သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ အေႏွာင့္အယွက္ေပးမယ့္လုပ္ရပ္အားလံုး ထိထိေရာက္ေရာက္ အေရးယူဖို႔ရွိ


ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌး (MOI)

(Zawgyi/Unicode)

ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ ႏိုင္ငံေရးအရ ရႈပ္ေထြးမႈေတြ ျဖစ္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတဲ့အြန္လိုင္း လူမႈကြန္ယက္စာမ်က္ႏွာေတြအျပင္ မီဒီယာ အမည္ခံေထာင္ကာ သတင္းမွား ျဖန႔္ေနတာေတြကို ျပင္းျပင္းထန္ထန္အေရးယူသြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက သတိေပးေျပာဆိုလိုက္တာကို ေျပာျပေပးသြားခ်င္ပါတယ္။ ရန္ကုန္ကေန မေမခ သတင္းေပးပို႔ထားပါတယ္။

ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ ႏိုင္ငံေရးအရ ရႈပ္ေထြးမႈေတြ ျဖစ္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတဲ့လူမႈကြန္ယက္ စာမ်က္ႏွာေတြ အျပင္ဒီထဲမွာ ေငြကုန္ေၾကးက်ခံကာ မီဒီယာေထာင္ သတင္းမွားျဖန႔္ဖို႔ လုပ္ေဆာင္ေနတာေတြ ရွိတာေၾကာင့္ဒါေတြကို ေဖာ္ထုတ္ သြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက အခုလိုေျပာဆိုလိုက္တာပါ။

“အဲဒီေတာ့ ေ႐ြးေကာက္ပြဲနီးလာၿပီ ကမ္ပိန္းေတြစရင္ ဒီထပ္ပိုဆိုးလာမယ္။ က်ေနာ္တို႔ကသတိေပး ခ်င္တယ္ ဒီ Page ေတြက်ေနာ္တို႔ေဖာ္ထုတ္ေနတယ္။ အဲမွာပါဝင္ပတ္သတ္တဲ့လူေတြေပါ့ေနာ္ က်ေနာ္တို႔ စိစစ္ေဖာ္ ထုတ္ရတာဆို အေရးယူပါမယ္။ ထိထိေရာက္ေရာက္အေရးယူမယ္။ ဘယ္သူေတြလဲဆို တာက်ေနာ္တို႔ ရိပ္ဖမ္းသံဖမ္း သိပါတယ္။ ေျပာရရင္ေတာ့ သက္ဆိုင္ရာအုပ္စုတစုကေန ေငြပုံေပးၿပီးေတာ့ ေ႐ြးေကာက္ပြဲအတြက္ ရည္႐ြယ္ခ်က္ရွိရွိ Group ေတြဖြဲ႕တယ္၊ Page ေထာင္တယ္ ၊ မီဒီယာေတြ ေထာင္ တယ္။ အဲလူေတြပါဝင္ပတ္သတ္ေနတယ္ဆိုတာေက်နာ္တို႔သိတယ္၊ က်ေနာ္တို႔သတိေပး ပါတယ္။ ႏိုင္ငံေရးအရ မွ်မွ်တတ ယွဥ္ၿပိဳင္ေစခ်င္တယ္။”

ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ၄ႏွစ္တာကာလ လုပ္ငန္းလုပ္ေဆာင္မႈနဲ႔ ပတ္သတ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးကေျပာဆို ခဲ့တာျဖစ္ပါတယ္။ အစိုးရတာဝန္ရွိသူေတြကို ေနျပည္ေတာ္မွာ ေျမကြက္ေတြ ႏိုင္ငံေတာ္ေစ်းနဲ႔ ေရာင္းခ်ေပးမယ္လို႔ သတင္းစာ ရွင္းလင္းပြဲတခုမွာ ဦးေဇာ္ေဌးက ေျပာဆိုခဲ့တဲ့ေနာက္၊ အစိုးရအေပၚ ေဝဖန္ခ်က္ေတြ အေတာ္မ်ားမ်ား ထြက္လာပါတယ္။ အဲဒီတဆက္တည္းမွာပဲ အာဏာရပါတီ ျပန္ၾကားေရးတာဝန္ရွိသူတဦးက ေရးသားတယ္ဆိုတဲ့ သတင္းတုေတြ အြန္လိုင္းေပၚမွာျပန႔္ထြက္လာပါတယ္။ ဒါမ်ိဳးေတြဟာ အစိုးရနဲ႔ျပည္သူ၊ အာဏာရပါတီနဲ႔ အစိုးရတာဝန္ရွိသူေတြအၾကား ေသြးခြဲေအာင္ တမင္လုပ္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫြန္ခ်ဳပ္သစ္တဦးခန႔္ထားရာမွာ ဦးေဇာ္ေဌးေနရာ ျဖစ္တယ္ဆိုၿပီး သတင္းဌာနတခ်ိဳ႕က မွားယြင္းေဖာ္ျပတာေတြ ျဖစ္ခဲ့ပါတယ္။

ဦးေဇာ္ေဌးေျပာဆိုခ်က္အရ ေနျပည္ေတာ္အသိုင္းအဝိုင္းနဲ႔ဆက္ႏြယ္ၿပီး မီဒီယာ အမည္ခံ ေငြကုန္ခံ လုပ္ေဆာင္တာေတြ တယ္လို႔ သူကဆိုေပမယ့္ ဘယ္မီဒီယာလည္းဆိုတာ တိတိပပ မေျပာခဲ့ပါဘူး။ အျမန္ဆုံး ေဖာ္ ထုတ္ မယ္လို႔သာဆိုပါတယ္။

“ႏိုင္ငံေရးအရ ရည္႐ြယ္ခ်က္ရွိရွိသတင္းမွားျဖန္႕တဲ့ပံုစံလို႔ က်ေနာ္တို႔သုံးသပ္ပါတယ္။ ရည္႐ြယ္ခ်က္ရွိရွိျဖန္႔တယ္ အဲဒီ post ဆိုရင္ ေငြကုန္ခံ Boost လုပ္တာျဖစ္တယ္။ အဲဒီအပိုင္လည္း က်ေနာ္တို႔ ေတြ႔ရတယ္။ အၾကမ္းဖ်ဥ္းေတာ့ က်ေနာ္တို႔ ေဖာ္ထုတ္ေနၿပီ။ ၿပီးရင္ ဥပေဒနဲ႔အညီ အေရးယူမယ္။ Mainstream မီဒီယာေတြက Fake မီဒီယာေတြေနာက္လိုက္ၿပီး သတင္းမွားေတြ ေရးတယ္။ အဲဒီအဖြဲ႕အစည္းက ျဖန႔္ေ၀တဲ့ သတင္းမွားေတြကို မီဒီယာေတြက လိုက္ၿပီး သံေယာင္လိုက္ သတင္းေရးတာကို ေတြ႕ရတာေတာ့ အေတာ္ကိုစိတ္မေကာင္းဘူး။ ေတာ္ေတာ္စိတ္ပ်က္တယ္။ ေနျပည္ေတာ္ အသိုင္းအဝိုင္းနဲ႔ ဆက္စပ္ၿပီးေတာ့ facebook မွာ Page ေတြေထာင္၊ Group ေတြဖြဲ႕တယ္ ဘယ္သူေတြလုပ္ေနလဲ က်ေနာ္တို႔သိပါတယ္”

အခုလိုေျပာဆိုတာနဲ႔ ပတ္သတ္လို႔ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ကေတာ့ အခုလို သုံးသပ္ေျပာဆိုလိုက္ပါတယ္။

“မွန္ပါတယ္ က်ေနာ္တို႔လည္းသေဘာက်တယ္။သတင္းလုပ္ငန္းလုပ္ေနတဲ့သူေတြအေနနဲ႔ ဒီလို မမွန္မကန္တာေတြကို တမင္ ရည္႐ြယ္ခ်က္ရွိရွိလုပ္ေနတယ္ဆိုရင္ ဒါေတြက ဥပေဒနဲ႔အညီ အေရးယူသင့္တယ္ အဲဒါက တပိုင္း။ ဒုတိယတပိုင္းက အဲဒီသတင္းေတြကိုမူတည္ၿပီးေတာ့ Mainstream မီဒီယာေတြက မွားၾကတဲ့ ကိစၥေပါ့။ အဲလိုမွားတဲ့ကိစၥမွာ က်ေနာ္နားလည္တာကေတာ့ ျပန္ၾကည့္ရင္ အေျခခံအက်ဆံုး သတင္းမီဒီယာက်င့္ဝတ္ကို မလိုက္နာလို႔ အဲလိုမ်ိဳးအမွားေတြ ျဖစ္သြားတယ္ဆိုတာကို က်ေနာ္ကေတာ့ သြားေတြ႔တယ္။ ဘယ္ကမွ Confirm လည္းမလုပ္ပဲနဲ႔ ေရးထားတာသြားေတြ႔တဲ့အခါက်ေတာ့ သတင္းအမွန္က အနည္းဆံုးလိုက္နာသင့္တဲ့ က်င့္၀တ္ကိုယ္ေတာင္ မလိုက္နာတာ ေတြ႔တဲ့အခါက်ေတာ့ အဲမီဒီယာေတြကို က်င့္ဝတ္လိုက္နာလာေအာင္ လုပ္သင့္တာေပါ့။”

ေကာလာဟလ သတင္းမွားမ်ား ေဖာ္ျပတဲ့ ဝက္ဘ္ဆိုက္နဲ႔ဆိုရွယ္ မီဒီယာေတြကို စာရင္း လုပ္ကာ ပိတ္သိမ္းသြားဖို႔ကို အစိုးရက ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာနကို ၿပီးခဲ့တဲ့ မတ္လကထဲက ၫႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

(Unicode)

ရွေးကောက်ပွဲနီးလာချိန်မှာ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာတွေအပြင် မီဒီယာ အမည်ခံထောင်ကာ သတင်းမှား ဖြန့်နေတာတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သတိပေးပြောဆိုလိုက်တာကို ပြောပြပေးသွားချင်ပါတယ်။ ရန်ကုန်ကနေ မမေခ သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲနီးလာချိန်မှာ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့လူမှုကွန်ယက် စာမျက်နှာတွေ အပြင်ဒီထဲမှာ ငွေကုန်ကြေးကျခံကာ မီဒီယာထောင် သတင်းမှားဖြန့်ဖို့ လုပ်ဆောင်နေတာတွေ ရှိတာကြောင့်ဒါတွေကို ဖော်ထုတ် သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလိုပြောဆိုလိုက်တာပါ။

“အဲဒီတော့ ရွေးကောက်ပွဲနီးလာပြီ ကမ်ပိန်းတွေစရင် ဒီထပ်ပိုဆိုးလာမယ်။ ကျနော်တို့ကသတိပေး ချင်တယ် ဒီ Page တွေကျနော်တို့ဖော်ထုတ်နေတယ်။ အဲမှာပါဝင်ပတ်သတ်တဲ့လူတွေပေါ့နော် ကျနော်တို့ စိစစ်ဖော် ထုတ်ရတာဆို အရေးယူပါမယ်။ ထိထိရောက်ရောက်အရေးယူမယ်။ ဘယ်သူတွေလဲဆို တာကျနော်တို့ ရိပ်ဖမ်းသံဖမ်း သိပါတယ်။ ပြောရရင်တော့ သက်ဆိုင်ရာအုပ်စုတစုကနေ ငွေပုံပေးပြီးတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Group တွေဖွဲ့တယ်၊ Page ထောင်တယ် ၊ မီဒီယာတွေ ထောင် တယ်။ အဲလူတွေပါဝင်ပတ်သတ်နေတယ်ဆိုတာကျေနာ်တို့သိတယ်၊ ကျနော်တို့သတိပေး ပါတယ်။ နိုင်ငံရေးအရ မျှမျှတတ ယှဉ်ပြိုင်စေချင်တယ်။”

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၄နှစ်တာကာလ လုပ်ငန်းလုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးကပြောဆို ခဲ့တာဖြစ်ပါတယ်။ အစိုးရတာဝန်ရှိသူတွေကို နေပြည်တော်မှာ မြေကွက်တွေ နိုင်ငံတော်ဈေးနဲ့ ရောင်းချပေးမယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ဦးဇော်ဌေးက ပြောဆိုခဲ့တဲ့နောက်၊ အစိုးရအပေါ် ဝေဖန်ချက်တွေ အတော်များများ ထွက်လာပါတယ်။ အဲဒီတဆက်တည်းမှာပဲ အာဏာရပါတီ ပြန်ကြားရေးတာဝန်ရှိသူတဦးက ရေးသားတယ်ဆိုတဲ့ သတင်းတုတွေ အွန်လိုင်းပေါ်မှာပြန့်ထွက်လာပါတယ်။ ဒါမျိုးတွေဟာ အစိုးရနဲ့ပြည်သူ၊ အာဏာရပါတီနဲ့ အစိုးရတာဝန်ရှိသူတွေအကြား သွေးခွဲအောင် တမင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ချုပ်သစ်တဦးခန့်ထားရာမှာ ဦးဇော်ဌေးနေရာ ဖြစ်တယ်ဆိုပြီး သတင်းဌာနတချို့က မှားယွင်းဖော်ပြတာတွေ ဖြစ်ခဲ့ပါတယ်။

ဦးဇော်ဌေးပြောဆိုချက်အရ နေပြည်တော်အသိုင်းအဝိုင်းနဲ့ဆက်နွယ်ပြီး မီဒီယာ အမည်ခံ ငွေကုန်ခံ လုပ်ဆောင်တာတွေ တယ်လို့ သူကဆိုပေမယ့် ဘယ်မီဒီယာလည်းဆိုတာ တိတိပပ မပြောခဲ့ပါဘူး။ အမြန်ဆုံး ဖော် ထုတ် မယ်လို့သာဆိုပါတယ်။

“နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိသတင်းမှားဖြန့်တဲ့ပုံစံလို့ ကျနော်တို့သုံးသပ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိဖြန့်တယ် အဲဒီ post ဆိုရင် ငွေကုန်ခံ Boost လုပ်တာဖြစ်တယ်။ အဲဒီအပိုင်လည်း ကျနော်တို့ တွေ့ရတယ်။ အကြမ်းဖျဉ်းတော့ ကျနော်တို့ ဖော်ထုတ်နေပြီ။ ပြီးရင် ဥပဒေနဲ့အညီ အရေးယူမယ်။Mainstream မီဒီယာတွေက Fake မီဒီယာတွေနောက်လိုက်ပြီး သတင်းမှားတွေ ရေးတယ်။ အဲဒီအဖွဲ့အစည်းက ဖြန့်ဝေတဲ့ သတင်းမှားတွေကို မီဒီယာတွေက လိုက်ပြီး သံယောင်လိုက် သတင်းရေးတာကို တွေ့ရတာတော့ အတော်ကိုစိတ်မကောင်းဘူး။ တော်တော်စိတ်ပျက်တယ်။ နေပြည်တော် အသိုင်းအဝိုင်းနဲ့ ဆက်စပ်ပြီးတော့ facebook မှာ Page တွေထောင်၊ Group တွေဖွဲ့တယ် ဘယ်သူတွေလုပ်နေလဲ ကျနော်တို့သိပါတယ်”

အခုလိုပြောဆိုတာနဲ့ ပတ်သတ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။
“မှန်ပါတယ် ကျနော်တို့လည်းသဘောကျတယ်။သတင်းလုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ ဒီလို မမှန်မကန်တာတွေကို တမင် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်ဆိုရင် ဒါတွေက ဥပဒေနဲ့အညီ အရေးယူသင့်တယ် အဲဒါက တပိုင်း။ ဒုတိယတပိုင်းက အဲဒီသတင်းတွေကိုမူတည်ပြီးတော့ Mainstream မီဒီယာတွေက မှားကြတဲ့ ကိစ္စပေါ့။ အဲလိုမှားတဲ့ကိစ္စမှာ ကျနော်နားလည်တာကတော့ ပြန်ကြည့်ရင် အခြေခံအကျဆုံး သတင်းမီဒီယာကျင့်ဝတ်ကို မလိုက်နာလို့ အဲလိုမျိုးအမှားတွေ ဖြစ်သွားတယ်ဆိုတာကို ကျနော်ကတော့ သွားတွေ့တယ်။ ဘယ်ကမှ Confirm လည်းမလုပ်ပဲနဲ့ ရေးထားတာသွားတွေ့တဲ့အခါကျတော့ သတင်းအမှန်က အနည်းဆုံးလိုက်နာသင့်တဲ့ ကျင့်ဝတ်ကိုယ်တောင် မလိုက်နာတာ တွေ့တဲ့အခါကျတော့ အဲမီဒီယာတွေကို ကျင့်ဝတ်လိုက်နာလာအောင် လုပ်သင့်တာပေါ့။”

ကောလာဟလ သတင်းမှားများ ဖော်ပြတဲ့ ဝက်ဘ်ဆိုက်နဲ့ဆိုရှယ် မီဒီယာတွေကို စာရင်း လုပ်ကာ ပိတ်သိမ်းသွားဖို့ကို အစိုးရက ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့ မတ်လကထဲက ညွှန်ကြားထားပါတယ်။

XS
SM
MD
LG