သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ ေရြးေကာက္ပြဲ မေသခ်ာေပမဲ့ ပါတီေတြ ျပင္ဆင္ေန


၂၀၁၅ ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က မဲဆႏၵရံုတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္တြင္း ႏိုင္ငံေရးပါတီေတြအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ အႀကိဳျပင္ဆင္မႈေတြ ေဆာင္ရြက္ေနၾကရာမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ပဋိပကၡေဒသေတြမွာ ေရြးေကာက္ပဲြလုပ္ႏိုင္ပါ့မလား စိုးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲအတြက္ ရခိုင္မွာ အားအေကာင္းဆုံးပါတီျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီက အဓိက စၿပီးျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

ဒါေပမဲ့ လက္ရွိမွာ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ပဋိပကၡေတြေၾကာင့္ ေ႐ြးေကာက္ပြဲက ျဖစ္ႏိုင္မျဖစ္ႏိုင္ မေသခ်ာေသးတဲ့ အေနအထားျဖစ္ေနတယ္လို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ဒုတိယဥကၠ႒ ေဒၚေအးႏုစိန္က ေျပာပါတယ္။

လက္ရွိေျမျပင္မွာ ပဋိပကၡျဖစ္တဲ့ ေဒသေတြအမ်ားႀကီး ရွိေနၿပီး ထိခိုက္မႈေတြ မ်ားေနတာေၾကာင့္ ႐ြာေတြပ်က္ၿပီး စစ္ပြဲေရွာင္ဖို႔ ကယ္ဆယ္ေရးစခန္းေတြကို ထြက္ေျပးေနၾကရသူေတြမ်ားေနသလို လုံၿခဳံေရးအေျခအေနဟာ ေလ်ာ့ရဲရဲ ျဖစ္ေနတဲ့အတြက္ မဲဆႏၵရွင္ေတြမရွိတာ မဲ႐ုံတည္ေဆာက္တာ ေစာင့္ၾကပ္တာေတြ အပါအဝင္ ေ႐ြးေကာက္ပြဲ ကိစၥရပ္ေတြကို ေဆာင္႐ြက္ႏိုင္ဖို႔ ခက္ခဲေနတယ္လို႔ ေဒၚေအးႏုစိန္က ဆိုပါတယ္။

ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေလာက္တဲ့ မၿငိမ္မသက္မႈေတြ မျဖစ္ေအာင္ ေဆြးေႏြးအေျဖရွာဖို႔လုပ္ေပမယ့္ မေအာင္ျမင္ဘဲ ပိုဆိုးဝါးတဲ့ အေနအထားတစ္ခု ျဖစ္လာတယ္လို႔ ေဒၚေအးႏုစိန္က သုံးသပ္ပါတယ္။

“ေ႐ြးေကာက္ပြဲကို ျမန္မာတစ္ႏိုင္ငံလုံးနဲ႔ တေျပးညီ မက်င္းပဘူးဆိုရင္လည္း လက္ရွိအုပ္ခ်ဳပ္ေနတဲ့ အစိုးရဟာ ကမာၻမွာ သိကၡာက်စရာျဖစ္သြားရျပီ။ ဆိုေတာ့ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေလာက္တဲ့ အၿငိမ္မသက္မႈေတြ၊ စစ္ပြဲေတြ ဘာေၾကာင့္ျဖစ္ရသလဲဆိုတဲ့ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာဖို႔ က်မတို႔ ဝိုင္းဝန္းေဆာင္႐ြက္ၾကဖို႔ အႀကိမ္ႀကိမ္ တိုက္တြန္းခဲ့တာလည္း တစ္ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ဒါေပမဲ့ တစ္စတစ္စ ဆိုးဝါးတဲ့အေနအထားလို႔ ပကတိအေနအထားအရ သုံးသပ္လို႔ရပါတယ္။ အဲ့ဒီအခ်ိန္မွာမွ က်မတို႔က ေ႐ြးေကာက္ပြဲကို အမွန္တကယ္က်င္းပမယ္၊ မက်င္းပဘူး (ရခိုင္မွာ) ဆိုတာကို တိတိက်က် မသိရေသးတဲ့ အေနအထားမွာေတာ့ က်မတို႔ဟာ က်င္းပခဲ့ရင္ေတာ့ က်မတို႔ရဲ႕ တရားဝင္တည္ရွိေနတဲ့ ပါတီတစ္ရပ္ရဲ႕ အေနအထား ႏိုင္ငံေရးရပ္တည္မႈအရေတာ့ က်မတို႔ လုပ္သင့္ လုပ္ထိုက္တာေတြေတာ့ က်မတို႔ ေဆာင္႐ြက္ထားပါတယ္။”

တဆက္တည္းမွာပဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေမာင္ေတာေဒသမွာ အဓိက ၿပိဳင္မယ့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ခြင့္ျပဳခ်က္ခ်မေပးဘူးလို႔ ပါတီရဲ႕ ဥကၠ႒ ဦးေက်ာ္မင္းက VOA ကိုေျပာပါတယ္။ မြတ္ဆလင္လူထုကိုအေျခခံတဲ့ အဲဒီပါတီဟာ ၁၉၉၀ ျပည့္ႏွစ္ေရြးေကာက္ပဲြတုန္း အႏိုင္ရကိုယ္စားလွယ္ေတြရိွခဲ့ေပမယ့္၊ ပါတီျပန္မွတ္ပံုတင္ၿပီး၂၀၁၅ ေရြးေကာက္ပဲြမွာေတာ့ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္မရခဲ့ပါဘူး။ သူတို႔ပါတီအေနနဲ႔ ကိုယ္စားလွယ္ယွဥ္ၿပိဳင္ခြင့္ရဖို႔ ႀကိဳးပမ္းေနဆဲပဲလို႔ ဦးေက်ာ္မင္းက ေျပာပါတယ္။

“ႏိုင္ငံေတာ္သမၼတေရာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေရာ ေကာ္မရွင္ေရာ သုံးခု စလုံးကို စာေရးထားတယ္။ ဒီကိစၥ က်ေနာ္တို႔ကို ရွင္းေပးဖို႔ ဒါကို ဘာတစ္ခုမွ အေၾကာင္းမျပန္ဘူး။က်ေနာ္တို႔ကို မဲေပးခြင့္ ဒါမွမဟုတ္ အေ႐ြးခံခြင့္မေပးတာက လက္ရွိတည္ဆဲ ျမန္မာဥပေဒနဲ႔ မညီၫႊတ္တဲ့အေၾကာင္းေပ့ါေႏွာ္ အဲ့ဒီဥပေဒ တစ္ခုခ်င္းစီကို ျပၿပီးေတာ့ က်ေနာ္တို႔ စာတင္တယ္။ ဒါေပမဲ့ သူတို႔အေၾကာင္းမျပန္ဘူး။ မဲေပးခြင့္လည္း မရဘူး။ အေ႐ြးခံခြင့္လည္းမရဘူး ၂၀၁၅ ကေနစလို႔ ဒီ့အရင္ ေ႐ြးေကာက္ပြဲအားလုံးမွာရတယ္။ လြတ္လပ္ေရးရၿပီးစကေန ၂၀၁၀ အထိ ေ႐ြးေကာက္ပြဲအားလုံးကို ကြၽန္ေတာ္တို႔ဝင္ၿပိဳင္တယ္။ မဲထည့္ႏိုင္တယ္ ႏိုင္ငံသားအစစ္ေတြပဲ။ ေနာက္ပိုင္းမွ စစ္အစိုးရက က်ေနာ္တို႔ကို ႏိုင္ငံသားမေပးခ်င္ဘူးေပါ့။ အဲ့ဒါနဲ႔မဲထည့္ခြင့္မျပဳဘူး။ အေ႐ြးခံခြင့္လည္းမျပဳဘူး။ က်ေနာ္တို႔လက္ထဲမွာရွိတာ အမ်ိဳးသားမွတ္ပုံတင္ေတြကို အားလုံးသိမ္းလိုက္တယ္။ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားေလွ်ာက္ရင္လည္း ထုတ္မေပးဘူး။”

ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီဟာ ၁၉၉၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ရခိုင္ေျမာက္ပိုင္း ႐ိုဟင္ဂ်ာေဒသမွာ လႊတ္ေတာ္အမတ္ ေလးေနရာရခဲ့ၿပီး၊ ၂၀၁၃ ခုႏွစ္မွာ ႏိုင္ငံေရးပါတီအျဖစ္ တရားဝင္ျပန္ မွတ္ပုံတင္ခဲ့ပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ ကိုယ္စားလွယ္အေတာ္မ်ားမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရခဲ့ပါဘူး။

အာဏာရ NLD ပါတီကေတာ့ ရခိုင္ျပည္နယ္ေနရာအားလံုးနီးပါး ယွဥ္ၿပိဳင္ဖို႔ရိွေပမဲ့ ရခိုင္အမ်ိဳးသားပါတီေလာက္ ေဒသတြင္းမွာ လူထုေထာက္ခံမႈမရပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ ရွေးကောက်ပွဲ မသေချာပေမဲ့ ပါတီတွေ ပြင်ဆင်နေ

ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်မှုတွေ ဆောင်ရွက်နေကြရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလား စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် ရခိုင်မှာ အားအကောင်းဆုံးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက အဓိက စပြီးပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲက ဖြစ်နိုင်မဖြစ်နိုင် မသေချာသေးတဲ့ အနေအထားဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

လက်ရှိမြေပြင်မှာ ပဋိပက္ခဖြစ်တဲ့ ဒေသတွေအများကြီး ရှိနေပြီး ထိခိုက်မှုတွေ များနေတာကြောင့် ရွာတွေပျက်ပြီး စစ်ပွဲရှောင်ဖို့ ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးနေကြရသူတွေများနေသလို လုံခြုံရေးအခြေအနေဟာ လျော့ရဲရဲ ဖြစ်နေတဲ့အတွက် မဲဆန္ဒရှင်တွေမရှိတာ မဲရုံတည်ဆောက်တာ စောင့်ကြပ်တာတွေ အပါအဝင် ရွေးကောက်ပွဲ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေတယ်လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်လောက်တဲ့ မငြိမ်မသက်မှုတွေ မဖြစ်အောင် ဆွေးနွေးအဖြေရှာဖို့လုပ်ပေမယ့် မအောင်မြင်ဘဲ ပိုဆိုးဝါးတဲ့ အနေအထားတစ်ခု ဖြစ်လာတယ်လို့ ဒေါ်အေးနုစိန်က သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကို မြန်မာတစ်နိုင်ငံလုံးနဲ့ တပြေးညီ မကျင်းပဘူးဆိုရင်လည်း လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရဟာ ကမ္ဘာမှာ သိက္ခာကျစရာဖြစ်သွားရပြီ။ ဆိုတော့ ရွေးကောက်ပွဲ မကျင်းပနိုင်လောက်တဲ့ အငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ကျမတို့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တာလည်း တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ တစ်စတစ်စ ဆိုးဝါးတဲ့အနေအထားလို့ ပကတိအနေအထားအရ သုံးသပ်လို့ရပါတယ်။ အဲ့ဒီအချိန်မှာမှ ကျမတို့က ရွေးကောက်ပွဲကို အမှန်တကယ်ကျင်းပမယ်၊ မကျင်းပဘူး (ရခိုင်မှာ) ဆိုတာကို တိတိကျကျ မသိရသေးတဲ့ အနေအထားမှာတော့ ကျမတို့ဟာ ကျင်းပခဲ့ရင်တော့ ကျမတို့ရဲ့ တရားဝင်တည်ရှိနေတဲ့ ပါတီတစ်ရပ်ရဲ့ အနေအထား နိုင်ငံရေးရပ်တည်မှုအရတော့ ကျမတို့ လုပ်သင့် လုပ်ထိုက်တာတွေတော့ ကျမတို့ ဆောင်ရွက်ထားပါတယ်။”

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောဒေသမှာ အဓိက ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ခွင့်ပြုချက်ချမပေးဘူးလို့ ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းက VOA ကိုပြောပါတယ်။ မွတ်ဆလင်လူထုကိုအခြေခံတဲ့ အဲဒီပါတီဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်း အနိုင်ရကိုယ်စားလှယ်တွေရှိခဲ့ပေမယ့်၊ ပါတီပြန်မှတ်ပုံတင်ပြီး၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ သူတို့ပါတီအနေနဲ့ ကိုယ်စားလှယ်ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းနေဆဲပဲလို့ ဦးကျော်မင်းက ပြောပါတယ်။

“နိုင်ငံတော်သမ္မတရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကော်မရှင်ရော သုံးခု စလုံးကို စာရေးထားတယ်။ ဒီကိစ္စ ကျနော်တို့ကို ရှင်းပေးဖို့ ဒါကို ဘာတစ်ခုမှ အကြောင်းမပြန်ဘူး။ကျနော်တို့ကို မဲပေးခွင့် ဒါမှမဟုတ် အရွေးခံခွင့်မပေးတာက လက်ရှိတည်ဆဲ မြန်မာဥပဒေနဲ့ မညီညွှတ်တဲ့အကြောင်းပေ့ါနှော် အဲ့ဒီဥပဒေ တစ်ခုချင်းစီကို ပြပြီးတော့ ကျနော်တို့ စာတင်တယ်။ ဒါပေမဲ့ သူတို့အကြောင်းမပြန်ဘူး။ မဲပေးခွင့်လည်း မရဘူး။ အရွေးခံခွင့်လည်းမရဘူး ၂၀၁၅ ကနေစလို့ ဒီ့အရင် ရွေးကောက်ပွဲအားလုံးမှာရတယ်။ လွတ်လပ်ရေးရပြီးစကနေ ၂၀၁၀ အထိ ရွေးကောက်ပွဲအားလုံးကို ကျွန်တော်တို့ဝင်ပြိုင်တယ်။ မဲထည့်နိုင်တယ် နိုင်ငံသားအစစ်တွေပဲ။ နောက်ပိုင်းမှ စစ်အစိုးရက ကျနော်တို့ကို နိုင်ငံသားမပေးချင်ဘူးပေါ့။ အဲ့ဒါနဲ့မဲထည့်ခွင့်မပြုဘူး။ အရွေးခံခွင့်လည်းမပြုဘူး။ ကျနော်တို့လက်ထဲမှာရှိတာ အမျိုးသားမှတ်ပုံတင်တွေကို အားလုံးသိမ်းလိုက်တယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြားလျှောက်ရင်လည်း ထုတ်မပေးဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒေသမှာ လွှတ်တော်အမတ် လေးနေရာရခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်ပြန် မှတ်ပုံတင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်အတော်များများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

အာဏာရ NLD ပါတီကတော့ ရခိုင်ပြည်နယ်နေရာအားလုံးနီးပါး ယှဉ်ပြိုင်ဖို့ရှိပေမဲ့ ရခိုင်အမျိုးသားပါတီလောက် ဒေသတွင်းမှာ လူထုထောက်ခံမှုမရပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG