သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ မဲေပးခြင့္ ေစာင့္ၾကည့္ဖို႔ ယန္ဟီးလီ ႏိႈးေဆာ္


ကုလ အထူးကိုယ္စားလွယ္ Yanghee Lee (မွတ္တမ္းဓာတ္ပံု- စက္တင္ဘာ ၀၃၊ ၂၀၁၉)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အခုႏွစ္ဟာ အေထြေထြ ေရြးေကာက္ပဲြက်င္းပမယ့္ႏွစ္ျဖစ္တာမို႔ လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ မဲေပးခြင့္ေတြ တန္းတူရရွိေရးအတြက္ ႏိုင္ငံတကာအေနနဲ႔ အထူးေစာင့္ၾကည့္ အကဲျဖတ္ၾကရမယ္လို႔ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္က ေျပာပါတယ္။ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္လို႔ လက္ရွိ ႐ိုဟင္ဂ်ာေနရပ္ျပန္ေရးကိစၥအျပင္ လက္ရွိျဖစ္ေနတဲ့ စစ္ေရးပဋိပကၡေတြေၾကာင့္ ရခိုင္ေဒသခံေတြအတြက္ အင္မတန္ စိုးရိမ္စရာျဖစ္ေနတယ္လို႔လည္း ကုလအထူးကိုယ္စားလွယ္က လူ႔အခြင့္အေရးေကာင္စီကို ေျပာသြားပါတယ္။ လူ႔အခြင့္အေရးေကာင္စီအတြင္း ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ဒီကေန႔ ေဆြးေႏြးေျပာဆိုခ်က္ေတြကို ကိုသားၫြန္႔ဦး ဆက္ၿပီး ေျပာျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ ဒီႏွစ္လုပ္မယ့္ အေထြေထြ ေရြးေကာက္ပဲြအခ်ိန္နီးတာနဲ႔အမွ် လြတ္လပ္စြာ ေျပာဆိုခြင့္ လြတ္လပ္စြာ စုေ၀းခြင့္ လြတ္လပ္စြာ မဲေပးခြင့္ေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ စိုးရိမ္မႈ တိုးလာတာကို ဒီကေန႔ လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးခ်က္ေတြမွာ ေတြ႕ရပါတယ္။

ရခိုင္ျပည္နယ္ကိစၥမွာဆိုလည္း ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး မေအာင္မျမင္ျဖစ္ေနတဲ့ ကိစၥအျပင္ လက္ရွိ ရခိုင္ျပည္နယ္တြင္းစစ္ေရးပဋိပကၡေတြေၾကာင့္ ေဒသခံအရပ္သားေတြ ထိခိုက္မႈတိုးလာတာကိုလည္း စိုးရိမ္တႀကီး ေဆြးေႏြးၾကပါတယ္။ ကခ်င္၊ ရွမ္း စတဲ့ အျခားတိုင္းရင္းသား လူနည္းစုေဒသေတြ စစ္ေရးပဋိပကၡေတြ ေဒသခံေတြရဲ႕ဆႏၵျပမႈကို အစိုးရက ႏွိပ္ကြပ္တာေတြကိုလည္း ကုလ အထူးကိုယ္စားလွယ္အပါအ၀င္ လူ႔အခြင့္အေရးေကာင္စီအဖဲြ႕၀င္ႏိုင္ငံေတြက ေထာက္ျပခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အခုႏွစ္အေျခအေနကို ႏိုင္ငံတကာအေနနဲ႔ အထူးေစာင့္ၾကည့္သြားရလိမ့္မယ္လို႔ ကုလ အထူးကိုယ္စားလွယ္ Yanghee Lee က ေျပာသြားပါတယ္။

“Election ျမန္မာအတြက္ ဒီႏွစ္ဟာ အင္မတန္အေရးႀကီးႏွစ္ပါ။ NLD အစိုးရ အာဏာရလာကတည္းကဆိုရင္ ႏိုင္ငံေရးပေယာဂနဲ႔ ဖမ္းဆီးမႈ အေတာ္မ်ားမ်ားရွိေနတာေတြ႕ရပါတယ္။ မႏွစ္ကနဲ႔ ဒီႏွစ္ဆိုရင္ ဒီအရည္အတြက္ တိုးလာပါတယ္။ လက္ရွိဆိုရင္ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္ၿပီး ဖမ္းခံရသူ ၆၄၇ ဦး ရွိပါတယ္။ သူတို႔ဟာ ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ဖမ္းခံရသူေတြပါ။ ဆႏၵျပတဲ့ေက်းရြာသားေတြ ပါတယ္၊ စက္ရံုေတြ ေက်ာက္မီးေသြးစီမံကိန္းေတြနဲ႔ သဘာ၀ပတ္၀န္းက်င္ ညစ္ႏြမ္းမႈေတြကို ဆန္႔က်င္လႈပ္ရွားတဲ့ ဆုေတာင္းပဲြလုပ္သူေတြပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေျမသိမ္းယာသိမ္းေတြျဖစ္ေနတဲ့ တိုင္းရင္းသားေဒသေတြကပါ။ သူတို႔ေျမေတြသိမ္းယူခံရတာကို ဆႏၵျပၾကသလို၊ အဲဒီက သူတို႔လူမႈအသိုက္အ၀န္းကို ထိခိုက္ေစတဲ့ သူတို႔နဲ႔လည္း ပြင့္ပြင္းလင္းလင္းတိုင္ပင္မႈမရွိတဲ့ စီမံကိန္းႀကီးေတြကို ရပ္ဖို႔ ဆႏၵျပၾကတာပါ။ ဒါေၾကာင့္ ႏိုင္ငံတကာအေနနဲ႔ ေရြးေကာက္ပဲြအတြင္းနဲ႔ အၿပီးကာလေတြကို အနီးကပ္ ေစာင့္ၾကည့္သြားဖို႔ လိုပါတယ္။”

ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အထူးသျဖင့္ေတာ့ လူသားထုအေပၚက်ဴးလြန္တဲ့ရာဇ၀တ္မႈ စစ္ရာဇ၀တ္မႈေတြနဲ႔ လူမ်ိဳးတုန္း သတ္ျဖတ္မႈလို႔ယူဆရတဲ့ က်ဴးလြန္မႈေတြ ထပ္မျဖစ္လာဖို႔ ႏိုင္ငံတကာအေနနဲ႔ ညီညီၫြတ္ၫြတ္ေဆာင္ရြက္သြားဖို႔လိုမယ္လို႔လည္း ကုလအထူးကိုယ္စားလွယ္က သတိေပးပါတယ္။ အထူးသျဖင့္ေတာ့ ICJ ႏိုင္ငံတကာတရားရံုးက ခ်မွတ္တဲ့ ၾကားျဖတ္အစီအမံေတြကို ျမန္မာအစိုးရအေနနဲ႔ လိုက္နာလာဖို႔နဲ႔ ၿပီးခဲ့တဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ICC ႏိုင္ငံတကာရာဇ၀တ္ခံု႐ံုးမွာ အေရးယူႏိ္ုင္ဖို႔ လံုျခံဳေရးေကာင္စီကိုဖိအားေပးၾကဖို႔ သူက တိုက္တြန္းပါတယ္။

ျမန္မာအိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံကေတာ့ ႏိုင္ငံတကာအေနနဲ႔ ျမန္မာႏိုင္ငံ ရင္ဆိုင္ရတဲ့အေျခအေနကို နားလည္ဖို႔နဲ႔ ႏိုင္ငံတႏိုင္ငံရဲ႕အခ်ဳပ္အခ်ာကို ေလးစားဖို႔လို႔ ေျပာၿပီး ျမန္မာဘက္က ခုခံကာကြယ္ေပးခဲ့ပါတယ္။

“ႏိုင္ငံတကာအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာကို ေလးစားၿပီးေတာ့ လူ႔အခြင့္အေရးတိုးတက္ဖို႔အတြက္ ျမန္မာအစိုးရဲ႕ အားထုတ္ႀကိဳးပမ္းမႈေတြ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳသင့္ပါတယ္။ ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ စိန္ေခၚခ်က္ေတြကိုလည္း ထည့္တြက္ရပါမယ္။”

ဒါေပမဲ့လည္း မေလးရွားလို ျမန္မာနဲ႔ ေဒသတြင္း နီးကပ္တဲ့ႏိုင္ငံအခ်ိဳ႕ကေတာ့ ရခိုင္ျပႆနာဟာ ေဒသကိုပါ ႐ိုက္ခတ္မႈရွိေနတာမို႔ ဒါဟာ အလ်င္စလို ေျဖရွင္းရမယ္လို႔ ဆိုပါတယ္။

“ရခိုင္ျပည္နယ္တြင္း အခ်ိန္အေတာ္ၾကာကတည္းျဖစ္ေနတဲ့ အၾကပ္အတည္းႀကီးဟာ ႀကီးမားတဲ့ ေရႊ႕ေျပာင္းအေျခခ်မႈေတြကို ျဖစ္ေစၿပီး အဲဒီကိစၥဟာ မေလးရွားအပါအ၀င္ အိမ္နီးခ်င္းေတြကို ႐ိုက္ခတ္လာပါတယ္။ ဒီ အၾကပ္အတည္းကို ေျဖရွင္းဖို႔ လက္ေတြ႕က်တဲ့ ေဆာင္ရြက္မႈေတြ အေရးေပၚ လိုအပ္နေနပါတယ္။”

ဥေရာပႏိုင္ငံေတြကေတာ့ ေရြးေကာက္ပဲြနီးလာတာနဲ႔အမွွ် လြတ္လပ္စြာေျပာဆိုခြင့္ေတြကို ပိတ္ပင္တာမ်ိဳးေတြကို ပိုလို႔စိုးရိမ္ၾကပါတယ္။ ၿဗိတိသွ်သံကိုယ္စားလွယ္ကေတာ့ ရခိုင္နဲ႔ခ်င္းက အင္တာနက္ပိတ္ပင္တာမ်ိဳးဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈသတင္းေတြကို ပိတ္ပင္တာမ်ိဳးျဖစ္ေနတယ္လို႔ ေထာက္ျပပါတယ္။

“လြတ္လပ္စြာေျပာဆိုခြင့္အေပၚ ခ်ဳပ္ခ်ယ္ ကန္႔သတ္မႈေတြတိုးလာတာ သတိထားမိပါတယ္။ ရခိုင္နဲ႔ ခ်င္းျပည္နယ္အတြင္းက အင္တာနက္ျဖတ္ေတာက္မႈေတြကို ျပန္႐ုပ္ဖို႔ အစိုးရကို တိုက္တြန္းပါတယ္။ ဒီလို ကန္႔သတ္တာဟာ လူ႔အခြင့္အေရး ခ်ဳိဳးေဖာက္မႈသတင္းေတြကို ပိတ္ပင္ေႏွာက္ယွက္ရာေရာက္သလို အဲဒီက ေဒသခံေတြရဲ႕ ဘ၀အတြက္လည္း အမ်ားႀကီး ထိခိုက္နစ္နာေစပါတယ္။”

ႏိုင္ငံအေတာ္မ်ားမ်ားက ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ သူတို႔စိုးရိမ္ခ်က္ေတြေျပာၿပီး အေရးယူဖို႔ကိစၥမွာ မတူတဲ့သေဘာထားေတြရွိၾကေပမယ့္၊ အားလံုးတူညီတာကေတာ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးကို ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ဖို႔ပါ။ ႐ိုဟင္ဂ်ာအသံုးအႏႈန္းလက္မခံတဲ့ ျမန္မာဘက္ကေတာ့ ဒီေနရပ္ျပန္ေရးကို မူအားျဖင့္ လက္ခံထားေပမယ့္ ေအာင္ေအာင္ျမင္ျမင္ေတာ့ ေဆာင္ရြက္ႏိ္ုင္တာမရွိေသးပါဘူး။

အခု ဒီကေန႔ ေဆြးေႏြးပဲြကေတာ့ ကုလအထူးကိုယ္စားလွယ္ Ms. Yanghee Lee ရဲ႕ တင္ျပခ်က္ေတြအေပၚ အဓိကထားေဆြးေႏြးတာျဖစ္ၿပီး Ms. Yanghee Lee အတြက္လည္း ဒါဟာ ျမန္မာႏိ္ုင္ငံနဲ႔ပတ္သက္လို ႔ ေနာက္ဆံုး သူ တင္ျပျခင္းျဖစ္ပါတယ္။ သူဟာ ၂၀၁၄ ခုႏွစ္ကတည္းက တာ၀န္ယူလာတာျဖစ္ၿပီး အခု သက္တမ္းကုန္ဆံုးလို႔ အသစ္ တေယာက္ကို ခန္႔ရေတာ့မွာပါ။ သူတာ၀န္ယူစဥ္အတြင္း ျမန္မာႏိ္ုင္ငံမွာ ဒီမိုကေရစီအသြင္ ကူးေျပာင္းမႈအေျခအေနကို သူ ကိုယ္ေတြ႕ၾကံဳခဲရပါတယ္။ ဒါေပမဲ့ သူ႔အျမင္ကေတာ့

“ဒါေပမဲ့ အင္မတန္ ၀မ္းနည္းစရာေကာင္းတာကေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ ျမန္မာ့ဒီမိုကေရစီအသြင္ ကူးေျပာင္းႏိုင္ဖိုပအတြက္ အေတာ္လုပ္ရဦးမယ္ဆိုတာ က်မ သေဘာေပါက္လာပါတယ္။ ဒါေပမယ့္လည္း ႏိုင္ငံတကာအသိုင္းအဝိုင္းက မူအားျဖင့္ ခိုင္ခိ္ုင္မာမာရပ္တည္ၿပီး ေထာက္ခံေနျခင္းအားျဖင့္ ျမန္မာႏိုင္ငံဟာ လူ႔အခြင့္အေရးျပည့္၀တဲ့ ဒီမိုကေရစီႏိုင္ငံကို အသြင္ကူးေျပာင္းႏိုင္မယ္ဆိုတာ က်မ ယံုၾကည္ထားပါတယ္။”

သက္တမ္းကုန္သြားတဲ့ Ms. Yanghee Lee ေနရာမွာေတာ့ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ေဟာင္း Tom Andrews ကို အမည္တင္သြင္းထားၿပီး အခု လုပ္ေနတဲ့ လူ႔အခြင့္အေရးညီလာခံအတြင္းမွာ အတည္ျပဳ ဆံုးျဖတ္ဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဲပေးခွင့် စောင့်ကြည့်ဖို့ ယန် ဟီးလီ နှိုးဆော်

မြန်မာနိုင်ငံမှာ အခုနှစ်ဟာ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့်နှစ်ဖြစ်တာမို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဲပေးခွင့်တွေ တန်းတူရရှိရေးအတွက် နိုင်ငံတကာအနေနဲ့ အထူးစောင့်ကြည့် အကဲဖြတ်ကြရမယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ လက်ရှိ ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စအပြင် လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို ပြောသွားပါတယ်။ လူ့အခွင့်အရေးကောင်စီအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီကနေ့ ဆွေးနွေးပြောဆိုချက်တွေကို ကိုသားညွန့်ဦး ဆက်ပြီး ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအချိန်နီးတာနဲ့အမျှ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ စုဝေးခွင့် လွတ်လပ်စွာ မဲပေးခွင့်တွေနဲ့ပတ်သက်လို့ နိုင်ငံအတော်များများရဲ့ စိုးရိမ်မှု တိုးလာတာကို ဒီကနေ့ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးချက်တွေမှာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်ကိစ္စမှာဆိုလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မအောင်မမြင်ဖြစ်နေတဲ့ကိစ္စအပြင် လက်ရှိ ရခိုင်ပြည်နယ်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်မှုတိုးလာတာကိုလည်း စိုးရိမ်တကြီး ဆွေးနွေးကြပါတယ်။ ကချင်၊ ရှမ်း စတဲ့ အခြားတိုင်းရင်းသား လူနည်းစုဒေသတွေ စစ်ရေးပဋိပက္ခတွေ ဒေသခံတွေရဲ့ဆန္ဒပြမှုကို အစိုးရက နှိပ်ကွပ်တာတွေကိုလည်း ကုလ အထူးကိုယ်စားလှယ်အပါအဝင် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အခုနှစ်အခြေအနေကို နိုင်ငံတကာအနေနဲ့ အထူးစောင့်ကြည့်သွားရလိမ့်မယ်လို့ ကုလ အထူးကိုယ်စားလှယ် Yanghee Lee က ပြောသွားပါတယ်။

“Election မြန်မာအတွက် ဒီနှစ်ဟာ အင်မတန်အရေးကြီးနှစ်ပါ။ NLD အစိုးရအာဏာရလာကတည်းကဆိုရင် နိုင်ငံရေးပယောဂနဲ့ ဖမ်းဆီးမှုအတော်များများရှိနေတာတွေ့ရပါတယ်။ မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ဒီအရည်အတွက်တိုးလာပါတယ်။ လက်ရှိဆိုရင် နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းခံရသူ ၆၄၇ ဦး ရှိပါတယ်။ သူတို့ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းခံရသူတွေပါ။ ဆန္ဒပြတဲ့ကျေးရွာသားတွေပါတယ်၊ စက်ရုံတွေ ကျောက်မီးသွေးစီမံကိန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုတွေကို ဆန့်ကျင်လှုပ်ရှားတဲ့ ဆုတောင်းပွဲလုပ်သူတွေပါတယ်။ များသောအားဖြင့်တော့ မြေသိမ်းယာသိမ်းတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကပါ။ သူတို့မြေတွေသိမ်းယူခံရတာကို ဆန္ဒပြကြသလို၊ အဲဒီက သူတို့လူမှုအသိုက်အဝန်းကို ထိခိုက်စေတဲ့ သူတို့နဲ့လည်း ပွင့်ပွင်းလင်းလင်းတိုင်ပင်မှုမရှိတဲ့ စီမံကိန်းကြီးတွေကို ရပ်ဖို့ ဆန္ဒပြကြတာပါ။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲအတွင်းနဲ့ အပြီးကာလတွေကို အနီးကပ် စောင့်ကြည့်သွားဖို့လိုပါတယ်။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့်တော့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ယူဆရတဲ့ ကျူးလွန်မှုတွေ ထပ်မဖြစ်လာဖို့ နိုင်ငံတကာအနေနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်သွားဖို့လိုမယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က သတိပေးပါတယ်။ အထူးသဖြင့်တော့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်တဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ လိုက်နာလာဖို့နဲ့ ပြီးခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ အရေးယူနိုင်ဖို့ လုံခြုံရေးကောင်စီကိုဖိအားပေးကြဖို့ သူက တိုက်တွန်းပါတယ်။

မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကတော့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်ရတဲ့အခြေအနေကို နားလည်ဖို့နဲ့ နိုင်ငံတနိုင်ငံရဲ့အချုပ်အချာကို လေးစားဖို့လို့ ပြောပြီး မြန်မာဘက်က ခုခံကာကွယ်ပေးခဲ့ပါတယ်။

“နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာကို လေးစားပြီးတော့ လူ့အခွင့်အရေးတိုးတက်ဖို့အတွက် မြန်မာအစိုးရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အောင်မြင်မှုတွေကို အသိအမှတ်ပြုသင့်ပါတယ်။ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်ချက်တွေကိုလည်း ထည့်တွက်ရပါမယ်။”

ဒါပေမဲ့လည်း မလေးရှားလို မြန်မာနဲ့ ဒေသတွင်း နီးကပ်တဲ့နိုင်ငံအချို့ကတော့ ရခိုင်ပြဿနာဟာ ဒေသကိုပါ ရိုက်ခတ်မှုရှိနေတာမို့ ဒါဟာ အလျင်စလို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်တွင်း အချိန်အတော်ကြာကတည်းဖြစ်နေတဲ့ အကြပ်အတည်းကြီးဟာ ကြီးမားတဲ့ ရွှေ့ပြောင်းအခြေချမှုတွေကို ဖြစ်စေပြီး အဲဒီကိစ္စဟာ မလေးရှားအပါအဝင် အိမ်နီးချင်းတွေကို ရိုက်ခတ်လာပါတယ်။ ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ အရေးပေါ် လိုအပ်နနေပါတယ်။”

ဥရောပနိုင်ငံတွေကတော့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လွတ်လပ်စွာပြောဆိုခွင့်တွေကို ပိတ်ပင်တာမျိုးတွေကို ပိုလို့စိုးရိမ်ကြပါတယ်။ ဗြိတိသျှသံကိုယ်စားလှယ်ကတော့ ရခိုင်နဲ့ချင်းက အင်တာနက်ပိတ်ပင်တာမျိုးဟာ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေကို ပိတ်ပင်တာမျိုးဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့်အပေါ် ချုပ်ချယ် ကန့်သတ်မှုတွေတိုးလာတာ သတိထားမိပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းက အင်တာနက်ဖြတ်တောက်မှုတွေကို ပြန်ရုပ်ဖို့ အစိုးရကို တိုက်တွန်းပါတယ်။ ဒီလို ကန့်သတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေကို ပိတ်ပင်နှောက်ယှက်ရာရောက်သလို အဲဒီက ဒေသခံတွေရဲ့ ဘဝအတွက်လည်း အများကြီး ထိခိုက်နစ်နာစေပါတယ်။”

နိုင်ငံအတော်များများက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ သူတို့စိုးရိမ်ချက်တွေပြောပြီး အရေးယူဖို့ကိစ္စမှာ မတူတဲ့သဘောထားတွေရှိကြပေမယ့်၊ အားလုံးတူညီတာကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ပါ။ ရိုဟင်ဂျာအသုံးအနှုန်းလက်မခံတဲ့ မြန်မာဘက်ကတော့ ဒီနေရပ်ပြန်ရေးကို မူအားဖြင့် လက်ခံထားပေမယ့် အောင်အောင်မြင်မြင်တော့ ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။

အခု ဒီကနေ့ ဆွေးနွေးပွဲကတော့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ တင်ပြချက်တွေအပေါ် အဓိကထားဆွေးနွေးတာဖြစ်ပြီး Ms. Yanghee Lee အတွက်လည်း ဒါဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နောက်ဆုံး သူ တင်ပြခြင်းဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ယူလာတာဖြစ်ပြီး အခု သက်တမ်းကုန်ဆုံးလို့ အသစ် တယောက်ကို ခန့်ရတော့မှာပါ။ သူတာဝန်ယူစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအခြေအနေကို သူ ကိုယ်တွေ့ကြုံခဲရပါတယ်။ ဒါပေမဲ့ သူ့အမြင်ကတော့

“ဒါပေမဲ့ အင်မတန် ဝမ်းနည်းစရာကောင်းတာကတော့ အောင်အောင်မြင်မြင်နဲ့ မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းနိုင်ဖိုပအတွက် အတော်လုပ်ရဦးမယ်ဆိုတာ ကျမ သဘောပေါက်လာပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက မူအားဖြင့် ခိုင်ခိုင်မာမာရပ်တည်ပြီး ထောက်ခံနေခြင်းအားဖြင့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနိုင်မယ်ဆိုတာ ကျမ ယုံကြည်ထားပါတယ်။”

သက်တမ်းကုန်သွားတဲ့ Ms. Yanghee Lee နေရာမှာတော့ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews ကို အမည်တင်သွင်းထားပြီး အခု လုပ်နေတဲ့ လူ့အခွင့်အရေးညီလာခံအတွင်းမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိနေပါတယ်။

XS
SM
MD
LG