သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ေရြးေကာက္ပဲြ ျပင္ဆင္မႈနဲ႔ အလားအလာ


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရွိ NLD ပါတီ စည္းရံုးေရးဆိုင္းဘုတ္တခု (စက္တင္ဘာ ၀၉၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ NLD ပါတီဟာ ျပီးခဲ့တဲ့ေရြးေကာက္ပဲြေလာက္ အႏိုင္မရႏိုင္ေပမဲ့လည္း အစုိးရဖြဲ႕ႏုိင္ေလာက္တဲ့အထိ ႏုိင္မယ္လို႔ ယူဆတဲ့အေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ သဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္ကေျပာပါတယ္။ ပါတီအႀကီးအကဲျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေရြးေကာက္ပဲြ၀င္၊ မဝင္ဆိုတာကိုေတာ့ ပါတီေခါင္းေဆာင္ပိုင္းက အတိအက် မေျပာေသးပါဘူး။ ဒီအေၾကာင္းေတြ ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္စုစုက ေမးျမန္းထားပါတယ္။

အာဏာရပါတီ NLD ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ၈၀ ရာခိုင္ႏႈန္းေလာက္ အႏုိင္ရရွိခဲ့ၿပီး အခုလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာလည္း NLD သာ ဆက္လက္ႏိုင္သြားမယ္လို႔ ပါတီရဲ႕သဘာပတိျဖစ္သူ ဦးဝင္းထိန္က VOA ကိုေျပာပါတယ္။

“NLD ေရစီးေနတဲ့အရွိန္က အရွိန္ေကာင္းေနတုန္းပဲျဖစ္တယ္။ ၂၀၂၀ ေရြးေကာက္ပြဲမွာ NLD ႏုိင္လိမ့္မယ္လို႔ က်ေနာ္ခန္႔မွန္းမိပါတယ္။ ၂၀၁၅ တုန္းကေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္ႏုိင္တယ္။ သုိ႔ေသာ္ ဒီတေခါက္မွာ ၈၀ ရာခိုင္ႏႈန္းႏုိင္ဖုိ႔ေလာက္ကေတာ့ ေတာ္ေတာ္မလြယ္ဘူး။ မလြယ္တဲ့အေၾကာင္းက ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ ပါဝင္ခဲ့တဲ့ NLD ကိုယ္စားလွယ္တခ်ိဳ႕ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြေပါ့။ အဲေတာ့ ႏုိင္ေတာ့ႏုိင္မယ္။ ၂၀၁၅ တုန္းကလုိ ၈၀ ရာခိုင္ႏႈန္းႏုိင္ခ်င္ရင္ က်ားကုတ္က်ားခဲလုပ္ရမယ္။ သုိ႔ေသာ္ အစုိးရဖြဲ႕ႏုိင္ေလာက္တဲ့အထိေတာ့ ႏုိင္ႏုိင္မယ္လို႔ က်ေနာ္မွန္းဆပါတယ္။”

ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏုိင္ငံတကာတရားရံုး ICJ မွာ ဦးေဆာင္ခဲ့တာအပါအဝင္ အခုလို ကုိဗစ္ကာလမွာ က႑အသီးသီးကပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးတဲ့ကိစၥေတြေၾကာင့္ လူထုရဲ႕ယံုၾကည္အားကိုးမႈ ပုိရလာလို႔ အခုလာမယ့္ေရြးေကာက္ပြဲမွာလည္း NLD ႏုိင္မယ္လို႔ ခန္႔မွန္းထားေၾကာင္း သူကဆုိပါတယ္။

ဗဟုိေအာင္ႏုိင္ေရးအဖြဲ႕ကေန ကုိယ္စားလွယ္ေလာင္းေတြကုိ စိစစ္ေရြးခ်ယ္ခဲ့တဲ့ ၂၀၁၅ တုန္းက က်င့္သံုးခဲ့တဲ့မူကို ခုတေခါက္မွာ မသံုးေတာ့ဘဲ ၿမိဳ႕နယ္၊ တုိင္းနဲ႔ ျပည္နယ္ အဆင့္ဆင့္ျဖတ္ေက်ာ္ၿပီးမွသာ ဗဟုိကိုေရာက္မယ့္ ကုိယ္စားလွယ္ေလာင္း စိစစ္တဲ့မူကို ဒီတေခါက္မွာ ေျပာင္းလဲထားတယ္လို႔သူက ေျပာပါတယ္။

အာဏာရပါတီအေနနဲ႔ ပါတီကုိယ္စားလွယ္ေလာင္း စိစစ္ေရြးခ်ယ္တဲ့ေနရာမွာ ခြဲျခားမႈမရွိ တသားတည္းျဖစ္ဖုိ႔လိုတယ္လို႔ ႏိုင္ငံေရးသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းက အခုလိုေျပာထားပါတယ္။

“လက္ရွိအခ်ိန္မွာ ဒီကုိယ္စားလွယ္ေလာင္းေရြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီတြင္းအစီအစဥ္နဲ႔ လုပ္ေဆာင္ေနတဲ့အခါက်ေတာ့ ျပင္ပမွာေပါ့ေလ သတင္းထုတ္ျပန္တာမ်ိဳးေတြ မေတြ႕ရတဲ့အခါက်ေတာ့ ၂၀၁၅ ထက္ ပုိၿပီးေတာ့ စည္းစနစ္က်တယ္ ပုိအားေကာင္း ပုိသာလြန္တယ္လို႔ သံုးသပ္ဖုိ႔ေတာ့ခက္ဦးမယ္။ သုိ႔ေသာ္လည္းပဲ ဒီ ၂၀၂၀ ေရြးေကာက္ပြဲမတုိင္ခင္မွာေတာ့ ကုိယ္စားလွယ္ေလာင္းေတြကုိ ေက်ာသားရင္သား မခြဲျခားဘဲနဲ႔ ထိထိေရာက္ေရာက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေရြးခ်ယ္တင္ေျမွာက္ႏုိင္ဖုိ႔က မျဖစ္မေန လိုအပ္ေနတယ္လို႔ ျမင္ပါတယ္။”

NLD ပါတီတြင္း လူထုယံုၾကည္မႈ အမ်ားဆံုးရထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေကာ့မွဴးမဲဆႏၵနယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မလားဆုိတာနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီတြင္းေျပာေရးဆုိခြင့္ရွိသူေတြလည္း အတိအက် မသိေသးဘူးလို႔ ဆုိပါတယ္။

“ပထမအဆင့္က ၿမိဳ႕နယ္ကၿပီးတာနဲ႔ တိုင္းကိုတက္မွာ။ တိုင္းကေန တခါထပ္စိစစ္ၿပီးမွ ဗဟုိကိုေရာက္မွာဗ်။ အဲဒါေၾကာင့္ က်ေနာ္တို႔ ဗဟုိအေနနဲ႔ ဒီဟာကို မသိႏုိင္ေသးဘူးဗ်။”

ဒါကေတာ့ NLD ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး မံုရြာဦးေအာင္ရွင္ ေျပာသြားတာပါ။ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကေတာ့ ၂၀၁၂၊ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလုိ အခု ၂၀၂၀ ေရြးေကာက္ပြဲမွာလည္း တာေမြၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔အတြက္ အမည္စာရင္းေပးထားတယ္လို႔ ဆုိပါတယ္။

ေကာ့မွဴးၿမိဳ႕နယ္ အမ်ိဳးုသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ဥကၠ႒ ျဖစ္သူ ဦးေအးသိန္းကေတာ့ အတုိင္ပင္ခံပုဂၢိဳလ္ အမည္စာရင္းတင္ မတင္ဆုိတာနဲ႔ ပတ္သက္ၿပီး ....

“ပါတီတြင္း ကိစၥေတြကုိ ဦးေလးတုိ႔ေျပာခြင့္မရွိဘူး။ အဲဒါေၾကာင့္ နည္းနည္းညည္းခံေပးပါေနာ္။ ေကာ္မရွင္က ထြက္မွ အတည္ျဖစ္မွာဆုိေတာ့ေလ အဘတို႔ေျပာတဲ့အခါမွာလည္း အမွားမွားအယြင္းယြင္း တလြဲေတြျဖစ္ရင္ မေကာင္းဘူးေပါ့။ အဲဒါေၾကာင့္မုိ႔လို႔ ေကာ္မရွင္အထြက္ကေလး နည္းနည္းေစာင့္လိုက္ပါေနာ္။”

ပါတီသဘာပတိျဖစ္သူ ဦးဝင္းထိန္ကေတာ့ အတုိင္ပင္ခံေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မလားဆုိတာကို အခုလိုေျပာသြားပါတယ္။

“ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ ပတ္သက္လို႔ ေကာ့မွဴးမွာေရြးေကာက္ပြဲဝင္ မဝင္ဆုိတာကေတာ့ က်ေနာ္တုိ႔ေျပာလို႔မျဖစ္ႏုိင္တဲ့ ကိစၥ ဒါတခ်က္။ ေနာက္တခ်က္က ဥပေဒေၾကာင္းအရ ၾကည့္မယ္ဆုိရင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ဆုိတဲ့ ရာထူးဟာ လႊတ္ေတာ္ကုိယ္စားလွယ္ျဖစ္မွ လုပ္ခြင့္ရွိမွာလား။ လႊတ္ေတာ္ကုိယ္စားလွယ္ မဟုတ္လည္း တင္ေျမွာက္ခြင့္ ရွိသလားဆိုတဲ့ ဥပေဒအေၾကာင္းအရာေတြလည္း စဥ္းစားစရာရွိပါတယ္။”

သက္ဆုိင္ရာၿမိဳ႕နယ္အလုိက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းတာကို မေန႔က အၿပီးသတ္ခဲ့တာပါ။ ဘယ္သူေတြကုိ ေရြးခ်ယ္သြားမလဲဆုိတာကေတာ့ အဆင့္ဆင့္စိစစ္ရမွာျဖစ္လို႔ ေရြးေကာက္ပဲြဝင္မယ့္ ပါတီကိုယ္စားလွယ္စာရင္းကို ဇြန္လကုန္မွသာ ဗဟုိေကာ္မတီက သိရမယ္လို႔ ဆုိပါတယ္။

NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ
please wait

No media source currently available

0:00 0:04:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲလောက် အနိုင်မရနိုင်ပေမဲ့လည်း အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နိုင်မယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။ ပါတီအကြီးအကဲဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်၊ မဝင်ဆိုတာကိုတော့ ပါတီခေါင်းဆောင်ပိုင်းက အတိအကျ မပြောသေးပါဘူး။ ဒီအကြောင်းတွေ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက မေးမြန်းထားပါတယ်။

အာဏာရပါတီ NLD ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရရှိခဲ့ပြီး အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD သာ ဆက်လက်နိုင်သွားမယ်လို့ ပါတီရဲ့သဘာပတိဖြစ်သူ ဦးဝင်းထိန်က VOA ကိုပြောပါတယ်။

ရန္ကုန္ၿမိဳ႕ရွိ ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - NLD)
ရန္ကုန္ၿမိဳ႕ရွိ ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - NLD)

“NLD ရေစီးနေတဲ့အရှိန်က အရှိန်ကောင်းနေတုန်းပဲဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းမိပါတယ်။ ၂၀၁၅ တုန်းကတော့ ၈၀ ရာခိုင်နှုန်းလောက်နိုင်တယ်။ သို့သော် ဒီတခေါက်မှာ ၈၀ ရာခိုင်နှုန်းနိုင်ဖို့လောက်ကတော့ တော်တော်မလွယ်ဘူး။ မလွယ်တဲ့အကြောင်းက ပြီးခဲ့တဲ့လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ NLD ကိုယ်စားလှယ်တချို့ရဲ့ ချို့ယွင်းချက်တွေပေါ့။ အဲတော့ နိုင်တော့နိုင်မယ်။ ၂၀၁၅ တုန်းကလို ၈၀ ရာခိုင်နှုန်းနိုင်ချင်ရင် ကျားကုတ်ကျားခဲလုပ်ရမယ်။ သို့သော် အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့ နိုင်နိုင်မယ်လို့ ကျနော်မှန်းဆပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဦးဆောင်ခဲ့တာအပါအဝင် အခုလို ကိုဗစ်ကာလမှာ ကဏ္ဍအသီးသီးကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စတွေကြောင့် လူထုရဲ့ယုံကြည်အားကိုးမှု ပိုရလာလို့ အခုလာမယ့်ရွေးကောက်ပွဲမှာလည်း NLD နိုင်မယ်လို့ ခန့်မှန်းထားကြောင်း သူကဆိုပါတယ်။

ဗဟိုအောင်နိုင်ရေးအဖွဲ့ကနေ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ခဲ့တဲ့ ၂၀၁၅ တုန်းက ကျင့်သုံးခဲ့တဲ့မူကို ခုတခေါက်မှာ မသုံးတော့ဘဲ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အဆင့်ဆင့်ဖြတ်ကျော်ပြီးမှသာ ဗဟိုကိုရောက်မယ့် ကိုယ်စားလှယ်လောင်း စိစစ်တဲ့မူကို ဒီတခေါက်မှာ ပြောင်းလဲထားတယ်လို့သူက ပြောပါတယ်။

အာဏာရပါတီအနေနဲ့ ပါတီကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်တဲ့နေရာမှာ ခွဲခြားမှုမရှိ တသားတည်းဖြစ်ဖို့လိုတယ်လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက အခုလိုပြောထားပါတယ်။

“လက်ရှိအချိန်မှာ ဒီကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ ပါတီတွင်းအစီအစဉ်နဲ့ လုပ်ဆောင်နေတဲ့အခါကျတော့ ပြင်ပမှာပေါ့လေ သတင်းထုတ်ပြန်တာမျိုးတွေ မတွေ့ရတဲ့အခါကျတော့ ၂၀၁၅ ထက် ပိုပြီးတော့ စည်းစနစ်ကျတယ် ပိုအားကောင်း ပိုသာလွန်တယ်လို့ သုံးသပ်ဖို့တော့ခက်ဦးမယ်။ သို့သော်လည်းပဲ ဒီ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ကိုယ်စားလှယ်လောင်းတွေကို ကျောသားရင်သား မခွဲခြားဘဲနဲ့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်တင်မြှောက်နိုင်ဖို့က မဖြစ်မနေ လိုအပ်နေတယ်လို့ မြင်ပါတယ်။”

NLD ပါတီတွင်း လူထုယုံကြည်မှု အများဆုံးရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပါတီတွင်းပြောရေးဆိုခွင့်ရှိသူတွေလည်း အတိအကျ မသိသေးဘူးလို့ ဆိုပါတယ်။

“ပထမအဆင့်က မြို့နယ်ကပြီးတာနဲ့ တိုင်းကိုတက်မှာ။ တိုင်းကနေ တခါထပ်စိစစ်ပြီးမှ ဗဟိုကိုရောက်မှာဗျ။ အဲဒါကြောင့် ကျနော်တို့ ဗဟိုအနေနဲ့ ဒီဟာကို မသိနိုင်သေးဘူးဗျ။”

ဒါကတော့ NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ပြောသွားတာပါ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းပေးထားတယ်လို့ ဆိုပါတယ်။

ကော့မှူးမြို့နယ် အမျိုးုသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသိန်းကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် အမည်စာရင်းတင် မတင်ဆိုတာနဲ့ ပတ်သက်ပြီး ...

“ပါတီတွင်း ကိစ္စတွေကို ဦးလေးတို့ပြောခွင့်မရှိဘူး။ အဲဒါကြောင့် နည်းနည်းသည်းခံပေးပါနော်။ ကော်မရှင်က ထွက်မှ အတည်ဖြစ်မှာဆိုတော့လေ အဘတို့ပြောတဲ့အခါမှာလည်း အမှားမှားအယွင်းယွင်း တလွဲတွေဖြစ်ရင် မကောင်းဘူးပေါ့။ အဲဒါကြောင့်မို့လို့ ကော်မရှင်အထွက်ကလေး နည်းနည်းစောင့်လိုက်ပါနော်။”

ပါတီသဘာပတိဖြစ်သူ ဦးဝင်းထိန်ကတော့ အတိုင်ပင်ခံရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာကို အခုလိုပြောသွားပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ကော့မှူးမှာရွေးကောက်ပွဲဝင် မဝင်ဆိုတာကတော့ ကျနော်တို့ပြောလို့မဖြစ်နိုင်တဲ့ ကိစ္စ ဒါတချက်။ နောက်တချက်က ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ လုပ်ခွင့်ရှိမှာလား။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်လည်း တင်မြှောက်ခွင့် ရှိသလားဆိုတဲ့ ဥပဒေအကြောင်းအရာတွေလည်း စဉ်းစားစရာရှိပါတယ်။”

သက်ဆိုင်ရာမြို့နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာကို မနေ့က အပြီးသတ်ခဲ့တာပါ။ ဘယ်သူတွေကို ရွေးချယ်သွားမလဲဆိုတာကတော့ အဆင့်ဆင့်စိစစ်ရမှာဖြစ်လို့ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်စာရင်းကို ဇွန်လကုန်မှသာ ဗဟိုကော်မတီက သိရမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG