သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမ်ဳိး ဘာသာကြဲသူေတြ ကိုယ္စားလွယ္ေလာင္းမေရြးတဲ့ စြပ္စြဲခ်က္ NLD ပါတီျငင္းဆို


ရန္ကုန္ၿမိဳ႕ သဃၤန္းကြ်န္းၿမိဳ႕နယ္ရွိ NLD ပါတီ ရံုး။ (ဇူလိုင္ ၂၄၊ ၂၀၁၉)

[Zawgyi/Unicode]

အာဏာရပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ေတြ ေ႐ြးခ်ယ္တာမွာ လူမ်ိဳးဘာသာကြဲေတြအေပၚ ေနရာေပးတာမရွိဘူးဆိုတာနဲ႔ ပတ္သက္ၿပီး ပါတီေျပာခြင့္ရက ျငင္းဆိုတာကို တင္ျပေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီ အေနနဲ႔ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေတြေ႐ြးခ်ယ္တာမွာ လူမ်ိဳးဘာသာကြဲေတြအေပၚ ေနရာေပးတာ မရွိခဲ့တာေတြနဲ႔ ပတ္သတ္လို႔ အထူးသျဖင့္ အစၥလာမ္ဘာသာဝင္ေတြကို ကိုယ္စားလွယ္အျဖစ္ မေ႐ြးခ်ယ္ဖို႔ ေဆာင္႐ြက္ခဲ့တာေတြအေပၚမွာ ေဝဖန္ခ်က္ေတြ ရွိခဲ့ပါတယ္။

အခု ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ဆိုရင္လည္း သံျဖဴဇရပ္ၿမိဳ႕နယ္ ကိုယ္စားလွယ္ေ႐ြးတာမွာ အစၥလာမ္ဘာသာဝင္ တဦးရဲ႕ ကိုယ္စားလွယ္ေလွ်ာက္လႊာကို ၿမိဳ႕နယ္က လက္မခံခဲ့ဘူးလို႔ ကာယံရွင္က မြတ္ဆလင္မီဒီယာ တခုကို ေျပာထားပါတယ္။

ဒါေပမဲ့လည္း အာဏာရပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေတြ ေ႐ြးခ်ယ္တာမွာ လူမ်ိဳးဘာသာကြဲေတြအေပၚ ေနရာေပးတာမရွိတာမ်ိဳး၊ ခ်န္လွပ္ထားတာမ်ိဳးကို အရင္ကေကာ၊ အခုလက္ရွိမွာပါ မရွိသလို ခြဲျခားမႈကို အားမေပးဘူး လို႔ ဗဟိုေကာ္ မတီဝင္ ဦးညဏ္ဝင္းက ဗီြအိုေအကို ခုလိုေျပာပါတယ္။

"က်ေနာ္တို႔ပါတီမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္ေရးနဲ႔ ပတ္သတ္လို႔ လုပ္ငန္းစဥ္မွာေကာ၊ မူဝါဒမွာပါ ဘာသာျခား လက္မခံရတဲ့ အခ်က္လုံးဝလုံးဝမရွိဘူး။ တေန႔ကပတ္သတ္လို႔ သံျဖဴဇရပ္မွာျဖစ္တဲ့ ကိစၥကိုလည္း က်ေနာ္မသိပါဘူး။ က်ေနာ့္ဆီလည္း သတင္းမရခဲ့ပါဘူး။"

ပါတီဘက္ကေန လူေ႐ြးခ်ယ္တာမွာ အဆင့္ ၃ ဆင့္နဲ႔ ေ႐ြးခ်ယ္တာျဖစ္ၿပီး သတ္မွတ္ခ်က္စည္းကမ္းေတြ ရွိေပမဲ့ ဒီသတ္မွတ္ခ်က္စည္းကမ္းေတြမွာ လူမ်ိဳးဘာသာကြဲမို႔ ကန႔္သတ္တာမ်ိဳးမပါဘူးလို႔ ဗဟိုေကာ္မတီဝင္ပါတီျပန္ၾကားေရး မုံ႐ြာေအာင္ရွင္က ဗီြအိုေအကိုခုလိုေျပာပါတယ္။

"ဒါကေတာ့ ေဒသေ႐ြးခ်ယ္မႈပိုင္းနဲ႔ ဆိုင္ပါတယ္။ က်ေနာ္သိသေလာက္က ေ႐ြးခ်ယ္မႈပိုင္းမွာ အဆင့္ ၃ ဆင့္ျဖတ္ေက်ာ္ရမွာပါ။ ပထမအဆင့္က ၿမိဳ႕နယ္ေပါ့၊ ဒုတိယအဆင့္က တိုင္း ျပည္နယ္ေပါ့။ တတိယအဆင့္ကေတာ့ ဗဟိုေပါ့။ အဲ ၃ ခု ျဖတ္ေက်ာ္ၿပီးမွ ဒါကအတည္ျပဳမွာျဖစ္ပါတယ္။"

လူေ႐ြးခ်ယ္မႈ အဆင့္ကို အခုလိုေျပာျပေပမဲ့လည္း သတ္မွတ္စည္းကမ္းေတြနဲ႔ ပတ္သတ္လို႔ေတာ့ အေသးစိတ္မေျပာခဲ့ပါဘူး။ ပါတီအေနနဲ႔ ဘယ္ေတာ့မွ လူမ်ိဳးဘာသာ ကြဲမို႔ ကန႔္သတ္တာမ်ိဳးေတြကို လုပ္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ၿမိဳ႕နယ္ေ႐ြးခ်ယ္မႈေတြမွာ အုပ္စုလိုက္ ေ႐ြးခ်ယ္မႈနဲ႔ ျပသနာႀကဳံရတာေတြ ရွိေပမဲ့ ဗဟို အဆင့္ေ႐ြးခ်ယ္တာမွာ ေသခ်ာ စနစ္တက်ျပန္လည္စိစစ္ေ႐ြးခ်ယ္တာျဖစ္သလို ဒီမွာ ဂိုဏ္းကနကြဲ ေ႐ြးခ်ယ္တာမ်ိဳး မရွိဘူးလို႔ မုံ႐ြာေအာင္ရွင္က ဆိုပါတယ္။

လက္ရွိသံျဖဴဇရပ္ျပႆနာနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာသံျဖဴဇရပ္ ၿမိဳ႕နယ္ဥကၠ႒လည္းျဖစ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စာဒလွယ္ ဦးညဏ္ဟိန္းကို ဆက္သြယ္ေမးျမန္းတာမွာေတာ့ ျဖစ္စဥ္ျဖစ္ပြားခဲ့တာ မွန္ေပမဲ့ စြပ္စြဲသူ ရဲ႕ ဂုဏ္သိကာကို ငဲ့လို႔ ဘာကိုမွ ထပ္မံေျဖရွင္းတာေတြ မလုပ္တာျဖစ္တယ္လို႔ ဆိုပါတယ္။ သတ္မွတ္စည္းကမ္းမညီလို႔ မေ႐ြးခ်ယ္တာသာျဖစ္ၿပီး လူမ်ိဳးဘာသာကြဲမို႔ ေ႐ြးခ်ယ္မခံရတာျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္က လုံးဝမွားယြင္းတယ္လို႔ ဆိုပါတယ္။

"အကုန္နားလည္ေအာင္ေျပာမယ္။ သံျဖဴဇရပ္မွာ လူမ်ိဳးၾကားဘာသာကြဲ ႏိွမ္တယ္ေျပာတယ္။ သူကအဲဒီဘက္ကို ဦးတည္လိုက္တာ။ ဒါကိုအစၥလာမ္မီဒီယာေရာ၊ ဂ်ပန္ကေကာင္ကေရာ ဒါကိုဖြတာ၊ အေကာင္းဆုံးကေတာ့ လာလည္လိုက္ပါ။ လာေလ့လာၾကပါ။ အစၥလာမ္ဘာသာဝင္ေတြနဲ႔ ပတ္သက္လို႔ ၿမိဳ႕လူထုကဘယ္လိုသေဘာထားလဲ။ က်ေနာ္တို႔ ဘယ္လို သေဘာရွိလဲ လူမ်ိဳးျခားသတ္မွတ္ခြဲျခားဆက္ဆံတာရွိလား လာေလ့လာပါ။ ေျပာစရာလည္း မရွိဘူး။ ဘာမွျဖစ္ေနတာ မရွိလို႔ဘာမွေျပာစရာမလိုဘူး။"

လက္ရွိမွာေတာ့ အာဏာရပါတီအေနနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းတာကို တေန႔က အၿပီးသတ္ခဲ့ၾကပါတယ္။ ေ႐ြးခ်ယ္တာမွာ မညီမွ်ဘူးဆိုတဲ့ အသံေတြနဲ႔ ေဝဖန္မႈေတြ ထြက္ေနတာေတြ ရွိပါတယ္။ ဒီတင္ျပလိုက္တဲ့ စာရင္းထဲက ဘယ္သူေတြကို ေ႐ြးခ်ယ္သြားမလဲဆိုတာကေတာ့ အဆင့္ဆင့္စိစစ္ရမွာျဖစ္ၿပီး၊ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီကိုယ္စားလွယ္စာရင္းကို ဇြန္လကုန္မွသာ ဗဟိုေကာ္မတီက သိရမယ္လို႔ ပါတီဘက္က ဆိုပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူမျိုး ဘာသာကွဲသူတွေ ကိုယ်စားလှယ်လောင်းမရွေးတဲ့ စွပ်စွဲချက် NLD ပါတီငြင်းဆို

အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာမရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရက ငြင်းဆိုတာကို တင်ပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရပါတီ အနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာ မရှိခဲ့တာတွေနဲ့ ပတ်သတ်လို့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်အဖြစ် မရွေးချယ်ဖို့ ဆောင်ရွက်ခဲ့တာတွေအပေါ်မှာ ဝေဖန်ချက်တွေ ရှိခဲ့ပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုရင်လည်း သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်ရွေးတာမှာ အစ္စလာမ်ဘာသာဝင် တဦးရဲ့ ကိုယ်စားလှယ်လျှောက်လွှာကို မြို့နယ်က လက်မခံခဲ့ဘူးလို့ ကာယံရှင်က မွတ်ဆလင်မီဒီယာ တခုကို ပြောထားပါတယ်။

ဒါပေမဲ့လည်း အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာမရှိတာမျိုး၊ ချန်လှပ်ထားတာမျိုးကို အရင်ကကော၊ အခုလက်ရှိမှာပါ မရှိသလို ခွဲခြားမှုကို အားမပေးဘူး လို့ ဗဟိုကော် မတီဝင် ဦးညဏ်ဝင်းက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ကျနော်တို့ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ပတ်သတ်လို့ လုပ်ငန်းစဉ်မှာကော၊ မူဝါဒမှာပါ ဘာသာခြား လက်မခံရတဲ့ အချက်လုံးဝလုံးဝမရှိဘူး။ တနေ့ကပတ်သတ်လို့ သံဖြူဇရပ်မှာဖြစ်တဲ့ ကိစ္စကိုလည်း ကျနော်မသိပါဘူး။ ကျနော့်ဆီလည်း သတင်းမရခဲ့ပါဘူး။"

ပါတီဘက်ကနေ လူရွေးချယ်တာမှာ အဆင့် ၃ ဆင့်နဲ့ ရွေးချယ်တာဖြစ်ပြီး သတ်မှတ်ချက်စည်းကမ်းတွေ ရှိပေမဲ့ ဒီသတ်မှတ်ချက်စည်းကမ်းတွေမှာ လူမျိုးဘာသာကွဲမို့ ကန့်သတ်တာမျိုးမပါဘူးလို့ ဗဟိုကော်မတီဝင်ပါတီပြန်ကြားရေး မုံရွာအောင်ရှင်က ဗွီအိုအေကိုခုလိုပြောပါတယ်။

"ဒါကတော့ ဒေသရွေးချယ်မှုပိုင်းနဲ့ ဆိုင်ပါတယ်။ ကျနော်သိသလောက်က ရွေးချယ်မှုပိုင်းမှာ အဆင့် ၃ ဆင့်ဖြတ်ကျော်ရမှာပါ။ ပထမအဆင့်က မြို့နယ်ပေါ့၊ ဒုတိယအဆင့်က တိုင်း ပြည်နယ်ပေါ့။ တတိယအဆင့်ကတော့ ဗဟိုပေါ့။ အဲ ၃ ခု ဖြတ်ကျော်ပြီးမှ ဒါကအတည်ပြုမှာဖြစ်ပါတယ်။"

လူရွေးချယ်မှု အဆင့်ကို အခုလိုပြောပြပေမဲ့လည်း သတ်မှတ်စည်းကမ်းတွေနဲ့ ပတ်သတ်လို့တော့ အသေးစိတ်မပြောခဲ့ပါဘူး။ ပါတီအနေနဲ့ ဘယ်တော့မှ လူမျိုးဘာသာ ကွဲမို့ ကန့်သတ်တာမျိုးတွေကို လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြို့နယ်ရွေးချယ်မှုတွေမှာ အုပ်စုလိုက် ရွေးချယ်မှုနဲ့ ပြသနာကြုံရတာတွေ ရှိပေမဲ့ ဗဟို အဆင့်ရွေးချယ်တာမှာ သေချာ စနစ်တကျပြန်လည်စိစစ်ရွေးချယ်တာဖြစ်သလို ဒီမှာ ဂိုဏ်းကနကွဲ ရွေးချယ်တာမျိုး မရှိဘူးလို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

လက်ရှိသံဖြူဇရပ်ပြဿနာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာသံဖြူဇရပ် မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စာဒလှယ် ဦးညဏ်ဟိန်းကို ဆက်သွယ်မေးမြန်းတာမှာတော့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာ မှန်ပေမဲ့ စွပ်စွဲသူ ရဲ့ ဂုဏ်သိကာကို ငဲ့လို့ ဘာကိုမှ ထပ်မံဖြေရှင်းတာတွေ မလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ သတ်မှတ်စည်းကမ်းမညီလို့ မရွေးချယ်တာသာဖြစ်ပြီး လူမျိုးဘာသာကွဲမို့ ရွေးချယ်မခံရတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်က လုံးဝမှားယွင်းတယ်လို့ ဆိုပါတယ်။

"အကုန်နားလည်အောင်ပြောမယ်။ သံဖြူဇရပ်မှာ လူမျိုးကြားဘာသာကွဲ နှိမ်တယ်ပြောတယ်။ သူကအဲဒီဘက်ကို ဦးတည်လိုက်တာ။ ဒါကိုအစ္စလာမ်မီဒီယာရော၊ ဂျပန်ကကောင်ကရော ဒါကိုဖွတာ၊ အကောင်းဆုံးကတော့ လာလည်လိုက်ပါ။ လာလေ့လာကြပါ။ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်လို့ မြို့လူထုကဘယ်လိုသဘောထားလဲ။ ကျနော်တို့ ဘယ်လို သဘောရှိလဲ လူမျိုးခြားသတ်မှတ်ခွဲခြားဆက်ဆံတာရှိလား လာလေ့လာပါ။ ပြောစရာလည်း မရှိဘူး။ ဘာမှဖြစ်နေတာ မရှိလို့ဘာမှပြောစရာမလိုဘူး။"

လက်ရှိမှာတော့ အာဏာရပါတီအနေနဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကို တနေ့က အပြီးသတ်ခဲ့ကြပါတယ်။ ရွေးချယ်တာမှာ မညီမျှဘူးဆိုတဲ့ အသံတွေနဲ့ ဝေဖန်မှုတွေ ထွက်နေတာတွေ ရှိပါတယ်။ ဒီတင်ပြလိုက်တဲ့ စာရင်းထဲက ဘယ်သူတွေကို ရွေးချယ်သွားမလဲဆိုတာကတော့ အဆင့်ဆင့်စိစစ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်စာရင်းကို ဇွန်လကုန်မှသာ ဗဟိုကော်မတီက သိရမယ်လို့ ပါတီဘက်က ဆိုပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG