သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လုိ႔ ေကာ္မရွင္ရဲ႕ လုပ္ေဆာင္မႈေတြအေပၚ အားရမႈမရွိေၾကာင္း ႏုိင္ငံေရးပါတီေတြေျပာ


(Zawgyi/Unicode)

လာမယ့္ ၂၀၂၀ မွာ က်င္းပျပဳလုပ္ဖို႔ လ်ာထားတဲ့ အေထြေထြ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိတဲ့ျပည္သူေတြတိုင္း မဲေပးခြင့္ရဖို႔ စီစဥ္ထားတယ္လို႔ ေကာ္မရွင္ ဘက္က ေျပာပါတယ္။ ခုခ်ိန္ထိ ေ႐ြးေကာက္ပြဲအတြက္ ဘယ္လိုျပင္ဆင္ထားလဲ ျပင္ဆင္မႈေတြက ဘာေတြလဲဆိုတာ တိတိက်က်ထုတ္ေဖာ္ေျပာဆိုတာမရွိခဲ့တဲ့ အေပၚ ပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္တဲ့ အရပ္ဘက္အဖြဲ႕ေတြဘက္က ေ႐ြးေကာက္ပြဲအေပၚ စိုးရိမ္မႈေတြရွိေနတာကို မေမခက ေျပာျပေပးပါမယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁ရက္ေန႔ကက်င္းပခဲ့တဲ့ အမ်ိဳးသားလႊတ္ေတာ္မွာ ေကာ္မရွင္ဘက္က လာမယ့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိတဲ့ ျပည္သူေတြတိုင္း မဲေပးခြင့္ရဖို႔ ေကာ္မရွင္ဘက္က ျပင္ဆင္ထားမႈ အေပၚ အလႊတ္ေတာ္ကိုယ္စားလွယ္ ကေမးျမန္းတာကို ေကာ္မရွင္ အဖြဲ႕ဝင္ဦးျမင့္ေအာင္ က ခုလို ျပန္ေျဖခဲ့ပါတယ္။

“ ၂၀၂၀ ခုႏွစ္ မတ္လထိ ျပဳစုၿပီး အေျခခံမဲဆႏၵရွင္စာရင္းမွာ ၃၇သန္းေက်ာ္ ျဖစ္ပါတယ္။ ျပည္တြင္းေ႐ြ႕ေျပာင္း လုပ္သားေတြ၊ တိုက္ပြဲေရွာင္ ျပည္သူမ်ားႏွင့္ အစိုးရရဲ႕ ခြင့္ျပဳခ်က္ျဖင့္ ႏိုင္ငံျပင္ပမွာ သြားေရာက္လုပ္ကိုင္ေနသူမ်ား အားလံုးပါ၀င္ႏိုင္ေရးအတြက္ စိစစ္ေဆာင္ရြက္လ်က္ရွိပါတယ္။တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြကို အေျခခံမဲစာရင္းမွာထည့္သြင္းရန္ က်န္ရွိေနပါေသးတယ္။”

လာမယ့္ႏိုဝင္ဘာလမွာ က်င္းပေတာ့မယ္ေ႐ြးေကာက္ပြဲနဲ႔ ပတ္သတ္လို႔ ေကာ္မရွင္အေျဖက ဒီထက္ပိုျပည္စုံသင့္တယ္လို႔ ေထာက္ျပမႈေတြရွိခဲ့ပါတယ္။

လက္ရွိခ်ိန္ထိ ေကာ္မရွင္ဘက္က ေ႐ြးေကာက္ပြဲ က်င္းပမယ့္ ေန႔ရက္အတိအက်ကို ထုတ္ျပန္ေပးထားတာ မရွိေသးပါဘူး။ လတ္တေလာ ကူးစက္ပ်ံ႕ႏွံလြယ္ တဲ့ ကိုဗစ္ ၁၉ ကူးစက္မႈမရွိေအာင္ လူစုလူေဝး မလုပ္ေဆာင္ဖို႔ အစိုးရဘက္က တားျမစ္ထားသလို လက္ရွိအခ်ိန္အထိ ေရာဂါကူးစက္ မႈ ရွိေနေသးတဲ့ အေပၚမွာ ေ႐ြး ေကာက္ပြဲက်င္းပႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြနဲ႔ စိုးရိမ္မႈေတြရွိေနတာပါ။

ရခိုင္ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အေထြေထြ တြင္းမႈး ဦးေအးေက်ာ္ ကေတာ ့ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ေကာ္မရွင္ လုပ္ေဆာင္ခ်က္ေတြကို အားမရဘူးလို႔ ဆိုလိုက္ပါတယ္။

“ ႏိုင္ငံေရး ပါတီေတြကေတာ့ေကာ္မရွင္ကို အားမရမႈမရွိပါဘူး။ တကယ္ေရြးေကာက္ပြဲ က်င္းပမယ္ဆိုရင္လည္းႏိုင္ငံေရး ပါတီေတြက တာ၀န္ရွိေခါင္းေဆာင္ေတြနဲ႔ ဖိတ္ၿပီေတာ့ ေကာ္မရွင္နဲ႔ ညိွႏိႈင္းၿပီး ေ႐ြးေကာက္ပြဲ ရက္တို႔ အခ်ိန္တို႔ သတ္မွတ္တာမ်ိဳး ျဖစ္ေစခ်င္တယ္။”

ႏိုင္ငံေရး ပါတီေတြဘက္ကဒီလိုအခ်ိန္မွာပါတီကိုယ္စားျပဳ ကိုယ္စားေလာင္းေ႐ြးဖို႔၊ ပါတီကိုယ္စား လွယ္ေလာင္းေတြကို ပါတီဆိုင္ရာနဲ႔ ကိုယ္စားလွယ္ဆိုင္ရာ မူဝါဒေရးရာ လမ္းၫႊန္ဖို႔ အတြက္ လုပ္ေဆာင္ရဖို႔ ရွိေနပါတယ္။ ဒီလိုေတြ လုပ္ေဆာင္တာမွာ ေရာဂါ မကူးစက္ေအာင္ သတ္မွတ္ ခ်က္ေတြလိုက္နာ ဖို႔ ခက္ခဲမႈေတြရွိလာမွာ ၊ ေရာဂါ ကူးစက္တာ မေပ်ာက္ေသးခ်ိန္မို႔ ထိုက္သင့္သေလာက္ မဲဆြယ္စည္း႐ုံးႏိုင္ဖို႔ ခက္ခဲတာေတြႀကဳံရင္ အင္အားနည္းတဲ့ တိုင္းရင္းသား ပါတီေတြေအာင္ႏိုင္ေရး အေပၚ ရတက္ မေအးျဖစ္ေနရတာမို႔ ပါတီေတြဘက္က ေကာ္မရွင္ျပင္ဆင္မႈ၊ ပါတီေတြအေနနဲ႔ ဘယ္လို ေက်ာ္ျဖတ္မလဲ ဆိုတာေတြ ေဆြးေႏြးလို ၾကပါတယ္။

လက္ရွိအာဏာရ NLD ပါတီဘက္ကေတာ့ ေကာ္မရွင္လုပ္ေဆာင္ခ်က္အေပၚမွတ္ခ်က္ေပးဖို႔ ျငင္းဆိုေပမယ့္ေကာ္မရွင္ဘက္က ပါတီေတြနဲ႔ ေတြ႕ဆုံ ညိႏႈိင္းမႈ မရွိတာကိုေတာ့ သိပ္ေတာ့ဘဝင္မက်လွပါဘူး။

“ ေမးတဲ့ထဲပါတယ္။ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုေကာ္မရွင္ အေနနဲ႔ ေရြးေကာက္ပြဲ၀င္မယ့္ ႏိုင္ငံေရးပါတီေတြနဲ႔ ညႇိဳႏႈိင္းတိုင္ပင္မႈ ရွိလားဆိုတာကေတာ့ ခုထိေတာ့မရွိပါဘူး. မၾကားလဲမၾကားေသးဘူး။ အဲဒီအေပၚတျခားမွတ္ခ်က္ က်ေနာ္မေပးလိုေသးပါဘူး ေကာ္မရွင္အေနနဲ႔ သူ႔ ဆံုးျဖတ္ခ်က္နဲ႔ သူ႔အခ်ိန္နဲ႔ သူ လုပ္ေနတာမို႔ တခ်ိန္ခ်ိန္ေတာ့ အႀကံေပးသလိုျဖစ္လာႏိုင္တာေပါ့”

ပါတီျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္ ေျပာဆိုခဲ့တာပါ။

ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ I PEACE အဖြဲ႕က စိုင္းရဲေက်ာ္စြာျမင့္ကေတာ့ ေကာ္မရွင္အေနနဲ႔ တရားမွ်တတဲ့ စစ္မွန္တဲ့ ေ႐ြးေကာက္ပြဲက်င္းပ ႏိုင္ဖို႔ နဲ႔စြပ္စြဲမႈေတြ မႀကဳံရဖို႔ဆိုရင္ ေကာ္မရွင္လုပ္ေဆာင္မႈေတြကို ပါတီေတြ ၊ အရပ္ဘက္အဖြဲ႕ေတြဘက္က လက္ခံႏိုင္ဖို႔ ပြင့္လင္းစြာ ခ်ျပေပးဖို႔ နဲ႔ ကိုဗစ္ကာလ ေရာဂါပိုးကူးစက္ မႈေတြရွိေနခ်ိန္ အတြင္းမွာ က်င္းပဖို႔ျပင္ဆင္ေနတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္လို႔ ျပင္ဆင္မႈပိုင္းကို အျမန္ဆုံးခ်ျပဖို႔ ေကာ္မရွင္ကို တိုက္တြန္းလိုက္ပါ တယ္။

“ကိုဗစ္ကာလမွာ လုပ္မယ့္ ေရြးေကာက္ပြဲ ျပင္ဆင္မႈက သာမန္ အခ်ိန္ျပင္တာနဲ႔တူမွာေတာ့မဟုတ္။ ပါတီတခုခ်င္းမွာ မတူညီတဲ့ သေဘာထားေတြရွိ။ အဲဒီသေဘာထားေတြနားေထာင္ၿပီး အေကာင္းဆံုးဘယ္လို အေျဖရွာမလဲဆိုတာ လုပ္ဖို႔လိုတယ္။ COVID-19 ကာလမွာလုပ္တဲ့ ေ႐ြးေကာက္ပြဲဟာ အရင္တုန္းက လုပ္တဲ့ ေရြးေကာက္ပြဲေတြလိုမ်ိဳး ရခ်င္မွ ရမယ္။ ဘယ္အခြင့္အေရးကိုေတာ့ ရႏိုင္တယ္ ၊ ဘယ္ဟာေတြကေတာ့ မရဘူး ဆိုတာကို ႏိုင္ငံေရးပါတီေတြၾကားထဲမွာ ေကာ္မရွင္နဲ႔ သေဘာတူခ်က္ ရၿပီးမွ လုပ္တာ ပိုေကာင္းတယ္။ ”

လက္ရွိေကာ္မရွင္ဘက္က ထုတ္ျပန္ေျပာဆိုခ်က္အရ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အတြက္ မဲေပးခြင့္ရွိသူ အေရအတြက္ဟာ ၃၇သန္းရွိတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ဒီထဲမွာတပ္မေတာ္သား မိသားစုဝင္ေတြန ျပည္ပေရာက္ႏိုင္ငံသားေတြ မပါေသးပါဘူး။ မွတ္ပုံတင္ထားတဲ့ ႏိုင္ငံေရးပါတီ ၁၀၀နီးပါးရွိေနၿပီး ၂၀၂၀ မွာ အသုံးျပဳမယ့္ မဲလက္မွတ္ဟာ အျဖဴေရာင္ျဖစ္တယ္လို႔ လည္းေကာ္မရွင္ကဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကော်မရှင်ရဲ့လုပ်ဆောင်မှုတွေအပေါ် အားရမှုမရှိကြောင်း နိုင်ငံရေးပါတီတွေပြော

(Unicode)

လာမယ့် ၂၀၂၀ မှာ ကျင်းပပြုလုပ်ဖို့ လျာထားတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ပြည်သူတွေတိုင်း မဲပေးခွင့်ရဖို့ စီစဉ်ထားတယ်လို့ ကော်မရှင် ဘက်က ပြောပါတယ်။ ခုချိန်ထိ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားလဲ ပြင်ဆင်မှုတွေက ဘာတွေလဲဆိုတာ တိတိကျကျထုတ်ဖော်ပြောဆိုတာမရှိခဲ့တဲ့ အပေါ် ပါတီတွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေဘက်က ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုတွေရှိနေတာကို မမေခက ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ကော်မရှင်ဘက်က လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ ပြည်သူတွေတိုင်း မဲပေးခွင့်ရဖို့ ကော်မရှင်ဘက်က ပြင်ဆင်ထားမှု အပေါ် အလွှတ်တော်ကိုယ်စားလှယ် ကမေးမြန်းတာကို ကော်မရှင် အဖွဲ့ဝင်ဦးမြင့်အောင် က ခုလို ပြန်ဖြေခဲ့ပါတယ်။

“ ၂၀၂၀ ခုနှစ် မတ်လထိ ပြုစုပြီး အခြေခံမဲဆန္ဒရှင်စာရင်းမှာ ၃၇သန်းကျော် ဖြစ်ပါတယ်။ ပြည်တွင်းရွေ့ပြောင်း လုပ်သားတွေ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် အစိုးရရဲ့ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပမှာ သွားရောက်လုပ်ကိုင်နေသူများ အားလုံးပါဝင်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို အခြေခံမဲစာရင်းမှာထည့်သွင်းရန် ကျန်ရှိနေပါသေးတယ်။”

လာမယ့်နိုဝင်ဘာလမှာ ကျင်းပတော့မယ်ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ကော်မရှင်အဖြေက ဒီထက်ပိုပြည်စုံသင့်တယ်လို့ ထောက်ပြမှုတွေရှိခဲ့ပါတယ်။

လက်ရှိချိန်ထိ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်အတိအကျကို ထုတ်ပြန်ပေးထားတာ မရှိသေးပါဘူး။ လတ်တလော ကူးစက်ပျံ့နှံလွယ် တဲ့ ကိုဗစ် ၁၉ ကူးစက်မှုမရှိအောင် လူစုလူဝေး မလုပ်ဆောင်ဖို့ အစိုးရဘက်က တားမြစ်ထားသလို လက်ရှိအချိန်အထိ ရောဂါကူးစက် မှု ရှိနေသေးတဲ့ အပေါ်မှာ ရွေး ကောက်ပွဲကျင်းပနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ စိုးရိမ်မှုတွေရှိနေတာပါ။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ တွင်းမှုး ဦးအေးကျော် ကတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကော်မရှင် လုပ်ဆောင်ချက်တွေကို အားမရဘူးလို့ ဆိုလိုက်ပါတယ်။

“ နိုင်ငံရေး ပါတီတွေကတော့ကော်မရှင်ကို အားမရမှုမရှိပါဘူး။ တကယ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်လည်းနိုင်ငံရေး ပါတီတွေက တာဝန်ရှိခေါင်းဆောင်တွေနဲ့ ဖိတ်ပြီတော့ ကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွေးကောက်ပွဲ ရက်တို့ အချိန်တို့ သတ်မှတ်တာမျိုး ဖြစ်စေချင်တယ်။”

နိုင်ငံရေး ပါတီတွေဘက်ကဒီလိုအချိန်မှာပါတီကိုယ်စားပြု ကိုယ်စားလောင်းရွေးဖို့၊ ပါတီကိုယ်စား လှယ်လောင်းတွေကို ပါတီဆိုင်ရာနဲ့ ကိုယ်စားလှယ်ဆိုင်ရာ မူဝါဒရေးရာ လမ်းညွှန်ဖို့ အတွက် လုပ်ဆောင်ရဖို့ ရှိနေပါတယ်။ ဒီလိုတွေ လုပ်ဆောင်တာမှာ ရောဂါ မကူးစက်အောင် သတ်မှတ် ချက်တွေလိုက်နာ ဖို့ ခက်ခဲမှုတွေရှိလာမှာ ၊ ရောဂါ ကူးစက်တာ မပျောက်သေးချိန်မို့ ထိုက်သင့်သလောက် မဲဆွယ်စည်းရုံးနိုင်ဖို့ ခက်ခဲတာတွေကြုံရင် အင်အားနည်းတဲ့ တိုင်းရင်းသား ပါတီတွေအောင်နိုင်ရေး အပေါ် ရတက် မအေးဖြစ်နေရတာမို့ ပါတီတွေဘက်က ကော်မရှင်ပြင်ဆင်မှု၊ ပါတီတွေအနေနဲ့ ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာတွေ ဆွေးနွေးလို ကြပါတယ်။

လက်ရှိအာဏာရ NLD ပါတီဘက်ကတော့ ကော်မရှင်လုပ်ဆောင်ချက်အပေါ်မှတ်ချက်ပေးဖို့ ငြင်းဆိုပေမယ့်ကော်မရှင်ဘက်က ပါတီတွေနဲ့ တွေ့ဆုံ ညိနှိုင်းမှု မရှိတာကိုတော့ သိပ်တော့ဘဝင်မကျလှပါဘူး။

“ မေးတဲ့ထဲပါတယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုကော်မရှင် အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု ရှိလားဆိုတာကတော့ ခုထိတော့မရှိပါဘူး. မကြားလဲမကြားသေးဘူး။ အဲဒီအပေါ်တခြားမှတ်ချက် ကျနော်မပေးလိုသေးပါဘူး ကော်မရှင်အနေနဲ့ သူ့ ဆုံးဖြတ်ချက်နဲ့ သူ့အချိန်နဲ့ သူ လုပ်နေတာမို့ တချိန်ချိန်တော့ အကြံပေးသလိုဖြစ်လာနိုင်တာပေါ့”

ပါတီပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ I PEACE အဖွဲ့က စိုင်းရဲကျော်စွာမြင့်ကတော့ ကော်မရှင်အနေနဲ့ တရားမျှတတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲကျင်းပ နိုင်ဖို့ နဲ့စွပ်စွဲမှုတွေ မကြုံရဖို့ဆိုရင် ကော်မရှင်လုပ်ဆောင်မှုတွေကို ပါတီတွေ ၊ အရပ်ဘက်အဖွဲ့တွေဘက်က လက်ခံနိုင်ဖို့ ပွင့်လင်းစွာ ချပြပေးဖို့ နဲ့ ကိုဗစ်ကာလ ရောဂါပိုးကူးစက် မှုတွေရှိနေချိန် အတွင်းမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ ပြင်ဆင်မှုပိုင်းကို အမြန်ဆုံးချပြဖို့ ကော်မရှင်ကို တိုက်တွန်းလိုက်ပါ တယ်။

“ကိုဗစ်ကာလမှာ လုပ်မယ့် ရွေးကောက်ပွဲ ပြင်ဆင်မှုက သာမန် အချိန်ပြင်တာနဲ့တူမှာတော့မဟုတ်။ ပါတီတခုချင်းမှာ မတူညီတဲ့ သဘောထားတွေရှိ။ အဲဒီသဘောထားတွေနားထောင်ပြီး အကောင်းဆုံးဘယ်လို အဖြေရှာမလဲဆိုတာ လုပ်ဖို့လိုတယ်။ COVID-19 ကာလမှာလုပ်တဲ့ ရွေးကောက်ပွဲဟာ အရင်တုန်းက လုပ်တဲ့ ရွေးကောက်ပွဲတွေလိုမျိုး ရချင်မှ ရမယ်။ ဘယ်အခွင့်အရေးကိုတော့ ရနိုင်တယ် ၊ ဘယ်ဟာတွေကတော့ မရဘူး ဆိုတာကို နိုင်ငံရေးပါတီတွေကြားထဲမှာ ကော်မရှင်နဲ့ သဘောတူချက် ရပြီးမှ လုပ်တာ ပိုကောင်းတယ်။ ”

လက်ရှိကော်မရှင်ဘက်က ထုတ်ပြန်ပြောဆိုချက်အရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူ အရေအတွက်ဟာ ၃၇သန်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီထဲမှာတပ်မတော်သား မိသားစုဝင်တွေန ပြည်ပရောက်နိုင်ငံသားတွေ မပါသေးပါဘူး။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၀၀နီးပါးရှိနေပြီး ၂၀၂၀ မှာ အသုံးပြုမယ့် မဲလက်မှတ်ဟာ အဖြူရောင်ဖြစ်တယ်လို့ လည်းကော်မရှင်ကဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG