သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရးမ်ဳိးဆက္ေတြ လႊတ္ေတာ္ႏုိင္ငံေရးထဲဝင္ဖို႔ ျပည္သူ႔ပါတီ တိုက္တြန္း


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက မႏၱေလးၿမိဳ႕ရွိ မဲရံုတခုရဲ႕ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

၁၉၆၂ ခုႏွစ္ကစခဲ့တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြနဲ႔ ဒီမိုကေရစီ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ၾကတဲ့ ေက်ာင္းသားေတြအေနနဲ႔ ဒီလာမယ့္ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကဖို႔ ျပည္သူ႔ပါတီက တိုက္တြန္းလိုက္ပါတယ္။ ဒီအေၾကာင္း ျပည္သူ႔ပါတီရဲ႕ ဥကၠ႒ ဦးကိုကိုႀကီးနဲ႔ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ဇြန္လ ၁၆ ရက္ေန႔က ျပည္သူ႔ပါတီကေန ႏိုင္ငံေရးမ်ိဳးဆက္အသီးသီးသို႔ ပန္ၾကားလႊာဆိုၿပီးေတာ့ ထုတ္ျပန္ခ်က္ တစ္ခုထုတ္တယ္ေပါ့။ ဒီထုတ္ျပန္ခ်က္ထဲမွာ ၆၂ ခုႏွစ္ကေန ၂၀၀၇ အထိ ေက်ာင္းသား၊ လူ႐ြယ္ မ်ိဳးဆက္ေတြကို ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ တိုက္တြန္းထားပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ရည္႐ြယ္ခ်က္ေလး ေျပာျပေပးပါ။

ဦးကိုကိုႀကီး။ ။ ဒီေၾကညာခ်က္ကေတာ့ ႏိုင္ငံေရးမ်ိဳးဆက္အသီးသီးကို ပန္ၾကားတာ။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔က ႏိုင္ငံေရးကို တကယ့္တကယ္ ၇ ဇူလိုင္ ၆၂ ကေန စၿပီးေတာ့ ၂၀၀၇ ေ႐ႊဝါေရာင္ အစရွိသျဖင့္ အဆက္ဆက္ ၈၈၈၈ ေပါ့ လုပ္ခဲ့တဲ့ သူေတြေတာ္ေတာ္မ်ားမ်ားက ဘာလုပ္ခ်င္တယ္၊ ဘာရာထူး ဘာအာဏာာဆိုတာထက္ကို မတရားတာကို ဆန႔္က်င္တယ္ဆိုတာမ်ိဳးနဲ႔ပဲ လုပ္ခဲ့ၾကတာ မ်ားတယ္။ အခုကေတာ့ က်ေနာ္တို႔ ၂၀၀၈ ဖြဲ႕စည္းပုံကို မႀကိဳက္လို႔ ျပင္ဆင္ဖို႔ ႀကိဳးစားေနၾကတာေတြ ရွိတယ္ဆိုေပမဲ့ ပင္မလမ္းေၾကာင္းက လႊတ္ေတာ္ႏိုင္ငံေရး လမ္းေၾကာင္းျဖစ္ေနတဲ့ အခါက်ေတာ့ ႏိုင္ငံေရးေပၚမွာ ႏွစ္ျမႇဳပ္ဖို႔ ယုံၾကည္မႈရွိတဲ့ မ်ိဳးဆက္ေတြအေနနဲ႔ လႊတ္ေတာ္ႏိုင္ငံေရးထဲကို ဝင္ၾကဖို႔ က်ေနာ္တို႔ တိုက္တြန္းတာေပါ့ေလ။ အဲ့ေတာ့ လႊတ္ေတာ္ႏိုင္ငံေရးထဲ ဝင္မယ့္ ပုဂၢိဳလ္ေတြ ကိုလည္း က်ေနာ္တို႔ ျပည္သူ႔ပါတီအေနနဲ႔က ပါတီကေန ဝင္တာျဖစ္ေစ တသီးပုဂၢလ ဝင္တာျဖစ္ေစ က်ေနာ္တို႔ တတ္ႏိုင္သေလာက္ ကူညီပံ့ပိုးသြားမယ္ဆိုၿပီးေတာ့ လႊတ္ေတာ္ႏိုင္ငံေရးထဲကို ဝင္ေရာက္ဖို႔အတြက္ တိုက္တြန္းႏိႈးေဆာ္တဲ့ဟာပါ။

မအိမ့္သႏၱာထြန္း။ ။ ျပည္သူပါတီအေနနဲ႔ ဒီလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဘယ္ႏွစ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါလဲ။ ဘယ္ႏွစ္ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါလဲရွင့္။

ဦးကိုကိုႀကီး။ ။ အင္း.. က်ေနာ္တို႔က ကိုဗစ္မတိုင္ခင္တုန္းကေတာ့ ေယဘူယ် ခန႔္မွန္းခ်က္အေနနဲ႔ ေဒသအသီးသီးကေန အေၾကာင္းၾကားထားတာကေတာ့ ၁၀၀ ပတ္ဝန္းက်င္ေလာက္ အေရအတြက္ကို ခန႔္မွန္းထားတယ္။ သို႔ေသာ္လည္း ကိုဗစ္ကာလအေတာအတြင္းမွာ ႐ုံးခန္းဖြင့္လွစ္ဖို႔ေတြ ဆိုင္းငံ့ထားရတာတို႔၊ ဆက္သြယ္ေရး အခက္အခဲရွိလာတာေတြေၾကာင့္မို႔လို႔ ခုရက္ပိုင္းမွာက ျပန္ၿပီးေတာ့ နယ္ေတြနဲ႔ ကိုယ္စားလွယ္ကိစၥေတြ ေဆြးေႏြးေဆာင္႐ြက္ေနၾကတာ ရွိပါတယ္။ အဲ့ေတာ့ က်ေနာ္တို႔ ေလာေလာဆယ္ေတာ့ ၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲ ျပင္ဆင္ေရး ေကာ္မတီေတြ ဖြဲ႕စည္းထားၿပီးေတာ့ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြ သူတို႔ရဲ႕ သေဘာထားမွတ္ခ်က္ေတြနဲ႔တကြ ကိုယ္ေရးရာဇဝင္ ျဖတ္သန္းမႈ အေတြ႕အႀကဳံ သမိုင္းေၾကာင္း အဲ့တာေတြကို က်ေနာ္တို႔ ဗဟိုကို ပို႔ေပးဖို႔အတြက္ကို ၫႊန္ၾကားခ်က္ထုတ္ထားပါတယ္။ တစ္ခုခ်င္းစီကိုလည္း က်ေနာ္တို႔ စိစစ္ေနတုန္းပဲ ရွိပါေသးတယ္။

မအိမ့္သႏၱာထြန္း။ ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD နဲ႔ ပတ္သက္ၿပီး ဘယ္လို မူဝါဒမ်ိဳးနဲ႔ ယွဥ္ၿပိဳင္မလဲ။ ထိပ္တိုက္ေတြ႕ မလား၊ ဒါမွမဟုတ္ ေရွာင္ၿပီးေတာ့ ယွဥ္ၿပိဳင္မွာလားရွင့္။

ဦးကိုကိုႀကီး။ ။ က်ေနာ္တို႔က တကယ့္တကယ္ ယုံၾကည္ခ်က္တူညီတဲ့သူေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ခ်င္တဲ့ ဆႏၵကေတာ့ က်ေနာ္တို႔မွာ ရွိပါတယ္။ သို႔ေသာ္ မဟာမိတ္ေဆာင္႐ြက္မႈ၊ ပူးေပါင္းေဆာင္႐ြက္မႈ ဆိုတာက ႏွစ္ဘက္စလုံးမွာ အဲ့ဒီစိတ္ဆႏၵရွိၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္မွ လုပ္လို႔ရတာျဖစ္ပါတယ္။ က်ေနာ္တို႔ကေတာ့ ခုေလာေလာဆယ္မွာ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားနဲ႔ တိုင္းရင္းသားေဒသေတြမွာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြကိုေတာ့ ကိုဗစ္ကာလ မတိုင္ခင္ကတည္းက ပုဂၢိဳလ္ေရး ထိေတြ႕မႈေရာ ပါတီခ်င္း ဆက္ဆံမႈေတြေရာ ရွိထားတာေတြကို ခုဒါေတြကို ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေတြအပါအဝင္ ေက်ာင္းသားမ်ိဳးဆက္ေတြ အားလုံးကို ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္ဖို႔ တိုက္တြန္းထားတယ္ ေပါ့ေနာ္။ အဲ့ဒီေတာ့ တစ္ဘက္မွာလည္း ႀကံ႕ခိုင္ေရးႏွင့္ ၿပိဳင္ရမယ့္ေနရာေတြ ရွိတယ္ဆိုေတာ့ NLD နဲ႔ ထိပ္တိုက္ေတြ႕ရင္ မဲကြဲသြားမွာကို မစိုးရိမ္ဘူးလား။

ဦးကိုကိုႀကီး။ ။ က်ေနာ္တို႔က မဲ မကြဲေစခ်င္ဘူး။ ဒါေၾကာင့္မို႔လို႔လည္း ၃၂ ႏွစ္ ကာလတစ္ေလွ်ာက္လုံးမွာ က်ေနာ္တို႔ ၈၈ ကာလ ေက်ာင္းသားေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ ေက်ာင္းသားသမဂၢပုံစံ၊ အရပ္ဘက္အဖြဲ႕အစည္း ပုံစံေတြနဲ႔ပဲ ေနၾကတာမ်ားတယ္။ အဲ့ေတာ့ တကယ့္တကယ္က မဲ မကြဲေအာင္က ဒီမိုကေရစီအင္အားစု အခ်င္းခ်င္း ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ဖို႔ လိုအပ္တာေပါ့။ ဆိုေတာ့ အဲ့လိုမဟုတ္ဘဲနဲ႔ မဲကြဲမွာ စိုးလို႔ဆိုၿပီး မဲမကြဲေအာင္ က်န္တဲ့သူေတြက ပါတီမေထာင္နဲ႔၊ က်န္တဲ့ သူေတြက ေ႐ြးေကာက္ပြဲမဝင္နဲ႔၊ က်န္တဲ့ပါတီေတြကို မဲ မထည့္နဲ႔ဆိုတာမ်ိဳးက မဲ မကြဲေအာင္လုပ္တဲ့ တရားမွ်တတဲ့ နည္းလမ္းလို႔ေတာ့ က်ေနာ္မယူဆဘူး။ တကယ္က မဲ မကြဲေအာင္က ပါသင့္ပါထိုက္တဲ့ လူေတြ ဘယ္ပါတီမွာပဲ ေရာက္ေနေန ဒီလူေတြအားလုံးကို တကယ့္ကို စုစုစည္းစည္းနဲ႔ လြတ္ေတာ္ထဲ ေရာက္လာဖို႔ ညႇိႏႈိင္းေဆာင္႐ြက္တာမ်ိဳး လုပ္သင့္တယ္။ အထူးသျဖင့္ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြရဲ႕ အခန္းက႑ကို အေလးအနက္ထားဖို႔ တန္ဖိုးထားဖို႔ လိုတယ္လို႔ အဲ့လိုျမင္ပါတယ္။ အဲ့ဒါဆိုရင္ က်ေနာ္တို႔ မဲ မကြဲေအာင္ ေဆာင္႐ြက္ႏိုင္ပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးမျိုးဆက်တွေ လွှတ်တော်နိုင်ငံရေးထဲဝင်ဖို့ ပြည်သူ့ပါတီ တိုက်တွန်း

၁၉၆၂ ခုနှစ်ကစခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေအနေနဲ့ ဒီလာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ပြည်သူ့ပါတီက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မအိမ့်သန္တာထွန်း။ ။ ဇွန်လ ၁၆ ရက်နေ့က ပြည်သူ့ပါတီကနေ နိုင်ငံရေးမျိုးဆက်အသီးသီးသို့ ပန်ကြားလွှာဆိုပြီးတော့ ထုတ်ပြန်ချက် တစ်ခုထုတ်တယ်ပေါ့။ ဒီထုတ်ပြန်ချက်ထဲမှာ ၆၂ ခုနှစ်ကနေ ၂၀၀၇ အထိ ကျောင်းသား၊ လူရွယ် မျိုးဆက်တွေကို ဒီ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်လေး ပြောပြပေးပါ။

ဦးကိုကိုကြီး။ ။ ဒီကြေညာချက်ကတော့ နိုင်ငံရေးမျိုးဆက်အသီးသီးကို ပန်ကြားတာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က နိုင်ငံရေးကို တကယ့်တကယ် ၇ ဇူလိုင် ၆၂ ကနေ စပြီးတော့ ၂၀၀၇ ရွှေဝါရောင် အစရှိသဖြင့် အဆက်ဆက် ၈၈၈၈ ပေါ့ လုပ်ခဲ့တဲ့ သူတွေတော်တော်များများက ဘာလုပ်ချင်တယ်၊ ဘာရာထူး ဘာအာဏာာဆိုတာထက်ကို မတရားတာကို ဆန့်ကျင်တယ်ဆိုတာမျိုးနဲ့ပဲ လုပ်ခဲ့ကြတာ များတယ်။ အခုကတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်လို့ ပြင်ဆင်ဖို့ ကြိုးစားနေကြတာတွေ ရှိတယ်ဆိုပေမဲ့ ပင်မလမ်းကြောင်းက လွှတ်တော်နိုင်ငံရေး လမ်းကြောင်းဖြစ်နေတဲ့ အခါကျတော့ နိုင်ငံရေးပေါ်မှာ နှစ်မြှုပ်ဖို့ ယုံကြည်မှုရှိတဲ့ မျိုးဆက်တွေအနေနဲ့ လွှတ်တော်နိုင်ငံရေးထဲကို ဝင်ကြဖို့ ကျနော်တို့ တိုက်တွန်းတာပေါ့လေ။ အဲ့တော့ လွှတ်တော်နိုင်ငံရေးထဲ ဝင်မယ့် ပုဂ္ဂိုလ်တွေ ကိုလည်း ကျနော်တို့ ပြည်သူ့ပါတီအနေနဲ့က ပါတီကနေ ဝင်တာဖြစ်စေ တသီးပုဂ္ဂလ ဝင်တာဖြစ်စေ ကျနော်တို့ တတ်နိုင်သလောက် ကူညီပံ့ပိုးသွားမယ်ဆိုပြီးတော့ လွှတ်တော်နိုင်ငံရေးထဲကို ဝင်ရောက်ဖို့အတွက် တိုက်တွန်းနှိုးဆော်တဲ့ဟာပါ။

မအိမ့်သန္တာထွန်း။ ။ ပြည်သူပါတီအနေနဲ့ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။ ဘယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲရှင့်။

ဦးကိုကိုကြီး။ ။ အင်း.. ကျနော်တို့က ကိုဗစ်မတိုင်ခင်တုန်းကတော့ ယေဘူယျ ခန့်မှန်းချက်အနေနဲ့ ဒေသအသီးသီးကနေ အကြောင်းကြားထားတာကတော့ ၁၀၀ ပတ်ဝန်းကျင်လောက် အရေအတွက်ကို ခန့်မှန်းထားတယ်။ သို့သော်လည်း ကိုဗစ်ကာလအတောအတွင်းမှာ ရုံးခန်းဖွင့်လှစ်ဖို့တွေ ဆိုင်းငံ့ထားရတာတို့၊ ဆက်သွယ်ရေး အခက်အခဲရှိလာတာတွေကြောင့်မို့လို့ ခုရက်ပိုင်းမှာက ပြန်ပြီးတော့ နယ်တွေနဲ့ ကိုယ်စားလှယ်ကိစ္စတွေ ဆွေးနွေးဆောင်ရွက်နေကြတာ ရှိပါတယ်။ အဲ့တော့ ကျနော်တို့ လောလောဆယ်တော့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြင်ဆင်ရေး ကော်မတီတွေ ဖွဲ့စည်းထားပြီးတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ သူတို့ရဲ့ သဘောထားမှတ်ချက်တွေနဲ့တကွ ကိုယ်ရေးရာဇဝင် ဖြတ်သန်းမှု အတွေ့အကြုံ သမိုင်းကြောင်း အဲ့တာတွေကို ကျနော်တို့ ဗဟိုကို ပို့ပေးဖို့အတွက်ကို ညွှန်ကြားချက်ထုတ်ထားပါတယ်။ တစ်ခုချင်းစီကိုလည်း ကျနော်တို့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်။

မအိမ့်သန္တာထွန်း။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ပတ်သက်ပြီး ဘယ်လို မူဝါဒမျိုးနဲ့ ယှဉ်ပြိုင်မလဲ။ ထိပ်တိုက်တွေ့ မလား၊ ဒါမှမဟုတ် ရှောင်ပြီးတော့ ယှဉ်ပြိုင်မှာလားရှင့်။

ဦးကိုကိုကြီး။ ။ ကျနော်တို့က တကယ့်တကယ် ယုံကြည်ချက်တူညီတဲ့သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ချင်တဲ့ ဆန္ဒကတော့ ကျနော်တို့မှာ ရှိပါတယ်။ သို့သော် မဟာမိတ်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက နှစ်ဘက်စလုံးမှာ အဲ့ဒီစိတ်ဆန္ဒရှိပြီးတော့ ပူးပေါင်းဆောင်ရွက်မှ လုပ်လို့ရတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ခုလောလောဆယ်မှာ တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ ကိုဗစ်ကာလ မတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေး ထိတွေ့မှုရော ပါတီချင်း ဆက်ဆံမှုတွေရော ရှိထားတာတွေကို ခုဒါတွေကို ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

မအိမ့်သန္တာထွန်း။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေအပါအဝင် ကျောင်းသားမျိုးဆက်တွေ အားလုံးကို ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ တိုက်တွန်းထားတယ် ပေါ့နော်။ အဲ့ဒီတော့ တစ်ဘက်မှာလည်း ကြံ့ခိုင်ရေးနှင့် ပြိုင်ရမယ့်နေရာတွေ ရှိတယ်ဆိုတော့ NLD နဲ့ ထိပ်တိုက်တွေ့ရင် မဲကွဲသွားမှာကို မစိုးရိမ်ဘူးလား။

ဦးကိုကိုကြီး။ ။ ကျနော်တို့က မဲ မကွဲစေချင်ဘူး။ ဒါကြောင့်မို့လို့လည်း ၃၂ နှစ် ကာလတစ်လျှောက်လုံးမှာ ကျနော်တို့ ၈၈ ကာလ ကျောင်းသားခေါင်းဆောင်တော်တော်များများဟာ ကျောင်းသားသမဂ္ဂပုံစံ၊ အရပ်ဘက်အဖွဲ့အစည်း ပုံစံတွေနဲ့ပဲ နေကြတာများတယ်။ အဲ့တော့ တကယ့်တကယ်က မဲ မကွဲအောင်က ဒီမိုကရေစီအင်အားစု အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်တာပေါ့။ ဆိုတော့ အဲ့လိုမဟုတ်ဘဲနဲ့ မဲကွဲမှာ စိုးလို့ဆိုပြီး မဲမကွဲအောင် ကျန်တဲ့သူတွေက ပါတီမထောင်နဲ့၊ ကျန်တဲ့ သူတွေက ရွေးကောက်ပွဲမဝင်နဲ့၊ ကျန်တဲ့ပါတီတွေကို မဲ မထည့်နဲ့ဆိုတာမျိုးက မဲ မကွဲအောင်လုပ်တဲ့ တရားမျှတတဲ့ နည်းလမ်းလို့တော့ ကျနော်မယူဆဘူး။ တကယ်က မဲ မကွဲအောင်က ပါသင့်ပါထိုက်တဲ့ လူတွေ ဘယ်ပါတီမှာပဲ ရောက်နေနေ ဒီလူတွေအားလုံးကို တကယ့်ကို စုစုစည်းစည်းနဲ့ လွတ်တော်ထဲ ရောက်လာဖို့ ညှိနှိုင်းဆောင်ရွက်တာမျိုး လုပ်သင့်တယ်။ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားဖို့ တန်ဖိုးထားဖို့ လိုတယ်လို့ အဲ့လိုမြင်ပါတယ်။ အဲ့ဒါဆိုရင် ကျနော်တို့ မဲ မကွဲအောင် ဆောင်ရွက်နိုင်ပါတယ်။

မအိမ့်သန္တာထွန်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG