မွပဲ ျဖစ္မယ္ဆိုတဲ့ စဥ္းစားခ်က္နဲ႔ သူ႔ သက္ဆုိင္ရာလူမ်ဳိးရဲ႕ ပါတီေတြကို မဲေပးဖို႔ မ်ားလာတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ကို မဲေပးလိမ့္မယ္လို႔ က်ေနာ္တို႔က ယုံၾကည္ ေမွ်ာ္လင့္ထားတယ္။”

SNLD ကေတာ့ ရွမ္းျပည္နယ္ ေနရာ အေတာ္မ်ားမ်ား ၊ ကခ်င္နဲ႔ ကယား ျပည္နယ္ေတြမွာပါ ဝင္ၿပဳိင္မွာျဖစ္ပါတယ္။ မႏၱေလးတိုင္းမွာလည္း ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာကို ဝင္ၿပဳိင္ဦးမွာပါ။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသား လႊတ္ေတာ္နဲ႔ ရွမ္းျပည္နယ္လႊတ္ေတာ္ ေနရာအားလုံးမွာ စုစုေပါင္း အေယာက္ (၁၅၀)ေလာက္ ဝင္ၿပဳိင္မွာ ျဖစ္ပါတယ္။

အရင္က အကဲြကဲြအျပားျပား ျဖစ္ေနတဲ့ ကခ်င္ပါတီႀကီး(၄)ခုကို ေပါင္းလုိက္ၿပီး အင္အားေတာင့္ေအာင္ စုစည္းလုိက္တာကေတာ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ပဲ ျဖစ္ပါတယ္။ သူတုိ႔ပါတီသာ အႏိုင္ရရင္ ကခ်င္စစ္ေရွာင္အေရးနဲ႔ ဖားကန္႔ေက်ာက္စိမ္းေမွာ္ အေရးေတြကို ဦးစားေပးကုိင္တြယ္ဖို႔ ရွိတာေၾကာင့္ သူတုိ႔ပါတီကို ေဒသခံျပည္သူေတြ မဲထည့္မယ္ဆိုတာ ယုံၾကည္ေၾကာင္း KSPP ပါတီ ဒုဥကၠဌ(၁) ေဒၚဒဲြဘူက ေျပာပါတယ္။

“ က်မတို႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီက ကခ်င္ျပည္နယ္မွာ အႏိုင္ရလာလို႔ရွိ ရင္ စစ္ေရွာင္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ က်မတို႔ အထူးဦးစားေပး အစီစဥ္ရွိပါတယ္။ အဲဒီေတာ့ တုိက္ပြဲေတြရပ္ၿပီးမွ စစ္ေရွာင္ေတြ အကုန္လုံး အိမ္ျပန္ႏိုင္ဖို႔ က်မတို႔ ႀကဳိးပမ္းရမွာေပါ့ေနာ္။ ဒီလုိ ႀကဳိးပမ္းတဲ့အခါမွာလည္း အစိုးရပါမယ္ ၊ ႏိုင္ငံတကာရဲ႕ ကူညီေထာက္ပံ့မႈေတြနဲ႔ေပါ့ေနာ္ ျပည္သူလူထုနဲ႔ တဲြၿပီးမွ က်မတို႔ လုပ္သြားရမွာပါ။ က်မတို႔ကေတာ့ ျပည္နယ္ရဲ႕ အေျခအေနကို နားလည္ေနတဲ့လူ ျဖစ္တယ္၊ ဒီစစ္ေရွာင္စခန္းေတြရဲ႕ လိုအပ္ခ်က္ သူတို႔ရဲ႕လိုလားခ်က္ေတြကိုလည္း သိေနတဲ့အခါက်ေတာ့ အဲဒီဟာေတြကို ေဆာင္ရြက္ႏိုင္ဖို႔ က်မတို႔ ႀကဳိးစားသြားမွာပါရွင့္ ။ အဲဒီေတာ့ လက္ရွိ ကခ်င္ျပည္နယ္ အစိုးရကုိၾကည့္ရင္ ဖဲြ႔စည္းပုံအရ လုပ္ပိုင္ခြင့္အာဏာ မရွိဘူးဆိုၿပီးမွ က်မတို႔ေဒသအတြက္ လုပ္ကိုင္ေပးတာ နည္းေနတယ္။ ရထားတဲ့ အာဏာထဲမွာကို အမ်ားႀကီးလုပ္ႏိုင္တာ ရွိပါတယ္။ CSO လူထုအေျချပဳ လူမႈအဖြဲ႔အစည္းေတြနဲ႔သာ ေပါင္းလုပ္မယ္ဆိုရင္ ျပည္နယ္အစိုးရ လုပ္ငန္းေတြ ေအာင္ျမင္မွာပါ။ ဒါေပမဲ့လည္း လူထုအေျချပဳ လူမႈအဖြဲ႔အစည္းေတြနဲ႔လည္း ေပါင္းစပ္ ညွိႏႈိင္းမႈ ေတြ႔ဆုံမႈဆိုတာ အင္မတန္ နည္းပါတယ္။”

KSPP ပါတီကလည္း ျပည္နယ္လႊတ္ေတာ္မွာ (၃၆)ဦး ၊ ျပည္သူ႔နဲ႔ အမ်ဳိးသား လႊတ္ေတာ္ေတြနဲ႔ပါဆို စုစုေပါင္း (၆၈)ဦး ဝင္ျပဳိင္ဖို႔ ရွိပါတယ္။

တုိင္းရင္းသားပါတီေတြ ဒီလို ေမွ်ာ္လင့္ခ်က္ရွိေပမဲ့ ျပည္နယ္ေတြမွာ လူမ်ားစုအႏုိင္ရသည့္တုိင္ ၂၀၀၈ ဖဲြ႔စည္းပုံအရ ျပည္နယ္အစိုးရကို ဗဟုိကသာ ဖဲြ႔စည္းမွာျဖစ္တဲ့အတြက္ ကိုယ္ျ့ပည္နယ္အက်ဳိးအတြက္ တကယ္ပဲ လုပ္ႏိုင္မွာပါလား။ NLD ပါတီနဲ႔ ေရာ ညွိႏႈိင္းမႈေတြ မရွိေတာ့ဘူးလား ဆိုတာ ေမးခြန္းထုတ္စရာပါ။ ANP ပါတီ ဥကၠဌ ဦးသာထြန္းလွက ခုလိုသုံးသပ္ပါတယ္။

“ NLD ပါတီမွာ တုိင္းရင္းသားေရးရာနဲ႔ ပတ္သက္ရင္ ေရးရာေကာ္မတီတခု ဖဲြ႔ထားတာ ရွိတယ္ဆိုတာ က်ေနာ္တုိ႔ သိေနတယ္။ ဒါေပမဲ့ အဲဒီေကာ္မတီနဲ႔ NLD အေနနဲ႔ကလည္း ဘယ္တိုင္းရင္းသား ပါတီနဲ႔မွ ေတြ႔ဆုံေဆြးေႏြးတယ္ဆုိတဲ့ သတင္းမ်ဳိး ဒီေန႔ထက္ထိ က်ေနာ္တို႔ မၾကားရေသးပါဘူး။ အဲဒါေၾကာင့္ NLD ပါတီ ကိုယ္တုိင္က ဒီ တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံၿပီး ေဆြးေႏြးမယ့္ မူဝါဒမ်ဳိး ရွိသလား၊ မရွိဘူးလားဆုိတာ ပီပီျပင္ျပင္ က်ေနာ္တို႔ မေတြ႔ရေသးတဲ့အတြက္ေၾကာင့္ NLD ပါတီနဲ႔ ေတြ႔ဆုံ ညွိႏႈိင္းမလား မေတြ႔ဘူးလား ေမးလာခဲ့ရင္ ဒါကို ေျပာဖို႔ ေစာေနေသးတယ္ ထင္ပါတယ္။”

၂၀၂၀ ေရြးေကာက္ပဲြမွာ ျပည္သူေတြက ဘယ္ေဒသမွာ ဘယ္ပါတီေတြကို မဲေပးၾကမလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ၾကရမွာ ျဖစ္ေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္


..................

နိုဝင်ဘာရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ကိုယ့်ဒေသအသီးသီးမှာ အနိုင်ရမလား

(Unicode)

အခုလာမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားပြည်နယ်တွေမှာ ဒေသခံပါတီတွေ အနိုင်ရလိမ့်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့က ပြောကြားတဲ့အကြောင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး ဗဟိုနဲ့ တိုင်း/ပြည်နယ် ဒေသကြီးတွေမှာ အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် တိုင်းရင်သားဒေသ လက်နက်ကိုင်ပဋိပက္ခ လျှော့ချ ပပျောက်ရေး အပါအဝင် ၊ ပြည်နယ်တွေမှာ လုပ်သင့်လုပ်ထိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ လက်တွေ့ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။

ရခိုင်ပြည်နယ်မှာတော့ တချို့ပြည်သူတွေက NLD ပါတီကို မျှော်လင့်ချက်နဲ့ ၂၀၁၅ မှာ မဲပေးခဲ့ကြပေမဲ့ လက်တွေ့မှာ အပြောင်းအလဲဆိုတာထက် ပဋိပက္ခကိုသာ ကြုံလာရတာကြောင့် ဒီတကြိမ်မှာ ရခိုင်ဒေသအရေး အာရုံစိုက်လုပ်နိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုသာ မဲထည့်ကြလိမ့်မယ်လို့ ဒေသခံတွေရဲ့ အသံကိုနားထောင်ထားတဲ့ ANP ပါ တီ ဥက္ကဌ ဦးသာထွန်းလှက VOA မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ ၂၀၁၅ ထက်ပိုပြီး အနိုင်ရမယ်လို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ပြည်သူတွေက ဒီ NLD အစိုးရ လက်ထက်မှာ အပြောင်းအလဲကို ခံစားရတာ မရှိဘူး ။ မခံစားရတဲ့အပြင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခ တွေ များပြီး ပြည်သူတွေ ဒုက္ခရောက်တာ ပိုများတာပဲရှိတယ် ။ ပြီးရင် မြန်မာ တနိုင်ငံလုံးမှာလည်း NLD အစိုးရ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို အားမလို အားမရ ဖြစ်တာ အများကြီးရှိတယ်။ အဲလို အခြေအနေတွေ ရှိတဲ့အတွက်ကြောင့် ၂၀၁၅ တုန်းက NLD ပါတီ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကိုပါ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ အနိုင်ရဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရသာ အစိုးရဖြစ်နေတာ ၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရက ထိထိမိမိ မလုပ်နိုင်ခဲ့တာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲလို အခြေအနေ ရှိတဲ့အတွက်ကြောင့် မဲဆန္ဒရှင် ပြည်သူတွေက ပြည်နယ်အတွက် ကိုယ်လူမျိုးတွေကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ ပါတီကို ရွေးချယ်မဲပေး လာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

ANP ပါတီကတော့ ရခိုင်ပြည်နယ် မြို့နယ် (၁၇)ခုစလုံးမှာ ဝင်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် (၁၇)နေရာ၊ အမျိုးသားလွှတ်တော် (၁၂)နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် (၃၄) နေရာ ဝင်ပြိုင်သ ွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ ဆိုရင်လည်း ဒေသခံတွေက NLD အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ် သုံးသပ်လာကြပြီး မိမိတို့ တိုင်းရင်းသားအရေးကို အာရုံစိုက်လုပ်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို မဲပေးလာမယ်ဆိုတာ ယုံကြည်တယ်လို့ SNLD ပါတီ တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က ပြောပါတယ်။

“ အခုလက်ရှိ အနိုင်ရပါတီ NLD ပေါ့ဗျာ၊ သူတို့ အစိုးရဖြစ်လာတဲ့ အချိန်ကျတော့ ကျနော်တို့ ရှမ်းပြည်အတွက်သာ မကပေါ့ ကချင်တို့ ရခိုင်တို့ကအစ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် သူတို့က အလုပ်ကောင်းကောင်း မလုပ်နိုင်တာရှိတယ်။ နောက် တိုင်းရင်းသားလူမျိုးတွေကို တိုးတက်စေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်လာတာ သိပ်မရှိပါဘူး။ ဒီ တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ ဖြစ်လာတဲ့ တိုက်ပွဲတွေမှာ အစိုးရက ဘာမှ အသံမထွက်ဘူးလေ ၊ တိုက်ပွဲကို ရပ်တန့်ဖို့ အမိန့်မပေးတဲ့အပြင် တချို့နေရာမှာက အားပေးတဲ့ သဘောတောင်ဖြစ်တယ် ဥပမာ ရခိုင်ဒေသမှာ ဆိုရင်ပေါ့။ ဆိုတော့ကာ ၂၀၁၅ တုန်းကတော့ ဒီနိုင်ငံရဲ့ စနစ်တခု ပြောင်းလဲနိုင်မလား ဆိုပြီးတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တွေ တောင်မှပဲ လက်ရှိ အာဏာရပါတီ ကို မဲပေးခဲ့ကြတာပေ့ါဗျာ။ ဒါပေမဲ့ မဲဆန္ဒရှင်တွေ သူတို့ မျှော်မှန်းသလို ဖြစ်မလာတဲ့အခါကျတော့ ဒီတခေါက်မှာတော့ ကိုယ့်အလုပ်ကို ကိုယ်လုပ်မှပဲ ဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ သူ့ သက်ဆိုင်ရာလူမျိုးရဲ့ ပါတီတွေကို မဲပေးဖို့ များလာတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးလိမ့်မယ်လို့ ကျနော်တို့က ယုံကြည် မျှော်လင့်ထားတယ်။”

SNLD ကတော့ ရှမ်းပြည်နယ် နေရာ အတော်များများ ၊ ကချင်နဲ့ ကယား ပြည်နယ်တွေမှာပါ ဝင်ပြိုင်မှာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာလည်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ပြိုင်ဦးမှာပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ရှမ်းပြည်နယ်လွှတ်တော် နေရာအားလုံးမှာ စုစုပေါင်း အယောက် (၁၅၀)လောက် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အရင်က အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ကချင်ပါတီကြီး(၄)ခုကို ပေါင်းလိုက်ပြီး အင်အားတောင့်အောင် စုစည်းလိုက်တာကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပဲ ဖြစ်ပါတယ်။ သူတို့ပါတီသာ အနိုင်ရရင် ကချင်စစ်ရှောင်အရေးနဲ့ ဖားကန့်ကျောက်စိမ်းမှော် အရေးတွေကို ဦးစားပေးကိုင်တွယ်ဖို့ ရှိတာကြောင့် သူတို့ပါတီကို ဒေသခံပြည်သူတွေ မဲထည့်မယ်ဆိုတာ ယုံကြည်ကြောင်း KSPP ပါတီ ဒုဥက္ကဌ(၁) ဒေါ်ဒွဲဘူက ပြောပါတယ်။

“ ကျမတို့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ကချင်ပြည်နယ်မှာ အနိုင်ရလာလို့ရှိ ရင် စစ်ရှောင်အရေးနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အထူးဦးစားပေး အစီစဉ်ရှိပါတယ်။ အဲဒီတော့ တိုက်ပွဲတွေရပ်ပြီးမှ စစ်ရှောင်တွေ အကုန်လုံး အိမ်ပြန်နိုင်ဖို့ ကျမတို့ ကြိုးပမ်းရမှာပေါ့နော်။ ဒီလို ကြိုးပမ်းတဲ့အခါမှာလည်း အစိုးရပါမယ် ၊ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ပေါ့နော် ပြည်သူလူထုနဲ့ တွဲပြီးမှ ကျမတို့ လုပ်သွားရမှာပါ။ ကျမတို့ကတော့ ပြည်နယ်ရဲ့ အခြေအနေကို နားလည်နေတဲ့လူ ဖြစ်တယ်၊ ဒီစစ်ရှောင်စခန်းတွေရဲ့ လိုအပ်ချက် သူတို့ရဲ့လိုလားချက်တွေကိုလည်း သိနေတဲ့အခါကျတော့ အဲဒီဟာတွေကို ဆောင်ရွက်နိုင်ဖို့ ကျမတို့ ကြိုးစားသွားမှာပါရှင့် ။ အဲဒီတော့ လက်ရှိ ကချင်ပြည်နယ် အစိုးရကိုကြည့်ရင် ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုပြီးမှ ကျမတို့ဒေသအတွက် လုပ်ကိုင်ပေးတာ နည်းနေတယ်။ ရထားတဲ့ အာဏာထဲမှာကို အများကြီးလုပ်နိုင်တာ ရှိပါတယ်။ CSO လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့သာ ပေါင်းလုပ်မယ်ဆိုရင် ပြည်နယ်အစိုးရ လုပ်ငန်းတွေ အောင်မြင်မှာပါ။ ဒါပေမဲ့လည်း လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့လည်း ပေါင်းစပ် ညှိနှိုင်းမှု တွေ့ဆုံမှုဆိုတာ အင်မတန် နည်းပါတယ်။”

KSPP ပါတီကလည်း ပြည်နယ်လွှတ်တော်မှာ (၃၆)ဦး ၊ ပြည်သူ့နဲ့ အမျိုးသား လွှတ်တော်တွေနဲ့ပါဆို စုစုပေါင်း (၆၈)ဦး ဝင်ပြိုင်ဖို့ ရှိပါတယ်။

တိုင်းရင်းသားပါတီတွေ ဒီလို မျှော်လင့်ချက်ရှိပေမဲ့ ပြည်နယ်တွေမှာ လူများစုအနိုင်ရသည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရကို ဗဟိုကသာ ဖွဲ့စည်းမှာဖြစ်တဲ့အတွက် ကိုယ်ြ့ပည်နယ်အကျိုးအတွက် တကယ်ပဲ လုပ်နိုင်မှာပါလား။ NLD ပါတီနဲ့ ရော ညှိနှိုင်းမှုတွေ မရှိတော့ဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါ။ ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက ခုလိုသုံးသပ်ပါတယ်။

“ NLD ပါတီမှာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ရင် ရေးရာကော်မတီတခု ဖွဲ့ထားတာ ရှိတယ်ဆိုတာ ကျနော်တို့ သိနေတယ်။ ဒါပေမဲ့ အဲဒီကော်မတီနဲ့ NLD အနေနဲ့ကလည်း ဘယ်တိုင်းရင်းသား ပါတီနဲ့မှ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ သတင်းမျိုး ဒီနေ့ထက်ထိ ကျနော်တို့ မကြားရသေးပါဘူး။ အဲဒါကြောင့် NLD ပါတီ ကိုယ်တိုင်က ဒီ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံပြီး ဆွေးနွေးမယ့် မူဝါဒမျိုး ရှိသလား၊ မရှိဘူးလားဆိုတာ ပီပီပြင်ပြင် ကျနော်တို့ မတွေ့ရသေးတဲ့အတွက်ကြောင့် NLD ပါတီနဲ့ တွေ့ဆုံ ညှိနှိုင်းမလား မတွေ့ဘူးလား မေးလာခဲ့ရင် ဒါကို ပြောဖို့ စောနေသေးတယ် ထင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဘယ်ဒေသမှာ ဘယ်ပါတီတွေကို မဲပေးကြမလဲ ဆိုတာကတော့ စောင့်ကြည့်ကြရမှာ ဖြစ်ကြောင်းပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG