သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ျပင္ပ မဲရံုထားေရးျပင္ဆင္ခ်က္ လႊတ္ေတာ္ အတည္ျပဳ


မဲဆႏၵရွင္ မဲထည့္စဥ္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi/Unicode)

တပ္တြင္းထားရွိတဲ့ မဲ႐ုံေတြကို တပ္ရင္းတပ္ဖြဲ႕ျပင္ပ အဆင္ျပတဲ့ ေနရာမွာ ထားဖို႔ ဆိုတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကျပင္ဆင္ ဖို႔ တင္သြင္းတဲ့ ျပင္ဆင္ခ်က္ကို ဒီ ကေန႔ ျပည္သူ႔ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ အတည္ျပဳလိုက္ပါတယ္။

တပ္ဘက္ ကေတာ့ ျပင္ဆင္ခ်က္ကို အျပင္းအထန္ ကန႔္ကြက္ခဲ့ပါတယ္။ ဒီျပင္ ေ႐ြ႕ ေျပာင္းေနထိုင္ သူေတြ ရဲ႕မဲေပးခြင့္ကို လည္း မဲေပးခြင့္ကို လည္း ရက္ေပါင္း ၁၈၀ အစား ရက္ေပါင္း ၉၀ နဲ႔ အစားထိုး ျပင္ဆင္ဖို႔ ကိုလည္းျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္ ေမခေပးပို႔ထားပါတယ္။

ျပည္သူ၊ အမ်ိဳးသားနဲ႔ တိုင္းေဒသႀကီး ဆိုင္ရာ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒနဲ႔ပတ္သတ္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပင္ဆင္ ဖို႔ တင္သြင္းတာကို ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြး အတည္ ျပဳလိုက္တာျဖစ္ပါတယ္။ တပ္ဘက္ ကေတာ့ ျပင္ဆင္ခ်က္ကို အျပင္းအထန္ ကန႔္ကြက္ခဲ့ပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္တင့္ဆန္းႏိုင္က တပ္ဘက္က မဲေပးတာမွာ ပြင့္လင္းျမင္သာမႈရွိေအာင္ တပ္ရင္း တပ္ဖြဲ႕ျပင္ပ အဆင္ေျပတဲ့ ေနရာမွာ ထားဖို႔ ဆိုတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပင္ဆင္ ဖို႔ တင္ျပတာက တပ္ရဲ႕ ဂုဏ္သိကာ ကိုထိပါးေစတယ္လို႔ ျပင္းျပင္းထန္ထန္ေဝဖန္ လိုက္ပါတယ္။

“ တပ္မေတာ္သားေတြနဲ႔ အိမ္ေထာင္စုေတြအတြက္ မဲေပးရာမွာ အလွမ္းေဝးေစမွာျဖစ္ၿပီးလုံၿခဳံေရး အတြက္ စိုးရိမ္ရျခင္း သြားလာေရးအတြက္ အခ်ိန္သြားလာရ ခက္ခဲေတြ ရွိျခင္း၊ သတ္မွတ္ခ်ိန္အတြင္း မဲေပးရန္အခက္အခဲေတြရွိျခင္းတို႔ ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။ ဒုတိယဥကၠ႒ ခင္ဗ်ာ လံုၿခံဳေရးအဖြဲ႔အစည္းျဖစ္တဲ့အတြက္ လံုၿခံဳေရးအျမင္နဲ႔ တင္ျပခ်က္ကို ေက်ာ္လြန္လစ္လ်ဴရႈၿပီးေတာ့မွ တပ္ျပင္ျပမွာ မဲရံုေဆာက္ဖို႔ ျပဌာန္းခဲ့တဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ လံုၿခံဳေရးကို တာ၀န္ယူေပးမွာလား၊ သတ္မွတ္မဲေပးခ်ိန္ျဖစ္တဲ့ မနက္ ၆ နာရီကေန ညေန ၄ နာရီအတြင္း မဲေပးႏိုင္ဖို႔ သယ္ယူပို႔ဆာင္ေရးအတြက္ ေမာ္ေတာ္ယာဥ္မ်ား စီစဥ္ေပးမွာလားဆိုတာလည္း သိလိုပါတယ္။ ”

တပ္ဘက္က တင္ျပခ်က္ကို ေကာ္မရွင္ဘက္က ပယ္ခ်ခဲ့သလို ျပည္သူ႔လႊတ္ေတာ ္ ဥပေဒၾကမ္းေကာ္မတီ ကပါ လက္မခံဘူးလို႔ ေကာ္မတီ အတြင္းေရးမႉး ဦးေက်ာ္စိုးလင္း ေျပာပါတယ္။

“ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ျပင္ဆင္တာျဖစ္တယ္။ ဆိုေတာ့ အခုျပင္ဆင္တဲ့ဥပေဒကို ၾကည့္မယ္ဆိုရင္မူရင္း ဥပေဒကို ေက်ာ္တာ မရွိဘူး ေလ်ာ္ညီေနတာ က်ေန္ာတို႔ ေတြ႔ရပါတယ္။ ဆႏၵမဲေပးတာနဲ႔ ပတ္သက္လို႔ မဲရံုေတြမွာ တပ္မေတာ္သားေတြ တပ္ျပင္ထြက္ဖို႔အတြက္ အခက္အခဲရွိတယ္ဆိုရင္ က်ေနာ္တို႔ ျပည္သူေတြဟာ တကယ္ေ၀းတဲ့ ၇ မိုင္၊ ၈ မိုင္ နဲ႔ ဒီလိုသြားေနတာ ၾကာပါၿပီ။ ဒါကေတာ့ မဲေပးတဲ့ေနရာမွာ အခက္အခဲရွိမွာပဲ ။ လံုၿခံဳေရး ပိုင္းကေတာ့ ဘယ္သူယူမလဲဆိုတာက က်ေနာ္တို႔နားလည္တာက တပ္မေတာ္သား ၊ မိသားစုအပါအ၀င္ က်ေနာ္တို႔ ႏိုင္ငံသူ ႏိုင္ငံသားေတြရဲ႕ လံုၿခံဳေရးကို အဓိက တရား၀င္ကိုင္ေဆာင္တဲ့ လက္နက္ကိုင္အဖဲြ႕အစည္း ေတြမွာပဲ တာ၀န္ရွိတယ္လို႔ က်ေန္ာတို႔ အဲလိုျမင္ပါတယ္။ ”

ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းေဝးမွာ ေ႐ြ႕ ေျပာင္းေနထိုင္ သူေတြ ရဲ႕မဲေပးခြင့္ကို လည္း မဲေပးခြင့္ကို လည္းရက္ေပါင္း ၁၈၀ အစား ရက္ေပါင္း ၉၀ နဲ႔ အစားထိုး ျပင္ဆင္ဖို႔ ကိုလည္း အတည္ျပဳလိုက္ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ တိုင္းရင္းသားေတြ ဘက္က သေဘာမတူဘဲ ကန႔္ကြက္တာေတြ ရွိခဲ့ပါတယ္။

မူဆယ္မဲဆႏၵနယ္က စိုင္းဘုန္း ျမတ္ ကေတာ့ ေ႐ြ႕ ေျပာင္းေနထိုင္ သူေတြ ရဲ႕မဲေပးခြင့္ကို အခုလို ရက္ေပါင္း ၁၈၀ အစား ရက္ေပါင္း ၉၀ နဲ႔ အစားထိုး ျပင္ဆင္တာက တိုင္းရင္းသားေဒသ က တိုင္းရင္းသားပါတီေတြတြက္ ခက္ခဲျဖစ္ေစ တဲ့ အျပင္ မဲမသမာမႈ ေတြ ျဖစ္လာႏိုင္တယ္လို႔ ခုလို ုေထာက္ျပပါတယ္။

“ေရြ႕ေျပာင္းလုပ္သားဦးေရ လြန္စြာမ်ားျပားတဲ့အတြက္ ရက္ေပါင္း ၁၈၀ အစား ရက္ေပါင္း ၉၀ လူက္တယ အဲဒီအက်ိဳးဆက္ေတြေၾကာင့္ ျပည္နယ္ အေျခစိုက္တိုင္းရင္းသားပါတီမ်ားရဲ႕ ကိုယ္စားျပဳမွႈကို မ်ားစြာ ထိခိုက္ေစမွာ ျဖစ္ပါတယ္။”

ေ႐ြးေကာက္ပြဲေစာင့္ ၾကည့္ေလ့လာတဲ့ ႏိုင္ငံ ေရးေလ့လာ သုံးသပ္သူ ဦးေမာင္ေမာင္စိုးက ေတာ့ အခုလို ေဝဖ ဒီလို ျပင္ဆင္မႈမ်ိဳး မလုပ္သင့္ဘူးလို႔ ေဝဖန္ပါတယ္။

“အဲဒီကိစၥက မဲရံုကို အျပင္ထြက္ေပးတာ ျပႆနာ မရွိပါဘူး။ ဒုတိယတခုအေနနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ဒီတိုင္းရင္းသားေတြနဲ႔ ပတ္သက္ၿပိး ရက္ေပါင္း ၁၈၀ အစား ရက္ေပါင္း ၉၀ လုပ္တာကေတာ့ မသင့္ေတာ္ဘူးလုိ႔ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တိုင္းရငး္သားနယ္ေျမေတြမွာ ေျပာင္းေရႊ႕အေျခခ်တဲ့ လူူေတြဟာ တိုင္းရင္းသားေတြနဲ႔ အတူတူ အခြင့္အေရးရတယ္ဆိုတာက ျပည္နယ္ေတြရဲ႕ ျပည္နယ္ေတြက ေဒသခံတိုင္းရင္းသားေတြက လက္ခံႏိုင္ဖြယ္မရွိတဲ့အျပင္ က်ေနာ္တို႔ ဖယ္ဒရယ္မႈတို႔ ဖက္ဒရယ္အခြင့္အေရးတို႔ တိုင္းရင္းသားအခြင့္အေရးတို႔ ေျပာတဲ့အခါမွာလည္း တကယ္ျပႆနာရွိမယ္လို႔ ထင္ပါတယ္။”

ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြက ေ႐ြးေကာက္ပြဲျဖစ္စဥ္မွာ ပါဝင္သူအားလုံး သေဘာမတူႏိုင္တဲ့ ဥပေဒအေျပာင္းအလဲေတြျဖစ္လာရင္ ႏိုင္ငံေရးအရ မတည္ၿငိမ္မႈေတြကို ျဖစ္ေစႏိုင္တယ္လို႔ သတိေပး ေနၾကးပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................

တပ်ပြင်ပ မဲရုံထားရေးပြင်ဆင်ချက် လွှတ်တော်အတည်ပြု

(Unicode)

တပ်တွင်းထားရှိတဲ့ မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ပြင်ပ အဆင်ပြတဲ့ နေရာမှာ ထားဖို့ ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင် ဖို့ တင်သွင်းတဲ့ ပြင်ဆင်ချက်ကို ဒီ ကနေ့ ပြည်သူ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ တပ်ဘက် ကတော့ ပြင်ဆင်ချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီပြင် ရွေ့ ပြောင်းနေထိုင် သူတွေ ရဲ့မဲပေးခွင့်ကို လည်း မဲပေးခွင့်ကို လည်း ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နဲ့ အစားထိုး ပြင်ဆင်ဖို့ ကိုလည်းပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မေခပေးပို့ထားပါတယ်။

ပြည်သူ၊ အမျိုးသားနဲ့ တိုင်းဒေသကြီး ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင် ဖို့ တင်သွင်းတာကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး အတည် ပြုလိုက်တာဖြစ်ပါတယ်။ တပ်ဘက် ကတော့ ပြင်ဆင်ချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းနိုင်က တပ်ဘက်က မဲပေးတာမှာ ပွင့်လင်းမြင်သာမှုရှိအောင် တပ်ရင်း တပ်ဖွဲ့ပြင်ပ အဆင်ပြေတဲ့ နေရာမှာ ထားဖို့ ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင် ဖို့ တင်ပြတာက တပ်ရဲ့ ဂုဏ်သိကာ ကိုထိပါးစေတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။

“ တပ်မတော်သားတွေနဲ့ အိမ်ထောင်စုတွေအတွက် မဲပေးရာမှာ အလှမ်းဝေးစေမှာဖြစ်ပြီးလုံခြုံရေး အတွက် စိုးရိမ်ရခြင်း သွားလာရေးအတွက် အချိန်သွားလာရ ခက်ခဲတွေ ရှိခြင်း၊ သတ်မှတ်ချိန်အတွင်း မဲပေးရန်အခက်အခဲတွေရှိခြင်းတို့ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒုတိယဥက္ကဋ္ဌ ခင်ဗျာ လုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် လုံခြုံရေးအမြင်နဲ့ တင်ပြချက်ကို ကျော်လွန်လစ်လျူရှုပြီးတော့မှ တပ်ပြင်ပြမှာ မဲရုံဆောက်ဖို့ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လုံခြုံရေးကို တာဝန်ယူပေးမှာလား၊ သတ်မှတ်မဲပေးချိန်ဖြစ်တဲ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း မဲပေးနိုင်ဖို့ သယ်ယူပို့ဆာင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးမှာလားဆိုတာလည်း သိလိုပါတယ်။ ”

တပ်ဘက်က တင်ပြချက်ကို ကော်မရှင်ဘက်က ပယ်ချခဲ့သလို ပြည်သူ့လွှတ်တော ် ဥပဒေကြမ်းကော်မတီ ကပါ လက်မခံဘူးလို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း ပြောပါတယ်။

“ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်တာဖြစ်တယ်။ ဆိုတော့ အခုပြင်ဆင်တဲ့ဥပဒေကို ကြည့်မယ်ဆိုရင်မူရင်း ဥပဒေကို ကျော်တာ မရှိဘူး လျော်ညီနေတာ ကျနေ်ာတို့ တွေ့ရပါတယ်။ ဆန္ဒမဲပေးတာနဲ့ ပတ်သက်လို့ မဲရုံတွေမှာ တပ်မတော်သားတွေ တပ်ပြင်ထွက်ဖို့အတွက် အခက်အခဲရှိတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေဟာ တကယ်ဝေးတဲ့ ၇ မိုင်၊ ၈ မိုင် နဲ့ ဒီလိုသွားနေတာ ကြာပါပြီ။ ဒါကတော့ မဲပေးတဲ့နေရာမှာ အခက်အခဲရှိမှာပဲ ။ လုံခြုံရေး ပိုင်းကတော့ ဘယ်သူယူမလဲဆိုတာက ကျနော်တို့နားလည်တာက တပ်မတော်သား ၊ မိသားစုအပါအဝင် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အဓိက တရားဝင်ကိုင်ဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေမှာပဲ တာဝန်ရှိတယ်လို့ ကျနေ်ာတို့ အဲလိုမြင်ပါတယ်။ ”

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ရွေ့ ပြောင်းနေထိုင် သူတွေ ရဲ့မဲပေးခွင့်ကို လည်း မဲပေးခွင့်ကို လည်းရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နဲ့ အစားထိုး ပြင်ဆင်ဖို့ ကိုလည်း အတည်ပြုလိုက်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ တိုင်းရင်းသားတွေ ဘက်က သဘောမတူဘဲ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

မူဆယ်မဲဆန္ဒနယ်က စိုင်းဘုန်း မြတ် ကတော့ ရွေ့ ပြောင်းနေထိုင် သူတွေ ရဲ့မဲပေးခွင့်ကို အခုလို ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နဲ့ အစားထိုး ပြင်ဆင်တာက တိုင်းရင်းသားဒေသ က တိုင်းရင်းသားပါတီတွေတွက် ခက်ခဲဖြစ်စေ တဲ့ အပြင် မဲမသမာမှု တွေ ဖြစ်လာနိုင်တယ်လို့ ခုလို ုထောက်ပြပါတယ်။

“ရွေ့ပြောင်းလုပ်သားဦးရေ လွန်စွာများပြားတဲ့အတွက် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ လူက်တယ အဲဒီအကျိုးဆက်တွေကြောင့် ပြည်နယ် အခြေစိုက်တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားပြုမှှုကို များစွာ ထိခိုက်စေမှာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲစောင့် ကြည့်လေ့လာတဲ့ နိုင်ငံ ရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက တော့ အခုလို ဝေဖ ဒီလို ပြင်ဆင်မှုမျိုး မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“အဲဒီကိစ္စက မဲရုံကို အပြင်ထွက်ပေးတာ ပြဿနာ မရှိပါဘူး။ ဒုတိယတခုအနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြိး ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ လုပ်တာကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားနယ်မြေတွေမှာ ပြောင်းရွှေ့အခြေချတဲ့ လူူတွေဟာ တိုင်းရင်းသားတွေနဲ့ အတူတူ အခွင့်အရေးရတယ်ဆိုတာက ပြည်နယ်တွေရဲ့ ပြည်နယ်တွေက ဒေသခံတိုင်းရင်းသားတွေက လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ကျနော်တို့ ဖယ်ဒရယ်မှုတို့ ဖက်ဒရယ်အခွင့်အရေးတို့ တိုင်းရင်းသားအခွင့်အရေးတို့ ပြောတဲ့အခါမှာလည်း တကယ်ပြဿနာရှိမယ်လို့ ထင်ပါတယ်။”

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်သူအားလုံး သဘောမတူနိုင်တဲ့ ဥပဒေအပြောင်းအလဲတွေဖြစ်လာရင် နိုင်ငံရေးအရ မတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်တယ်လို့ သတိပေး နေကြးပါတယ်။

XS
SM
MD
LG