သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ံုးေရး ပါတီေတြ အခက္ၾကံဳ


၂၀၁၅ ခုနွစ္ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာေတြ႔ရတဲ့ မဲမ်ားေရတြက္ေနသည့္ ေရြးေကာက္ပဲြေကာ္မရွင္ တာ၀န္ရွိသူတခ်ိဳ႕။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ မၾကာခင္ က်င္းပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပဲြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ပါတီေတြအေနနဲ႔ COVID -19 ကပ္ေရာဂါအေျခအေနေၾကာင့္ မဲဆြယ္စည္း႐ုံးေရး အၾကပ္အတည္း ေျဖရွင္းဖို႔ နည္းလမ္းသစ္ေတြနဲ႔ ေက်ာ္လႊားဖို႔ စဥ္းစားလာၾကတာေတြ ရွိတာကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက စုစည္းတင္ျပေပးထားပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID-19 အၾကပ္အတည္း အေျခအေနႀကဳံေနရေပမယ့္ ေရာဂါ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနရွိတာေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာမွာ က်င္းပမယ္လို႔ ေကာ္မရွင္ကေတာ့ေၾကညာ ထားၿပီး ရက္အတိက် မသိရေသးပါဘူး။ COVID-19 ေရာဂါထိန္းခ်ဳပ္၊ ကန႔္သတ္မႈေတြ ရွိေနလို႔ မဲဆြယ္စည္း႐ုံးတဲ့ကာလ အဆင္မေျပမွာကို ႏိုင္ငံေရးပါတီေတြဘက္က စိုးရိမ္မႈရွိေနခဲ့တာပါ။

လက္ရွိခ်ိန္ထိ ေကာ္မရွင္ဘက္က ဘာေဆြးေႏြးမႈမွ မရွိသလို ဘာမွ တိတိက်က် မသိတာေၾကာင့္ အတိအက် ယတိျပတ္ ဘာကိုမွ စဥ္းစားထားတာမ်ိဳး မရွိေသးေပမဲ့ တကယ္လို႔ COVID-19 ေၾကာင့္ ကန႔္သတ္မႈေတြ ဆက္ရွိမယ္ဆိုရင္ ကန႔္သတ္မႈ ရွိႏိုင္တဲ့ မဲဆြယ္စည္း႐ုံးေရးပိုင္းအတြက္ စဥ္းစားထားခ်က္အေပၚ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဘက္က စိုင္းလိတ္က ခုလို ေျပာျပပါတယ္။

"New Normal စတိုင္နဲ႔ သြားမယ္ဆိုတဲ့ေနရာမွာ တယ္လီဖုန္းဆက္သြယ္ၿပီးေတာ့မွ အေၾကာင္းၾကား႐ုံ သတ္သတ္၊ ေနာက္ ေဖ့စ္ဘုတ္ကေန က်ေနာ္တို႔ေပးခ်င္တဲ့ message ကို ေပးတာ အဲဒီအဆင့္ေလာက္ပဲ လုပ္ႏိုင္ပါလိမ့္မယ္ခင္ဗ်။ က်ေနာ္တို႔ ခုသုံးမယ္ဆိုတဲ့နည္း လမ္းက ခါတိုင္းက်ေနာ္တို႔ကို အားေပးေနၾက မဲဆႏၵရွင္တဝက္ေတာင္ ရပါ့မလားဆိုတဲ့ စိုးရိမ္စရာေတာ့ရွိတယ္။ က်ေနာ္တို႔က ျပည္နယ္အေျခခံပါတီျဖစ္တယ္။ အြန္လိုင္းဆိုတာ ေနရာတိုင္းမရဘူး။ သုံးႏိုင္တဲ့ အင္အားနည္းတယ္။ လူငယ္ကိုပဲ ပစ္မွတ္ထားစည္း႐ုံးဆြဲေဆာင္ရမွာျဖစ္တဲ့ အတြက္ သိပ္မထိေရာက္ႏိုင္ဘူး။ ၅၀၊ ၅၀ ပဲေပါ့ေနာ္။ အရင္ ၁၀၀ လာ ရင္ ၅၀ ကေတာ့ သိေကာင္းသိမယ္။ သိရင္ေတာင္ အဲ ၅၀ ထဲက အကုန္လုံးထည့္ခ်င္မွထည့္မွာကို။ တျခားနည္းလမ္းအတြက္ ရွာမေတြ႕ေသးေတာ့ လူမႈကြန္ယက္ကို အာ႐ုံထားဖို႔ လုပ္ ေနတာပါ။"

ဒီအပိုင္းနဲ႔ ပတ္သတ္လို႔ စဥ္းစားထားခ်က္သာျဖစ္ၿပီး တရားဝင္ ေကာ္မရွင္ဘက္နဲ႔ ညႇိႏိႈင္း ၿပီးမွသာ ေနာက္ထပ္ နည္းလမ္းေတြကို ပါတီတြင္း ထပ္မံတိုင္ပင္ရမယ္လို႔ ဆိုပါတယ္။

ဒီ၂၀၂၀ ေ႐ြးေကာက္ပြဲမွ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီကလည္း မဲဆြယ္ စည္း႐ုံးေရးကန႔္သတ္မႈေတြ ရွိလာရင္ သူတို႔အေနနဲ႔ ဆိုရွယ္မီဒီယာကို အားကိုးဖို႔ စဥ္းစားထားတာရွိတယ္လို႔ အဲဒီပါတီ ဒုဥကၠ႒ ဦးျမင့္ေမာင္ထြန္းကေျပာျပပါတယ္။

"က်ေနာ္တို႔က ခု အြန္လိုင္းနဲ႔လုပ္ေနတာေပါ့။ ZOOM APP နဲ႔ လုပ္ေနတာေပါ့။ ဒါေတြက မျဖစ္သာလို႔လုပ္ေနရတာေလ။ လူခ်င္းထိေတြ႕တာကေတာ့ ပိုစိတ္ဝင္စားတာေပါ့ေနာ္။ ZOOM APP ကက်ေတာ့လည္း စိတ္ထဲမွာ အာ႐ုံက သိပ္မရဘူးဗ်။ ေျပာရတာလည္းအားမရဘူး။ တေယာက္နဲ႔ တေယာက္ရင္ဆိုင္စကားေျပာရတာ မဟုတ္တဲ့အတြက္ စိတ္ဝင္စား မႈနည္းတယ္။ အဲလိုခံစားရတယ္။ က်ေနာ္တို႔က မတတ္သာလို႔ လုပ္ေနရတယ္။ ပါတီ အသစ္ေတြအတြက္က ဒါကႀကီးမားတဲ့စိန္ေခၚမႈပါပဲ။"

ဒီလိုအေျခအေနမွာ ပါတီေတာ္ေတာ္မ်ားမ်ားကေတာ့ မဲဆြယ္စည္း႐ုံးေရး အၾကပ္အတည္း ေျဖရွင္းဖို႔ နည္းလမ္းသစ္ေတြနဲ႔ ေက်ာ္လႊားဖို႔ စဥ္းစားလာၾကတာပါ။ ဒီလိုစဥ္းစားတာမွာ အြန္လိုင္းလူမႈကြန္ယက္မီဒီယာေတြကို ဦးတည္စဥ္းစားလာတာ အမ်ားစုေတြ႕ရပါတယ္။

လူ႔ေဘာင့္သစ္ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မိုးေဇာ္က လက္ရွိ ေရာဂါေၾကာင့္ ဘယ္လိုပုံစံနဲ႔ ႏိုင္ငံေရးပါတီေတြ မဲဆြယ္ႏိုင္မယ္ဆိုတာကလည္း ခုထိ ရွင္းလင္းစြာ မသိရေသးသလို ဆိုရွယ္မီဒီယာ အားနည္းတဲ့ ဒီႏိုင္ငံအတြက္က ဒီနည္းလမ္းကို က်င့္ႏိုင္ဖို႔ ကလည္းအခက္အခဲမ်ားစြာ ရွိေနတယ္လို႔ သူကေထာက္ျပပါတယ္။

"က်ေနာ္တို႔ တိုင္းျပည္အေျခအေနနဲ႔ေတာ့ အြန္လိုင္းမီဒီယာကို အသုံးျပဳၿပီးေတာ့ မဲဆႏၵရွင္ျပည္သူေတြကို ဆက္စပ္တဲ့ကိစၥကေတာ့ ဒီအေျခအေနနဲ႔ဆို လက္ေတြ႕မက်ႏိုင္ဘူး။ အဲလိုပဲ က်ေနာ္ကေတာ့ ယူဆပါတယ္။ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈ အေနအထားက်ေနာ္ တို႔ မဲဆႏၵရွင္ ျပည္သူအမ်ားစုရဲ႕ အြန္လိုင္းေပၚမွာ အသုံးျပဳႏိုင္ဖို႔ အေနအထားေပါ့ေနာ္။ အဲအေျခအေနေတြက လက္ေတြ႕နဲ႔ေတာ့ နည္းနည္းကင္းကြာေနတယ္လို႔ျမင္တယ္။ တကယ့္မဲဆႏၵနယ္ျပည္သူေတြဆီ လူကိုယ္တိုင္တိုက္႐ိုက္ေတြ႕ေျပာတာက က်ေနာ္တို႔လက္ေတြ႕အေျခအေနနဲ႔ ကိုက္ညီတယ္လို႔ပဲ က်ေနာ္သုံးသပ္တယ္။"

ဒီလို အြန္လိုင္းလူမႈကြန္ယက္ေတြကို အားကိုးမယ္ဆို ျပည္နယ္အေျချပဳပါတီေတြ၊ ပါတီအငယ္ေတြနဲ႔ ပါတီသစ္ေတြအတြက္က နည္းပညာ ပိုင္းအခက္အခဲေတြအျပင္ မဖြံ႕ၿဖိဳးတဲ့ေနရာေတြက ျပည္သူေတြအတြက္က ဘယ္လိုပါဝင္ႏိုင္ေအာင္လုပ္ေဆာင္မလဲဆိုတာ က ႀကီးမားတဲ့ ေမးခြန္းတခုျဖစ္ေနတယ္လို႔ ပါတီေတြဘက္က ေထာက္ျပၾကပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္အတိအက်ကိုေတာ့ ေရွ႕လထဲ ေၾကညာဖို႔ရွိတယ္လို႔ ေကာ္မရွင္က ဆိုပါတယ္။ ေ႐ြးေကာက္ပြဲကို က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္း လုပ္ေဆာင္မယ္လို႔လည္း ေကာ္မရွင္က ေျပာဆိုထားၿပီး တည္ဆဲမွတ္ပုံ တင္ထားတဲ့ပါတီက ၉၇ ပါတီရွိၿပီး ဒီထဲက ပါတီ ၉၀ နီးပါး လာမယ့္ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပါတီတွေ အခက်ကြုံ

မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ COVID -19 ကပ်ရောဂါအခြေအနေကြောင့် မဲဆွယ်စည်းရုံးရေး အကြပ်အတည်း ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ကျော်လွှားဖို့ စဉ်းစားလာကြတာတွေ ရှိတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြပေးထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြပ်အတည်း အခြေအနေကြုံနေရပေမယ့် ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိတာကြောင့် လာမယ့်ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကော်မရှင်ကတော့ကြေညာ ထားပြီး ရက်အတိကျ မသိရသေးပါဘူး။ COVID-19 ရောဂါထိန်းချုပ်၊ ကန့်သတ်မှုတွေ ရှိနေလို့ မဲဆွယ်စည်းရုံးတဲ့ကာလ အဆင်မပြေမှာကို နိုင်ငံရေးပါတီတွေဘက်က စိုးရိမ်မှုရှိနေခဲ့တာပါ။

လက်ရှိချိန်ထိ ကော်မရှင်ဘက်က ဘာဆွေးနွေးမှုမှ မရှိသလို ဘာမှ တိတိကျကျ မသိတာကြောင့် အတိအကျ ယတိပြတ် ဘာကိုမှ စဉ်းစားထားတာမျိုး မရှိသေးပေမဲ့ တကယ်လို့ COVID-19 ကြောင့် ကန့်သတ်မှုတွေ ဆက်ရှိမယ်ဆိုရင် ကန့်သတ်မှု ရှိနိုင်တဲ့ မဲဆွယ်စည်းရုံးရေးပိုင်းအတွက် စဉ်းစားထားချက်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က စိုင်းလိတ်က ခုလို ပြောပြပါတယ်။

"New Normal စတိုင်နဲ့ သွားမယ်ဆိုတဲ့နေရာမှာ တယ်လီဖုန်းဆက်သွယ်ပြီးတော့မှ အကြောင်းကြားရုံ သတ်သတ်၊ နောက် ဖေ့စ်ဘုတ်ကနေ ကျနော်တို့ပေးချင်တဲ့ message ကို ပေးတာ အဲဒီအဆင့်လောက်ပဲ လုပ်နိုင်ပါလိမ့်မယ်ခင်ဗျ။ ကျနော်တို့ ခုသုံးမယ်ဆိုတဲ့နည်း လမ်းက ခါတိုင်းကျနော်တို့ကို အားပေးနေကြ မဲဆန္ဒရှင်တဝက်တောင် ရပါ့မလားဆိုတဲ့ စိုးရိမ်စရာတော့ရှိတယ်။ ကျနော်တို့က ပြည်နယ်အခြေခံပါတီဖြစ်တယ်။ အွန်လိုင်းဆိုတာ နေရာတိုင်းမရဘူး။ သုံးနိုင်တဲ့ အင်အားနည်းတယ်။ လူငယ်ကိုပဲ ပစ်မှတ်ထားစည်းရုံးဆွဲဆောင်ရမှာဖြစ်တဲ့ အတွက် သိပ်မထိရောက်နိုင်ဘူး။ ၅၀၊ ၅၀ ပဲပေါ့နော်။ အရင် ၁၀၀ လာ ရင် ၅၀ ကတော့ သိကောင်းသိမယ်။ သိရင်တောင် အဲ ၅၀ ထဲက အကုန်လုံးထည့်ချင်မှထည့်မှာကို။ တခြားနည်းလမ်းအတွက် ရှာမတွေ့သေးတော့ လူမှုကွန်ယက်ကို အာရုံထားဖို့ လုပ် နေတာပါ။"

ဒီအပိုင်းနဲ့ ပတ်သတ်လို့ စဉ်းစားထားချက်သာဖြစ်ပြီး တရားဝင် ကော်မရှင်ဘက်နဲ့ ညှိနှိုင်း ပြီးမှသာ နောက်ထပ် နည်းလမ်းတွေကို ပါတီတွင်း ထပ်မံတိုင်ပင်ရမယ်လို့ ဆိုပါတယ်။

ဒီ၂၀၂၀ ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီကလည်း မဲဆွယ် စည်းရုံးရေးကန့်သတ်မှုတွေ ရှိလာရင် သူတို့အနေနဲ့ ဆိုရှယ်မီဒီယာကို အားကိုးဖို့ စဉ်းစားထားတာရှိတယ်လို့ အဲဒီပါတီ ဒုဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းကပြောပြပါတယ်။

"ကျနော်တို့က ခု အွန်လိုင်းနဲ့လုပ်နေတာပေါ့။ ZOOM APP နဲ့ လုပ်နေတာပေါ့။ ဒါတွေက မဖြစ်သာလို့လုပ်နေရတာလေ။ လူချင်းထိတွေ့တာကတော့ ပိုစိတ်ဝင်စားတာပေါ့နော်။ ZOOM APP ကကျတော့လည်း စိတ်ထဲမှာ အာရုံက သိပ်မရဘူးဗျ။ ပြောရတာလည်းအားမရဘူး။ တယောက်နဲ့ တယောက်ရင်ဆိုင်စကားပြောရတာ မဟုတ်တဲ့အတွက် စိတ်ဝင်စား မှုနည်းတယ်။ အဲလိုခံစားရတယ်။ ကျနော်တို့က မတတ်သာလို့ လုပ်နေရတယ်။ ပါတီ အသစ်တွေအတွက်က ဒါကကြီးမားတဲ့စိန်ခေါ်မှုပါပဲ။"

ဒီလိုအခြေအနေမှာ ပါတီတော်တော်များများကတော့ မဲဆွယ်စည်းရုံးရေး အကြပ်အတည်း ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ကျော်လွှားဖို့ စဉ်းစားလာကြတာပါ။ ဒီလိုစဉ်းစားတာမှာ အွန်လိုင်းလူမှုကွန်ယက်မီဒီယာတွေကို ဦးတည်စဉ်းစားလာတာ အများစုတွေ့ရပါတယ်။

လူ့ဘောင့်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိ ရောဂါကြောင့် ဘယ်လိုပုံစံနဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်နိုင်မယ်ဆိုတာကလည်း ခုထိ ရှင်းလင်းစွာ မသိရသေးသလို ဆိုရှယ်မီဒီယာ အားနည်းတဲ့ ဒီနိုင်ငံအတွက်က ဒီနည်းလမ်းကို ကျင့်နိုင်ဖို့ ကလည်းအခက်အခဲများစွာ ရှိနေတယ်လို့ သူကထောက်ပြပါတယ်။

"ကျနော်တို့ တိုင်းပြည်အခြေအနေနဲ့တော့ အွန်လိုင်းမီဒီယာကို အသုံးပြုပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေကို ဆက်စပ်တဲ့ကိစ္စကတော့ ဒီအခြေအနေနဲ့ဆို လက်တွေ့မကျနိုင်ဘူး။ အဲလိုပဲ ကျနော်ကတော့ ယူဆပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အနေအထားကျနော် တို့ မဲဆန္ဒရှင် ပြည်သူအများစုရဲ့ အွန်လိုင်းပေါ်မှာ အသုံးပြုနိုင်ဖို့ အနေအထားပေါ့နော်။ အဲအခြေအနေတွေက လက်တွေ့နဲ့တော့ နည်းနည်းကင်းကွာနေတယ်လို့မြင်တယ်။ တကယ့်မဲဆန္ဒနယ်ပြည်သူတွေဆီ လူကိုယ်တိုင်တိုက်ရိုက်တွေ့ပြောတာက ကျနော်တို့လက်တွေ့အခြေအနေနဲ့ ကိုက်ညီတယ်လို့ပဲ ကျနော်သုံးသပ်တယ်။"

ဒီလို အွန်လိုင်းလူမှုကွန်ယက်တွေကို အားကိုးမယ်ဆို ပြည်နယ်အခြေပြုပါတီတွေ၊ ပါတီအငယ်တွေနဲ့ ပါတီသစ်တွေအတွက်က နည်းပညာ ပိုင်းအခက်အခဲတွေအပြင် မဖွံ့ဖြိုးတဲ့နေရာတွေက ပြည်သူတွေအတွက်က ဘယ်လိုပါဝင်နိုင်အောင်လုပ်ဆောင်မလဲဆိုတာ က ကြီးမားတဲ့ မေးခွန်းတခုဖြစ်နေတယ်လို့ ပါတီတွေဘက်က ထောက်ပြကြပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ရှေ့လထဲ ကြေညာဖို့ရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ရွေးကောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်မယ်လို့လည်း ကော်မရှင်က ပြောဆိုထားပြီး တည်ဆဲမှတ်ပုံ တင်ထားတဲ့ပါတီက ၉၇ ပါတီရှိပြီး ဒီထဲက ပါတီ ၉၀ နီးပါး လာမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG