သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားၾကရဲ႕လား


Myanmar's Union Election Commission (UEC) headquarters in Naypyidaw is seen on October 27, 2015. The once junta-run nation heads to the polls on November 8, 2015 in what voters and observers hope will be the freest election in decades. AFP PHOTO / ROMEO G
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပခ်ိန္ အလွမ္းမေဝးေတာ့ေပမယ့္ ျပည္သူလူထုရဲ႕ လႈပ္ရွားတက္ႂကြမႈေတြ သိပ္မေတြ႔မျမင္ရေသးပါဘူး။ ျပည္သူေတြ လာမယ့္ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားၾကပါရဲ႕လား။ ဒီေ႐ြးေကာက္ပြဲက ဘယ္လို အေျပာင္းအလဲမ်ိဳးေတြ ေပၚ ထြက္လာဖို႔ ေမွ်ာ္လင့္ႏိုင္ပါသလဲ။ ကိုယ္တိုင္ ၁၉၉၀ ျပည့္ေ႐ြးေကာက္ပြဲမွာ NLD ကိုယ္စားျပဳ ေ႐ြးေကာက္ခံတဦး ျဖစ္ခဲ့တဲ့ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပခ်ိန္ အလွမ္းမေဝးေတာ့ေပမယ့္ ျပည္သူလူထုရဲ႕ လႈပ္ရွားတက္ႂကြမႈေတြ သိပ္မေတြ႔မျမင္ရေသးပါဘူး။ ျပည္သူေတြ လာမယ့္ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားၾကပါရဲ႕လား။ ဒီေ႐ြးေကာက္ပြဲက ဘယ္လို အေျပာင္းအလဲမ်ိဳးေတြ ေပၚ ထြက္လာဖို႔ ေမွ်ာ္လင့္ႏိုင္ပါသလဲ။ ကိုယ္တိုင္ ၁၉၉၀ ျပည့္ေ႐ြးေကာက္ပြဲမွာ NLD ကိုယ္စားျပဳ ေ႐ြးေကာက္ခံတဦး ျဖစ္ခဲ့တဲ့ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီတပတ္မွာ က်ေနာ္ေဆြးေနေစခ်င္တာက ျမန္မာႏုိင္ငံမွာ မၾကာခင္က်င္းပေတာ့မယ့္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ပါတယ္။ ေရြးေကာက္ပြဲဆိုတာ ဒီမိုကေရစီရဲ ႔ အေရးႀကီးတဲ့ ျဖစ္ရပ္တခု ျဖစ္သလို၊ ျပည္သူေတြက သူတုိ႔ဘာေတြ လိုခ်င္တယ္၊ ႏုိ္င္ငံေရးဆႏၵ ဘာေတြရိွသလဲဆိုတာကို ေဖာ္ထုတ္တဲ့ပြဲလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာ္ေတာ္ေလး တက္တက္ၾကြၾကြ ရိွၾကပါတယ္။ ျပည္သူေတြ ႏို္င္ငံေရးအသိတရား ႏိုးၾကားတက္ၾကြေနရမယ့္အခ်ိန္ ျဖစ္ပါတယ္။ တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ ေနာက္လာမယ့္ (၅) လမွာ ေရြးေကာက္ပြဲ က်င္းပျဖစ္မယ္ဆိုရင္ေပါ့။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ အခုအခါမွာ ႏုိင္ငံေရးအရ တက္ၾကြလႈပ္ရွားစြာ လုပ္ကိုင္ေနတာကို ဘာမွမေတြ႔ရဘူးဆုိေတာ့ က်ေနာ္ စဥ္းစားမိပါတယ္။ ပထမတခုက ကိုဗစ္-၁၉ ေၾကာင့္လား။ သို႔တည္းမဟုတ္ ဒီေရြးေကာက္ပြဲဟာ အရင္ႏွစ္ ေရြးေကာက္ပြဲနဲ႔ မတူေတာ့ဘဲနဲ႔ သိပ္စိတ္ဝင္စားစရာ၊ စိတ္လႈပ္ရွားစရာ ေရြးေကာက္ပြဲ ျဖစ္ေနလို႔လားဆိုတာကို ဆရာ ဘယ္လိုသံုးသပ္ေျပာလိုပါလဲ။ ကနဦး အက်ဥ္းခ်ဳပ္သံုးသပ္ျပပါ။

ေျဖ ။ ။ ပထမတခ်က္ကေတာ့ ကိုရိုနာဗိုင္းရပ္ ကူးစက္ေရာဂါလို႔ ထင္တာေပါ့။ သို႔ေသာ္လဲပဲ ဒီထက္ေလးနက္တဲ့ ႏုိင္ငံေရးအေၾကာင္းေတြ သံုးသပ္လို႔ရတယ္။ ပထမတခ်က္ကေတာ့ ဦးေက်ာ္ဇံသာ ေျပာသလိုပဲ အခါတိုင္း ေရြးေကာက္ပြဲေတြမွာလဲ လက္ရိွ အာဏာရပါတီ NLD က ႏုိင္ႏုိင္တယ္။ ႏိုင္မွာေသခ်ာတယ္ဆိုတဲ့ ေသခ်ာမႈတခ်က္။ ဒုတိယတခ်က္ကေတာ့ NLD ႏုိင္လဲပဲ ၿပီးခဲ့တဲ့ (၅) ႏွစ္ကို ၾကည့္ၿပီးေတာ့ တိုင္းျပည္ထူးၿပီးေတာ့ ေကာင္းလာစရာ အလားအလာ အမ်ားႀကီးေမွ်ာ္လင့္လို႔ မရေသးဘူးဆိုတဲ့ အခ်က္ကတခု။ ေနာက္တခ်က္ကေတာ့ NLD ပါတီရဲ ႔ ၿပီးခဲ့တဲ့ (၅) လကို ၾကည့္လိုက္လို႔ရိွရင္ အားရတာေတြလဲရိွတယ္။ အားမရတာေတြလဲ ရိွတယ္။ အဲဒါ ေနာက္ (၅) ႏွစ္လည္း ဒီလုိျဖစ္လိမ့္မယ္။ ေနာက္တခါ NLD မဟုတ္တဲ့ တျခားပါတီေတြ ႀကံ့ခိုင္ေရးပါတီအပါအဝင္ ပါတီအသစ္ေတြေကာဟာ က်ေနာ့္အျမင္မွာေတာ့ ျပည္သူလူထုလည္း ဒီလုိျမင္ေကာင္းျမင္ႏိ္ုင္ပါမယ္ - NLD ကို ေက်ာ္ႏုိင္မယ့္ အလားအလာ မရိွႏိုင္ဘူးတခ်က္ရယ္၊ ေနာက္အေရးႀကီးဆံုးတခ်က္ကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးကို ျပည္သူျပည္သားေတြက NLD ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မရခဲ့တာရိွေတာ့ အခုအားေလွ်ာ့တဲ့သေဘာ မဟုတ္ဘဲနဲ႔ NLD (၇၅) ရာခိုင္ႏႈန္း ႏိုင္တဲ့ပါတီတခုခုကေတာ့ ရိွေတာ့လိုအပ္တယ္ဆိုတဲ့ အေနနဲ႔ကေတာ့ NLD ကုိပဲ မဲေပးႏိုင္ၾကလိမ့္မယ္လို႔ ထင္တဲ့အတြက္ ျပည္သူလူထုဟာ တျခားေသာေမွ်ာ္လင့္ခ်က္ မရိွတဲ့အတြက္ လက္ရိွအတိုင္းပဲ ေအးေအးေဆးေဆးသြားမယ့္ဆိုတဲ့ ယူဆခ်က္ ျဖစ္ႏုိင္ပါတယ္။ ေနာက္ဆံုးတခ်က္ကေတာ့ က်ေနာ္တုိ႔လူမ်ဳိးေတြက သိတဲ့အတုိင္းပဲ ဖုတ္ပူမီးတိုက္၊ ေကာက္ရိုးမီးဆန္ဆန္ နီးလာေတာ့မွ ဝုန္းဝုန္းဒိုင္းဒိုင္း တက္တက္ၾကြၾကြ လုပ္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ေမး ။ ။ ဖြဲ႔စည္းပံုျပင္ဆင္ဖုိ႔အတြက္ (၇၅) ရာခိုင္ႏႈန္းလိုတယ္။ အဲဒါေၾကာင့္ NLD ကိုပဲ အားေပးမယ္လို႔ ဆရာကတြက္တယ္။ သို႔ေသာ္ လူတခ်ဳိ ႔က စဥ္းစားၾကတယ္။ NLD က ျပည္ပမွာေတာ့ ႏုိင္ႏိုင္တယ္။ ဒါေပမဲ့ တိုင္းရင္းသားေဒသေတြမွာ NLD ဟာ ဒီေရြးေကာက္ပြဲမွာ ေထာက္ခံမႈနည္းသြားမယ္လို႔ တြက္ေနၾကပါတယ္။

ေျဖ ။ ။ အဲဒါလဲ မွန္ပါတယ္။ သို႔ေသာ္လဲပဲ က်ေနာ္တို႔သမိုင္းေၾကာင္း ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ေရြးေကာက္ပြဲေတြကိုၾကည့္ရင္ NLD ဟာ တိုင္းရင္းသားေဒသေတြမွာ ႏိုင္တာနည္းတယ္။ တိုင္းရင္းသားပါတီ၊ တုိင္းရင္းသားလူမ်ဳိးစုခံပါတီေတြကပဲ ႏုိင္ၾကတာမ်ားတယ္။ အဲဒီေတာ့ လာမယ့္ေရြးေကာက္ပြဲလည္း အဲဒါထက္ထူးမယ္လို႔ က်ေနာ္ မထင္ဘူး။ NLD ကလည္း ပိုၿပီးေတာ့ ေမွ်ာ္လင့္ထားပံုေတာ့ မရဘူး။ ဒါေၾကာင့္ ေနာက္ေရြးေကာက္ပြဲလည္း တုိင္းရင္းသားေဒသေတြမွာ အခုထက္ နည္းနည္းေလ်ာ့ေကာင္းေတာ့ေလ်ာ့မယ္ က်ေနာ္ထင္တာကေတာ့ တုိင္းရင္းသားကိုယ္စားျပဳပါတီေတြက ႏုိင္ႏုိင္တယ္။ သို႔ေသာ္လဲပဲ လႊတ္ေတာ္အေရအတြက္တခုလံုးနဲ႔ ယွဥ္ရင္ေတာ့ NLD ဟာ အေရအတြက္အရေတာ့ သိပ္ၿပီးေတာ့ ၿပီးခဲ့တဲ့ ၂၀၁၅ ထက္ေတာ့ ထူးမယ္လို႔ က်ေနာ္မထင္ဘူး။

ေမး ။ ။ ေနာက္တခုက NLD ဟာ ဖြဲ႔စည္းပံုျပင္ဆင္ေရးအတြက္ အခက္အခဲရိွတာ အမွန္ပါပဲ။ ဆိုေတာ့ အခုေရြးေကာက္ပြဲနဲ႔ တက္လာၿပီးလို႔ NLD ထပ္ႏုိင္ၿပီဆိုရင္ေကာ ဖြဲ႔စည္းပံုျပင္ဆင္ႏုိင္မယ့္ အလားအလာ ဘယ္ေလာက္မ်ား ေရွ ႔ကိုတုိးၿပီး ရိွလာႏိုင္ပါသလဲ။ ဖြဲ႔စည္းပံု ျပင္ႏုိင္မယ့္အလားအလာ ဘယ္ေလာက္ပိုၿပီးေကာင္းလာႏိုင္မယ္ ထင္ပါသလား။

ေျဖ ။ ။ ကံေသကံမေတာ့ မွန္းလို႔မရဘူး။ သို႔ေသာ္လဲပဲ NLD ဟာ ဖြဲ႔စည္းပံု ျပင္ဆင္ေရးကို ကတိေပးထားတဲ့အတိုင္း ႀကိဳးစားခဲ့ပါတယ္။ အတတ္ႏိုင္ဆံုး ႀကိဳးစားခဲ့တယ္။ ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္တယ္။ တျခားေသာ မဟာမိတ္ပါတီေတြကလည္း ပူးေပါင္းေဆာင္ရြက္ၾကလို႔ အဆင့္ေတာ္ေတာ္တခုေတာ့ ေရာက္လာခဲ့တယ္။ လႊတ္ေတာ္ထဲမွာ ေကာ္မတီဖြဲ႔ၿပီး ပုဒ္မေတြကို `၏ သည္ ျပင္တာေလာက္ေတာ့ ရလာတာေပါ့။ အဲဒီေတာ့ (၅) နွစ္အတြင္းမွာ အဲဒီေလာက္ရရင္ ေနာက္ (၅) နွစ္မွာေတာ့ ဒီအတိုင္းေတာ့ NLD က သြားမွာမဟုတ္ဘူး။ တျခားေသာနည္းဗ်ဴဟာ ေျပာင္းၿပီးေတာ့၊ တုိးၿပီးေတာ့ နည္းဗ်ဴဟာနဲ႔ ဖြဲ႔စည္းပံုျပင္ဆင္ေရး လုပ္လာႏိုင္တယ္။ အဲဒီလိုလုပ္လာႏုိင္ျခင္းဟာ အဓိကေတာ့ က်ေနာ္ျမင္တယ္ အတားအဆီးဟာ တပ္မေတာ္ စစ္တပ္ပါပဲ။ အဲဒီေတာ့ တပ္မေတာ္ကို ဘယ္လိုစည္းရံုးမလဲ။ ဘယ္လိုေဆာင္ရြက္မလဲကေတာ့ NLD ေခါင္းေဆာင္ေတြရဲ ႔ ေခါင္းထဲမွာေတာ့ ရိွေနမယ္လို႔ေတာ့ က်ေနာ္ထင္တယ္။ အဲဒီေတာ့ နည္းသစ္လမ္းသစ္ေတြနဲ႔ NLD ဟာ တပ္မေတာ္ဘက္က ေလွ်ာ့လာေအာင္၊ သို႔မဟုတ္ ဖြဲ႔စည္းပံုျပင္ဆင္ေရး အတုိင္းအတာတခုအထိ ေရာက္ေအာင္ NLD က နည္းသစ္ေတြ ရွာႏိုင္တယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

ေမး ။ ။ တပ္မေတာ္ကို စည္းရံုးၿပီးေတာ့ ဖြဲ႔စည္းပံုျပင္ဖုိ႔ ႀကိဳးစားသလိုပဲ။ တခ်ိန္တည္းမွာ တုိင္းရင္းသားေတြရဲ ႔ အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျပင္စရာေတြ အမ်ားႀကီးရိွေနပါတယ္။ အထူးသျဖင့္ တိုင္းရင္းသားေဒသေတြမွာ ေရြးေကာက္ပြဲႏုိင္တဲ့ တိုင္းရင္းသားပါတီေတြကို ဝန္ႀကီးခ်ဳပ္ခန္႔ခြင့္ မေပးတာ၊ ဒါကို ၄၇ ဖြဲ႔စည္းပံုကတည္းက ဒီျပႆနာက ရိွလာတဲ့ကိစၥပါ။ ဆိုေတာ့ အဲဒီကိစၥေတြမွာေကာ တိုင္းရင္းသားေတြနဲ႔ အေပးအယူလုပ္ၿပီးေတာ့ အဲဒီဘက္မွာ ပိုၿပီးေတာ့ တုိင္းရင္းသားေတြကို ပိုၿပီးအခြင့္အေရးေပးလာျခင္းအားျဖင့္ တိုင္းရင္းသားေတြ ေထာက္ခံမႈရေအာင္ NLD အေနနဲ႔ လုပ္လာစရာ မျမင္ဘူးလား။

ေျဖ ။ ။ အဲဒါလဲပဲ တခုရိွတယ္။ လက္ရိွ ၂၀၀၈ ဖြဲ႔စည္းပံုအရ စခန္းသြားေနၾကရတာ ျဖစ္တာေၾကာင့္ NLD ပဲတက္တက္၊ တျခားပါတီပဲတက္တက္ လက္ရိွအတိုင္း သမၼတခန္႔တဲ့လူက ဝန္ႀကီးခ်ဳပ္ပဲ ေရြးရတယ္ဆိုတဲ့ ဖြဲ႔စည္းပံုအတိုင္း သြားရတာ။ အဲဒီအတြက္ တုိင္းရင္းသားေဒသေတြမွာ က်ေနာ္ျမင္တာ တခ်ဳိ ႔ေဒသေတြမွာ အဲဒီေဒသခံတုိင္းရင္းသားပါတီေတြနဲ႔ ထိပ္တိုက္ျဖစ္ခဲ့ဖူးပါတယ္။ ျဖစ္ခဲ့ပါတယ္ အတိအလင္း။ အဲဒီေတာ့ ေနာင္မျဖစ္ေအာင္ဆုိတာလဲ က်ေနာ္အျမင္ကေတာ့ အာမခံလို႔ေတာ့ မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရတရပ္ဟာ ဖြဲ႔ကတည္းက ဖြဲ႔စည္းပံုအတုိင္း သြားရမွာဆိုေတာ့ အခု ၂၀၁၅ ကို ၾကည့္လိုက္ရင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနတဲ့ ႏုိင္ငံေရးလမ္းေၾကာင္းဟာ ေတာ္လွန္ေရးဆန္တဲ့ လမ္းေၾကာင္းမဟုတ္ဘဲနဲ႔ ညင္ညင္သာသာ သြားတဲ့နည္းကို သြားေနေတာ့ က်ေနာ့္အျမင္ကေတာ့ ေနာင္ (၅) ႏွစ္လဲပဲ NLD ႏုိင္လို႔ရိွရင္ ဖြဲ႔စည္းပံုကိုေက်ာ္ၿပီးေတာ့ တနည္းအားျဖင့္ ဖြဲ႔စည္းပံုကို ထားလို႔ရတဲ့အပိုင္းေတြ ထားၿပီးေတာ့ ေတာ္လွန္ေရးဆန္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေကာင္းမွလုပ္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္တယ္။ ဒါေၾကာင့္ တိုင္းရင္းသားေတြဘက္ကလဲ တျခားနည္းေတြနဲ႔ ႀကိဳးစားေကာင္းႀကိဳးစာရင္ေတာ့ ရလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ ေနာက္ ျပည္တြင္းစစ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးရရိွမယ့္ အလားအလာေကာ NLD က ႏုိင္ခဲ့ရင္ ဘယ္ေလာက္ေရွ ႔တိုး ေဆာင္ရြက္ႏုိင္မယ္လို႔ ထင္ပါသလဲ။ ဒီေရြးေကာက္ပြဲမွာေကာ ျပည္သူေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးကို ဘယ္သူေဆာင္က်ဥ္ႏုိင္မလဲဆိုတဲ့ ကိစၥမ်ဳိးနဲ႔ ၿငိမ္းခ်မ္းေရးဟာ ေရြးေကာက္ပြဲအတြက္ အေရးပါတဲ့ ကိစၥတခုလို႔ ထည့္သြင္းစဥ္းစားစရာအေၾကာင္းတခုေကာ ျဖစ္မေနဘူးလား။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ျပည္တြင္းစစ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးဟာ တိုင္းျပည္အတြက္ အေရးႀကီးဆံုး ကိစၥရပ္ႀကီးတခု ျဖစ္သင့္တယ္လုိ႔ က်ေနာ္ယူဆတယ္။ ေရြးေကာက္ပြဲ အေၾကာင္းအခ်က္ issue ႀကီးတခု ျဖစ္သင့္တယ္လို႔ က်ေနာ္ယူဆတယ္။ သို႔ေသာ္လဲပဲ အေျခအေနနဲ႔ အလားအလာက ေတာ္ေတာ္ေလးေမွးမိွန္းတယ္။ ၿငိမ္းခ်မ္းေရးကို မလုိခ်င္လုိ႔ မဟုတ္ဘူး။ သို႔ေသာ္လဲပဲ ေရြးေကာက္ပြဲကို အေၾကာင္းျပၿပီးေတာ့ ၿငိမ္းခ်မ္းေရးရမယ္လို႔ မထင္ၾကလို႔ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးဟာ တက္ေနတဲ့ အစိုးရအေပၚ မူမတည္ဘဲနဲ႔ လက္နက္ကိုင္ထားတဲ့ တပ္မေတာ္နဲ႔ လက္နက္ကိုင္ထားတဲ့ တုိင္းရင္းသားအဖြဲ႔အစည္းေတြေပၚမွာ မူတည္ေနတယ္။ သို႔ေသာ္လဲပဲ ဒီအတုိင္းေတာ့ မေနဘူး။ တပ္မေတာ္ဘက္ကလဲ တတ္ႏိုင္သေလာက္လုပ္မယ္။ တုိင္းရင္းသားအင္အားစုေတြဘက္ကလည္း တတ္ႏုိင္သေလာက္ ညိွႏိႈင္းေရးဦးတည္လိမ့္မယ္။ NLD အစိုးရကလည္း နည္းသစ္လမ္းသစ္နဲ႔ေတာ့ သြားေကာင္းသြားႏုိင္တယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တဲ့အေၾကာင္းအရာကေတာ့ အတိုက္အခံပါ။ ေအာင္ျမင္တဲ့ တိုးတက္တဲ့ ခုိင္မာတဲ့ ဒီမိုကေရစီႏုိင္ငံေတြမွာ အတိုက္အခံက အင္မတန္ အေရးႀကီးပါတယ္။ Responsible opposition တာဝန္ရိွတဲ့ အတိုက္အခံတရပ္ လုိပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ အခုအခ်ိန္အထိ တခါမွ တာဝန္ရိွတဲ့ အတိုက္အခံ ရိွခဲ့တယ္လို႔ မထင္ပါဘူး။ ဆရာ ဘယ္လိုျမင္ပါသလဲ။ ေရွ ႔အလားအလာ ျမန္မာႏုိင္ငံရဲ ႔ အတုိက္အခံဟာ တကယ္တာဝန္ရိွတဲ့ အတိုက္အခံတရပ္ ျဖစ္ေနၿပီလို ထင္ပါသလား။ အဲဒီလို ျဖစ္လာေအာင္ ဘယ္လို လုပ္သင့္သလဲ။ ဘယ္ေလာက္ၾကာအံုးမလဲ ဆုိတာေတြကို ေနာက္ဆံုးအေနနဲ႔ သံုးသပ္ေပးပါ။

ေျဖ ။ ။ အမွန္ပါပဲ။ က်ေနာ္တုိိ႔ လြတ္လပ္ေရးရၿပီးကတည္းက ဖဆပလ လက္ထက္ကတည္းက အတုိက္အခံပါတီေကာင္း မရိွသေလာက္ေပါ့။ အဲဒါလဲပဲ (၁၄) ႏွစ္ပဲၾကာတယ္။ အဲဒီေနာက္မွာေတာ့ လံုးဝမရိွ။ အခုလဲပဲ ၂၀၁၅ မွာ မရိွဘူး။ (၂၅) ရာခိုင္ႏႈန္း ယူထားတဲ့ တပ္မေတာ္ကလဲ ဗိုလ္ခ်ပ္မွဴးႀကီးမင္းေအာင္လိႈင္ ခုိင္းတာပဲ လာေျပာတယ္။ ႀကံ့ခိုင္ေရးကလဲ သူ႔အက်ဳိးစီးပြားပဲ သူေျပာတယ္။ ဒီေန႔ ျမန္မာႏုိင္ငံရဲ ႔ ႏုိင္ငံေရးအဆင့္ဟာ လႊတ္ေတာ္မွာ အတိုက္အခံပါတီေကာင္း ျဖစ္ႏုိင္တဲ့ အေျခအေန မရိွပါဘူး။ အမွန္ကေတာ့ ရိွကိုရိွသင့္တယ္လို႔ က်ေနာ္ျမင္တယ္။ က်ေနာ့္ပါတီျဖစ္တဲ့ NLD အစိုးရျဖစ္လဲ အတိုက္အခံပါတီေကာင္းကေန ေဖးမထိန္းေက်ာင္းလို႔ရိွရင္ NLD ဟာ ဒီထက္ထိ မျဖစ္သင့္တာ မျဖစ္ေအာင္ သူ႔အေနနဲ႔ တည့္မတ္လာႏိုင္တယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ႏုိင္ငံမွာ ေရရွည္အတိုက္အခံပါတီေကာင္းတရပ္ ရိွေအာင္ ႏုိင္ငံေရးယဥ္ေက်းမႈ၊ ႏိုင္ငံေရးရင့္ၾကတ္မႈ ေဆာင္ရြက္သင့္ရတယ္။ အဲဒီအတြက္ေတာ့ အားလံုးကလုပ္မွရမယ္။ အားလံုးကလုပ္မွဆုိေတာ့ ဖြဲ႔စည္းပံုႀကီးမရိွမွ၊ ျပင္ၿပီးမွလဲ ျဖစ္ႏုိင္တယ္။ အားလံုးကဝိုင္းၿပီး ႀကိဳးစားသင့္ၾကတယ္လို႔ က်ေနာ္ အႀကံျပဳပါရေစ။


==Unicode==

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် အလှမ်းမဝေးတော့ပေမယ့် ပြည်သူလူထုရဲ့ လှုပ်ရှားတက်ကြွမှုတွေ သိပ်မတွေ့မမြင်ရသေးပါဘူး။ ပြည်သူတွေ လာမယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားကြပါရဲ့လား။ ဒီရွေးကောက်ပွဲက ဘယ်လို အပြောင်းအလဲမျိုးတွေ ပေါ် ထွက်လာဖို့ မျှော်လင့်နိုင်ပါသလဲ။ ကိုယ်တိုင် ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု ရွေးကောက်ခံတဦး ဖြစ်ခဲ့တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီတပတ်မှာ ကျနော်ဆွေးနေစေချင်တာက မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တခု ဖြစ်သလို၊ ပြည်သူတွေက သူတို့ဘာတွေ လိုချင်တယ်၊ နိုင်ငံရေးဆန္ဒ ဘာတွေရှိသလဲဆိုတာကို ဖော်ထုတ်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် တော်တော်လေး တက်တက်ကြွကြွ ရှိကြပါတယ်။ ပြည်သူတွေ နိုင်ငံရေးအသိတရား နိုးကြားတက်ကြွနေရမယ့်အချိန် ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ နောက်လာမယ့် (၅) လမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခုအခါမှာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားစွာ လုပ်ကိုင်နေတာကို ဘာမှမတွေ့ရဘူးဆိုတော့ ကျနော် စဉ်းစားမိပါတယ်။ ပထမတခုက ကိုဗစ်-၁၉ ကြောင့်လား။ သို့တည်းမဟုတ် ဒီရွေးကောက်ပွဲဟာ အရင်နှစ် ရွေးကောက်ပွဲနဲ့ မတူတော့ဘဲနဲ့ သိပ်စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ ရွေးကောက်ပွဲ ဖြစ်နေလို့လားဆိုတာကို ဆရာ ဘယ်လိုသုံးသပ်ပြောလိုပါလဲ။ ကနဦး အကျဉ်းချုပ်သုံးသပ်ပြပါ။

ဖြေ ။ ။ ပထမတချက်ကတော့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါလို့ ထင်တာပေါ့။ သို့သော်လဲပဲ ဒီထက်လေးနက်တဲ့ နိုင်ငံရေးအကြောင်းတွေ သုံးသပ်လို့ရတယ်။ ပထမတချက်ကတော့ ဦးကျော်ဇံသာ ပြောသလိုပဲ အခါတိုင်း ရွေးကောက်ပွဲတွေမှာလဲ လက်ရှိ အာဏာရပါတီ NLD က နိုင်နိုင်တယ်။ နိုင်မှာသေချာတယ်ဆိုတဲ့ သေချာမှုတချက်။ ဒုတိယတချက်ကတော့ NLD နိုင်လဲပဲ ပြီးခဲ့တဲ့ (၅) နှစ်ကို ကြည့်ပြီးတော့ တိုင်းပြည်ထူးပြီးတော့ ကောင်းလာစရာ အလားအလာ အများကြီးမျှော်လင့်လို့ မရသေးဘူးဆိုတဲ့ အချက်ကတခု။ နောက်တချက်ကတော့ NLD ပါတီရဲ့ ပြီးခဲ့တဲ့ (၅) လကို ကြည့်လိုက်လို့ရှိရင် အားရတာတွေလဲရှိတယ်။ အားမရတာတွေလဲ ရှိတယ်။ အဲဒါ နောက် (၅) နှစ်လည်း ဒီလိုဖြစ်လိမ့်မယ်။ နောက်တခါ NLD မဟုတ်တဲ့ တခြားပါတီတွေ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီအသစ်တွေကောဟာ ကျနော့်အမြင်မှာတော့ ပြည်သူလူထုလည်း ဒီလိုမြင်ကောင်းမြင်နိုင်ပါမယ် - NLD ကို ကျော်နိုင်မယ့် အလားအလာ မရှိနိုင်ဘူးတချက်ရယ်၊ နောက်အရေးကြီးဆုံးတချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူပြည်သားတွေက NLD ဘယ်လောက်ကြိုးစားကြိုးစား မရခဲ့တာရှိတော့ အခုအားလျှော့တဲ့သဘော မဟုတ်ဘဲနဲ့ NLD (၇၅) ရာခိုင်နှုန်း နိုင်တဲ့ပါတီတခုခုကတော့ ရှိတော့လိုအပ်တယ်ဆိုတဲ့ အနေနဲ့ကတော့ NLD ကိုပဲ မဲပေးနိုင်ကြလိမ့်မယ်လို့ ထင်တဲ့အတွက် ပြည်သူလူထုဟာ တခြားသောမျှော်လင့်ချက် မရှိတဲ့အတွက် လက်ရှိအတိုင်းပဲ အေးအေးဆေးဆေးသွားမယ့်ဆိုတဲ့ ယူဆချက် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတချက်ကတော့ ကျနော်တို့လူမျိုးတွေက သိတဲ့အတိုင်းပဲ ဖုတ်ပူမီးတိုက်၊ ကောက်ရိုးမီးဆန်ဆန် နီးလာတော့မှ ဝုန်းဝုန်းဒိုင်းဒိုင်း တက်တက်ကြွကြွ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် (၇၅) ရာခိုင်နှုန်းလိုတယ်။ အဲဒါကြောင့် NLD ကိုပဲ အားပေးမယ်လို့ ဆရာကတွက်တယ်။ သို့သော် လူတချို့က စဉ်းစားကြတယ်။ NLD က ပြည်ပမှာတော့ နိုင်နိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာ NLD ဟာ ဒီရွေးကောက်ပွဲမှာ ထောက်ခံမှုနည်းသွားမယ်လို့ တွက်နေကြပါတယ်။

ဖြေ ။ ။ အဲဒါလဲ မှန်ပါတယ်။ သို့သော်လဲပဲ ကျနော်တို့သမိုင်းကြောင်း ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတွေကိုကြည့်ရင် NLD ဟာ တိုင်းရင်းသားဒေသတွေမှာ နိုင်တာနည်းတယ်။ တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားလူမျိုးစုခံပါတီတွေကပဲ နိုင်ကြတာများတယ်။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲလည်း အဲဒါထက်ထူးမယ်လို့ ကျနော် မထင်ဘူး။ NLD ကလည်း ပိုပြီးတော့ မျှော်လင့်ထားပုံတော့ မရဘူး။ ဒါကြောင့် နောက်ရွေးကောက်ပွဲလည်း တိုင်းရင်းသားဒေသတွေမှာ အခုထက် နည်းနည်းလျော့ကောင်းတော့လျော့မယ် ကျနော်ထင်တာကတော့ တိုင်းရင်းသားကိုယ်စားပြုပါတီတွေက နိုင်နိုင်တယ်။ သို့သော်လဲပဲ လွှတ်တော်အရေအတွက်တခုလုံးနဲ့ ယှဉ်ရင်တော့ NLD ဟာ အရေအတွက်အရတော့ သိပ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ထက်တော့ ထူးမယ်လို့ ကျနော်မထင်ဘူး။

မေး ။ ။ နောက်တခုက NLD ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခက်အခဲရှိတာ အမှန်ပါပဲ။ ဆိုတော့ အခုရွေးကောက်ပွဲနဲ့ တက်လာပြီးလို့ NLD ထပ်နိုင်ပြီဆိုရင်ကော ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အလားအလာ ဘယ်လောက်များ ရှေ့ကိုတိုးပြီး ရှိလာနိုင်ပါသလဲ။ ဖွဲ့စည်းပုံ ပြင်နိုင်မယ့်အလားအလာ ဘယ်လောက်ပိုပြီးကောင်းလာနိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ ကံသေကံမတော့ မှန်းလို့မရဘူး။ သို့သော်လဲပဲ NLD ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကတိပေးထားတဲ့အတိုင်း ကြိုးစားခဲ့ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်တယ်။ တခြားသော မဟာမိတ်ပါတီတွေကလည်း ပူးပေါင်းဆောင်ရွက်ကြလို့ အဆင့်တော်တော်တခုတော့ ရောက်လာခဲ့တယ်။ လွှတ်တော်ထဲမှာ ကော်မတီဖွဲ့ပြီး ပုဒ်မတွေကို `၏ သည် ပြင်တာလောက်တော့ ရလာတာပေါ့။ အဲဒီတော့ (၅) နှစ်အတွင်းမှာ အဲဒီလောက်ရရင် နောက် (၅) နှစ်မှာတော့ ဒီအတိုင်းတော့ NLD က သွားမှာမဟုတ်ဘူး။ တခြားသောနည်းဗျူဟာ ပြောင်းပြီးတော့၊ တိုးပြီးတော့ နည်းဗျူဟာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်လာနိုင်တယ်။ အဲဒီလိုလုပ်လာနိုင်ခြင်းဟာ အဓိကတော့ ကျနော်မြင်တယ် အတားအဆီးဟာ တပ်မတော် စစ်တပ်ပါပဲ။ အဲဒီတော့ တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ။ ဘယ်လိုဆောင်ရွက်မလဲကတော့ NLD ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာတော့ ရှိနေမယ်လို့တော့ ကျနော်ထင်တယ်။ အဲဒီတော့ နည်းသစ်လမ်းသစ်တွေနဲ့ NLD ဟာ တပ်မတော်ဘက်က လျှော့လာအောင်၊ သို့မဟုတ် ဖွဲ့စည်းပုံပြင်ဆင်ရေး အတိုင်းအတာတခုအထိ ရောက်အောင် NLD က နည်းသစ်တွေ ရှာနိုင်တယ်လို့တော့ မျှော်လင့်ရပါတယ်။

မေး ။ ။ တပ်မတော်ကို စည်းရုံးပြီးတော့ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားသလိုပဲ။ တချိန်တည်းမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြင်စရာတွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေကို ဝန်ကြီးချုပ်ခန့်ခွင့် မပေးတာ၊ ဒါကို ၄၇ ဖွဲ့စည်းပုံကတည်းက ဒီပြဿနာက ရှိလာတဲ့ကိစ္စပါ။ ဆိုတော့ အဲဒီကိစ္စတွေမှာကော တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ပြီးတော့ အဲဒီဘက်မှာ ပိုပြီးတော့ တိုင်းရင်းသားတွေကို ပိုပြီးအခွင့်အရေးပေးလာခြင်းအားဖြင့် တိုင်းရင်းသားတွေ ထောက်ခံမှုရအောင် NLD အနေနဲ့ လုပ်လာစရာ မမြင်ဘူးလား။

ဖြေ ။ ။ အဲဒါလဲပဲ တခုရှိတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ စခန်းသွားနေကြရတာ ဖြစ်တာကြောင့် NLD ပဲတက်တက်၊ တခြားပါတီပဲတက်တက် လက်ရှိအတိုင်း သမ္မတခန့်တဲ့လူက ဝန်ကြီးချုပ်ပဲ ရွေးရတယ်ဆိုတဲ့ ဖွဲ့စည်းပုံအတိုင်း သွားရတာ။ အဲဒီအတွက် တိုင်းရင်းသားဒေသတွေမှာ ကျနော်မြင်တာ တချို့ဒေသတွေမှာ အဲဒီဒေသခံတိုင်းရင်းသားပါတီတွေနဲ့ ထိပ်တိုက်ဖြစ်ခဲ့ဖူးပါတယ်။ ဖြစ်ခဲ့ပါတယ် အတိအလင်း။ အဲဒီတော့ နောင်မဖြစ်အောင်ဆိုတာလဲ ကျနော်အမြင်ကတော့ အာမခံလို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရတရပ်ဟာ ဖွဲ့ကတည်းက ဖွဲ့စည်းပုံအတိုင်း သွားရမှာဆိုတော့ အခု ၂၀၁၅ ကို ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းဟာ တော်လှန်ရေးဆန်တဲ့ လမ်းကြောင်းမဟုတ်ဘဲနဲ့ ညင်ညင်သာသာ သွားတဲ့နည်းကို သွားနေတော့ ကျနော့်အမြင်ကတော့ နောင် (၅) နှစ်လဲပဲ NLD နိုင်လို့ရှိရင် ဖွဲ့စည်းပုံကိုကျော်ပြီးတော့ တနည်းအားဖြင့် ဖွဲ့စည်းပုံကို ထားလို့ရတဲ့အပိုင်းတွေ ထားပြီးတော့ တော်လှန်ရေးဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကောင်းမှလုပ်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေဘက်ကလဲ တခြားနည်းတွေနဲ့ ကြိုးစားကောင်းကြိုးစာရင်တော့ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ နောက် ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိမယ့် အလားအလာကော NLD က နိုင်ခဲ့ရင် ဘယ်လောက်ရှေ့တိုး ဆောင်ရွက်နိုင်မယ်လို့ ထင်ပါသလဲ။ ဒီရွေးကောက်ပွဲမှာကော ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်သူဆောင်ကျဉ်နိုင်မလဲဆိုတဲ့ ကိစ္စမျိုးနဲ့ ငြိမ်းချမ်းရေးဟာ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ကိစ္စတခုလို့ ထည့်သွင်းစဉ်းစားစရာအကြောင်းတခုကော ဖြစ်မနေဘူးလား။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး ကိစ္စရပ်ကြီးတခု ဖြစ်သင့်တယ်လို့ ကျနော်ယူဆတယ်။ ရွေးကောက်ပွဲ အကြောင်းအချက် issue ကြီးတခု ဖြစ်သင့်တယ်လို့ ကျနော်ယူဆတယ်။ သို့သော်လဲပဲ အခြေအနေနဲ့ အလားအလာက တော်တော်လေးမှေးမှိန်းတယ်။ ငြိမ်းချမ်းရေးကို မလိုချင်လို့ မဟုတ်ဘူး။ သို့သော်လဲပဲ ရွေးကောက်ပွဲကို အကြောင်းပြပြီးတော့ ငြိမ်းချမ်းရေးရမယ်လို့ မထင်ကြလို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ တက်နေတဲ့ အစိုးရအပေါ် မူမတည်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ တပ်မတော်နဲ့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပေါ်မှာ မူတည်နေတယ်။ သို့သော်လဲပဲ ဒီအတိုင်းတော့ မနေဘူး။ တပ်မတော်ဘက်ကလဲ တတ်နိုင်သလောက်လုပ်မယ်။ တိုင်းရင်းသားအင်အားစုတွေဘက်ကလည်း တတ်နိုင်သလောက် ညှိနှိုင်းရေးဦးတည်လိမ့်မယ်။ NLD အစိုးရကလည်း နည်းသစ်လမ်းသစ်နဲ့တော့ သွားကောင်းသွားနိုင်တယ်။

မေး ။ ။ နောက်ဆုံးမေးချင်တဲ့အကြောင်းအရာကတော့ အတိုက်အခံပါ။ အောင်မြင်တဲ့ တိုးတက်တဲ့ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံက အင်မတန် အရေးကြီးပါတယ်။ Responsible opposition တာဝန်ရှိတဲ့ အတိုက်အခံတရပ် လိုပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ အခုအချိန်အထိ တခါမှ တာဝန်ရှိတဲ့ အတိုက်အခံ ရှိခဲ့တယ်လို့ မထင်ပါဘူး။ ဆရာ ဘယ်လိုမြင်ပါသလဲ။ ရှေ့အလားအလာ မြန်မာနိုင်ငံရဲ့ အတိုက်အခံဟာ တကယ်တာဝန်ရှိတဲ့ အတိုက်အခံတရပ် ဖြစ်နေပြီလို ထင်ပါသလား။ အဲဒီလို ဖြစ်လာအောင် ဘယ်လို လုပ်သင့်သလဲ။ ဘယ်လောက်ကြာအုံးမလဲ ဆိုတာတွေကို နောက်ဆုံးအနေနဲ့ သုံးသပ်ပေးပါ။

ဖြေ ။ ။ အမှန်ပါပဲ။ ကျနော်တို့ လွတ်လပ်ရေးရပြီးကတည်းက ဖဆပလ လက်ထက်ကတည်းက အတိုက်အခံပါတီကောင်း မရှိသလောက်ပေါ့။ အဲဒါလဲပဲ (၁၄) နှစ်ပဲကြာတယ်။ အဲဒီနောက်မှာတော့ လုံးဝမရှိ။ အခုလဲပဲ ၂၀၁၅ မှာ မရှိဘူး။ (၂၅) ရာခိုင်နှုန်း ယူထားတဲ့ တပ်မတော်ကလဲ ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင် ခိုင်းတာပဲ လာပြောတယ်။ ကြံ့ခိုင်ရေးကလဲ သူ့အကျိုးစီးပွားပဲ သူပြောတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင့်ဟာ လွှတ်တော်မှာ အတိုက်အခံပါတီကောင်း ဖြစ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ အမှန်ကတော့ ရှိကိုရှိသင့်တယ်လို့ ကျနော်မြင်တယ်။ ကျနော့်ပါတီဖြစ်တဲ့ NLD အစိုးရဖြစ်လဲ အတိုက်အခံပါတီကောင်းကနေ ဖေးမထိန်းကျောင်းလို့ရှိရင် NLD ဟာ ဒီထက်ထိ မဖြစ်သင့်တာ မဖြစ်အောင် သူ့အနေနဲ့ တည့်မတ်လာနိုင်တယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ရေရှည်အတိုက်အခံပါတီကောင်းတရပ် ရှိအောင် နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးရင့်ကြတ်မှု ဆောင်ရွက်သင့်ရတယ်။ အဲဒီအတွက်တော့ အားလုံးကလုပ်မှရမယ်။ အားလုံးကလုပ်မှဆိုတော့ ဖွဲ့စည်းပုံကြီးမရှိမှ၊ ပြင်ပြီးမှလဲ ဖြစ်နိုင်တယ်။ အားလုံးကဝိုင်းပြီး ကြိုးစားသင့်ကြတယ်လို့ ကျနော် အကြံပြုပါရစေ။

XS
SM
MD
LG