သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုဝင္ဘာေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမတခ်ိဳ႕ေျပာင္းလဲမႈအေပၚ ေဝဖန္မႈေတြရွိ


ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္ေျမတခ်ိဳ႕ကို အေျပာင္းအလဲ လုပ္ထားတဲ့အတြက္ အေခ်အတင္ ေျပာစရာ ျဖစ္လာေနတဲ့အေၾကာင္း မေမခ တင္ျပေပးမွာပါ။

ႏိုဝင္ဘာလမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာခဲ့ရာမွာ အေျပာင္းအလဲေတြ ရွိခဲ့တဲ့အတြက္ ေဝဖန္သံေတြ ထြက္ေပၚလာတာပါ။ အထူးသျဖင့္ တိုင္းရင္းသားေဒသေတြမွာ မဲဆႏၵနယ္ေျမတခ်ိဳ႕ အေျပာင္းအလဲ ရွိခဲ့တဲ့အတြက္ သက္ဆိုင္ရာနယ္ေျမအတြက္ ကိုယ္စားျပဳမႈေတြကို ထိခိုက္မွာ စိုးရိမ္ေနၾကတာပါ။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ ကယား၊ ရခိုင္၊ ရွမ္းျပည္နယ္ေတြနဲ႔ ဧရာ၀တီတိုင္း အတြင္းက အမ်ိဳးသားလႊတ္ေတာ္ နယ္ေျမအမွတ္တခ်ိဳ႕မွာ အေျပာင္းအလဲေတြ လုပ္ခဲ့သလို အရင္က ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိခဲ့တဲ့ ရွမ္းျပည္နယ္ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမေတြျဖစ္တဲ့ ပန္ဆန္း၊ နားဖန္း၊ ပန္ဝိုင္၊ မိုင္းေမာၿမိဳ႕နယ္ေတြလည္း ပါဝင္လာပါတယ္။

ဒါေပမဲ့လည္း ဒီလိုအေျပာင္းအလဲေတြဟာ သက္ဆိုင္ရာေဒသေတြက ႏိုင္ငံေရးအင္အားစုေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈမရွိဘူးဆိုၿပီး ကယန္းအမ်ိဳးသားပါတီဥကၠ႒ ခြန္ဘီထူး တို႔လို တိုင္းရင္းသား ႏိုင္ငံေရးသမားေတြက ေထာက္ျပေနၾကတာပါ။

"တခ်ိဳ႕မဲဆႏၵနယ္ေတြကို ဟိုဘက္ေပါင္းလိုက္ ဒီဘက္ကိုထည့္လိုက္လုပ္တယ္ ဘာေၾကာင့္လုပ္လဲ မသိဘူး။ တခ်ိဳ႕ကိုယ္စားလွယ္ေတြက အရင္တိုင္းပဲ ျဖစ္မယ္လို႔ထင္ထားေတာ့ ၀င္ၿပိဳင္ဖို႔ ခက္ခဲသြားတဲ့ အေနအထားမ်ိဳးေတြ ေတြ႔ရတယ္။ ကိုယ္စားလွယ္ေလာင္းေတြ ၀င္ၿပိဳင္မယ့္ေနရာ အေျပာင္းအလဲျဖစ္သြားေတာ့ မဲဆႏၵနယ္ေျပာင္းၿပီးေတာ့ ၀င္ၿပိဳင္ရမလိုလို ၊ ဒါမွမဟုတ္လည္း သူတို႔နယ္ေျမထဲမွာပဲ ဆက္ၿပီးေတာ့ ၀င္ၿပိဳင္ရမလိုလို အဲလိုအခက္အခဲေတြ က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေကာ္မရွင္ကိုေမးေတာ့ လူ၀င္မႉႀကီးၾကပ္ေရးကေန စာရင္းရတယ္ အဲဒါကို ညိွၿပီးတိုင္ပင္ၿပီးမွ လုပ္တာဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ဒါကမတရားဘူးလို႔ယူဆတယ္။ ႏိုင္ငံေရးပါတီေတြနဲ႔တိုင္ပင္သင့္တယ္။"

ႏိုင္ငံသားျဖစ္ခြင့္နဲ႔ ပတ္သတ္ၿပီး အျငင္းပြားေနဆဲျဖစ္တဲ့ ရခိုင္ျပည္နယ္ ေမာင္ေတာမွာလည္း ဒီႏွစ္ေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္ေျမတခုကို ေလွ်ာ့ခ်ထားပါတယ္။ မြတ္ဆလင္အမ်ားစုရွိရာ ေဒသမွာ အခုလို အေျပာင္းအလဲ လုပ္ခဲ့တာဟာ အေျခခံအခြင့္အေရးေတြကို ျငင္းပယ္ေနတာလား ဆိုၿပီးေတာ့လည္း ဒီမိုကေရစီနဲ႔ လူ႔အခြင္အေရးပါတီက ဦးေက်ာ္စိုးေအာင္က ေမးခြန္းထုတ္ပါတယ္။
"၂၀၁၀တုန္းက အမ်ိဳးသားလႊတ္ေတာ္ ေမာင္ေတာမွာ ၂ ေနရာ ၊ ျပည္သူ႔လႊတ္ေတာ္ ၁ ေနရာ ျပည္နယ္လႊတ္ေတာ္ ၂ ေနရာ ၊ အဲလိုမ်ိဳးနဲ႔ ေနရာသတ္မွတ္ၿပီးေတာ့ က်ေနာ္တို႔ဘက္က လူေတြကလည္း ၇ ေယာက္ေတာင္ေရြးခ်ယ္ခံႏိုင္ခြင့္ရခဲ့တယ္။ ၂၀၁၅တုန္းကလည္းဒီအတိုင္းဘဲ ၂၀၁၅မွာ အမ်ိဳးသားလႊတ္ေတာ္ ၂ေနရာ ေမာင္ေတာမွာ ရွိတယ္ဆိုတာက အဲဒီ ၂ေနရာ စလံုးကို မဲထည့္မယ့္လူေတြက ႏိုင္ငံသားျဖစ္တဲ့အတြက္ အမ်ိဳးသားလႊတ္ေတာ္ ၂ ေနရာသတ္မွတ္တယ္လို႔ က်ေနာ္တို႔ ေယဘုယ် အားျဖင့္ ဥပေဒအရေကာ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒအရ ယူဆလို႔ရတယ္ သတ္မွတ္ထားတယ္။ လူနည္းစု အခြင့္ေရးဆုံးရႈံးေနတာ လက္ေတြ႕သိရတယ္ ေတြ႕ရတယ္။ ဒီလို ေတြ႔ရသိရေတာ့ ႏိုင္ငံေတာ္ေရရွည္မေကာင္းဘူး ေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနေပမယ့္ ၿမိဳ႕နယ္အားလုံးမွာ ေ႐ြးေကာက္ပြဲေတြကို က်င္းပသြားဖို႔လည္း ေကာ္မရွင္က ေၾကညာထားပါတယ္။ ဒါေပမယ့္လည္း လုံၿခဳံေရးအရ စိန္ေခၚမႈေတြၾကားမွာ လြတ္လပ္မွ်တမႈရွိရွိ က်င္းပႏိုင္ပါ့မလားဆိုတာကိုလည္း ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ တို႔လို ေဒသခံႏိုင္ငံေရးအသိုင္းအဝန္းက စိုးရိမ္ေနပါတယ္။

“ထိခိုက္မႈက အဲဒီမွာက်ေနာ္တို႔ လူနည္းစု ရခိုင္လူမ်ိဳးပါတီေတြရွိတယ္။ ၿမိဳတိုင္းရင္းသားပါတီတို႔လိုမ်ိဳး ဒီလို မ်ိဳးႏြယ္စုပါတီေတြ အဲဒီဘက္မွာအေျခစိုက္တာမ်ားတယ္ ။ ၀င္ၿပိဳင္မယ့္ မဲဆႏၵနယ္ေတြ အေရအတြက္ ထိခိုက္မႈရွိတယ္လို႔ ျမင္တယ္ ။ ဘာပဲေျပာေျပာ ေရြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ သူတို႔ လုပ္ေဆာင္ေနတာက ဘယ္လိုေျပာမလဲဆိုရင္ တိတိက်က် ဘာအေျဖမွ မေပးႏိုင္တဲ့ အေျခအေနမ်ိဳး လို႔ ျမင္ပါတယ္။”

ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အေရးႀကီးတဲ့ အခန္းက႑မွာ ရွိေနတဲ့ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ႏိုင္ငံေရးပါတီေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးမႈေတြ မရွိဘူးဆိုၿပီး ႏိုင္ငံေရးပါတီတခ်ိဳ႕က ေဝဖန္ေနၾကသလို၊ သတင္းအခ်က္အလက္ ထုတ္ျပန္မႈေတြမွာလည္း ပြင့္လင္းျမင္သာမႈ မရွိဘူးဆိုၿပီး စြပ္စြဲတာေတြလည္း ရွိေနပါတယ္။ အခုလို မဲဆႏၵနယ္ေျမတခ်ိဳ႕မွာ အေျပာင္းအလဲ လုပ္ခဲ့တာ အပါအဝင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ေမးခြန္းေတြထြက္ေပၚေနတာေတြနဲ႔ ပတ္သက္လို႔ ေကာ္မရွင္ကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ေျဖၾကားတာ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတချို့ပြောင်းလဲမှုအပေါ် ဝေဖန်မှုတွေရှိ
(Unicode)

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတချို့ကို အပြောင်းအလဲ လုပ်ထားတဲ့အတွက် အချေအတင် ပြောစရာ ဖြစ်လာနေတဲ့အကြောင်း မမေခ တင်ပြပေးမှာပါ။

နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာမှာ အပြောင်းအလဲတွေ ရှိခဲ့တဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာတာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မဲဆန္ဒနယ်မြေတချို့ အပြောင်းအလဲ ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာနယ်မြေအတွက် ကိုယ်စားပြုမှုတွေကို ထိခိုက်မှာ စိုးရိမ်နေကြတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ဧရာဝတီတိုင်း အတွင်းက အမျိုးသားလွှတ်တော် နယ်မြေအမှတ်တချို့မှာ အပြောင်းအလဲတွေ လုပ်ခဲ့သလို အရင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ရှမ်းပြည်နယ် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေလည်း ပါဝင်လာပါတယ်။

ဒါပေမဲ့လည်း ဒီလိုအပြောင်းအလဲတွေဟာ သက်ဆိုင်ရာဒေသတွေက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးမှုမရှိဘူးဆိုပြီး ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူး တို့လို တိုင်းရင်းသား နိုင်ငံရေးသမားတွေက ထောက်ပြနေကြတာပါ။

"တချို့မဲဆန္ဒနယ်တွေကို ဟိုဘက်ပေါင်းလိုက် ဒီဘက်ကိုထည့်လိုက်လုပ်တယ် ဘာကြောင့်လုပ်လဲ မသိဘူး။ တချို့ကိုယ်စားလှယ်တွေက အရင်တိုင်းပဲ ဖြစ်မယ်လို့ထင်ထားတော့ ဝင်ပြိုင်ဖို့ ခက်ခဲသွားတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်မယ့်နေရာ အပြောင်းအလဲဖြစ်သွားတော့ မဲဆန္ဒနယ်ပြောင်းပြီးတော့ ဝင်ပြိုင်ရမလိုလို ၊ ဒါမှမဟုတ်လည်း သူတို့နယ်မြေထဲမှာပဲ ဆက်ပြီးတော့ ဝင်ပြိုင်ရမလိုလို အဲလိုအခက်အခဲတွေ ကျနော်တို့ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကော်မရှင်ကိုမေးတော့ လူဝင်မှူကြီးကြပ်ရေးကနေ စာရင်းရတယ် အဲဒါကို ညှိပြီးတိုင်ပင်ပြီးမှ လုပ်တာဆိုတော့ ကျနော်တို့အနေနဲ့ ဒါကမတရားဘူးလို့ယူဆတယ်။ နိုင်ငံရေးပါတီတွေနဲ့တိုင်ပင်သင့်တယ်။"

နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သတ်ပြီး အငြင်းပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမှာလည်း ဒီနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတခုကို လျှော့ချထားပါတယ်။ မွတ်ဆလင်အများစုရှိရာ ဒေသမှာ အခုလို အပြောင်းအလဲ လုပ်ခဲ့တာဟာ အခြေခံအခွင့်အရေးတွေကို ငြင်းပယ်နေတာလား ဆိုပြီးတော့လည်း ဒီမိုကရေစီနဲ့ လူ့အခွင်အရေးပါတီက ဦးကျော်စိုးအောင်က မေးခွန်းထုတ်ပါတယ်။
"၂၀၁၀တုန်းက အမျိုးသားလွှတ်တော် မောင်တောမှာ ၂ နေရာ ၊ ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၂ နေရာ ၊ အဲလိုမျိုးနဲ့ နေရာသတ်မှတ်ပြီးတော့ ကျနော်တို့ဘက်က လူတွေကလည်း ၇ ယောက်တောင်ရွေးချယ်ခံနိုင်ခွင့်ရခဲ့တယ်။ ၂၀၁၅တုန်းကလည်းဒီအတိုင်းဘဲ ၂၀၁၅မှာ အမျိုးသားလွှတ်တော် ၂နေရာ မောင်တောမှာ ရှိတယ်ဆိုတာက အဲဒီ ၂နေရာ စလုံးကို မဲထည့်မယ့်လူတွေက နိုင်ငံသားဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော် ၂ နေရာသတ်မှတ်တယ်လို့ ကျနော်တို့ ယေဘုယျ အားဖြင့် ဥပဒေအရကော နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ယူဆလို့ရတယ် သတ်မှတ်ထားတယ်။ လူနည်းစု အခွင့်ရေးဆုံးရှုံးနေတာ လက်တွေ့သိရတယ် တွေ့ရတယ်။ ဒီလို တွေ့ရသိရတော့ နိုင်ငံတော်ရေရှည်မကောင်းဘူး ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲတွေကို ကျင်းပသွားဖို့လည်း ကော်မရှင်က ကြေညာထားပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေကြားမှာ လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ပါ့မလားဆိုတာကိုလည်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ တို့လို ဒေသခံနိုင်ငံရေးအသိုင်းအဝန်းက စိုးရိမ်နေပါတယ်။

“ထိခိုက်မှုက အဲဒီမှာကျနော်တို့ လူနည်းစု ရခိုင်လူမျိုးပါတီတွေရှိတယ်။ မြိုတိုင်းရင်းသားပါတီတို့လိုမျိုး ဒီလို မျိုးနွယ်စုပါတီတွေ အဲဒီဘက်မှာအခြေစိုက်တာများတယ် ။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေ အရေအတွက် ထိခိုက်မှုရှိတယ်လို့ မြင်တယ် ။ ဘာပဲပြောပြော ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူတို့ လုပ်ဆောင်နေတာက ဘယ်လိုပြောမလဲဆိုရင် တိတိကျကျ ဘာအဖြေမှ မပေးနိုင်တဲ့ အခြေအနေမျိုး လို့ မြင်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ကော်မရှင်ဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ မရှိဘူးဆိုပြီး နိုင်ငံရေးပါတီတချို့က ဝေဖန်နေကြသလို၊ သတင်းအချက်အလက် ထုတ်ပြန်မှုတွေမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး စွပ်စွဲတာတွေလည်း ရှိနေပါတယ်။ အခုလို မဲဆန္ဒနယ်မြေတချို့မှာ အပြောင်းအလဲ လုပ်ခဲ့တာ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မေးခွန်းတွေထွက်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ ကော်မရှင်ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG