သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္သမား လယ္သမားအေရးေခါင္းစဥ္နဲ႔ တသီးပုဂၢလၿပိဳင္မယ့္သူ ၁၂ ဦးထက္မနည္းရွိ


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတန္းက မႏၱေလးၿမိဳ႕က မဲရံုတခုမွာ မဲမ်ား ေရတြက္ေနၾကတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္း အမည္စာရင္းေတြ ထြက္ေပၚလာေနခ်ိန္မွာ အလုပ္သမား၊ လယ္သမားအေရး အက်ဳိးေဆာင္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ယွဥ္ၿပိဳင္မယ့္သူေတြလည္း ပါ၀င္လာတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ အလုပ္သမား၊ လယ္သမားကိုယ္စားျပဳ အသင္းအဖြဲ႕ေနာက္ခံနဲ႔ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူ ၁၂ ေယာက္ထက္မနည္း ရွိပါတယ္။ ဒီကုိယ္စားလွယ္ေတြကေတာ့ အလုပ္သမား၊ လယ္သမားေရး ဦးစားေပး ေဆာင္ရြက္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ေရြးေကာက္ပဲြ၀င္မွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိထားၾကတာပါ။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕ New Myanmar Foundation အမႈေဆာင္ၫႊန္ၾကားေရးမႉး မျမနႏၵာသင္းကေတာ့ သက္ဆုိင္ရာ ကိစၥရပ္တခုခုကုိ အေလးထားေဆာင္ရြက္ဖုိ႔ တသီးပုဂၢလ ကုိယ္စားလွယ္ေလာင္းေတြ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးစားေလ့ ရွိတယ္လုိ႔ ေျပာပါတယ္။

“၂၀၂၀ အေနနဲ႔ကေတာ့ က်မသိသေလာက္ တသီးပုဂၢလဆိုတာမွာ အလုပ္သမားကေန ဝင္ၿပိဳင္တာရွိသလို၊ လယ္သမားကိုယ္စားျပဳအေနနဲ႔ ဥပမာ မစုစုေႏြးတို႔ ဝင္ၿပိဳင္မယ္ဆိုတာ သူကေတာ့ လယ္သမားအုပ္စုေတြကို base လုပ္မယ့္သူေတြလည္းရွိတယ္ေပါ့ေနာ္၊ အဲဒီေတာ့ အလုပ္သမားျဖစ္ျဖစ္ လယ္သမားျဖစ္ျဖစ္ သူတို႔က အႏိုင္ရမယ္၊ လႊတ္ေတာ္ထဲဝင္ၿပိဳင္လို႔ အႏိုင္ရမယ္ဆိုရင္ သူတို႔ issue ေပါ့ ဥပမာ လယ္သမားဆိုရင္ အလုပ္သမား issue ေပါ့ အလုပ္သမားဆိုလည္း အလုပ္သမားေတြရဲ႕ issue နဲ႔ပတ္သက္ၿပီးေတာ့ ဥပေဒ၊ နည္းဥပေဒေတြကို ျပင္ဆင္ႏိုင္မယ္ ဆိုၿပီးေတာ့ ေမွ်ာ္လင့္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ေပါ့။ ဒါေၾကာင့္မို႔လည္း တသီးပုဂၢလေတြအေနနဲ႔ ဝင္ၿပိဳင္ၾကတယ္လို႔ က်မထင္တယ္ေလ။”

လာမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရၾကမယ့္ အလုပ္သမား၊ လယ္သမားေတြက သူတုိ႔အတြက္ အလုပ္အက်ဳိး ျပဳႏုိင္မယ့္ ကိုယ္စားလွယ္ေတြကုိ ေရြးခ်ယ္ခြင့္ရဖုိ႔ ေမွ်ာ္လင့္ေနခ်ိန္မွာပဲ အလုပ္သမား၊ လယ္သမားေရး လႈပ္ရွားသူ တသီးပုဂၢလ ကုိယ္စားလွယ္ေလာင္းေတြ ထြက္ေပၚလာတာပါ။ အလုပ္သမားေရး လႈပ္ရွားသူ ဦးသက္ႏွင္းေအာင္ကေတာ့ အစုိးရနဲ႔ လႊတ္ေတာ္မွာ အလုပ္သမားေရးရာ ျပႆနာေတြကုိ ထိထိေရာက္ေရာက္ ေျဖရွင္းႏုိင္မယ့္သူေတြ ပါ၀င္လာဖုိ႔ အလုပ္သမားေတြက ေမွ်ာ္လင့္ေနတယ္လုိ႔ ေျပာပါတယ္။

“တက္လာမယ့္အစိုးရသည္ အလုပ္သမားေရးရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္းၿပီးေတာ့မွ ဂ႐ုတစိုက္ရွိေသာအစိုးရကို အလုပ္သမားေတြက ေမွ်ာ္လင့္မွာ ျဖစ္ပါတယ္။ အလုပ္သမားေရးရာ အခန္းက႑ကလည္း ထိပ္တန္းမွာရွိတယ္ဆိုတာ က်ေနာ္တို႔က ေမ့ထားလို႔ မရဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အလုပ္ရွင္၊ အလုပ္သမား ဆက္ဆံေရး မတည္ၿငိမ္လို႔ရွိရင္ ႏိုင္ငံရဲ႕ industrial relations ကို ထိခိုက္ေစႏိုင္တယ္။ အဲဒီေတာ့ က်ေနာ္တို႔ႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈေတြ ျမင့္မားေနမွပဲ ႏိုင္ငံရဲ႕ စီးပြားေရးကလည္း ျမင့္မားတဲ့အေနအထားျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံက လူမ်ားစု ေက်းလက္ေန လယ္သမား လူတန္းစားေတြ ၾကားမွာလည္း ေတာင္သူေတြအတြက္ အလုပ္အေကၽြးျပဳႏုိင္မယ့္ ကုိယ္စားလွယ္ေတြကုိ မဲေပးခြင့္ရေရး ေမွ်ာ္လင့္သူေတြ ရွိေနပါတယ္။ အထူးသျဖင့္ အစုိးရအဆက္ဆက္လက္ထက္ ေတာင္သူေတြရဲ႕ အေျခခံအခြင့္အေရးေတြ ဆုံး႐ႈံးေနရတာေတြကုိ ကာကြယ္ေပးမယ့္သူမ်ဳိးေတြကုိ ေရြးခ်ယ္ခြင့္ရခ်င္တယ္လုိ႔ သာယာဝတီခ႐ိုင္၊ အင္းပုံညာ႐ြာက လယ္သမား ဦးသန္းထြန္းကေျပာပါတယ္။

“ဘယ္အစိုးရပဲ တက္တက္ က်ေနာ္တို႔ေတာင္သူ၊ လယ္သမားေတြ ဘယ္ေတာ့မွ အခြင့္ထူးမရခဲ့ဖူးဘူးေပါ့ေနာ္။ အခုေ႐ြးေကာက္ပြဲမွာ က်ေနာ္တို႔ ေတာင္သူလယ္သမားကို တကယ္အက်ိဳးျပဳမယ့္၊ ပုဂၢိဳလ္ေတြကို က်ေနာ္တို႔ေတာ့ လိုခ်င္တာေပါ့ဗ်ာေနာ္။ သူတို႔က ေအာက္ေျခကိုဆင္းမၾကည့္ေတာ့ အေပၚမွာပဲ အထိုင္ခ်ၿပီး၊ အေပၚမွာ အလုပ္လုပ္တဲ့အခါက်ေတာ့ ေအာက္ေျခရဲ႕ ဒုကၡကို သူတို႔မသိဘူးေပါ့။”

၂၀၁၄ သန္းခါင္းစာရင္းအတိုင္းဆိုရင္ ျမန္မာ့လူဦးေရ ၅၁ သန္းေက်ာ္မွာ အလုပ္ရွိသူဦးေရ၂၁.၈၇ သန္းရွိၿပီး စိုက္ပ်ိဳးေရး၊ သားငါးနဲ႔ အေျခခံအလုပ္ေတြမွာ လုပ္ကိုင္ေနသူေတြက အမ်ားဆုံးျဖစ္ပါတယ္။ အစိုးရသက္တမ္းအသစ္တခုမွာ လက္လုပ္လက္စားအလုပ္သမားေတြရဲ႕ ဘဝေတြပိုေကာင္းလာဖို႔ ေမွ်ာ္လင့္ေၾကာင္း အေျခခံလုပ္သားတဦးျဖစ္တဲ့ ကိုညီညီက ေျပာပါတယ္။

“အေသြးအေရာင္မခြဲျခားဘဲ လူနည္းစု၊ လူမ်ားစု တေျပးညီအုပ္ခ်ဳပ္တဲ့ အစိုးရမ်ိဳးပဲ လိုခ်င္တာေပါ့။ တိုင္းျပည္မွာရွိတဲ့ အေျခခံလူတန္းစားေတြ အလုပ္သမား၊ လယ္သမား ဝန္ထမ္းေပါင္းစုံ အဆင္ေျပမယ့္ အစိုးရမ်ိဳးေပါ့။ အေျခခံလူတန္းစားေတြ လူလတ္တန္းစားေတြ ေအာက္ကိုအရမ္း နိမ့္က်သြားရင္ တိုင္းျပည္နိမ့္က်တာပဲေလ။ အဲဒီေတာ့ ျမႇင့္တင္ေပးမယ့္ အစိုးရမ်ိဳးပဲ က်ေနာ္တို႔ ေမွ်ာ္လင့္တယ္ေပါ့။”

ႏုိ၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ေရြးေကာက္ပဲြမွာေတာ့ ႏုိင္ငံေရး ပါတီေပါင္း ၉၇ ပါတီ ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ရည္မွန္းထားၾကတာပါ။ ပါ၀င္ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေတြနဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္းေတြ အေနနဲ႔ကေတာ့ ေရြးခ်ယ္ခံမယ့္သူေတြရဲ႕ အမည္စာရင္းေတြကုိ ေရွ႕လ ၾသဂုတ္လ ၇ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီး ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကုိ တင္သြင္းရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အလုပ်သမား လယ်သမားအရေးခေါင်းစဉ်နဲ့ တသီးပုဂ္ဂလပြိုင်မယ့်သူ ၁၂ ဦးထက်မနည်းရှိ

လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထွက်ပေါ်လာနေချိန်မှာ အလုပ်သမား၊ လယ်သမားအရေး အကျိုးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ယှဉ်ပြိုင်မယ့်သူတွေလည်း ပါဝင်လာတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အလုပ်သမား၊ လယ်သမားကိုယ်စားပြု အသင်းအဖွဲ့နောက်ခံနဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၁၂ ယောက်ထက်မနည်း ရှိပါတယ်။ ဒီကိုယ်စားလှယ်တွေကတော့ အလုပ်သမား၊ လယ်သမားရေး ဦးစားပေး ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုထားကြတာပါ။

ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation အမှုဆောင်ညွှန်ကြားရေးမှူး မမြနန္ဒာသင်းကတော့ သက်ဆိုင်ရာ ကိစ္စရပ်တခုခုကို အလေးထားဆောင်ရွက်ဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကြိုးစားလေ့ ရှိတယ်လို့ ပြောပါတယ်။

“၂၀၂၀ အနေနဲ့ကတော့ ကျမသိသလောက် တသီးပုဂ္ဂလဆိုတာမှာ အလုပ်သမားကနေ ဝင်ပြိုင်တာရှိသလို၊ လယ်သမားကိုယ်စားပြုအနေနဲ့ ဥပမာ မစုစုနွေးတို့ ဝင်ပြိုင်မယ်ဆိုတာ သူကတော့ လယ်သမားအုပ်စုတွေကို base လုပ်မယ့်သူတွေလည်းရှိတယ်ပေါ့နော်၊ အဲဒီတော့ အလုပ်သမားဖြစ်ဖြစ် လယ်သမားဖြစ်ဖြစ် သူတို့က အနိုင်ရမယ်၊ လွှတ်တော်ထဲဝင်ပြိုင်လို့ အနိုင်ရမယ်ဆိုရင် သူတို့ issue ပေါ့ ဥပမာ လယ်သမားဆိုရင် အလုပ်သမား issue ပေါ့ အလုပ်သမားဆိုလည်း အလုပ်သမားတွေရဲ့ issue နဲ့ပတ်သက်ပြီးတော့ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်နိုင်မယ် ဆိုပြီးတော့ မျှော်လင့်တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့်မို့လည်း တသီးပုဂ္ဂလတွေအနေနဲ့ ဝင်ပြိုင်ကြတယ်လို့ ကျမထင်တယ်လေ။”

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရကြမယ့် အလုပ်သမား၊ လယ်သမားတွေက သူတို့အတွက် အလုပ်အကျိုး ပြုနိုင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ရဖို့ မျှော်လင့်နေချိန်မှာပဲ အလုပ်သမား၊ လယ်သမားရေး လှုပ်ရှားသူ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ထွက်ပေါ်လာတာပါ။ အလုပ်သမားရေး လှုပ်ရှားသူ ဦးသက်နှင်းအောင်ကတော့ အစိုးရနဲ့ လွှတ်တော်မှာ အလုပ်သမားရေးရာ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့်သူတွေ ပါဝင်လာဖို့ အလုပ်သမားတွေက မျှော်လင့်နေတယ်လို့ ပြောပါတယ်။

“တက်လာမယ့်အစိုးရသည် အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီးတော့မှ ဂရုတစိုက်ရှိသောအစိုးရကို အလုပ်သမားတွေက မျှော်လင့်မှာ ဖြစ်ပါတယ်။ အလုပ်သမားရေးရာ အခန်းကဏ္ဍကလည်း ထိပ်တန်းမှာရှိတယ်ဆိုတာ ကျနော်တို့က မေ့ထားလို့ မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး မတည်ငြိမ်လို့ရှိရင် နိုင်ငံရဲ့ industrial relations ကို ထိခိုက်စေနိုင်တယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ မြင့်မားနေမှပဲ နိုင်ငံရဲ့ စီးပွားရေးကလည်း မြင့်မားတဲ့အနေအထားဖြစ်ပါတယ်။”

မြန်မာနိုင်ငံက လူများစု ကျေးလက်နေ လယ်သမား လူတန်းစားတွေ ကြားမှာလည်း တောင်သူတွေအတွက် အလုပ်အကျွေးပြုနိုင်မယ့် ကိုယ်စားလှယ်တွေကို မဲပေးခွင့်ရရေး မျှော်လင့်သူတွေ ရှိနေပါတယ်။ အထူးသဖြင့် အစိုးရအဆက်ဆက်လက်ထက် တောင်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရတာတွေကို ကာကွယ်ပေးမယ့်သူမျိုးတွေကို ရွေးချယ်ခွင့်ရချင်တယ်လို့ သာယာဝတီခရိုင်၊ အင်းပုံညာရွာက လယ်သမား ဦးသန်းထွန်းကပြောပါတယ်။

“ဘယ်အစိုးရပဲ တက်တက် ကျနော်တို့တောင်သူ၊ လယ်သမားတွေ ဘယ်တော့မှ အခွင့်ထူးမရခဲ့ဖူးဘူးပေါ့နော်။ အခုရွေးကောက်ပွဲမှာ ကျနော်တို့ တောင်သူလယ်သမားကို တကယ်အကျိုးပြုမယ့်၊ ပုဂ္ဂိုလ်တွေကို ကျနော်တို့တော့ လိုချင်တာပေါ့ဗျာနော်။ သူတို့က အောက်ခြေကိုဆင်းမကြည့်တော့ အပေါ်မှာပဲ အထိုင်ချပြီး၊ အပေါ်မှာ အလုပ်လုပ်တဲ့အခါကျတော့ အောက်ခြေရဲ့ ဒုက္ခကို သူတို့မသိဘူးပေါ့။”

၂၀၁၄ သန်းခါင်းစာရင်းအတိုင်းဆိုရင် မြန်မာ့လူဦးရေ ၅၁ သန်းကျော်မှာ အလုပ်ရှိသူဦးရေ၂၁.၈၇ သန်းရှိပြီး စိုက်ပျိုးရေး၊ သားငါးနဲ့ အခြေခံအလုပ်တွေမှာ လုပ်ကိုင်နေသူတွေက အများဆုံးဖြစ်ပါတယ်။ အစိုးရသက်တမ်းအသစ်တခုမှာ လက်လုပ်လက်စားအလုပ်သမားတွေရဲ့ ဘဝတွေပိုကောင်းလာဖို့ မျှော်လင့်ကြောင်း အခြေခံလုပ်သားတဦးဖြစ်တဲ့ ကိုညီညီက ပြောပါတယ်။

“အသွေးအရောင်မခွဲခြားဘဲ လူနည်းစု၊ လူများစု တပြေးညီအုပ်ချုပ်တဲ့ အစိုးရမျိုးပဲ လိုချင်တာပေါ့။ တိုင်းပြည်မှာရှိတဲ့ အခြေခံလူတန်းစားတွေ အလုပ်သမား၊ လယ်သမား ဝန်ထမ်းပေါင်းစုံ အဆင်ပြေမယ့် အစိုးရမျိုးပေါ့။ အခြေခံလူတန်းစားတွေ လူလတ်တန်းစားတွေ အောက်ကိုအရမ်း နိမ့်ကျသွားရင် တိုင်းပြည်နိမ့်ကျတာပဲလေ။ အဲဒီတော့ မြှင့်တင်ပေးမယ့် အစိုးရမျိုးပဲ ကျနော်တို့ မျှော်လင့်တယ်ပေါ့။”

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေး ပါတီပေါင်း ၉၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းထားကြတာပါ။ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ကတော့ ရွေးချယ်ခံမယ့်သူတွေရဲ့ အမည်စာရင်းတွေကို ရှေ့လ သြဂုတ်လ ၇ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG