သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ မေရရာေသးတာေၾကာင့္ စိုးရိ္မ္ခ်က္ေတြ ထြက္ေပၚ


၂၀၁၇ ၾကားျဖတ္ ေရြးေကာက္ပြဲတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္က တာ၀န္ရွိသူတခ်ိဳ႕။ (ဧၿပီ ၀၁၊ ၂၀၁၇)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲေတြကို လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကျငာလိုက္ေပမဲ့ အေသးစိတ္ အစီအစဥ္ေတြကို မသိေရသးတာေၾကာင့္ ႏိုင္ငံေရးပါတီေတြ အခက္အခဲႀကဳံရမွာ စိုးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲကို ကပ္ေရာဂါကာလ အကန႔္အသတ္ေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြၾကား က်င္းပရမယ့္ အေျခအေနေၾကာင့္ လြတ္လပ္မွ်တႏိုင္ပါ့မလားဆိုၿပီး ႏိုင္ငံေရးပါတီေတြက စိုးရိမ္ေနၾကခ်ိန္မွာပဲ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကို ေကာ္မရွင္ ေၾကျငာလိုက္တာပါ။ အခုတႀကိမ္ ေ႐ြးေကာက္ပြဲမွာေတာ့ အရင္က ေရြးေကာက္ပဲြ ၂ ႀကိမ္ဆက္တိုက္ မက်င္းပႏိုင္ခဲ့တဲ့ ၀ ေဒသနဲ႔ လက္ရွိ တိုက္ပြဲေတြ ႀကဳံေနရတဲ့ ရခိုင္ျပည္နယ္မွာပါ က်င္းပသြားမွာပါ။ က်င္းပဖို႔ ၄ လ ေလာက္သာ လိုေတာ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲဆြယ္စည္း႐ုံးေရး အပါအဝင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ ၾကန႔္ၾကာမႈေတြ၊ က်န္းမာေရး၊ လုံၿခဳံေရး စိန္ေခၚမႈေတြေၾကာင့္ မွ်တမႈ ရွိပါ့မလားဆိုတာကိုလည္း ႏိုင္ငံေရးပါတီေတြ စိုးရိမ္ေနပါတယ္။ အထူးသျဖင့္ COVID-19 ကပ္ေရာဂါနဲ႔ တိုက္ပြဲေတြႀကဳံေနရတဲ့ ရခိုင္ျပည္နယ္လို တိုင္းရင္းသားေဒသေတြမွာ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေရးဟာ ႀကီးမားတဲ့ စိန္ေခၚမႈတခုလည္း ျဖစ္ေနတယ္လို႔လည္း ရခိုင္အမ်ိဳးသားပါတီက ဦးဦးလွေစာ ကေျပာပါတယ္။

"ရခိုင္ျပည္နယ္ရဲ႕ အေနအထားကေတာ့ က်ေနာ္တို႔ကေတာ့ နံပတ္ ၁ အခ်က္က ခုရခိုင္ျပည္နယ္မွာ လုပ္မယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ဒီၾကားထဲမွာ တခ်ိဳ႕ၿမိဳ႕နယ္မ်ား တခ်ိဳ႕က က်န္ခဲ့မွာလား။ အဲဒါသိပ္မေသခ်ာဘူး။ နည္းနည္းသံသယရွိတယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သတ္တဲ့ စိန္ေခၚမႈကေတာ့ က်ေနာ္တို႔ တျခားေဒသေတြေတာ့ မသိဘူး။ အကုန္လံုးၾကားထဲမွာ စိန္ေခၚမႈက အတူတူပဲ။ NLD ေရာ၊ ႀကံခိုင္ေရးေရာ၊ ရခိုင္တိုင္းရင္းသားပါတီေတြေရာ။ ဘာလို႔လဲဆိုေတာ့ စစ္ေဘးဒဏ္ သင့္ေနတဲ့ ေျမနရာတခုဆိုေတာ့ အရင္တုန္းကလို ၂၀၁၅ ကာလတုန္းကလို လြတ္လြတ္လပ္လပ္ သြားဖို႔လာဖို႔ဆိုတာကေတာ့ အကုန္လံုးမွာ အခက္အခဲရွိတယ္။"

ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာအတြက္ မဲဆႏၵနယ္ ၃၃ဝ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲဆႏၵနယ္ ၁၆၈ နယ္၊ တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြအတြက္ မဲဆႏၵနယ္ ၆၄၄ နယ္မွာ က်င္းပသြားမွာပါ။

ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ကိုေတာ့ ပုံမွန္အားျဖင့္ ၆ လေလာက္ ႀကိဳတင္ ေၾကညာေလ့ရွိေပမဲ့ ဒီတႀကိမ္မွာေတာ့ ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈ ကန႔္သတ္ခ်က္ေတြၾကားမွာ ေကာ္မရွင္က ၄ လ ေလာက္အလိုက်မွ ေၾကျငာခဲ့တာပါ။ အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္ကေတာ့ ဒီလိုေမွ်ာ္လင့္မထားတဲ့ အေျခအေနမ်ိဳးကို ႏိုင္ငံေရးပါတီေတြ ကိုယ္တိုင္ကသာ ေက်ာ္လႊားရလိမ့္မယ္လို႔ ေျပာပါတယ္။

"ေ႐ြးေကာက္ပြဲေကာ္မရွင္က သူေပးထားတဲ့ ဂတိအတိုင္းပဲ ဒီေနရာမွာ တခ်ိဳ႕က ေျပာတာက COVID-19 ကိစၥ။ COVID-19 ကိစၥက ေကာ္မရွင္က လုပ္လို႔ရတဲ့ ကိစၥမွ မဟုတ္တာပဲ။ ဒီဟာက တကမၻာလံုး ျဖစ္ေနတယ္၊ တႏိုင္ငံလံုး ျဖစ္ေနတဲ့ ကိစၥပဲ။ အဲ့ဒီအေပၚမွာ က်ေနာ္တို႔က ဘယ္လို ေက်ာ္ျဖတ္ရမလဲဆိုတာ စဥ္းစားၿပီးေတာ့ လုပ္ၾကရမွာပဲ။ ဒီေနရာမွာ လိုလ်င္ၾကံဆနည္းလမ္းရ ဆိုတဲ့အတိုင္းေပါ့ဗ်ာ။ ဒီဟာကို ဘယ္လိုနည္းနဲ႔ အေကာင္းဆံုး ျဖစ္ေအာင္လုပ္ၾကမလဲဆိုတာ ေ႐ြးေကာက္ပြဲဝင္မယ့္ ႏိုင္ငံေရးပါတီေတြရဲ႕ အခန္းက႑ပဲလို႔က်ေနာ္ထင္တယ္။"

ႏိုင္ငံေရးေလ့လာ သုံးသပ္သူေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ကပ္ေရာဂါနဲ႔ လုံၿခဳံေရးအရ စိန္ေခၚမႈေတြၾကားက က်င္းပမယ့္ ေ႐ြးေကာက္ပြဲမြာ လြတ္လပ္မွ်တမႈ ရွိေအာင္ ဖန္တီးႏိုင္ဖို႔ အေရးႀကီးတယ္လို႔ သတိေပးပါတယ္။

"အေထြေထြ ေရြးေကာက္ပဲြကို တကယ္ လြတ္လပ္ၿပီးေတာ့ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ေနာက္ၿပီးေတာ့ အဲဒီလိုျဖစ္တယ္ဆိုတာကို ပါဝင္ယွဥ္ျပိဳင္တဲ့ ႏိုင္ငံေရးပါတီေတြကလည္း လက္ခံယံုၾကည္ေအာင္ ေဆာင္ရြက္ႏိုင္ဖို႔က အေရးႀကီးဆံုး စိန္ေခၚခ်က္တခုလို႔ ျမင္ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲက အရင္ေ႐ြးေကာက္ပြဲေတြထက္ ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈေတြ၊ စိန္ေခၚမႈေတြ၊ အၾကပ္အတည္းေတြကို ရင္ဆိုင္ရလာႏိုင္တဲ့ အခင္းအက်င္း တခုလို႔ ျမင္ပါတယ္။"

ႏိုင္ငံေရးပါတီေတြ အေနနဲ႔ မဲဆြယ္စည္း႐ုံးခြင့္ျပဳေၾကာင္းလည္း ေကာ္မရွင္က ေျပာေပမဲ့ အေသးစိတ္ အခ်က္အလက္ေတြကို မထုတ္ျပန္ရေသးတဲ့အေပၚမွာလည္း ႏိုင္ငံေရးပါတီေတြက ဘဝင္မက် ျဖစ္ေနတာပါ။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူ တဦးကေတာ့ ႏိုင္ငံေရးပါတီေတြကို မဲဆြယ္စည္း႐ုံး လႈပ္ရွားခြင့္ျပဳမွာျဖစ္ေၾကာင္း ေျပာဆိုထားၿပီး က်န္းမာေရးအတြက္ စံသတ္မွတ္ခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ ဗြီအိုေအကို ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဆိုင်ရာ မရေရာသေးတာကြောင့် စိုးရိမ်ချက်တွေ ထွက်ပေါ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်ပေမဲ့ အသေးစိတ် အစီအစဉ်တွေကို မသိရေသးတာကြောင့် နိုင်ငံရေးပါတီတွေ အခက်အခဲကြုံရမှာ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲကို ကပ်ရောဂါကာလ အကန့်အသတ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ကျင်းပရမယ့် အခြေအနေကြောင့် လွတ်လပ်မျှတနိုင်ပါ့မလားဆိုပြီး နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြချိန်မှာပဲ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကော်မရှင် ကြေငြာလိုက်တာပါ။ အခုတကြိမ် ရွေးကောက်ပွဲမှာတော့ အရင်က ရွေးကောက်ပွဲ ၂ ကြိမ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ၀ ဒေသနဲ့ လက်ရှိ တိုက်ပွဲတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာပါ ကျင်းပသွားမှာပါ။ ကျင်းပဖို့ ၄ လ လောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကြန့်ကြာမှုတွေ၊ ကျန်းမာရေး၊ လုံခြုံရေး စိန်ခေါ်မှုတွေကြောင့် မျှတမှု ရှိပါ့မလားဆိုတာကိုလည်း နိုင်ငံရေးပါတီတွေ စိုးရိမ်နေပါတယ်။ အထူးသဖြင့် COVID-19 ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြုံနေရတဲ့ ရခိုင်ပြည်နယ်လို တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခုလည်း ဖြစ်နေတယ်လို့လည်း ရခိုင်အမျိုးသားပါတီက ဦးဦးလှစော ကပြောပါတယ်။

"ရခိုင်ပြည်နယ်ရဲ့ အနေအထားကတော့ ကျနော်တို့ကတော့ နံပတ် ၁ အချက်က ခုရခိုင်ပြည်နယ်မှာ လုပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ တချို့မြို့နယ်များ တချို့က ကျန်ခဲ့မှာလား။ အဲဒါသိပ်မသေချာဘူး။ နည်းနည်းသံသယရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ စိန်ခေါ်မှုကတော့ ကျနော်တို့ တခြားဒေသတွေတော့ မသိဘူး။ အကုန်လုံးကြားထဲမှာ စိန်ခေါ်မှုက အတူတူပဲ။ NLD ရော၊ ကြံခိုင်ရေးရော၊ ရခိုင်တိုင်းရင်းသားပါတီတွေရော။ ဘာလို့လဲဆိုတော့ စစ်ဘေးဒဏ် သင့်နေတဲ့ မြေနရာတခုဆိုတော့ အရင်တုန်းကလို ၂၀၁၅ ကာလတုန်းကလို လွတ်လွတ်လပ်လပ် သွားဖို့လာဖို့ဆိုတာကတော့ အကုန်လုံးမှာ အခက်အခဲရှိတယ်။"

နိုဝင်ဘာရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မဲဆန္ဒနယ် ၃၃ဝ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာ ကျင်းပသွားမှာပါ။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ ပုံမှန်အားဖြင့် ၆ လလောက် ကြိုတင် ကြေညာလေ့ရှိပေမဲ့ ဒီတကြိမ်မှာတော့ ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကြားမှာ ကော်မရှင်က ၄ လ လောက်အလိုကျမှ ကြေငြာခဲ့တာပါ။ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ကတော့ ဒီလိုမျှော်လင့်မထားတဲ့ အခြေအနေမျိုးကို နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကသာ ကျော်လွှားရလိမ့်မယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က သူပေးထားတဲ့ ဂတိအတိုင်းပဲ ဒီနေရာမှာ တချို့က ပြောတာက COVID-19 ကိစ္စ။ COVID-19 ကိစ္စက ကော်မရှင်က လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာပဲ။ ဒီဟာက တကမ္ဘာလုံး ဖြစ်နေတယ်၊ တနိုင်ငံလုံး ဖြစ်နေတဲ့ ကိစ္စပဲ။ အဲ့ဒီအပေါ်မှာ ကျနော်တို့က ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ စဉ်းစားပြီးတော့ လုပ်ကြရမှာပဲ။ ဒီနေရာမှာ လိုလျင်ကြံဆနည်းလမ်းရ ဆိုတဲ့အတိုင်းပေါ့ဗျာ။ ဒီဟာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြစ်အောင်လုပ်ကြမလဲဆိုတာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍပဲလို့ကျနော်ထင်တယ်။"

နိုင်ငံရေးလေ့လာ သုံးသပ်သူဒေါက်တာရန်မျိုးသိမ်းကတော့ ကပ်ရောဂါနဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေကြားက ကျင်းပမယ့် ရွေးကောက်ပွဲမွာ လွတ်လပ်မျှတမှု ရှိအောင် ဖန်တီးနိုင်ဖို့ အရေးကြီးတယ်လို့ သတိပေးပါတယ်။

"အထွေထွေ ရွေးကောက်ပွဲကို တကယ် လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် နောက်ပြီးတော့ အဲဒီလိုဖြစ်တယ်ဆိုတာကို ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေကလည်း လက်ခံယုံကြည်အောင် ဆောင်ရွက်နိုင်ဖို့က အရေးကြီးဆုံး စိန်ခေါ်ချက်တခုလို့ မြင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေထက် ကြီးမားတဲ့ ယှဉ်ပြိုင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ အကြပ်အတည်းတွေကို ရင်ဆိုင်ရလာနိုင်တဲ့ အခင်းအကျင်း တခုလို့ မြင်ပါတယ်။"

နိုင်ငံရေးပါတီတွေ အနေနဲ့ မဲဆွယ်စည်းရုံးခွင့်ပြုကြောင်းလည်း ကော်မရှင်က ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ရသေးတဲ့အပေါ်မှာလည်း နိုင်ငံရေးပါတီတွေက ဘဝင်မကျ ဖြစ်နေတာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တဦးကတော့ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ပြုမှာဖြစ်ကြောင်း ပြောဆိုထားပြီး ကျန်းမာရေးအတွက် စံသတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဗွီအိုအေကို ပြောဆိုထားပါတယ်။

XS
SM
MD
LG