သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရးပါတီ က်င့္ဝတ္စည္းမ်ဥ္းျပင္ဆင္ခ်က္ ပါတီတခ်ဳိ႕သေဘာမတူ


ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့တဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC သေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ အခမ္းအနား။ (ဓာတ္ပံု - MOI - ဇြန္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၁၅ ႏိုင္ငံေရးပါတီ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC ကို ႏိုင္ငံေရးပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ ေကာ္မတီဖြဲ႕ ျပန္လည္ျပင္ဆင္ခဲ့ၿပီး ပါတီအမ်ားစုသေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ ဒီကေန႔ ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရးပါတီတခ်ိဳ႕ကေတာ့ ဒီ ျပင္ဆင္ခ်က္ကို လက္မွတ္မထိုးခဲ့ၾကပါဘူး။ ဒီပဲြကို တတ္ေရာက္သတင္းယူခဲ့တဲ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့တဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC သေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ အခမ္းအနား။ (ဓာတ္ပံု - MOI - ဇြန္ ၂၆၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့တဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC သေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ အခမ္းအနား။ (ဓာတ္ပံု - MOI - ဇြန္ ၂၆၊ ၂၀၂၀)

ႏိုင္ငံေရးပါတီေတြ လိုက္နာရမယ့္ က်င့္ဝတ္စည္းကမ္းကို ၂၀၁၉ ေအာက္တိုဘာမွာ ျပန္လည္သုံးသပ္ျပင္ဆင္ေရး လုပ္ငန္းေကာ္မတီဖြဲ႕ၿပီး ၂၀၂၀ ဇြန္လအထိ ညႇိႏႈိင္းအစည္းအေဝး ၇ ႀကိမ္က်င္းပခဲ့ပါတယ္။ ဒီကရတဲ့ ညႇိႏႈိင္းမႈေတြကို ေ႐ြးေကာက္ပြဲဥပေဒနဲ႔အညီ စိစစ္ၿပီးမွ ဒီကေန႔ လက္မွတ္ေရးထိုးၾကတာပါ။ ဒီႏိုင္ငံေရးပါတီေတြ လိုက္နာရမယ့္ က်င့္ဝတ္စည္းမ်ဥ္းေတြနဲ႔ ပတ္သက္လို႔ သေဘာတူတဲ့ ပါတီေတြရွိသလို ကန႔္ကြက္တဲ့ပါတီေတြလည္း ရွိေနပါတယ္။

ႏိုင္ငံေရးပါတီေတြက ဒီဂတိကဝတ္ေတြအတိုင္း လိုက္နာ ေဆာင္႐ြက္ၾကဖို႔ ပါတီအမ်ားစုက သေဘာတူထားတယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ဒီကေန႔ လက္မွတ္ထိုးပြဲမွာ ေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဘက္လိုက္မႈေတြ ရွိေနတယ္ဆိုတဲ့ ႏိုင္ငံေရးပါတီတခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္ေတြအေပၚမွာလည္း ေကာ္မရွင္ ဥကၠ႒က အခုလို ေျဖရွင္းပါတယ္။

“က်ေနာ္တို႔ ရပ္တည္ခ်က္က ျပည္သူဘက္ကပဲ ရပ္တည္မွာပါ။ အမွန္တရားျဖစ္ဖို႔ က်ေနာ္တို႔ လိုလားတယ္၊ က်ေနာ္တို႔ ဦးစီးက်င္းပတဲ့ ေ႐ြးေကာက္ပြဲက အမည္းစက္ မရွိရဘူး၊ အျပစ္အနာအဆာ အနည္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္မွာပါ။ ဒီအတြက္ေတာ့ တက္လာတဲ့ ပါတီအားလုံးက ယုံယုံၾကည္ၾကည္နဲ႔ လက္ခံေပးပါ။ ယုံယုံၾကည္ၾကည္ရွိေအာင္ သမာသမတ္ရွိေအာင္၊ တရားမွ်တမႈရွိေအာင္ ေဆာင္႐ြက္ေပးဖို႔ က်ေနာ္ကိုယ္တိုင္ ကတိျပဳပါတယ္။ က်ေနာ္တို႔ ဘယ္ႏိုင္ငံေရးပါတီကိုမွ ဘက္လိုက္တာ၊ အသာေပးတာ လုပ္မွာ မဟုတ္ပါဘူး။ အားလုံးက မွတ္ပုံတင္ထားတာပါ၊ အဲဒီလို အထင္အျမင္ေတြ ရွိေနရင္ေတာ့ ဆရာတို႔ရဲ႕ အထင္အျမင္သာပဲ ျဖစ္မွာပါ။ က်ေနာ္တို႔ကေတာ့ အဲဒီလို လုပ္မယ့္ အဖြဲ႕အစည္းမ်ိဳး မဟုတ္ဘူး။ လုပ္မွာလည္း မဟုတ္ဘူးဆိုတာ က်ေနာ္ အမ်ားေရွ႕ေမွာက္မွာ ဂတိျပဳပါတယ္။”

အခုျပင္ဆင္ထားတဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေတြ လိုက္နာရမယ့္ က်င့္ဝတ္စည္းမ်ဥ္းတခ်ိဳ႕ကို ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း သူ႔ရဲ႕ ဥပေဒအတိုင္း ေထာက္ျပျပင္ဆင္ခဲ့တာျဖစ္ၿပီး၊ ႏိုင္ငံေရးပါတီတခ်ိဳ႕ကေတာ့ ဒါကႏိုင္ငံေရးပါတီေတြ လြတ္လပ္စြာ ဆုံးျဖတ္ရမဲ့ကိစၥလို႔ သေဘာထားပါတယ္။ ဥပမာေျပာရရင္ မဲဆြယ္စည္း႐ုံးတဲ့ ႏိုင္ငံေရးပါတီဟာ အမ်ိဳးသားေခါင္းေဆာင္နဲ႔ ႏိုင္ငံေတာ္အမွတ္အသားေတြနဲ႔ မဲဆြယ္စည္း႐ုံးတာေတြ မလုပ္သင့္ဘူးဆိုတာမွာ အျငင္းပြားမႈရိွၿပီး ၆၄ ပါတီက လက္မွတ္ထိုး၊ ၃၀ ေက်ာ္က သေဘာမတူရိွခဲ့ပါတယ္။ ႏိုင္ငံေရးပါတီေတြ လိုက္နာရမယ့္ က်င့္၀တ္ေတြကို ေကာ္မရွင္က ဆံုးျဖတ္တာထက္၊ ႏိုင္ငံေရးပါတီေတြ အခ်င္းခ်င္း ေဆြးေႏြးဆံုးျဖတ္ရမယ္လို႔ အယူရိွတာေၾကာင့္လည္း ပါတီတခ်ိဳ႕က ဒီက်င့္၀တ္ကို လက္မွတ္မထိုးပါဘူး။ လက္မွတ္မထိုးခဲ့တဲ့ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ ဥကၠ႒ ေဒါက္တာ အမ္ေကာန္လက အခုလိုေျပာပါတယ္။

“ဒါေပမဲ့ က်ေနာ့္အျမင္က UEC (ေ႐ြးေကာက္ပြဲေကာ္မရွင္) က review (ျပန္သုံးသပ္) တယ္၊ ဆိုေတာ့ ဥပေဒနဲ႔ မကိုက္ညီရင္ေတာ့ ဒါ မေ႐ြးခိုင္းဘူး၊ သူတို႔ရပ္တည္တာလည္း မွန္တယ္၊ ႏိုင္ငံေရးပါတီေတြရဲ႕ ရပ္တည္ခ်က္ကေတာ့ သူတို႔ဆုံးျဖတ္ခ်က္ ဒါ ႏိုင္ငံေရး ပါတီေတြ အခ်င္းခ်င္း ေရးရမဲ့ကိစၥမွာ UEC ဆုံးျဖတ္တာ မသင့္ေလ်ာ္ဘူးဆိုတဲ့ ေခါင္းစဥ္နဲ႔ ဒီေန႔ ဒီဟာ တခ်ိဳ႕လက္မွတ္မထိုးတာေတြ ျဖစ္လာတာ ျဖစ္ပါတယ္။”

၂၀၂၀ ပါတီစုံေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလမွာ က်င္းပမွာျဖစ္ၿပီး ပါတီ ၉၀ ေက်ာ္က ေရြးေကာက္ပဲြ၀င္ဖို႔ ျပင္ဆင္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးပါတီ ကျင့်ဝတ်စည်းမျဉ်းပြင်ဆင်ချက် ပါတီတချို့သဘောမတူ

၂၀၁၅ နိုင်ငံရေးပါတီ ကျင့်ဝတ်စည်းမျဉ်းတွေ Code of Conduct - CoC ကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် ကော်မတီဖွဲ့ ပြန်လည်ပြင်ဆင်ခဲ့ပြီး ပါတီအများစုသဘောတူညီမှုနဲ့ အတည်ပြုလက်မှတ်ရေးထိုးပွဲ ဒီကနေ့ ရန်ကုန်မြို့ Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတချို့ကတော့ ဒီ ပြင်ဆင်ချက်ကို လက်မှတ်မထိုးခဲ့ကြပါဘူး။ ဒီပွဲကို တတ်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပြောပြပါမယ်။

နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းကို ၂၀၁၉ အောက်တိုဘာမှာ ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းကော်မတီဖွဲ့ပြီး ၂၀၂၀ ဇွန်လအထိ ညှိနှိုင်းအစည်းအဝေး ၇ ကြိမ်ကျင်းပခဲ့ပါတယ်။ ဒီကရတဲ့ ညှိနှိုင်းမှုတွေကို ရွေးကောက်ပွဲဥပဒေနဲ့အညီ စိစစ်ပြီးမှ ဒီကနေ့ လက်မှတ်ရေးထိုးကြတာပါ။ ဒီနိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ သဘောတူတဲ့ ပါတီတွေရှိသလို ကန့်ကွက်တဲ့ပါတီတွေလည်း ရှိနေပါတယ်။

ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့တဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC သေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ အခမ္းအနား။ (ဓာတ္ပံု - MOI - ဇြန္ ၂၆၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ Melia ဟိုတယ္မွာ က်င္းပခဲ့တဲ့ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ဝတ္စည္းမ်ဥ္းေတြ Code of Conduct - CoC သေဘာတူညီမႈနဲ႔ အတည္ျပဳလက္မွတ္ေရးထိုးပြဲ အခမ္းအနား။ (ဓာတ္ပံု - MOI - ဇြန္ ၂၆၊ ၂၀၂၀)

နိုင်ငံရေးပါတီတွေက ဒီဂတိကဝတ်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ ပါတီအများစုက သဘောတူထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဒီကနေ့ လက်မှတ်ထိုးပွဲမှာ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ နိုင်ငံရေးပါတီတချို့ရဲ့ ပြောဆိုချက်တွေအပေါ်မှာလည်း ကော်မရှင် ဥက္ကဋ္ဌက အခုလို ဖြေရှင်းပါတယ်။

“ကျနော်တို့ ရပ်တည်ချက်က ပြည်သူဘက်ကပဲ ရပ်တည်မှာပါ။ အမှန်တရားဖြစ်ဖို့ ကျနော်တို့ လိုလားတယ်၊ ကျနော်တို့ ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲက အမည်းစက် မရှိရဘူး၊ အပြစ်အနာအဆာ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မှာပါ။ ဒီအတွက်တော့ တက်လာတဲ့ ပါတီအားလုံးက ယုံယုံကြည်ကြည်နဲ့ လက်ခံပေးပါ။ ယုံယုံကြည်ကြည်ရှိအောင် သမာသမတ်ရှိအောင်၊ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ကျနော်ကိုယ်တိုင် ကတိပြုပါတယ်။ ကျနော်တို့ ဘယ်နိုင်ငံရေးပါတီကိုမှ ဘက်လိုက်တာ၊ အသာပေးတာ လုပ်မှာ မဟုတ်ပါဘူး။ အားလုံးက မှတ်ပုံတင်ထားတာပါ၊ အဲဒီလို အထင်အမြင်တွေ ရှိနေရင်တော့ ဆရာတို့ရဲ့ အထင်အမြင်သာပဲ ဖြစ်မှာပါ။ ကျနော်တို့ကတော့ အဲဒီလို လုပ်မယ့် အဖွဲ့အစည်းမျိုး မဟုတ်ဘူး။ လုပ်မှာလည်း မဟုတ်ဘူးဆိုတာ ကျနော် အများရှေ့မှောက်မှာ ဂတိပြုပါတယ်။”

အခုပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတချို့ကို ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့ရဲ့ ဥပဒေအတိုင်း ထောက်ပြပြင်ဆင်ခဲ့တာဖြစ်ပြီး၊ နိုင်ငံရေးပါတီတချို့ကတော့ ဒါကနိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဆုံးဖြတ်ရမဲ့ကိစ္စလို့ သဘောထားပါတယ်။ ဥပမာပြောရရင် မဲဆွယ်စည်းရုံးတဲ့ နိုင်ငံရေးပါတီဟာ အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံတော်အမှတ်အသားတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်သင့်ဘူးဆိုတာမှာ အငြင်းပွားမှုရှိပြီး ၆၄ ပါတီက လက်မှတ်ထိုး၊ ၃၀ ကျော်က သဘောမတူရှိခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ကော်မရှင်က ဆုံးဖြတ်တာထက်၊ နိုင်ငံရေးပါတီတွေ အချင်းချင်း ဆွေးနွေးဆုံးဖြတ်ရမယ်လို့ အယူရှိတာကြောင့်လည်း ပါတီတချို့က ဒီကျင့်ဝတ်ကို လက်မှတ်မထိုးပါဘူး။ လက်မှတ်မထိုးခဲ့တဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက အခုလိုပြောပါတယ်။

“ဒါပေမဲ့ ကျနော့်အမြင်က UEC (ရွေးကောက်ပွဲကော်မရှင်) က review (ပြန်သုံးသပ်) တယ်၊ ဆိုတော့ ဥပဒေနဲ့ မကိုက်ညီရင်တော့ ဒါ မရွေးခိုင်းဘူး၊ သူတို့ရပ်တည်တာလည်း မှန်တယ်၊ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်ကတော့ သူတို့ဆုံးဖြတ်ချက် ဒါ နိုင်ငံရေး ပါတီတွေ အချင်းချင်း ရေးရမဲ့ကိစ္စမှာ UEC ဆုံးဖြတ်တာ မသင့်လျော်ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ ဒီဟာ တချို့လက်မှတ်မထိုးတာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။”

၂၀၂၀ ပါတီစုံရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ပါတီ ၉၀ ကျော်က ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြပါတယ်။

XS
SM
MD
LG