သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲမွာ NLD နဲ႔ယွဥ္ၿပိဳင္မႈ တန္းတူမွ်တမႈ မရွိမွာကို ပါတီေတြ စိုးရိမ္


၂၀၁၆ ေမလတုန္းက ရန္ကုန္ၿမို႕ရွိ ပါတီ ဌာနခ်ဳပ္ ကို ေတြ႔ရစဥ္။ (ဓါတ္ပံု - courtesy photo/NLD)

(Zawgyi/Unicode)

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ဒီႏွစ္ႏိုဝင္ဘာလထဲ က်င္းပမယ္လို႔ ေကာ္မရွင္ကဆိုထားပါတယ္။ COVID-19 ကပ္ေရာဂါရဲ႕အကန႔္အသတ္ေတြေၾကာင့္ ဝင္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြအေနနဲ႔ လက္ရွိ အာဏာရပါတီ နဲ႔ တန္းတူ မွ်တစြာ ယွဥ္ၿပိဳင္ခြင့္ရပါ့မလားဆိုတာကို႔ ႏိုင္ငံေရးပါတီအခ်ိဳ႕က စိုးရိမ္ေနပါတယ္။ ဒီသတင္းကို မ ေမခ စုံစမ္းေမးျမန္းတင္ျပထားတာပါ။

ကမာၻ႔ကပ္ေရာဂါ COVID-19 အၾကပ္အတည္း အေျခအေနႀကဳံေနရေပမယ့္ ေရာဂါထိန္းခ်ဳပ္ႏိုင္တဲ့ အေျခေအနရွိတာေၾကာင့္ လာမယ့္ေ႐ြးေကာက္ ပြဲကို ႏိုဝင္ဘာမွာက်င္းပမယ္လို႔ေကာ္မရွင္ကေတာ့ေၾကညာ ထားၿပီး ရက္အတိက် မသိရေသးပါဘူး။ COVID-19 ေရာဂါထိန္းခ်ဳပ္၊ ကန႔္သတ္မႈေတြရွိေနလို႔ မဲဆြယ္စည္း႐ုံးတဲ့ကာလ အဆင္မေျပမွာကို ႏိုင္ငံေရးပါတီေတြ ဘက္က စိုးရိမ္မႈရွိပါတယ္။

ဒီလိုအခ်ိန္မွာ NLD ပါတီရဲ႕ အခ်ိန္မတိုင္ခင္ ေ႐ြးေကာက္ပြဲ မဲဆြယ္တဲ့ပုံစံေတြအေပၚပါတီတခ်ိဳ႕က ေထာက္ျပမႈေတြ ရွိေနသလို ဒီေ႐ြးေကာက္ပြဲမွာတျခား ႏိုင္ငံေရးပါတီေတြအေနနဲ႔ လက္ရွိအာဏာရပါတီနဲ႔ တန္းတူ မွ်တစြာ ယွဥ္ၿပိဳင္ခြင့္ရပါ့မလားဆိုတဲ့ ေမးခြန္းေတြ လည္းထြက္ေပၚေနပါတယ္။

လူ႔ေဘာင့္သစ္ ဒီမိုကရက္တစ္ပါတီ ဥကဌ ဦးေအာင္မိုးေဇာ္က လက္ရွိ ေရာဂါေၾကာင့္ တည္ဆဲ ဥပေဒ သက္ေရာက္မႈ ကလည္းရွိေနၿပီး ဘယ္လို ႏိုင္ငံေရးပါတီေတြ မဲဆြယ္ႏိုင္မယ္ဆိုတာက လည္းခုထိ ရွင္းလင္းစြာ မသိရေသးပါဘူး။ လက္ရွိ အေနအထားအရ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီတိုင္း တန္း တူခြင့္ေရးနဲ႔ ယွဥ္ၿပိဳင္ႏိုင္ခြင့္ရဖို႔ဆိုတာ အေတာ္ခက္ခဲႏိုင္တယ္လို႔ သူကသုံးသပ္ပါတယ္။

“ လက္ေတြ႔ ေ႐ြးေကာက္ပြဲကို က်ေနာ္တို႔ ၀င္ေတာ့မယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြ အကုန္လံုးအတြက္ မွ်ၽမွ်တတ ျဖစ္တဲ့ အခင္းအက်င္းရွိဖို႔လိုမယ္လို႔ က်ေနာ္ကေတာ့ အဲလိုယူဆတယ္။လက္ေတြ႕ေတြ႕ေနရတာက ကိုဗစ္ကို အေၾကာင္းျပဳၿပီး ျပည္သူလူထုကိုထိေတြ႕တာ၊ ျပည္သူလူထုကို ကူညီေနတာျဖစ္ျဖစ္ လက္ရွိအစိုးရ လုပ္ေဆာင္ေနတာျဖစ္တယ္။ လက္ရွိအစိုးရလုပ္ေဆာင္ေနတာက တၿပိဳင္နက္ထဲမွာ လက္ရွိအာဏာရပါတီအေနနဲ႔ လုပ္ေနတယ္တာလို႔ေျပာလို႔ရတယ္။ ေနာက္ၿပီး ျပင္တဲ့ ဆင္တဲ့ ကိစၥမွာေရာ သြားတဲ့လာတဲ့ ကိစၥေတြမွာေရာတျခားႏိုင္ငံေရးပါတီေတြက လက္ရိွအာဏာရပါတီနဲ႔ ႏိႈင္းယွဥ္ရင္ လက္ဦးမႈ နည္းနည္း မဲ့ေနတယ္။ အာဏာရပါတီႀကီးကဘဲ လက္ဦးမႈယူေနသလို ျဖစ္တယ္လို႔ က်ေနာ္ေတာ့ျမင္တယ္”

လက္ရွိခ်ိန္ထိ ေကာ္မရွင္ဘက္က ဘာေဆြးေႏြးမႈမွမရွိသလို ဘာမွ တိတိက်က် မသိတာေၾကာင့္ ေကာ္မရွင္ဘက္က ဆုံးျဖတ္မႈကို အျမန္ဆုံးခ်ျပေပးဖို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က စိုင္းလိတ္ကေတာင္းဆိုလိုက္ၿပီး လာမယ့္ေ႐ြးေကာက္ပြဲအေပၚ သူကခုလို သုံးသပ္ပါတယ္။

“ ေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္လို႔ UEC တရားဝင္ ေၾကညာခ်က္မထြက္ ေသးဘူးေပါ့ေနာ္ ၊ အႏိုင္ရပါတီကလြဲၿပီး ဘယ္ပါတီမွ တရား၀င္ ႀကိဳတင္ျပင္ႏိုင္တာမရွိပါဘူး။ မဲဆြယ္စည္းရံုးတယ္ဆိုတာ အေဝးႀကီးေပါ့ဗ်ာ။ UECအေနနဲ႔ တရား၀င္ မေၾကညာသေရြ႕ကေတာ့ က်ေနာ္တို႔ဟာ တေျပးညီ စည္းရံုးပိုင္ခြင့္၊ လႈပ္ရွားပိုင္ခြင့္ မရွိဘူးျဖစ္ေနပါတယ္။ အေျခခံလူတန္းစားကို အဓိက ဦးတည္ၿပီးေတာ့စည္း႐ုံးဆင္းရမယ့္ နယ္ပါတီေတြ တိုင္းရင္းသားပါတီေတြ အကုန္လံုး အေနနဲ႔က တျခားပါတီႀကီးေတြထက္စာရင္ပိုၿပီးေတာ့ အခက္အခဲရွိပါတယ္။ အားလံုးကို ၿခဳံၿပီးသံုးသပ္မယ္ဆိုရင္ မွ်တမႈ ရွိတဲ့ အေနအထားေတာ့ ေရာက္မေနဘူး ၊ UEC ဘက္က ထည့္တြက္ စဥ္းစားဖို႔ လိုအပ္ပါတယ္။”

ေ႐ြးေကာက္ပြဲကို မျဖစ္မေန လုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔သာဆိုေပမယ့္ ကိုဗစ္ကာလ မဲဆြယ္စည္း႐ုံးမႈပိုင္းက ကန႔္သတ္မႈေတြ ရွိလာႏိုင္တာမို႔ ပါတီသစ္ေတြနဲ႔ ပါတီငယ္ေတြ မဲရရွိဖို႔က ႐ုန္း ကန္ ရဖြယ္ရွိပါတယ္။ ဒီလိုအခ်ိန္မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္အေနနဲ႔ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ႏိုင္ငံေရးပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ညႇိဳႏႈိင္း ၿပီးမွ ရက္သတ္မွတ္ဖို႔ တင္ျပလာသူက ျပည္သူ႔ပါတီ ဗဟို ေကာ္မတီဝင္ ဦးေက်ာ္လင္းပါ။

“ ႏိုင္ငံေရးပါတီေတြရဲ႕ အခက္အခဲေတြကို ေျဖရွင္းေပးသင့္တယ္ လို႔ က်ေနာ္တို႔ သံုးသပ္ပါတယ္။ က်ေနာ္တို႔ တိုင္းရင္းသားပါတီေတြ၊ ပါတီ သစ္ေတြ ၾကားမွာေရာ ေကာ္မရွင္အေပၚ သန္႔ရွင္း တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပေပးႏိုင္မယ္လို႔ မယံုၾကည္တဲ့ သံသယေတြ က်ေနာ္တို႔ ၀င္ေနပါတယ္။”

ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္အတိအက်ကိုေတာ့ ေရွ႕လထဲ ေၾကညာဖို႔ရွိတယ္လို႔ ေကာ္မရွင္က ဆိုပါတယ္။ ေ႐ြးေကာက္ပြဲကို က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္း လုပ္ေဆာင္မယ္လို႔လည္း ေကာ္မရွင္က ေျပာဆိုထားၿပီး တည္ဆဲမွတ္ပုံ တင္ထားတဲ့ပါတီက ၉၇ ပါတီရွိၿပီး ဒီထဲက ပါတီ ၉၀ နီးပါး လာမယ့္ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရွေးကောက်ပွဲမှာ NLD နဲ့ယှဉ်ပြိုင်မှု တန်းတူမျှတမှု မရှိမှာကို ပါတီတွေ စိုးရိမ်

(Unicode)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီနှစ်နိုဝင်ဘာလထဲ ကျင်းပမယ်လို့ ကော်မရှင်ကဆိုထားပါတယ်။ COVID-19ကပ်ရောဂါရဲ့အကန့်အသတ်တွေကြောင့် ဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိ အာဏာရပါတီ နဲ့ တန်းတူ မျှတစွာ ယှဉ်ပြိုင်ခွင့်ရပါ့မလားဆိုတာကို့ နိုင်ငံရေးပါတီအချို့က စိုးရိမ်နေပါတယ်။ ဒီသတင်းကို မ မေခ စုံစမ်းမေးမြန်းတင်ပြထားတာပါ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြပ်အတည်း အခြေအနေကြုံနေရပေမယ့် ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအေနရှိတာကြောင့် လာမယ့်ရွေးကောက် ပွဲကို နိုဝင်ဘာမှာကျင်းပမယ်လို့ကော်မရှင်ကတော့ကြေညာ ထားပြီး ရက်အတိကျ မသိရသေးပါဘူး။ COVID-19 ရောဂါထိန်းချုပ်၊ ကန့်သတ်မှုတွေရှိနေလို့ မဲဆွယ်စည်းရုံးတဲ့ကာလ အဆင်မပြေမှာကို နိုင်ငံရေးပါတီတွေ ဘက်က စိုးရိမ်မှုရှိပါတယ်။

ဒီလိုအချိန်မှာ NLD ပါတီရဲ့ အချိန်မတိုင်ခင် ရွေးကောက်ပွဲ မဲဆွယ်တဲ့ပုံစံတွေအပေါ်ပါတီတချို့က ထောက်ပြမှုတွေ ရှိနေသလို ဒီရွေးကောက်ပွဲမှာတခြား နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိအာဏာရပါတီနဲ့ တန်းတူ မျှတစွာ ယှဉ်ပြိုင်ခွင့်ရပါ့မလားဆိုတဲ့ မေးခွန်းတွေ လည်းထွက်ပေါ်နေပါတယ်။

လူ့ဘောင့်သစ် ဒီမိုကရက်တစ်ပါတီ ဥကဌ ဦးအောင်မိုးဇော်က လက်ရှိ ရောဂါကြောင့် တည်ဆဲ ဥပဒေ သက်ရောက်မှု ကလည်းရှိနေပြီး ဘယ်လို နိုင်ငံရေးပါတီတွေ မဲဆွယ်နိုင်မယ်ဆိုတာက လည်းခုထိ ရှင်းလင်းစွာ မသိရသေးပါဘူး။ လက်ရှိ အနေအထားအရ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း တန်း တူခွင့်ရေးနဲ့ ယှဉ်ပြိုင်နိုင်ခွင့်ရဖို့ဆိုတာ အတော်ခက်ခဲနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

“ လက်တွေ့ ရွေးကောက်ပွဲကို ကျနော်တို့ ဝင်တော့မယ်ဆိုရင် နိုင်ငံရေးပါတီတွေ အကုန်လုံးအတွက် မျှျမျှတတ ဖြစ်တဲ့ အခင်းအကျင်းရှိဖို့လိုမယ်လို့ ကျနော်ကတော့ အဲလိုယူဆတယ်။လက်တွေ့တွေ့နေရတာက ကိုဗစ်ကို အကြောင်းပြုပြီး ပြည်သူလူထုကိုထိတွေ့တာ၊ ပြည်သူလူထုကို ကူညီနေတာဖြစ်ဖြစ် လက်ရှိအစိုးရ လုပ်ဆောင်နေတာဖြစ်တယ်။ လက်ရှိအစိုးရလုပ်ဆောင်နေတာက တပြိုင်နက်ထဲမှာ လက်ရှိအာဏာရပါတီအနေနဲ့ လုပ်နေတယ်တာလို့ပြောလို့ရတယ်။ နောက်ပြီး ပြင်တဲ့ ဆင်တဲ့ ကိစ္စမှာရော သွားတဲ့လာတဲ့ ကိစ္စတွေမှာရောတခြားနိုင်ငံရေးပါတီတွေက လက်ရှိအာဏာရပါတီနဲ့ နှိုင်းယှဉ်ရင် လက်ဦးမှု နည်းနည်း မဲ့နေတယ်။ အာဏာရပါတီကြီးကဘဲ လက်ဦးမှုယူနေသလို ဖြစ်တယ်လို့ ကျနော်တော့မြင်တယ်”

လက်ရှိချိန်ထိ ကော်မရှင်ဘက်က ဘာဆွေးနွေးမှုမှမရှိသလို ဘာမှ တိတိကျကျ မသိတာကြောင့် ကော်မရှင်ဘက်က ဆုံးဖြတ်မှုကို အမြန်ဆုံးချပြပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းလိတ်ကတောင်းဆိုလိုက်ပြီး လာမယ့်ရွေးကောက်ပွဲအပေါ် သူကခုလို သုံးသပ်ပါတယ်။

“ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ UEC တရားဝင် ကြေညာချက်မထွက် သေးဘူးပေါ့နော် ၊ အနိုင်ရပါတီကလွဲပြီး ဘယ်ပါတီမှ တရားဝင် ကြိုတင်ပြင်နိုင်တာမရှိပါဘူး။ မဲဆွယ်စည်းရုံးတယ်ဆိုတာ အဝေးကြီးပေါ့ဗျာ။ UECအနေနဲ့ တရားဝင် မကြေညာသရွေ့ကတော့ ကျနော်တို့ဟာ တပြေးညီ စည်းရုံးပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့် မရှိဘူးဖြစ်နေပါတယ်။ အခြေခံလူတန်းစားကို အဓိက ဦးတည်ပြီးတော့စည်းရုံးဆင်းရမယ့် နယ်ပါတီတွေ တိုင်းရင်းသားပါတီတွေ အကုန်လုံး အနေနဲ့က တခြားပါတီကြီးတွေထက်စာရင်ပိုပြီးတော့ အခက်အခဲရှိပါတယ်။ အားလုံးကို ခြုံပြီးသုံးသပ်မယ်ဆိုရင် မျှတမှု ရှိတဲ့ အနေအထားတော့ ရောက်မနေဘူး ၊ UEC ဘက်က ထည့်တွက် စဉ်းစားဖို့ လိုအပ်ပါတယ်။”

ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့သာဆိုပေမယ့် ကိုဗစ်ကာလ မဲဆွယ်စည်းရုံးမှုပိုင်းက ကန့်သတ်မှုတွေ ရှိလာနိုင်တာမို့ ပါတီသစ်တွေနဲ့ ပါတီငယ်တွေ မဲရရှိဖို့က ရုန်း ကန် ရဖွယ်ရှိပါတယ်။ ဒီလိုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်ဘက်အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ညှိုနှိုင်း ပြီးမှ ရက်သတ်မှတ်ဖို့ တင်ပြလာသူက ပြည်သူ့ပါတီ ဗဟို ကော်မတီဝင် ဦးကျော်လင်းပါ။

“ နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသင့်တယ် လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ပါတီ သစ်တွေ ကြားမှာရော ကော်မရှင်အပေါ် သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မယ်လို့ မယုံကြည်တဲ့ သံသယတွေ ကျနော်တို့ ဝင်နေပါတယ်။”

ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ရှေ့လထဲ ကြေညာဖို့ရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ရွေးကောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်မယ်လို့လည်း ကော်မရှင်က ပြောဆိုထားပြီး တည်ဆဲမှတ်ပုံ တင်ထားတဲ့ပါတီက ၉၇ ပါတီရှိပြီး ဒီထဲက ပါတီ ၉၀ နီးပါး လာမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG