သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပြဲ NLD ကိုယ္စားလွယ္ေလာင္းေတြထဲ အစၥလာမ္ဘာသာဝင္တခ်ဳိ႕ပါဝင္


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတန္းက ရန္ကုန္ၿမိဳ႕က မဲရံုတခုမွာ မဲမ်ား ေရတြက္ေနၾကတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္မယ့္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းေတြထဲမွာ အစၥလာမ္ဘာသာဝင္တခ်ိဳ႕ ပါဝင္လာတဲ့အေပၚ သေဘာထားေတြကို ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာတုန္းက NLD ကိုယ္စားလွယ္ေလာင္းေတြထဲမွာ အစၥလာမ္ဘာသာဝင္ တေယာက္မွ မပါခဲ့ေပမဲ့ ဒီတႀကိမ္မွာေတာ့ မြတ္ဆလင္ပါတီဝင္တခ်ိဳ႕ ပါဝင္လာတာ ေတြ႕ရပါတယ္။ စစ္အစိုးရလက္ထက္ ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ေထာင္ဒဏ္ က်ခံခဲ့ရဖူးသူေတြ ျဖစ္ၾကတဲ့ ေဒၚဝင္းျမျမက မႏၲေလးတိုင္း စဥ့္ကိုင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာနဲ႔ ကိုစည္သူေမာင္ကေတာ့ ရန္ကုန္တိုင္း ပန္းပဲတန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာေတြအတြက္ ယွဥ္ၿပိဳင္ဖို႔ NLD ပါတီက ေ႐ြးခ်ယ္ထားတာပါ။ လူမ်ိဳးေရး၊ ဘာသာေရး ကြဲျပားမႈေတြကို အေျခခံတဲ့ ပဋိပကၡေတြနဲ႔ တင္းမာမႈေတြႀကဳံေနရခ်ိန္ ၂၀၁၅ ခုႏွစ္မွာ ေ႐ြးေကာက္ပြဲ က်င္းပခဲ့တုန္းက NLD ပါတီက မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းေတြကို မပါဝင္ခဲ့တဲ့အေပၚ ေမးခြန္းေတြလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ဘာသာေရး ကြဲျပားမႈအေပၚ အေျခခံဆုံးျဖတ္တဲ့ မူဝါဒမ်ိဳး NLD ပါတီမွာ မရွိဘူးလို႔ ျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

"ပါတီဝင္တိုင္းက ပါတီစည္းမ်ဥ္းစည္းကမ္း လိုက္နာလို႔ရွိရင္ ပါတီဝင္ခံစားခြင့္ရတာႀကီးပါဘဲ။ အစၥလာမ္ဘာသာဝင္မို႔ ေ႐ြးေကာက္ပြဲ ဝင္ခြင့္မေပးဘူးဆိုတာမ်ိဳး ပါတီမွာ မရွိပါဘူး။ ၂၀၁၅ တုန္းက အစၥလာမ္ဘာသာဝင္ေတြ ပါဝင္ဖို႔ကို ဝမ္းနည္းစြာနဲ႔ ကန႔္သတ္ခဲ့ရတာေတြရွိတယ္။ အဲဒါက အေျခအေနအရ ကန႔္သတ္ခဲ့ရတာ။ ဒီကေန႔ကာလက်ေတာ့ ဒီလိုမဟုတ္ဘူးလြတ္လြတ္လပ္လပ္နဲ႔ ယုံၾကည္ရာလုပ္ႏိုင္တယ္ ေ႐ြးေကာက္ပြဲလည္း ဝင္ႏိုင္တယ္ဆိုတဲ့ သေဘာထားကို ကိုင္ဆြဲထားတာပါပဲ။ အစၥလာမ္မို႔ မဝင္ရမူ မရွိသလို က်ေနာ္တို႔ ပါတီဝင္ေတြအေနနဲ႔ လြတ္လပ္စြာေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ခြင့္ရွိတဲ့မူလည္း က်ေနာ္တို႔မွာရွိပါတယ္။"

ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ၁,၀၀၀ ေက်ာ္စာရင္းကို NLD ပါတီက မေန႔တုန္းက ထုတ္ျပန္ခဲ့ရာမွာ အမ်ားစုက ၂၀၁၅ ခုႏွစ္မွာ ေ႐ြးခ်ယ္ခံခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ပါတီဥကၠ႒လည္းျဖစ္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ရာမွာ ပါတီအေပၚ သစၥာရွိမႈနဲ႔ စြမ္းေဆာင္ႏိုင္တဲ့ အရည္အခ်င္းအေပၚ အေျခခံဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။

ဗုဒၶဘာသာဝင္ အမ်ားစုရွိရာ ျမန္မာႏိုင္ငံမွာ အစၥလာမ္ဘာသာဝင္ေတြ အပါအဝင္ လူမ်ိဳးေရး၊ ဘာသာေရး မတူကြဲျပားသူေတြအေပၚ ခြဲျခားဆက္ဆံတဲ့ လုပ္ရပ္ေတြ ရွိေနေၾကာင္း ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေဝဖန္မႈေတြလည္း ရွိေနတာပါ။ တခ်ိန္တည္းမွာပဲ ဘာသာျခားေတြကို အခြင့္အေရး ေပးတာမ်ိဳးေတြကို ဆန႔္က်င္ၾကတဲ့ အမ်ိဳးသားေရး ဝါဒစြဲျပင္းထန္သူေတြရဲ႕ ဖိအားေတြလည္း ရွိေနပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ အာဏာရ NLD ပါတီအေနနဲ႔ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္လိုက္တဲ့အေပၚ ဘာသာေပါင္းစုံ ခ်စ္ၾကည္ေရးအဖြဲ႕ဝင္ ဦးေအးလြင္က ႀကိဳဆိုလိုက္ပါတယ္။

"၂၀၁၅ မွာက်ေတာ့ မြတ္စလင္ေတြ သီးသန႔္ဝင္ေ႐ြးခံတယ္။ အမ်ားႀကီး ဖိႏွိပ္ခဲ့ၾကတယ္။ တကယ့္အရည္အခ်င္းရွိတာေတြ အမ်ားႀကီးေပမဲ့ ေကာ္မရွင္ဘက္က မထည့္ခဲ့ဘူး။ အာဏာရပါတီနဲ႔ အင္အားႀကီးပါတီေတြကလည္း မေ႐ြးခဲ့ဘူး။ ဒီႏွစ္မွာေတာ့ အေျခအေနေတြထိန္းႏိုင္ၿပီျဖစ္တဲ့ အတြက္ေၾကာင့္ သူတို႔အစၥလာမ္ ဘာသာဝင္ေတြကို ထည့္တြက္ၿပီးေတာ့ေ႐ြးခဲ့လို႔ ဝမ္းသာပါတယ္။ ဒီအေပၚႀကိဳဆိုပါတယ္။"

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာေတာ့ အစၥလာမ္ဘာသာဝင္ ၂၈ ဦး အပါအဝင္ ကိုယ္စားလွယ္ေလာင္း ၆,၀၀၀ ေက်ာ္ ယွဥ္ၿပိဳင္ခဲ့ဖူးေပမဲ့ မြတ္ဆလင္ ကိုယ္စားလွယ္ေတြထဲက တေယာက္မွ အေ႐ြးမခံခဲ့ရပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၂၀ ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်လောင်းတွေထဲ အစ္စလာမ်ဘာသာဝင်တချို့ပါဝင်

လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင်တချို့ ပါဝင်လာတဲ့အပေါ် သဘောထားတွေကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက NLD ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် တယောက်မှ မပါခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ မွတ်ဆလင်ပါတီဝင်တချို့ ပါဝင်လာတာ တွေ့ရပါတယ်။ စစ်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် ကျခံခဲ့ရဖူးသူတွေ ဖြစ်ကြတဲ့ ဒေါ်ဝင်းမြမြက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ ကိုစည်သူမောင်ကတော့ ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် ယှဉ်ပြိုင်ဖို့ NLD ပါတီက ရွေးချယ်ထားတာပါ။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံတဲ့ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေကြုံနေရချိန် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တုန်းက NLD ပါတီက မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေကို မပါဝင်ခဲ့တဲ့အပေါ် မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံဆုံးဖြတ်တဲ့ မူဝါဒမျိုး NLD ပါတီမှာ မရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

"ပါတီဝင်တိုင်းက ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာလို့ရှိရင် ပါတီဝင်ခံစားခွင့်ရတာကြီးပါဘဲ။ အစ္စလာမ်ဘာသာဝင်မို့ ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူးဆိုတာမျိုး ပါတီမှာ မရှိပါဘူး။ ၂၀၁၅ တုန်းက အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ဖို့ကို ဝမ်းနည်းစွာနဲ့ ကန့်သတ်ခဲ့ရတာတွေရှိတယ်။ အဲဒါက အခြေအနေအရ ကန့်သတ်ခဲ့ရတာ။ ဒီကနေ့ကာလကျတော့ ဒီလိုမဟုတ်ဘူးလွတ်လွတ်လပ်လပ်နဲ့ ယုံကြည်ရာလုပ်နိုင်တယ် ရွေးကောက်ပွဲလည်း ဝင်နိုင်တယ်ဆိုတဲ့ သဘောထားကို ကိုင်ဆွဲထားတာပါပဲ။ အစ္စလာမ်မို့ မဝင်ရမူ မရှိသလို ကျနော်တို့ ပါတီဝင်တွေအနေနဲ့ လွတ်လပ်စွာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိတဲ့မူလည်း ကျနော်တို့မှာရှိပါတယ်။"

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်စာရင်းကို NLD ပါတီက မနေ့တုန်းက ထုတ်ပြန်ခဲ့ရာမှာ အများစုက ၂၀၁၅ ခုနှစ်မှာ ရွေးချယ်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရာမှာ ပါတီအပေါ် သစ္စာရှိမှုနဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းအပေါ် အခြေခံဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပါအဝင် လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေ ရှိနေကြောင်း နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေလည်း ရှိနေတာပါ။ တချိန်တည်းမှာပဲ ဘာသာခြားတွေကို အခွင့်အရေး ပေးတာမျိုးတွေကို ဆန့်ကျင်ကြတဲ့ အမျိုးသားရေး ဝါဒစွဲပြင်းထန်သူတွေရဲ့ ဖိအားတွေလည်း ရှိနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အာဏာရ NLD ပါတီအနေနဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဦးအေးလွင်က ကြိုဆိုလိုက်ပါတယ်။

"၂၀၁၅ မှာကျတော့ မွတ်စလင်တွေ သီးသန့်ဝင်ရွေးခံတယ်။ အများကြီး ဖိနှိပ်ခဲ့ကြတယ်။ တကယ့်အရည်အချင်းရှိတာတွေ အများကြီးပေမဲ့ ကော်မရှင်ဘက်က မထည့်ခဲ့ဘူး။ အာဏာရပါတီနဲ့ အင်အားကြီးပါတီတွေကလည်း မရွေးခဲ့ဘူး။ ဒီနှစ်မှာတော့ အခြေအနေတွေထိန်းနိုင်ပြီဖြစ်တဲ့ အတွက်ကြောင့် သူတို့အစ္စလာမ် ဘာသာဝင်တွေကို ထည့်တွက်ပြီးတော့ရွေးခဲ့လို့ ဝမ်းသာပါတယ်။ ဒီအပေါ်ကြိုဆိုပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ အစ္စလာမ်ဘာသာဝင် ၂၈ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော် ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ မွတ်ဆလင် ကိုယ်စားလှယ်တွေထဲက တယောက်မှ အရွေးမခံခဲ့ရပါဘူးရှင်။

XS
SM
MD
LG