သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျပာင္းေရႊ႕ေနထိုင္သူမ်ားမဲေပးခြင့္ဥပေဒ ျပန္သံုးသပ္ဖို႔ တိုက္တြန္း


ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္

(Zawgyi/Unicode)

ေနရာသစ္ကို ေ႐ြေျပာင္းၿပီး ရက္ေပါင္း ၉၀ ျပည့္တာနဲ႔ အဲဒီေျပာင္းေရႊ႕ေနထိုင္ရာ ေဒသအတြက္ မဲေပးႏိုင္ခြင့္ရွိတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ နည္းဥပေဒကို ျပန္ျပင္ဆင္ေပးဖို႔ တိုင္းရင္းသားပါတီတခ်ိဳ႕က ေတာင္းဆို ေနၾကပါတယ္။ ေ႐ြ႕ေျပာင္းေနထိုင္တဲ့သူေတြဟာ သူတို႔ ယာယီ ေျပာင္းေရႊ႕ေနထိုင္တဲ့ အဲဒီေဒသကို ကိုယ္စားမျပဳသလို ေနာက္ပိုင္းမွာလည္း မညီမွ်မႈေတြ၊ မေက်နပ္မႈေတြ ျဖစ္လာႏိုင္လို႔ ဒါကိုျပန္သုံးသပ္ေပးဖို႔ ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။

ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ငါးႀကိမ္ေျမာက္ျပင္ထားတဲ့ ေ႐ြးေကာက္ပြဲနည္းဥပေဒမွာ ေျပာင္းေ႐ြ႕ေနထိုင္တဲ့သူေတြရဲ႕ မဲေပးပိုင္ခြင့္ကို ေနထိုင္ၿပီး ရက္ေပါင္း ၉၀ ျပည့္တာနဲ႔ မဲေပးႏိုင္တယ္ဆိုတဲ့ အခ်က္အေပၚမွာ တိုင္းရင္းသားပါတီေတြက စိုးရိမ္ေနၾကပါတယ္။ ေခတၱေျပာင္းေ႐ြ႕ေနထိုင္တဲ့သူေတြဟာ သူ႔မူလ ေနရပ္အတြက္သာ မဲေပးသင့္ၿပီး၊ ေဒသအသစ္အတြက္ ကိုယ္စားမျပဳႏိုင္ ဘူးလို႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဒုဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာပါတယ္။

“ ရက္ေပါင္း ၁၈၀ ေတာင္မွ က်ေနာ္တို႔ သေဘာမတူႏိုင္တာ ရက္ေပါင္း ၉၀ လုပ္လိုက္ေတာ့ က်ေနာ္တို႔ ပိုၿပီးမွ သေဘာမတူႏိုင္ပါဘူး။ ဒီလိုပုံစံမ်ိဳးနဲ႔ လုပ္မယ္ဆိုရင္ မညီမွ်မႈေတြလည္း ျဖစ္လာမယ္၊ မေက်နပ္မႈေတြကလည္း ျဖစ္လာမယ္။ ေနာက္အက်ိဳးဆက္ေတြကလည္း အမ်ိဳးမ်ိဳးျဖစ္လာႏိုင္တယ္။ ဒါေၾကာင့္ ဒီဟာကို ျပန္သုံးသပ္ဖို႔လိုတယ္၊ စိစစ္ဖို႔လိုတယ္။”

ကခ်င္ေပါင္းစည္းပါတီျဖစ္တဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP, ခ်င္းေပါင္းစည္းပါတီ ျဖစ္တဲ့ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD, ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP, မြန္ညီၫြတ္ေရးပါတီ MUP နဲ႔ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KSDP စတဲ့ တိုင္းရင္းသားပါတီ ေတြက ေခါင္းေဆာင္ေတြဟာ ဒီျပႆနာကို မႏွစ္က ဒီဇင္ဘာကစၿပီး ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။

မြန္ညီၫြတ္ေရးပါတီ MUP ရဲ႕ သတင္းျပန္ၾကားေရးတာဝန္ခံ ႏိုင္လယိတမ က လည္း ေ႐ြ႕ေျပာင္းလုပ္သားေတြဟာ ယာယီေနထိုင္တဲ့သူေတြျဖစ္တဲ့အတြက္ သူတို႔ေရာက္ရွိေနတဲ့ေဒသက ကိုယ္စားလွယ္ေလာင္းကို ေ႐ြးခ်ယ္တာဟာ တရားမွ်တမႈမရွိဘူးလို႔ ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ အဲဒီေ႐ြ႕ေျပာင္းလုပ္သားေတြရဲ႕မဲေၾကာင့္ ေ႐ြးေကာက္ပြဲရလဒ္က အေျပာင္းအလဲ ျဖစ္သြားႏိုင္တယ္။ အဲဒီလိုအေျပာင္းအလဲျဖစ္သြားရင္ ဒီေ႐ြးေကာက္ခံရတဲ့ ကိုယ္စားလွယ္ကိုလည္း ကိုယ္စားျပဳမႈနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခြန္းထုတ္စရာေတြျဖစ္လာမယ္။ မူလေနရင္းေဒသမွာပဲ အေ႐ြးခံမယ့္ ကိုယ္စားလွယ္ေလာင္းကို သူတို႔ေရာက္ရွိေနတဲ့ ေနရာကေန ႀကိဳတင္မဲေပးႏိုင္ေအာင္ အစိုးရက၊ ေကာ္မရွင္က စီစဥ္ေပးသင့္တယ္ဆိုတဲ့ က်ေနာ္တို႔ သေဘာထားရွိတယ္။”

ဒါ့အျပင္ တိုင္းရင္းသား ပါတီေတြရဲ့ ဒီ သေဘာထားကို ျပည္ေထာင္စုလႊတ္ေတာ္ တိုင္းရင္းသားေရးရာေကာ္မတီကို စာနဲ႔တင္ျပဖို႔ စီစဥ္ေန တယ္ လို႔လည္းေျပာပါတယ္။

ဒီနည္းဥပေဒဟာ ေဒသခံတိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္သလို ျဖစ္ေနတယ္လုိ႔ ျမင္သူ ကေတာ့ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ အေထြေထြအတြင္းေရးမႉး ခူးသဲရယ္ ျဖစ္ပါတယ္။

“ ဒါကသူတို႔ရဲ႕ အခြင့္အေရးကို လာၿပီးေတာ့မွ စိုးမိုးျခယ္လွယ္တဲ့ ပုံစံမ်ိဳးရွိတယ္လို႔ က်ေနာ္တို႔ ခံစားရတယ္ေပါ့။ လက္ရွိ အစိုးရအေနနဲ႔က ဒီကိစၥေတြကို လုပ္တာကေတာ့ က်ေနာ္တို႔ တိုင္းရင္းသားပါတီေတြ လက္မခံႏိုင္ဘူးေပါ့။”

မၾကာခင္ရက္ပိုင္းအတြင္းလည္း ဒီတိုင္းရင္းသားပါတီ ေတြ ရန္ကုန္မွာ ထပ္မံ ေတြ႕ဆုံၿပီး ဒီကိစၥကို ေဆြးေႏြးဖို႔ရွိပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ၂၀၁၉ ေအာက္တိုဘာ ၃ရက္မွာ အမိန႔္အမွတ္ (၅၅/ ၂၀၁၉) နဲ႔ ပၪၥမအႀကိမ္ေျမာက္ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒကို ျပင္ဆင္ခဲ့ၿပီး ပုဒ္မ ၁၀မွာ အနည္းဆုံးရက္ေပါင္း ၁၈၀ ထက္မနည္း ဆိုတဲ့ စာသားအစားအနည္းဆုံး ရက္ေပါင္း ၉၀ ထက္မနည္း ဆိုတဲ့ စာသားကိုျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ပြောင်းရွှေ့နေထိုင်သူများမဲပေးခွင့်ဥပဒေ ပြန်သုံးသပ်ဖို့ တိုက်တွန်း

(Unicode)

နေရာသစ်ကို ရွေပြောင်းပြီး ရက်ပေါင်း ၉၀ ပြည့်တာနဲ့ အဲဒီပြောင်းရွှေ့နေထိုင်ရာ ဒေသအတွက် မဲပေးနိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေကို ပြန်ပြင်ဆင်ပေးဖို့ တိုင်းရင်းသားပါတီတချို့က တောင်းဆို နေကြပါတယ်။ ရွေ့ပြောင်းနေထိုင်တဲ့သူတွေဟာ သူတို့ ယာယီ ပြောင်းရွှေ့နေထိုင်တဲ့ အဲဒီဒေသကို ကိုယ်စားမပြုသလို နောက်ပိုင်းမှာလည်း မညီမျှမှုတွေ၊ မကျေနပ်မှုတွေ ဖြစ်လာနိုင်လို့ ဒါကိုပြန်သုံးသပ်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ငါးကြိမ်မြောက်ပြင်ထားတဲ့ ရွေးကောက်ပွဲနည်းဥပဒေမှာ ပြောင်းရွေ့နေထိုင်တဲ့သူတွေရဲ့ မဲပေးပိုင်ခွင့်ကို နေထိုင်ပြီး ရက်ပေါင်း ၉၀ ပြည့်တာနဲ့ မဲပေးနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာ တိုင်းရင်းသားပါတီတွေက စိုးရိမ်နေကြပါတယ်။ ခေတ္တပြောင်းရွေ့နေထိုင်တဲ့သူတွေဟာ သူ့မူလ နေရပ်အတွက်သာ မဲပေးသင့်ပြီး၊ ဒေသအသစ်အတွက် ကိုယ်စားမပြုနိုင် ဘူးလို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

“ ရက်ပေါင်း ၁၈၀ တောင်မှ ကျနော်တို့ သဘောမတူနိုင်တာ ရက်ပေါင်း ၉၀ လုပ်လိုက်တော့ ကျနော်တို့ ပိုပြီးမှ သဘောမတူနိုင်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုရင် မညီမျှမှုတွေလည်း ဖြစ်လာမယ်၊ မကျေနပ်မှုတွေကလည်း ဖြစ်လာမယ်။ နောက်အကျိုးဆက်တွေကလည်း အမျိုးမျိုးဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီဟာကို ပြန်သုံးသပ်ဖို့လိုတယ်၊ စိစစ်ဖို့လိုတယ်။”

ကချင်ပေါင်းစည်းပါတီဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP, ချင်းပေါင်းစည်းပါတီ ဖြစ်တဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD, ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP, မွန်ညီညွတ်ရေးပါတီ MUP နဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP စတဲ့ တိုင်းရင်းသားပါတီ တွေက ခေါင်းဆောင်တွေဟာ ဒီပြဿနာကို မနှစ်က ဒီဇင်ဘာကစပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ နိုင်လယိတမ က လည်း ရွေ့ပြောင်းလုပ်သားတွေဟာ ယာယီနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရောက်ရှိနေတဲ့ဒေသက ကိုယ်စားလှယ်လောင်းကို ရွေးချယ်တာဟာ တရားမျှတမှုမရှိဘူးလို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အဲဒီရွေ့ပြောင်းလုပ်သားတွေရဲ့မဲကြောင့် ရွေးကောက်ပွဲရလဒ်က အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ အဲဒီလိုအပြောင်းအလဲဖြစ်သွားရင် ဒီရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ကိုလည်း ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာတွေဖြစ်လာမယ်။ မူလနေရင်းဒေသမှာပဲ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းကို သူတို့ရောက်ရှိနေတဲ့ နေရာကနေ ကြိုတင်မဲပေးနိုင်အောင် အစိုးရက၊ ကော်မရှင်က စီစဉ်ပေးသင့်တယ်ဆိုတဲ့ ကျနော်တို့ သဘောထားရှိတယ်။”

ဒါ့အပြင် တိုင်းရင်းသား ပါတီတွေရဲ့ ဒီ သဘောထားကို ပြည်ထောင်စုလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီကို စာနဲ့တင်ပြဖို့ စီစဉ်နေ တယ် လို့လည်းပြောပါတယ်။

ဒီနည်းဥပဒေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်သလို ဖြစ်နေတယ်လို့ မြင်သူ ကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ် ဖြစ်ပါတယ်။

“ ဒါကသူတို့ရဲ့ အခွင့်အရေးကို လာပြီးတော့မှ စိုးမိုးခြယ်လှယ်တဲ့ ပုံစံမျိုးရှိတယ်လို့ ကျနော်တို့ ခံစားရတယ်ပေါ့။ လက်ရှိ အစိုးရအနေနဲ့က ဒီကိစ္စတွေကို လုပ်တာကတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေ လက်မခံနိုင်ဘူးပေါ့။”

မကြာခင်ရက်ပိုင်းအတွင်းလည်း ဒီတိုင်းရင်းသားပါတီ တွေ ရန်ကုန်မှာ ထပ်မံ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးဖို့ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၁၉ အောက်တိုဘာ ၃ရက်မှာ အမိန့်အမှတ် (၅၅/ ၂၀၁၉) နဲ့ ပဉ္စမအကြိမ်မြောက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်ခဲ့ပြီး ပုဒ်မ ၁၀မှာ အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း ဆိုတဲ့ စာသားအစားအနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း ဆိုတဲ့ စာသားကိုပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG