သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္မဲေပးေရး ျပည္ပေရာက္ျမန္မာေတြ ျပင္ဆင္


၂၀၁၅ ေရြးေကာက္ပဲြတုန္းက ႀကိဳတင္မဲေပးဖို႔ တန္းစီေနၾကသူတခ်ိဳ႕ကို ထိုင္းႏိုင္ငံရွိ ျမန္မာသံရံုးေရွ႕မွာ ေတြ႕ရ။ (ေအာက္တိုဘာ ၁၇၊ ၂၀၁၅)

[Zawgyi/Unicode]

၂၀၂၀ ေရြးေကာက္ပြဲ ၾကိဳတင္မဲေပးႏိုင္ေရး ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြ ျပင္ဆင္ေနၾကတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

ျမန္မာႏုိင္ငံမွာ လႊတ္ေတာ္အသီးသီးအတြက္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြကို လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ တနဂၤေႏြေန႔မွာ က်င္းပမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒က ဇူလိုင္လ ၁ရက္ေန႔က ေၾကညာလိုက္တာပါ။ ဒီ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲမွာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ မဲေပးႏုိင္ၾကဖို႔ကိုလည္း သက္ဆုိင္ရာႏိုင္ငံအသီးသီးက ျမန္မာသံ႐ံုးေတြကေန ၾကိဳတင္ဆႏၵမဲေပးခြင့္ရွိသူမ်ား ေလွ်ာက္ထားနိုင္ဖို႔ ပံုစံ ၁၅ ေတြကို ဒီဇူလိုင္လဆန္းကစလို႔ စတင္ျဖန္႔ေဝေပးေနၿပီျဖစ္ပါတယ္။

ျပည္ပေရာက္ရွိေနတဲ့ တရားဝင္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားတဲ့ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ႏိုင္ငံကူးလက္မွတ္မိတၱဴ၊ ေနာက္ မဲဆႏၵနယ္-သတ္မွတ္စိစစ္ႏိုင္ဖို႔ အိမ္ေထာင္စုသန္းေခါင္စာရင္းမိတၱဴနဲ႔တကြ မိမိတို႔ေရာက္ရွိေနတဲ့ ႏုိင္ငံ ၿမိဳ႕ နဲ႔ ျမန္မာႏုိင္ငံတြင္းက မိမိရဲ႕ အျမဲတမ္းေနရပ္လိပ္စာကို (ပံုစံ ၁၅)မွာ ျပည့္စံုစြာျဖည့္စြက္ရမွာျဖစ္ၿပီးေတာ့ သက္ဆိုင္ရာႏုိင္ငံေတြကေန သတ္မွတ္ထားတဲ့ ေနာက္ဆံုးေန႔ရက္အမီ စာတုိက္ကျဖစ္ေစ email နဲ႔ျဖစ္ေစ ေပးပို႔ရမွာျဖစ္ပါတယ္။

ျပည္ပေရာက္ ျမန္မာအမ်ားဆံုးေနထုိင္ရာ အာရွႏိုင္ငံေတြမွာေတာ့ အထူးသျဖင့္ COVID-19 ကပ္ေရာဂါကာလအတြင္း အခက္အခဲမရွိ မဲေပးရမယ့္ပံုစံေတြ ျဖည့္သြင္းေပးပို႔ႏုိင္ေရး ျပည္ပေရာက္ႏုိင္ငံသား အခ်င္းခ်င္း ဝိုင္းဝန္းအၾကံေပးေနၾကပါတယ္။

စင္ကာပူႏုိင္ငံမွာေတာ့-လာမယ့္ ဇူလိုင္လ ၁၆ ရက္ေန႔မွာ မဲဆႏၵရွင္ပံုစံ ၁၅ စတင္ေပးပို႔ႏိုင္ၿပီး ၾသဂုတ္လ ၅ ရက္ေန႔ ေနာက္ဆံုးထားၿပီး ေပးပို႔ရမွာျဖစ္ပါတယ္။ စကၤာပူေရာက္ ျမန္မာေတြ ၾကိဳတင္မဲေတြေပးႏုိင္ေရး ၾကိဳတင္ျပင္ဆင္ေနၾကတဲ့ အေျခအေနေတြကို ကမ္းလြန္ေရနံ တည္ေဆာက္ေရးလုပ္ငန္းက လုပ္ငန္းခြင္ ေဘးကင္းလံုျခံဳေရးဆိုင္ရာ ဌာနမွဴး ဦးတင္မင္းက ဗီြအိုေအကိုေျပာျပပါတယ္။

"ျမန္မာအဖြဲ႔အစည္းေတြနဲ႔ ေနာက္ပရဟတိအဖြဲ႔ေတြ ဒီေန႔ ျမန္မာသံ႐ံုးမွာ အစည္းအေဝးရွိတယ္။ သူတို႔ေတြက ပထမဆံုးအဆင့္ကေတာ့ ဒီ ပံုစံ ၁၅ နဲ႔ ပတ္သက္လို႔ ရွိတဲ့ ဒီမွာျမန္မာအားလံုး မဲေပးလို႔ရတဲ့သူတိုင္း မဲေပးလုိ႔ရေအာင္ ဘယ္လိုစီစဥ္မလဲဆိုတာ ေဆြးေႏြးၾကမွာ။ စင္ကာပူမွာရွိတဲ့ ျမန္မာသံ႐ံုးက ပံုစံ ၁၅ အျပင္ ပတ္စ္ပို႔အျပင္ ဒီႏိုင္ငံမွာေနထိုင္တဲ့အေထာက္အထားေတာင္းတယ္။ PR ဆို PR ကဒ္ ေပါ့ေလ Work Permit ကဒ္ေပါ့ေလ Attachment Documents ပါ ပါလာေတာ့ တခ်ိဳ႕တခ်ိဳ႕ေတြအတြက္ နည္းနည္း အခက္အခဲျဖစ္လာတယ္ေပါ့ေလ။ ဒါေတြကို သူတို႔ဒီေန႔အစည္းအေဝးမွာ သူတို႔ ေျပာၾကဆိုၾကလိမ့္မယ္။ က်ေနာ္ၾကားတာေပါ့ေလ။ ေနာက္ သံ႐ံုးကို သြားတင္ဖို႔ကလည္း တခ်ိဳ႕ကေလးေတြက အျပင္ထြက္လို႔ မရဘူး။ အေဆာင္ေနရတဲ့ ကေလးေတြဆိုရင္ အခုအခ်ိန္အထိ isolation မွာ ရွိေနၾကတုန္းပဲ။ တခ်ိဳ႕ အိမ္အကူကေလးေတြဆိုရင္ သူတို႔အျပင္ထြက္လို႔ရတဲ့ေန႔က တနဂၤေႏြပဲရွိတယ္။ ၾကားရက္ ထြက္လို႔မရဘူး။ ဆိုေတာ့ ဒီလိုအေနအထားေတြမွာ ဘယ္သူေတြက ဘယ္လိုမ်ိဳး ကူညီႏုိင္မလဲေပါ့ေလ တခ်ိဳ႕ ျမန္မာအဖြဲ႔အစည္းေတြကေတာ့ ၾကားခံအေနနဲ႔ အကူညီေပးၾကမယ္ေပါ့ေလ။ ပံုစံျဖည့္တာမွာေရာ သံ႐ံုးကို တင္ေပးဖို႔ေရာေပါ့ ဒီလိုမ်ိဳးေတြၾကားတယ္။ ေနာက္ တခ်ိဳ႕ အဖြဲ႔အစည္းေတြက ဘာစဥ္းစားလဲဆိုေတာ့ အြန္လိုင္းကေန App ထုတ္မယ္၊ App လုပ္ၿပီး သံ႐ံုးရဲ႕ အီးေမးလ္ကို တိုက္ရိုက္လင့္လုပ္ၿပီးေတာ့ တခါတည္း Attachment Documents ဖိုင္ေတြ ခ်ိတ္ၿပီး တြဲတင္ႏိုင္ေအာင္ စီစဥ္ၾကလိမ့္မယ္လို႔ ေျပာသံလည္းၾကားတယ္။"

ျမန္မာႏုိင္ငံသား အလုပ္သမားေတြပါအဝင္ သိန္းခ်ီရွိေနတဲ့ မေလးရွားႏုိင္ငံမွာလည္း ၾကိဳတင္မဲေပးႏုိင္ဖို႔ ကြာလာလမ္ပူမွာ ရွိတဲ့ျမန္မာသံ႐ံုးမွာ မဲေပးခြင့္ပံုစံ ၁၅ ေတြ လာထုတ္ယူဖို႔ ဒီကေန႔ ဇူလိုင္လ ၆ ရက္ေန႔ရက္စြဲနဲ႔ ေဆာ္ၾသထုတ္ျပန္ပါတယ္။ မေလးရွားႏိုင္ငံ တဝွမ္းလံုး အတုိင္းအတာနဲ႔ မဲေပးရမယ့္သူေတြ အဆင္ေျပေအာင္ သံရံုးက လုပ္ေပးသင့္တဲ့ အခ်က္အလက္ေတြကို မေလးရွားေရာက္ ျမန္မာႏုိင္ငံသားေတြကို ကူညီေပးေနတ့ဲ ကြာလာလမ္ပူအေျခစိုက္ မေလးရွားႏိုင္ငံက ျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးဆန္းဝင္းက အၾကံျပဳပါတယ္။

"မေလးရွားေရာက္ ျမန္မာေတြအတြက္က ေနရာေဒသက မေလးရွားကလည္း အရမ္းက်ယ္ျပန္႔တယ္ေလ။ ထိုင္းဘက္ျခမ္းဆို ကလမ္တန္းတို႔ ပီနန္းတို႔ရွိတယ္။ စင္ကာပူနားဆို ဂ်ိဳဟိုးျပည္နယ္ဘက္အထိ အေရွ႕ဘက္ အင္ဒိုနီးရွားဘက္ျခမ္းဆို ဆာဗား ဆာဒါဝပ္ဆိုတဲ့ျပည္နယ္ရွိတယ္။ အဲ့ဘက္ေတြမွာလည္း တရားဝင္အလုပ္သမားေတြရွိတယ္။ အခုက ကြာလာလမ္ပူတခုတည္းကို မဲလာေပးရမယ္ဆိုရင္ ထုိင္းနယ္စပ္ကေန မဲလာေပးဖို႔ဆိုတာလည္းမျဖစ္ႏုိင္ဘူး။ ဒါေၾကာင့္ မေလးရွားႏိုင္ငံက အစိုးရအဖြဲ႔အစည္းေတြ ညိႇႏိႈင္းၿပီးေပါ့ေလ။ သတ္မွတ္ရက္ေလး တရက္သတ္မွတ္ၿပီး တၿပိဳင္နက္တည္း က်င္းပေပးမယ္ဆိုေကာင္းတယ္။ အဲ့လိုက်င္းပတဲ့အခါ မွာလည္း သက္ဆိုင္ရာျပည္နယ္ေတြမွာ ရွိတဲ့ က်ေနာ္တို႔လို လူမႈကူညီေရးအဖြဲ႔ေတြလည္း ပါဝင္ေစခ်င္တယ္။ ဒါမွသာ စစ္မွန္တဲ့ ဒီမိုကေရစီစနစ္နဲ႔ မဲေပးပိုင္ခြင့္ရွိၾကမယ္လို႔ က်ေနာ္က ယူဆတယ္။"

ျမန္မာႏုိင္ငံသားေတြ ေသာင္းခ်ီရွိေနတဲ့ ေတာင္ကုိရီးယားႏုိင္ငံ ကိုရီးယားေရာက္ျမန္မာႏုိင္ငံသား ၾကိဳတင္မဲေပးႏုိင္ေရး ဆိုးလ္အေျခစိုက္ ျမန္မာသံ႐ံုးရဲ႕ ၾကိဳတင္မဲေပးႏုိင္ေရးလုပ္ငန္းစဥ္ေတြမွာ ေတာင္ကိုရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြဘက္က "၂၀၂၀ ေရြးေကာက္ပြဲ အေထာက္အကူျပဳေကာ္မတီ" ဖြဲ႔ၿပီး ဝိုင္းဝန္းကူညီေပးေနၾကပါတယ္။ ေကာ္မတီရဲ႕ ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးဝင္းေပၚေမာင္က ျမန္မာႏုိင္ငံသားေတြ ႏုိင္ငံသား အခြင့္အေရးနဲ႔အညီ မဲေပးၾကဖို႔ တိုက္တြန္းပါတယ္။

"က်ေနာ္တို႔ ကိုရီးယားမွာက လူက ၃၀,၀၀၀ ေက်ာ္ေလာက္ရွိတယ္ေလ။ တကယ္တမ္း မဲလာေပးၾကမယ္ဆိုရင္ ပမာဏက မ်ားတဲ့အခါက်ေတာ့ သံ႐ံုးမွာ ရိွတဲ့ဝန္ထမ္းေတြနဲ႔ လုပ္ဖို႔ မလြယ္ဘူးေလ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံသားေတြက ဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္ေပးၾကတာပါ။ ဒါေၾကာင့္ ေတာင္ကိုရီးယားႏုိင္ငံထဲက နယ္ေျမေဒသအသီးသီးမွာရွိတဲ့ အသင္းအဖြဲ႔ေတြက ပထမပိုင္းမွာ ပံုစံ ၁၅ ျဖန္႔ေဝတာ မဲစာရင္းျပဳစုတာေတြ လုပ္မွာပါ စလည္း အခုစတင္ေနပါၿပီ။ အဓိကကေတာ့ တတ္ႏိုင္သေလာက္ျဖစ္ႏုိင္ရင္ မဲေပးၾကပါလို႔ က်ေနာ္တို႔က တိုက္တြန္းခ်င္ပါတယ္။ အဓိက ကေတာ့ ဘယ္ပါတီကိုပဲေပးေပး ဘယ္သူ႔ကိုပဲေပးေပး ကိုယ္ၾကိဳက္တာကို ေရြးခ်ယ္ၿပီး ေပးပါ မဲကို ေပးျဖစ္ေအာင္ ေပးၾကပါလို႔ က်ေနာ္တို႔က တုိက္တြန္းပါတယ္။ ဒါက ဘာလဲဆိုေတာ့ က်ေနာ္တို႔ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီစနစ္ ႏိုင္ငံေရးစနစ္ အေျခခုိင္သြားဖို႔ အသားက်သြားဖို႔က ေရြးေကာက္ပြဲေတြက သိပ္အေရးၾကီးပါတယ္ ေရြးေကာက္ပြဲေတြ ေအာင္ျမင္မွ ဒီမိုကေရစီ စနစ္ေအာင္ျမင္မယ္လို႔ တုိင္းတာလို႔ရမွာပါ။ ေရြးေကာက္ပြဲ မေအာင္ျမင္ဘူးဆိုရင္ ဒါ ဒီမိုကေရစီ ေနာက္လန္သြားတာမ်ိဳးျဖစ္သြားႏိုင္တယ္။ ဒါေၾကာင့္ ဒီေရြးေကာက္ပြဲမွာလည္း ေရြးေကာက္ပြဲေအာင္ျမင္ေရး အားလံုး မဲလာေပးၾကဖို႔ က်ေနာ္တို႔က တုိက္တြန္းပါတယ္။"

အာရွႏိုင္ငံေတြမွာလည္း ဒီလို ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ၾကိဳတင္မဲေပးႏုိင္ေရး ျပင္ဆင္ေနၾကသလို အေမရိကန္ျပည္ေထာင္စုမွာေတာ့ မဲေပးရမယ့္သူေတြရဲ႕ ျဖည့္စြက္ပံုစံကိုၾသဂုတ္လ ၅ ရက္ေန႔ ေနာက္ဆံုးထားၿပီး အေၾကာင္းၾကားေပးပို႔ရမယ္ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ အေျခစိုက္ ျမန္မာသံ႐ံုးကလည္း ထုတ္ျပန္ထားပါတယ္။

အလားတူ ဥေရာပဘက္ျခမ္းက ျမန္မာသံရံုးအေျခစိုက္ႏိုင္ငံေတြမွာလည္း ၾကိဳတင္မဲစာရင္းေတြ ေကာက္ခံႏုိင္ေရး ၾကိဳတင္ျပင္ဆင္ေနၾကၿပီျဖစ္ပါတယ္။

ဒီလိုမဲေပးခြင့္ရွိသူ ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြရဲ႕ ျဖည့္စြက္ပံုစံေတြကို သက္ဆိုင္ရာႏုိင္ငံေတြက စုစည္းၿပီး-ျမန္မာႏုိင္ငံက ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဆီကို သတ္မွတ္ခ်က္အမီ ေပးပို႔သြားမွာျဖစ္ၿပီး သက္ဆိုင္ရာ ႏုိင္ငံေတြအလိုက္ ၾကိဳတင္ဆႏၵမဲေပးပြဲ က်င္းပမယ့္ေန႔ရက္နဲ႔ အခ်ိန္ေတြကို ထပ္မံသတိေပး အေၾကာင္းၾကားသြားမွာျဖစ္တယ္လို႔ ျပည္ပႏိုင္ငံေတြမွာ အေျခစိုက္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ သံ႐ံုးေတြဘက္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကြိုတင်မဲပေးရေး ပြည်ပရောက်မြန်မာတွေ ပြင်ဆင်

၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲပေးနိုင်ရေး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဇူလိုင်လ ၁ရက်နေ့က ကြေညာလိုက်တာပါ။ ဒီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ကြဖို့ကိုလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာသံရုံးတွေကနေ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လျှောက်ထားနိုင်ဖို့ ပုံစံ ၁၅ တွေကို ဒီဇူလိုင်လဆန်းကစလို့ စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။

ပြည်ပရောက်ရှိနေတဲ့ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်မိတ္တူ၊ နောက် မဲဆန္ဒနယ်-သတ်မှတ်စိစစ်နိုင်ဖို့ အိမ်ထောင်စုသန်းခေါင်စာရင်းမိတ္တူနဲ့တကွ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံ မြို့ နဲ့ မြန်မာနိုင်ငံတွင်းက မိမိရဲ့ အမြဲတမ်းနေရပ်လိပ်စာကို (ပုံစံ ၁၅)မှာ ပြည့်စုံစွာဖြည့်စွက်ရမှာဖြစ်ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေကနေ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ရက်အမီ စာတိုက်ကဖြစ်စေ email နဲ့ဖြစ်စေ ပေးပို့ရမှာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာအများဆုံးနေထိုင်ရာ အာရှနိုင်ငံတွေမှာတော့ အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း အခက်အခဲမရှိ မဲပေးရမယ့်ပုံစံတွေ ဖြည့်သွင်းပေးပို့နိုင်ရေး ပြည်ပရောက်နိုင်ငံသား အချင်းချင်း ဝိုင်းဝန်းအကြံပေးနေကြပါတယ်။

စင်ကာပူနိုင်ငံမှာတော့-လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ မဲဆန္ဒရှင်ပုံစံ ၁၅ စတင်ပေးပို့နိုင်ပြီး သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။ စင်္ကာပူရောက် မြန်မာတွေ ကြိုတင်မဲတွေပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေကြတဲ့ အခြေအနေတွေကို ကမ်းလွန်ရေနံ တည်ဆောက်ရေးလုပ်ငန်းက လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဌာနမှူး ဦးတင်မင်းက ဗွီအိုအေကိုပြောပြပါတယ်။

"မြန်မာအဖွဲ့အစည်းတွေနဲ့ နောက်ပရဟတိအဖွဲ့တွေ ဒီနေ့ မြန်မာသံရုံးမှာ အစည်းအဝေးရှိတယ်။ သူတို့တွေက ပထမဆုံးအဆင့်ကတော့ ဒီ ပုံစံ ၁၅ နဲ့ ပတ်သက်လို့ ရှိတဲ့ ဒီမှာမြန်မာအားလုံး မဲပေးလို့ရတဲ့သူတိုင်း မဲပေးလို့ရအောင် ဘယ်လိုစီစဉ်မလဲဆိုတာ ဆွေးနွေးကြမှာ။ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးက ပုံစံ ၁၅ အပြင် ပတ်စ်ပို့အပြင် ဒီနိုင်ငံမှာနေထိုင်တဲ့အထောက်အထားတောင်းတယ်။ PR ဆို PR ကဒ် ပေါ့လေ Work Permit ကဒ်ပေါ့လေ Attachment Documents ပါ ပါလာတော့ တချို့တချို့တွေအတွက် နည်းနည်း အခက်အခဲဖြစ်လာတယ်ပေါ့လေ။ ဒါတွေကို သူတို့ဒီနေ့အစည်းအဝေးမှာ သူတို့ ပြောကြဆိုကြလိမ့်မယ်။ ကျနော်ကြားတာပေါ့လေ။ နောက် သံရုံးကို သွားတင်ဖို့ကလည်း တချို့ကလေးတွေက အပြင်ထွက်လို့ မရဘူး။ အဆောင်နေရတဲ့ ကလေးတွေဆိုရင် အခုအချိန်အထိ isolation မှာ ရှိနေကြတုန်းပဲ။ တချို့ အိမ်အကူကလေးတွေဆိုရင် သူတို့အပြင်ထွက်လို့ရတဲ့နေ့က တနင်္ဂနွေပဲရှိတယ်။ ကြားရက် ထွက်လို့မရဘူး။ ဆိုတော့ ဒီလိုအနေအထားတွေမှာ ဘယ်သူတွေက ဘယ်လိုမျိုး ကူညီနိုင်မလဲပေါ့လေ တချို့ မြန်မာအဖွဲ့အစည်းတွေကတော့ ကြားခံအနေနဲ့ အကူညီပေးကြမယ်ပေါ့လေ။ ပုံစံဖြည့်တာမှာရော သံရုံးကို တင်ပေးဖို့ရောပေါ့ ဒီလိုမျိုးတွေကြားတယ်။ နောက် တချို့ အဖွဲ့အစည်းတွေက ဘာစဉ်းစားလဲဆိုတော့ အွန်လိုင်းကနေ App ထုတ်မယ်၊ App လုပ်ပြီး သံရုံးရဲ့ အီးမေးလ်ကို တိုက်ရိုက်လင့်လုပ်ပြီးတော့ တခါတည်း Attachment Documents ဖိုင်တွေ ချိတ်ပြီး တွဲတင်နိုင်အောင် စီစဉ်ကြလိမ့်မယ်လို့ ပြောသံလည်းကြားတယ်။"

မြန်မာနိုင်ငံသား အလုပ်သမားတွေပါအဝင် သိန်းချီရှိနေတဲ့ မလေးရှားနိုင်ငံမှာလည်း ကြိုတင်မဲပေးနိုင်ဖို့ ကွာလာလမ်ပူမှာ ရှိတဲ့မြန်မာသံရုံးမှာ မဲပေးခွင့်ပုံစံ ၁၅ တွေ လာထုတ်ယူဖို့ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ရက်စွဲနဲ့ ဆော်သြထုတ်ပြန်ပါတယ်။ မလေးရှားနိုင်ငံ တဝှမ်းလုံး အတိုင်းအတာနဲ့ မဲပေးရမယ့်သူတွေ အဆင်ပြေအောင် သံရုံးက လုပ်ပေးသင့်တဲ့ အချက်အလက်တွေကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ကွာလာလမ်ပူအခြေစိုက် မလေးရှားနိုင်ငံက မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက အကြံပြုပါတယ်။

"မလေးရှားရောက် မြန်မာတွေအတွက်က နေရာဒေသက မလေးရှားကလည်း အရမ်းကျယ်ပြန့်တယ်လေ။ ထိုင်းဘက်ခြမ်းဆို ကလမ်တန်းတို့ ပီနန်းတို့ရှိတယ်။ စင်ကာပူနားဆို ဂျိုဟိုးပြည်နယ်ဘက်အထိ အရှေ့ဘက် အင်ဒိုနီးရှားဘက်ခြမ်းဆို ဆာဗား ဆာဒါဝပ်ဆိုတဲ့ပြည်နယ်ရှိတယ်။ အဲ့ဘက်တွေမှာလည်း တရားဝင်အလုပ်သမားတွေရှိတယ်။ အခုက ကွာလာလမ်ပူတခုတည်းကို မဲလာပေးရမယ်ဆိုရင် ထိုင်းနယ်စပ်ကနေ မဲလာပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ဒါကြောင့် မလေးရှားနိုင်ငံက အစိုးရအဖွဲ့အစည်းတွေ ညှိနှိုင်းပြီးပေါ့လေ။ သတ်မှတ်ရက်လေး တရက်သတ်မှတ်ပြီး တပြိုင်နက်တည်း ကျင်းပပေးမယ်ဆိုကောင်းတယ်။ အဲ့လိုကျင်းပတဲ့အခါ မှာလည်း သက်ဆိုင်ရာပြည်နယ်တွေမှာ ရှိတဲ့ ကျနော်တို့လို လူမှုကူညီရေးအဖွဲ့တွေလည်း ပါဝင်စေချင်တယ်။ ဒါမှသာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ မဲပေးပိုင်ခွင့်ရှိကြမယ်လို့ ကျနော်က ယူဆတယ်။"

မြန်မာနိုင်ငံသားတွေ သောင်းချီရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံ ကိုရီးယားရောက်မြန်မာနိုင်ငံသား ကြိုတင်မဲပေးနိုင်ရေး ဆိုးလ်အခြေစိုက် မြန်မာသံရုံးရဲ့ ကြိုတင်မဲပေးနိုင်ရေးလုပ်ငန်းစဉ်တွေမှာ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေဘက်က "၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ" ဖွဲ့ပြီး ဝိုင်းဝန်းကူညီပေးနေကြပါတယ်။ ကော်မတီရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးဝင်းပေါ်မောင်က မြန်မာနိုင်ငံသားတွေ နိုင်ငံသား အခွင့်အရေးနဲ့အညီ မဲပေးကြဖို့ တိုက်တွန်းပါတယ်။

"ကျနော်တို့ ကိုရီးယားမှာက လူက ၃၀,၀၀၀ ကျော်လောက်ရှိတယ်လေ။ တကယ်တမ်း မဲလာပေးကြမယ်ဆိုရင် ပမာဏက များတဲ့အခါကျတော့ သံရုံးမှာ ရှိတဲ့ဝန်ထမ်းတွေနဲ့ လုပ်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြတာပါ။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံထဲက နယ်မြေဒေသအသီးသီးမှာရှိတဲ့ အသင်းအဖွဲ့တွေက ပထမပိုင်းမှာ ပုံစံ ၁၅ ဖြန့်ဝေတာ မဲစာရင်းပြုစုတာတွေ လုပ်မှာပါ စလည်း အခုစတင်နေပါပြီ။ အဓိကကတော့ တတ်နိုင်သလောက်ဖြစ်နိုင်ရင် မဲပေးကြပါလို့ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ အဓိက ကတော့ ဘယ်ပါတီကိုပဲပေးပေး ဘယ်သူ့ကိုပဲပေးပေး ကိုယ်ကြိုက်တာကို ရွေးချယ်ပြီး ပေးပါ မဲကို ပေးဖြစ်အောင် ပေးကြပါလို့ ကျနော်တို့က တိုက်တွန်းပါတယ်။ ဒါက ဘာလဲဆိုတော့ ကျနော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် နိုင်ငံရေးစနစ် အခြေခိုင်သွားဖို့ အသားကျသွားဖို့က ရွေးကောက်ပွဲတွေက သိပ်အရေးကြီးပါတယ် ရွေးကောက်ပွဲတွေ အောင်မြင်မှ ဒီမိုကရေစီ စနစ်အောင်မြင်မယ်လို့ တိုင်းတာလို့ရမှာပါ။ ရွေးကောက်ပွဲ မအောင်မြင်ဘူးဆိုရင် ဒါ ဒီမိုကရေစီ နောက်လန်သွားတာမျိုးဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲအောင်မြင်ရေး အားလုံး မဲလာပေးကြဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။"

အာရှနိုင်ငံတွေမှာလည်း ဒီလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေကြသလို အမေရိကန်ပြည်ထောင်စုမှာတော့ မဲပေးရမယ့်သူတွေရဲ့ ဖြည့်စွက်ပုံစံကိုသြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းကြားပေးပို့ရမယ် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မြန်မာသံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ဥရောပဘက်ခြမ်းက မြန်မာသံရုံးအခြေစိုက်နိုင်ငံတွေမှာလည်း ကြိုတင်မဲစာရင်းတွေ ကောက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဒီလိုမဲပေးခွင့်ရှိသူ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဖြည့်စွက်ပုံစံတွေကို သက်ဆိုင်ရာနိုင်ငံတွေက စုစည်းပြီး-မြန်မာနိုင်ငံက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို သတ်မှတ်ချက်အမီ ပေးပို့သွားမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ကြိုတင်ဆန္ဒမဲပေးပွဲ ကျင်းပမယ့်နေ့ရက်နဲ့ အချိန်တွေကို ထပ်မံသတိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG