သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA အပစ္ရပ္မထုိးေသးတဲ့ အဖဲြ႔ေတြ ၂၁ ရာစုပင္လုံတက္မည္မဟုတ္


ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္အပတ္မွာ က်င္းပမယ့္ ၂၁ ရာစု ပင္လံုညီလာခံကို အစုိးရနဲ႔ အပစ္အခတ္ရပ္စဲေရး လက္မွတ္မထိုးရေသးတဲ့အဖဲြ႔ေတြ မတက္ဖုိ႔ ဆုံးျဖတ္ရတဲ့ အေၾကာင္းရင္း ဘာေတြရွိေနသလဲ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

အစုိးရနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ မေရးထိုးေသးတဲ့ အဖဲြ႔ ရွစ္ ဖဲြ႕အနက္ အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ေၾကညာထားတဲ့ AA ရခိုင္လက္နက္ကုိင္အဖဲြ႕ကို ခ်န္လွပ္ၿပီး က်န္အဖဲြ႕ေတြကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လုံကုိ တက္ေရာက္ဖုိ႔ ဖိတ္ၾကားထားေပမဲ့ က်န္အဖဲြ႔ေတြက မတက္ဖုိ႔ ဆုံးျဖတ္လုိက္ၾကတာပါ။

တ႐ုတ္ျမန္မာနယ္စပ္အေျခစိုက္ FPNCC ေခၚ ျပည္ေထာင္စု ေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီမွာ ပါ၀င္တဲ့ လက္နက္ကိုင္အဖဲြ႔ ၇ ဖဲြ႔ဟာ အင္အားႀကီးလက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ ၀ျပည္ေသြးစည္းညီညႊတ္ေရးတပ္ဖဲြ႔ UWSA ဌာနခ်ဳပ္ရွိရာ ပန္ဆန္းမွာ မေန႔ကပဲ ေဆြးေႏြးခဲ့ၾကၿပီး ညီလာခံကို တက္ေရာက္မွာ မဟုတ္ေၾကာင္း ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

FPNCC အဖဲြ႔၀င္ျဖစ္တဲ့ TNLA တအန္း(ပေလာင္) အဖဲြ႔ရဲ႕ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴး တာ့အိုက္ေက်ာ္ကေတာ့ ကပ္ေရာဂါကာလ အခက္အခဲေတြေၾကာင့္ ညီလာခံမတက္ဖို႔ ဆံုးျဖတ္တာလို႔ VOA ကို ေျပာပါတယ္။

“အဓိက မတက္ေရာက္တဲ့အေၾကာင္းကေတာ့ ေလာေလာဆယ္ COVID 19 က လံုး၀ ေပ်ာက္ကင္းတဲ့ အဆင့္ေတာ့ မဟုတ္ေသးဘူး။ အဲဒါေၾကာင့္ သြားလာဖို႔အတြက္ အခက္အခဲေၾကာင့္ေပါ့။”

FPNCC အဖဲြ႔ရဲ႕ ပူးတဲြထုတ္ျပန္ခ်က္မွာလည္း ကပ္ေရာဂါျဖစ္ပြားေနတဲ့အတြက္ ညီလာခံတက္ဖုိ႔ အခက္အခဲရွိေနတယ္လုိ႔ အေၾကာင္းျပထားပါတယ္။ တခ်ိန္တည္းမွာပဲ အဖဲြ႔၀င္ျဖစ္တဲ့ AA ကို ဖိတ္ၾကားခ်က္မွာ ခ်န္လွပ္ထားတဲ့အေပၚ စိတ္မေကာင္းေၾကာင္းနဲ႔ ပဋိပကၡျဖစ္ေနတဲ့အဖဲြ႕ေတြအားလံုး ညီလာခံကို တက္ေရာက္ၿပီး မ်က္ႏွာစံုညီေဆြးေႏြးႏိုင္မွသာ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို ေဖာ္ေဆာင္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

FPNCC အဖဲြ႕ဟာ UWSA ၀၊ NDAA မိုင္းလား၊ KIA ကခ်င္၊ SSPP ရွမ္းေျမာက္၊ MNDAA ကိုးကန္႔၊ TNLA ပေလာင္နဲ႔ AA ရခိုင္အဖဲြ႕ေတြ ပါ၀င္တဲ့ ႏိုင္ငံေရး တပ္ေပါင္းစုျဖစ္ၿပီး ကခ်င္၊ ကိုးကန္႔၊ ပေလာင္နဲ႔ ရခိုင္အဖဲြ႕ေတြက ေျမာက္ပိုင္းမဟာမိတ္အျဖစ္ သီးသန္႔ဖဲြ႕စည္းထားတာပါ။ ကိုးကန္႔၊ ပေလာင္ နဲ႔ ရခိုင္ ၃ ဖဲြ႕ကေတာ့ ၂၁ ရာစုပင္လံုကို ၃ ဖဲြ႕လံုးဖိတ္ၾကားမွသာ တက္ေရာက္မယ္လို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

NCA လက္မွတ္ မထိုးေသးတဲ့ အဖဲြ႕တစ္ခုျဖစ္တဲ့ KNPP ေခၚ ကရင္နီလက္နက္ကိုင္အဖဲြ႕ကလည္း ၂၁ ရာစုပင္လုံညီလာခံမတက္ဖုိ႔ ေၾကညာထားၿပီး၊ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လုိ႔လည္း အဖဲြ႕ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးေရႊမ်ိဳးသန္႔က အခုလုိေျပာပါတယ္။

“အဓိက အေရးႀကီးဆံုးက သူတိုက ျပည္ေထာင္စုသေဘာတူညီခ်က္လို႔ ေျပာတာကိုး။ ျပည္ေထာင္စုအဆင့္ သေဘာတူညီခ်က္ဆို အားလံုး သေဘာတူတဲ့ သေဘာေလ။ ေနာက္ၿပီးေတာ့ ဒါေတြကို ကိုင္ၿပီးေတာ့ ဒီတိုင္းျပည္ ျပဳျပင္ေျပာင္းလဲေရး လုပ္မယ္ေျပာတာကိုး။ အဲလိုေျပာေတာ့ အဲဒီ လုပ္ထံုးလုပ္နည္းအပိုင္းမ်ားလည္း လိုတယ္။ ေနာက္ က်ေနာ္တို႔က ကိုယ္စားျပဳမႈအပိုင္းေနာ္။ ကိုယ္စားျပဳမႈအပိုင္းမွာ ခု စဥ္းစားၾကည့္ ၁၀ဖဲြ႕ဆိုတာကလည္း လူမ်ိဳးေရးအရ ၾကည့္မယ္ဆို ၄ဖဲြ႔ေလာက္ ကရင္ ျဖစ္ေနတာေပါ့။ ျပည္နယ္အရ ၾကည့္မယ္ဆို မျပည့္အစံုဘူး က်ေနာ့အျမင္အရေတာ့။ ကရင္နီဆိုရင္ က်ေနာ္တို႔ ျပည္နယ္ဆို က်ေနာ္တို႔ က်န္ခဲ့တယ္။ ကခ်င္က်န္ခဲ့တယ္ အဲလို။ တစ္ျခား ကိုယ္စားျပဳမႈေတြလည္း က်န္ခဲ့တယ္။ အဲဒါႀကီးကို ျပည္ေထာင္စု သေဘာတူညီခ်က္ ေျပာေတာ့ က်ေနာ္တို႔ အျမင္နဲ႔ မကိုက္ညီဘူးေပါ့ေနာ္။ ေနာက္တစ္ခုက က်ေနာ္တို႔ဖိတ္တာက ဖြင့္ပဲြအခမ္းအနားသို႔ တက္ေရာက္ပါရန္ အဲလိုပဲ ေျပာေတာ့ က်ေနာ္တို႔ မတက္ေတာ့ဘူးလို႔ ဆံုးျဖတ္လိ္ုက္တာ။”

NCA လက္မွတ္မထိုးေသးတဲ့အဖဲြ႕ေတြ ဖိတ္ၾကားဖို႔ကို လက္ရွိ လက္မွတ္ထိုးၿပီး အဖဲြ႕ေတြက အစိုးရကို တိုက္တြန္းခဲ့တာပါ။ NCA အပစ္ရပ္ လက္မွတ္ထုိးထားတဲ့ ပအုိ၀္းအမ်ဳိးသားလြတ္ေျမာက္ေရးတပ္ဖဲြ႔ PNLA နာယက ဗိုလ္မွဴးႀကီးခြန္ဥကၠာကေတာ့ ညီလာခံမွာ တက္ေရာက္လာမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးႏုိင္တဲ့ အခြင့္အလမ္းရွိတယ္လုိ႔ ယူဆေၾကာင္း အခုလို ေျပာပါတယ္။

“အကယ္၍ ဖိတ္ၾကားခံရတဲ့အဖဲြ႕မ်ားက အခြင့္အလမ္းကို ယူၿပီးေတာ့ ေရာက္မယ္ဆိုရင္ အက်ိဳးရွိတာေတာ့ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ေတြ႔ဆံုေဆြးေႏြးခြင့္မရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ျပန္လည္ေတြ႕ဆံုႏိုင္တယ္။ အခက္အခဲေတြ အေျခအေနေတြကို ဖလွယ္ႏိုင္တယ္။ သက္ဆိုင္ရာႏိုင္ငံေတာ္ အႀကီးအကဲမ်ားနဲ႔ ေတြ႕ဆံုခြင့္ ရတဲ့အတြက္ မိမိတို႔ တစ္ဖဲြ႕ခ်င္းစီ၊ ေဒသတစ္ခုခ်င္းစီရဲ႕ အေျခအေန အခက္အခဲေတြကိုလည္း တင္ျပၿပီးေတာ့ ေနာက္ေနာင္ ဆက္လက္ ေဆြးေႏြးသြားဖို႔ လမ္းေၾကာင္းပြင့္ႏိုင္တယ္ေနာ္။”

အပစ္ရပ္ ၁၀ ဖဲြ႕အေနနဲ႔ကေတာ့ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ကို တႏိုင္ငံလံုးလႊမ္းျခံဳႏိုင္ေရးကို စဥ္းစားေဆြးေႏြးေနတာျဖစ္သလို အားလံုးပါ၀င္ေရးအတြက္ ဆက္လက္ ႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားပါတယ္။

ၿပီးခဲ့တဲ့ ၂၁ ရာစုပင္လံု အစည္းအေ၀းေတြကိုေတာ့ ေျမာက္ပိုင္းအဖဲြ႕၀င္ေတြဟာ တ႐ုတ္အစိုးရရဲ႕ ကမကထ ျပဳမႈနဲ႔ တက္ေရာက္တာေတြ ရွိခဲ့ၿပီး ဒီႏွစ္မွာေတာ့ ပံုမွန္တက္ေရာက္ေနက် တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက အာရွေရးရာ အထူးသံတမန္ မစၥတာ ဆြန္ေကာ့ရွန္လည္း တက္ေရာက္ဖို႔ မရွိေၾကာင္း နီးစပ္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NCA အပစ်ရပ်မထိုးသေးတဲ့ အဖွဲ့တွေ ၂၁ ရာစုပင်လုံတက်မည်မဟုတ်

လာမယ့်အပတ်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ မတက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်း ဘာတွေရှိနေသလဲ ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရနဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့ ရှစ် ဖွဲ့အနက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ချန်လှပ်ပြီး ကျန်အဖွဲ့တွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ ဖိတ်ကြားထားပေမဲ့ ကျန်အဖွဲ့တွေက မတက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

တရုတ်မြန်မာနယ်စပ်အခြေစိုက် FPNCC ခေါ် ပြည်ထောင်စု ဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဟာ အင်အားကြီးလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမှာ မနေ့ကပဲ ဆွေးနွေးခဲ့ကြပြီး ညီလာခံကို တက်ရောက်မှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

FPNCC အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအန်း(ပလောင်) အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်ကတော့ ကပ်ရောဂါကာလ အခက်အခဲတွေကြောင့် ညီလာခံမတက်ဖို့ ဆုံးဖြတ်တာလို့ VOA ကို ပြောပါတယ်။

“အဓိက မတက်ရောက်တဲ့အကြောင်းကတော့ လောလောဆယ် COVID 19 က လုံး၀ ပျောက်ကင်းတဲ့ အဆင့်တော့ မဟုတ်သေးဘူး။ အဲဒါကြောင့် သွားလာဖို့အတွက် အခက်အခဲကြောင့်ပေါ့။”

FPNCC အဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာလည်း ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ညီလာခံတက်ဖို့ အခက်အခဲရှိနေတယ်လို့ အကြောင်းပြထားပါတယ်။ တချိန်တည်းမှာပဲ အဖွဲ့ဝင်ဖြစ်တဲ့ AA ကို ဖိတ်ကြားချက်မှာ ချန်လှပ်ထားတဲ့အပေါ် စိတ်မကောင်းကြောင်းနဲ့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေအားလုံး ညီလာခံကို တက်ရောက်ပြီး မျက်နှာစုံညီဆွေးနွေးနိုင်မှသာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

FPNCC အဖွဲ့ဟာ UWSA ဝ၊ NDAA မိုင်းလား၊ KIA ကချင်၊ SSPP ရှမ်းမြောက်၊ MNDAA ကိုးကန့်၊ TNLA ပလောင်နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ နိုင်ငံရေး တပ်ပေါင်းစုဖြစ်ပြီး ကချင်၊ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်အဖွဲ့တွေက မြောက်ပိုင်းမဟာမိတ်အဖြစ် သီးသန့်ဖွဲ့စည်းထားတာပါ။ ကိုးကန့်၊ ပလောင် နဲ့ ရခိုင် ၃ ဖွဲ့ကတော့ ၂၁ ရာစုပင်လုံကို ၃ ဖွဲ့လုံးဖိတ်ကြားမှသာ တက်ရောက်မယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ KNPP ခေါ် ကရင်နီလက်နက်ကိုင်အဖွဲ့ကလည်း ၂၁ ရာစုပင်လုံညီလာခံမတက်ဖို့ ကြေညာထားပြီး၊ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က အခုလိုပြောပါတယ်။

ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

“အဓိက အရေးကြီးဆုံးက သူတိုက ပြည်ထောင်စုသဘောတူညီချက်လို့ ပြောတာကိုး။ ပြည်ထောင်စုအဆင့် သဘောတူညီချက်ဆို အားလုံး သဘောတူတဲ့ သဘောလေ။ နောက်ပြီးတော့ ဒါတွေကို ကိုင်ပြီးတော့ ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ပြောတာကိုး။ အဲလိုပြောတော့ အဲဒီ လုပ်ထုံးလုပ်နည်းအပိုင်းများလည်း လိုတယ်။ နောက် ကျနော်တို့က ကိုယ်စားပြုမှုအပိုင်းနော်။ ကိုယ်စားပြုမှုအပိုင်းမှာ ခု စဉ်းစားကြည့် ၁၀ဖွဲ့ဆိုတာကလည်း လူမျိုးရေးအရ ကြည့်မယ်ဆို ၄ဖွဲ့လောက် ကရင် ဖြစ်နေတာပေါ့။ ပြည်နယ်အရ ကြည့်မယ်ဆို မပြည့်အစုံဘူး ကျနော့အမြင်အရတော့။ ကရင်နီဆိုရင် ကျနော်တို့ ပြည်နယ်ဆို ကျနော်တို့ ကျန်ခဲ့တယ်။ ကချင်ကျန်ခဲ့တယ် အဲလို။ တစ်ခြား ကိုယ်စားပြုမှုတွေလည်း ကျန်ခဲ့တယ်။ အဲဒါကြီးကို ပြည်ထောင်စု သဘောတူညီချက် ပြောတော့ ကျနော်တို့ အမြင်နဲ့ မကိုက်ညီဘူးပေါ့နော်။ နောက်တစ်ခုက ကျနော်တို့ဖိတ်တာက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါရန် အဲလိုပဲ ပြောတော့ ကျနော်တို့ မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။”

NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ ဖိတ်ကြားဖို့ကို လက်ရှိ လက်မှတ်ထိုးပြီး အဖွဲ့တွေက အစိုးရကို တိုက်တွန်းခဲ့တာပါ။ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLA နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ညီလာခံမှာ တက်ရောက်လာမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့ ယူဆကြောင်း အခုလို ပြောပါတယ်။

“အကယ်၍ ဖိတ်ကြားခံရတဲ့အဖွဲ့များက အခွင့်အလမ်းကို ယူပြီးတော့ ရောက်မယ်ဆိုရင် အကျိုးရှိတာတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တွေ့ဆုံဆွေးနွေးခွင့်မရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြန်လည်တွေ့ဆုံနိုင်တယ်။ အခက်အခဲတွေ အခြေအနေတွေကို ဖလှယ်နိုင်တယ်။ သက်ဆိုင်ရာနိုင်ငံတော် အကြီးအကဲများနဲ့ တွေ့ဆုံခွင့် ရတဲ့အတွက် မိမိတို့ တစ်ဖွဲ့ချင်းစီ၊ ဒေသတစ်ခုချင်းစီရဲ့ အခြေအနေ အခက်အခဲတွေကိုလည်း တင်ပြပြီးတော့ နောက်နောင် ဆက်လက် ဆွေးနွေးသွားဖို့ လမ်းကြောင်းပွင့်နိုင်တယ်နော်။”

အပစ်ရပ် ၁၀ ဖွဲ့အနေနဲ့ကတော့ ပြည်ထောင်စု သဘောတူစာချုပ်ကို တနိုင်ငံလုံးလွှမ်းခြုံနိုင်ရေးကို စဉ်းစားဆွေးနွေးနေတာဖြစ်သလို အားလုံးပါဝင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေကိုတော့ မြောက်ပိုင်းအဖွဲ့ဝင်တွေဟာ တရုတ်အစိုးရရဲ့ ကမကထ ပြုမှုနဲ့ တက်ရောက်တာတွေ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ပုံမှန်တက်ရောက်နေကျ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်လည်း တက်ရောက်ဖို့ မရှိကြောင်း နီးစပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG