သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါနဲ႔ တုိက္ပြဲေတြအၾကားက်င္းပမယ့္ ေရြးေကာက္ပြဲတရားမွ်တမႈအေပၚ ႏုိင္ငံေရးပါတီေတြ ေမးခြန္းထုတ္


၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံပြဲက်င္းပ (ဇြန္ ၂၇-Union Election Commission)

(Zawgyi/Unicode)

ကပ္ေရာဂါနဲ႔ စစ္ေရးတင္းမာမႈေတြ ႀကဳံေနရခ်ိန္မွာ ဒီႏွစ္ထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈ ရွိပါ့မလားဆိုတဲ့ ေမးခြန္းေတြ ဆက္လက္ ထြက္ေပၚေနတဲ့အေၾကာင္း မေမခ တင္ျပထားပါတယ္။

ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္ ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးထားတဲ့ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲကို ကပ္ေရာဂါကာလ အကန႔္အသတ္ေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြၾကား က်င္းပရမယ့္ အေျခအေနေၾကာင့္ လြတ္လပ္မွ်တႏိုင္ပါ့မလားဆိုၿပီး ႏိုင္ငံေရးပါတီေတြက စိုးရိမ္ေနၾကတာပါ။ ၿပီးခဲ့တဲ့ ရက္ေတြမွာလည္း ႏိုင္ငံေရးပါတီက ကိုယ္စားလွယ္ေတြ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ေတြ႕ဆုံၿပီး လြတ္လပ္မွ်တမႈရွိေအာင္ ဖန္တီးေပးဖို႔လည္း ေတာင္းဆိုခဲ့ၾကပါတယ္။ ေကာ္မရွင္နဲ႔ ေတြ႕ဆုံခဲ့တဲ့အထဲက အဓိကႏိုင္ငံေရး ပါတီႀကီးတခုျဖစ္တဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ေဒါကၱာနႏၵာလွျမင့္ ကေတာ့ လက္ရွိအခ်ိန္အထိ ေဆာင္႐ြက္ခ်က္ေတြဟာ အားရစရာ မရွိဘူးလို႔ေျပာပါတယ္။

“ က်ေနာ္တို႔ ပါတီက ၂ ခ်က္တင္ျပခဲ့တယ္၊ လူဦးေရမ်ားတဲ့ေနရာေတြမွာ မဲ႐ုံေတြကိုတိုးေပးဖို႔၊ မဲ႐ုံမတိုးဘူးဆိုလဲ မဲ႐ုံေပးမယ့္ ေကာင္တာေတြကိုတိုးခ်ဲ႕ေပးေပါ့။ အားလုံးမဲေပးလို႔ရေအာင္ မဲ႐ုံတိုးခ်ဲ႕ေပးဖို႔ေတာင္းဆိုတာရွိပါတယ္။ ေနာက္တခုကေတာ့ မဲေရတြက္တဲ့ေနရာမွာ မဲရံုပိတ္တာနဲ႔ ႏွစ္ဖက္ ကိုယ္စားလွယ္ေတြေရွ႕မွာ မဲမေရတြက္ပဲနဲ႔ သက္ဆိုင္ရာကိုယ္စားလွယ္ေတြေရွ႕ခ်ိတ္ပိတ္ၿပီး ေကာ္မရွင္ေရာက္မွ မဲရံုတခုခ်င္းစီရဲ႕ အထုတ္ေတြကိုေျဖၿပီးေတာ့ အကုန္လုံး ေရွ႕ေရ တြက္ေပး ဖို႔ မွန္မွန္ကန္ကန္ျဖစ္ဖို႔ေပါ့ က်ေနာ္အဲလိုမ်ိဳးေတာင္းဆိုတာပါ။ အဲလိုလုပ္ဖို႔ ခက္တယ္လို႔ျပန္ေျဖသြားတယ္။ ေကာ္မရွင္ ရဲ႕ လုပ္ေဆာင္ခ်က္ကေတာ့ ေကာ္မရွင္ကို ၾကည့္ရတာ ျပတ္ျပတ္သားသားမေတြ႕ရဘူး။ တိက်ေရရာတဲ့ အေျဖမေပးႏိုင္ဘူး။ သူတို႔မွာလည္း ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဘာလုပ္လို႔ လုပ္ရမလဲမသိဘူးျဖစ္ေနသလိုပုံစံျဖစ္ေနတယ္လို႔ က်ေနာ္တို႔က သုံးသပ္ရတယ္။”

COVID-19 ကပ္ေရာဂါေၾကာင့္ လူစုလူေဝးမလုပ္ဖို႔ ကန႔္သတ္ခ်က္ေတြနဲ႔ ရခိုင္ျပည္နယ္ အပါအဝင္ တိုင္းရင္းသား ေဒသေတြက လက္နက္ကိုင္ ပဋိပကၡေတြက စည္း႐ုံးေရးလုပ္ငန္းေတြအေပၚ ႐ိုက္ခတ္လာမွာကို ႏိုင္ငံေရးပါတီေတြ စိုးရိမ္ေနၾကတာပါ။ ဒီလိုႏိုင္ငံေရး ပါတီေတြရဲ႕ စိုးရိမ္မႈေတြနဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ျပင္ဆင္ထားတာ မေတြ႕ရေသးဘူးလို႔လည္း လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီက မႏွင္းႏွင္းေမႊးကေျပာပါတယ္။

“ကိုဗစ္ကာလ မဲဆြယ္စည္း႐ုံးေရးကိုသူတို႔က ေယဘူယ်ေလာက္ပဲေျပာတာေပါ့။ သူတို႔က MOHS လို႔ေခၚတဲ့ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ညြန္ၾကားခ်က္ေတြအတိုင္း ေဆာင္ရြက္သြားမယ္ေပါ့။ က်မတို႔က အဲဒါေတြကအခ်ိန္နဲ႔တေျပးညီ ျဖစ္ေနေတာ့ ဘယ္လိုျပင္ရမလဲဆိုတာကျပႆနာရွိတယ္။ မဲဆြယ္တဲ့ ကိစၥမွာ ျဖစ္ျဖစ္ မဲေပးတဲ့ ကိစၥမွာ ျဖစ္ျဖစ္ ဒါနဲ႔ ပတ္သက္ရင္ က်မတို႔က တိတိက်က် သိခ်င္တယ္။ အႏၱရာယ္ကင္းကင္းမဲေပးႏိုင္ဖို႔၊ မဲေပးခ်ိန္တိုးေပးဖို႔ကို က်မတို႔ဘက္က တိုက္တြန္းေနတယ္။ သူတို႔ကေတာ့ ဥပေဒတိုင္းဆိုတဲ့ စကားကို ခဏခဏေျပာတယ္ ။ သို႔ေသာ္ အဲဒီဥပေဒေတြက လိုအပ္ရင္ လိုအပ္သလို ေကာ္မရွင္ဆုံးျဖတ္တာအတည္ျဖစ္တယ္လို႔ ျပင္လို႔ရတာမ်ိဳးေတြမွာ သူတို႔က ေကာ္မရွင္က ဥပေဒအတိုင္း လုပ္တာပါဆိုၿပီးေတာ့ ျငင္းဆိုတာမ်ိဳး ရွိပါတယ္။”

ေ႐ြးေကာက္ပြဲ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း မရွိေနသးတဲ့ အေပၚမွာလည္း ေကာ္မရွင္ အေပၚမွာ ႏိုင္ငံေရးပါတီေတြက ဘဝင္မက် ျဖစ္ေနၾကတာပါ။ တခ်ိန္တည္းမွာပဲ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေပၚ လက္ရွိအာဏာရ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၾသဇာလႊမ္းမိုးေနသလားဆိုၿပီး ေမးခြန္းထုတ္ေနသူေတြ ထဲမွာေတာ့ အဓိက တိုင္းရင္းသား ႏိုင္ငံေရးပါတီတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အေထြေထြအတြင္းေရးမႉး စိုင္းလိတ္ လည္းပါ၀င္ပါတယ္။

“သူတို႔နဲ႔နီးစပ္တဲ့ပုဂၢိဳလ္ ရွင္းရွင္းေျပာရရင္သူတို႔ပါတီထဲက လူေတြကိုထုတ္ၿပီးေတာ့၊ သူတို႔နဲ႔ နီးစပ္သူေတြ ကိုျပန္ခန႔္ထားတယ္။ ဒါေတြကိုကအစ လမ္းေၾကာင္းလြဲေနပါတယ္။ အႏိုင္ရပါတီနဲ႔ နီးစပ္တဲ့ ပုဂၢိဳလ္ေတြနဲ႔ပဲ ခန႔္ေတာ့သူ႔ကို အရိပ္တၾကည့္ၾကည့္နဲ႔လုပ္ရတာေပါ့။ တကယ္တမ္းျဖစ္သင့္တာက ႏိုဝင္ဘာမွာ လုပ္မယ္ဆိုတာေသခ်ာတယ္ဆို ဘယ္ေန႔လဲ ေျပာလိုက္ေပါ့။ တဖက္ကမီးစိမ္းမ ျပလို႔ အမိန႔္မရလို႔ မထုတ္တာေပါ့။ဆိုေတာ့ တဖက္ပါတီကို အခ်ိန္မရရေအာင္ လုပ္တဲ့သေဘာလို႔စြပ္စြဲၾကမယ္ဆိုစြပ္စြဲခံရႏိုင္ တာေပါ့ စြပ္စြဲသင့္တာကို။”

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဘက္ကေတာ့ လြတ္လပ္မွ်တၿပီး ဘက္လိုက္မႈကင္းကင္းနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း မၾကာေသးခင္ကပဲ တုံ႔ျပန္ေျပာဆိုထားတာပါ။ ႏိုင္ငံေရးပါတီေတြကေတာ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ေကာ္မရွင္အေနနဲ႔ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ အျမန္ဆုံးထုတ္ျပန္ေပးဖို႔လည္း ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကပ်ရောဂါနဲ့ တိုက်ပွဲတွေအကြားကျင်းပမယ့် ရွေးကောက်ပွဲတရားမျှတမှုအပေါ် နိုင်ငံရေးပါတီတွေ မေးခွန်းထုတ်

(Unicode)

ကပ်ရောဂါနဲ့ စစ်ရေးတင်းမာမှုတွေ ကြုံနေရချိန်မှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေ ဆက်လက် ထွက်ပေါ်နေတဲ့အကြောင်း မမေခ တင်ပြထားပါတယ်။

နိုင်ငံရေးပါတီ ၉၀ ကျော် ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ကပ်ရောဂါကာလ အကန့်အသတ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ကျင်းပရမယ့် အခြေအနေကြောင့် လွတ်လပ်မျှတနိုင်ပါ့မလားဆိုပြီး နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့ ရက်တွေမှာလည်း နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံပြီး လွတ်လပ်မျှတမှုရှိအောင် ဖန်တီးပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ကော်မရှင်နဲ့ တွေ့ဆုံခဲ့တဲ့အထဲက အဓိကနိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါက္တာနန္ဒာလှမြင့် ကတော့ လက်ရှိအချိန်အထိ ဆောင်ရွက်ချက်တွေဟာ အားရစရာ မရှိဘူးလို့ပြောပါတယ်။

“ ကျနော်တို့ ပါတီက ၂ ချက်တင်ပြခဲ့တယ်၊ လူဦးရေများတဲ့နေရာတွေမှာ မဲရုံတွေကိုတိုးပေးဖို့၊ မဲရုံမတိုးဘူးဆိုလဲ မဲရုံပေးမယ့် ကောင်တာတွေကိုတိုးချဲ့ပေးပေါ့။ အားလုံးမဲပေးလို့ရအောင် မဲရုံတိုးချဲ့ပေးဖို့တောင်းဆိုတာရှိပါတယ်။ နောက်တခုကတော့ မဲရေတွက်တဲ့နေရာမှာ မဲရုံပိတ်တာနဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေရှေ့မှာ မဲမရေတွက်ပဲနဲ့ သက်ဆိုင်ရာကိုယ်စားလှယ်တွေရှေ့ချိတ်ပိတ်ပြီး ကော်မရှင်ရောက်မှ မဲရုံတခုချင်းစီရဲ့ အထုတ်တွေကိုဖြေပြီးတော့ အကုန်လုံး ရှေ့ရေ တွက်ပေး ဖို့ မှန်မှန်ကန်ကန်ဖြစ်ဖို့ပေါ့ ကျနော်အဲလိုမျိုးတောင်းဆိုတာပါ။ အဲလိုလုပ်ဖို့ ခက်တယ်လို့ပြန်ဖြေသွားတယ်။ ကော်မရှင် ရဲ့ လုပ်ဆောင်ချက်ကတော့ ကော်မရှင်ကို ကြည့်ရတာ ပြတ်ပြတ်သားသားမတွေ့ရဘူး။ တိကျရေရာတဲ့ အဖြေမပေးနိုင်ဘူး။ သူတို့မှာလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာလုပ်လို့ လုပ်ရမလဲမသိဘူးဖြစ်နေသလိုပုံစံဖြစ်နေတယ်လို့ ကျနော်တို့က သုံးသပ်ရတယ်။”

COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ ကန့်သတ်ချက်တွေနဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေက စည်းရုံးရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်လာမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြတာပါ။ ဒီလိုနိုင်ငံရေး ပါတီတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ထားတာ မတွေ့ရသေးဘူးလို့လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက မနှင်းနှင်းမွှေးကပြောပါတယ်။

“ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးကိုသူတို့က ယေဘူယျလောက်ပဲပြောတာပေါ့။ သူတို့က MOHS လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေအတိုင်း ဆောင်ရွက်သွားမယ်ပေါ့။ ကျမတို့က အဲဒါတွေကအချိန်နဲ့တပြေးညီ ဖြစ်နေတော့ ဘယ်လိုပြင်ရမလဲဆိုတာကပြဿနာရှိတယ်။ မဲဆွယ်တဲ့ ကိစ္စမှာ ဖြစ်ဖြစ် မဲပေးတဲ့ ကိစ္စမှာ ဖြစ်ဖြစ် ဒါနဲ့ ပတ်သက်ရင် ကျမတို့က တိတိကျကျ သိချင်တယ်။ အန္တရာယ်ကင်းကင်းမဲပေးနိုင်ဖို့၊ မဲပေးချိန်တိုးပေးဖို့ကို ကျမတို့ဘက်က တိုက်တွန်းနေတယ်။ သူတို့ကတော့ ဥပဒေတိုင်းဆိုတဲ့ စကားကို ခဏခဏပြောတယ် ။ သို့သော် အဲဒီဥပဒေတွေက လိုအပ်ရင် လိုအပ်သလို ကော်မရှင်ဆုံးဖြတ်တာအတည်ဖြစ်တယ်လို့ ပြင်လို့ရတာမျိုးတွေမှာ သူတို့က ကော်မရှင်က ဥပဒေအတိုင်း လုပ်တာပါဆိုပြီးတော့ ငြင်းဆိုတာမျိုး ရှိပါတယ်။”

ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိနေသးတဲ့ အပေါ်မှာလည်း ကော်မရှင် အပေါ်မှာ နိုင်ငံရေးပါတီတွေက ဘဝင်မကျ ဖြစ်နေကြတာပါ။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲ ကော်မရှင် အပေါ် လက်ရှိအာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာလွှမ်းမိုးနေသလားဆိုပြီး မေးခွန်းထုတ်နေသူတွေ ထဲမှာတော့ အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး စိုင်းလိတ် လည်းပါဝင်ပါတယ်။

“သူတို့နဲ့နီးစပ်တဲ့ပုဂ္ဂိုလ် ရှင်းရှင်းပြောရရင်သူတို့ပါတီထဲက လူတွေကိုထုတ်ပြီးတော့၊ သူတို့နဲ့ နီးစပ်သူတွေ ကိုပြန်ခန့်ထားတယ်။ ဒါတွေကိုကအစ လမ်းကြောင်းလွဲနေပါတယ်။ အနိုင်ရပါတီနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ခန့်တော့သူ့ကို အရိပ်တကြည့်ကြည့်နဲ့လုပ်ရတာပေါ့။ တကယ်တမ်းဖြစ်သင့်တာက နိုဝင်ဘာမှာ လုပ်မယ်ဆိုတာသေချာတယ်ဆို ဘယ်နေ့လဲ ပြောလိုက်ပေါ့။ တဖက်ကမီးစိမ်းမ ပြလို့ အမိန့်မရလို့ မထုတ်တာပေါ့။ဆိုတော့ တဖက်ပါတီကို အချိန်မရရအောင် လုပ်တဲ့သဘောလို့စွပ်စွဲကြမယ်ဆိုစွပ်စွဲခံရနိုင် တာပေါ့ စွပ်စွဲသင့်တာကို။”

ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ လွတ်လပ်မျှတပြီး ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မကြာသေးခင်ကပဲ တုံ့ပြန်ပြောဆိုထားတာပါ။ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကော်မရှင်အနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် အမြန်ဆုံးထုတ်ပြန်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG