သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စု သေဘာတူညီခ်က္ ျပင္ဆင္ေရးႀကိဳးပမ္းမႈ ေဒၚစုခ်ီးက်ဳး


ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားတ့ဲ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

ေရွ႕သီတင္းပတ္မွာ က်င္းပမယ့္ ၂၁ ရာစု ပင္လုံညီလာခံမွာ လက္မွတ္ေရးထုိးဖုိ႔ ရည္မွန္းထားတဲ့ ျပည္ေထာင္စုသေဘာတူညီခ်က္မွာ တုိးတက္မႈေတြရေအာင္ ႀကိဳးပမ္းခဲ့တဲ့အေပၚ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္က ႀကိဳဆုိလုိက္သလုိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကေတာ့ ၾကန္႔ၾကာမႈေတြ မရွိေအာင္လုပ္ဖုိ႔ တုိက္တြန္းလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားတ့ဲ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားတ့ဲ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)

အစိုးရနဲ႔ NCA လက္မွတ္ထိုး တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔က ကိုယ္စားလွယ္ေတြ ညိွႏိႈင္းသေဘာတူထားတဲ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း ၃မွာ ထည့္သြင္းမယ့္ အခ်က္ေတြကို JICM ေခၚ NCA အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖၚမႈဆိုင္ရာ ညွိႏိႈင္းအစည္းအေ၀းကို ျပန္လည္သံုးသပ္ၿပီး အတည္ျပဳမွာ ျဖစ္ပါတယ္။

ဒီေန႔ မနက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းအဖြင့္အမွာစကားေျပာၾကားရာမွာ ၂၀၁၈ ခုႏွစ္က က်င္းပတဲ့ ၂၁ ရာစုပင္လံု တတိယအစည္းအေ၀းၿပီးေနာက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ရပ္တန္႔ခဲ့ရေၾကာင္း ဒီလုပ္ငန္းစဥ္ကို ျပန္လည္စတင္ဖို႔ ၾကိဳးပမ္းခဲ့ၿပီး ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အပိုင္း ၃ ကို ရရိွေအာင္ေဆြးေႏြးခဲ့သူေတြကို ခ်ီးက်ဴးေၾကာင္း အခုလုိ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“ဒီေန႔ အစည္းအေ၀းကို တင္ျပလာတဲ့ စာခ်ဳပ္မူၾကမ္းကို ၾကည့္လုိက္တာနဲ႔ ႏွစ္ဘက္အလုပ္အဖဲြ႔ေတြ ဘယ္ေလာက္အထိ ေဆြးေႏြးခဲ့ရတယ္။ ညိွႏိႈင္းခဲ့ရတယ္။ ျငင္းခုန္ခဲ့ရတယ္။ ၾကိဳးပမ္းအားထုတ္ခဲ့ရတယ္ဆုိတာကို က်မတို႔ နားလည္သေဘာေပါက္ႏိုင္ပါတယ္။ ဒီဟာကို အရွိန္အဟုန္နဲ႔ ေဆြးေႏြးမႈေတြဆက္တိုက္ ေဆာင္႐ြက္ေနခ်ိန္မွာ ကမာၻနဲ႔ အဝွမ္းကိုဗစ္-၁၉ ကပ္ေရာဂါ ပ်ံ႕ႏွံ႔မႈေတြ ျဖစ္ေပၚလာခဲ့တာေၾကာင့္ ေတြ႕ဆုံေဆြးေႏြးမႈေတြဟာ အရွိန္အဟုန္ေလ်ာ့က်သြားခဲ့ရပါတယ္။ Video Conferencing ေတြနဲ႔ေဆြးေႏြးမႈေတြ ရပ္ဆိုင္းမသြားေအာင္ေဆာင္႐ြက္ခဲ့ၾကရတာျဖစ္ပါတယ္။ ဒီလိုစိန္ေခၚမႈအမ်ိဳးမ်ိဳးၾကားကေန မဆုတ္မနစ္ ႀကိဳးပမ္းေဆာင္႐ြက္ေပးခဲ့ၾကတဲ့ ႏွစ္ဘက္ကိုယ္စားလွယ္ေတြ၊ ပါဝင္ပတ္သက္သူေတြ၊ ဝိုင္းဝန္းပံ့ပိုးခဲ့သူေတြအားလုံးကို က်မအေနနဲ႔ လႈိက္လႈိက္လဲလဲ ေက်းဇူးတင္ရွိပါေၾကာင္းအေလးအနက္ေျပာၾကားလိုပါတယ္။”

COVID 19 ကပ္ေရာဂါကို ျမန္မာျပည္သူေတြ စည္းစည္းလံုးလံုးနဲ႔ ရင္ဆုိင္ခဲ့သလို ၂၀၁၈ က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔ေနရာက အခုဆုိရင္ ျပန္လည္စတင္ႏိုင္တဲ့အေျခအေနကို ေရာက္ခဲ့ေၾကာင္းလည္း အခုလို ထည့္သြင္း ေျပာၾကားပါတယ္။

“ဒီအတိုင္းပါပဲ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး အစည္းအေဝးေတြေခၚလို႔မရ၊ ေတြ႕ဆုံဖို႔ညႇိႏႈိင္းလို႔မရတဲ့အေျခအေန၊ NCA လမ္းေၾကာင္းရပ္ဆိုင္းသြားရတဲ့ အေျခအေနကေန ဒီကေနဆိုရင္ ၂၁-ရာစုပင္လုံညီလာခံကို က်င္းပႏိုင္တဲ့အေနအထားကိုေရာက္လာပါၿပီ။ ဒါတင္ပဲလားမကပါဘူး။ ႏိုင္ငံေရးသေဘာတူညီခ်က္ေတြ ရယူႏိုင္တဲ့ အေနအထားကို ေရာက္ရွိလာခဲ့ပါၿပီ။ ဒါတင္မကေသးပါဘူး။ ဒီမိုကေရစီဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ေရွ႕ဆက္ၿပီး တစ္လွမ္းၿပီး တစ္လွမ္း၊ တဆင့္ၿပီး တဆင့္ေဖာ္ေဆာင္ႏိုင္မယ့္ အဆင့္လိုက္အစီအစဥ္တစ္ခုကို ရယူႏိုင္မယ့္အေနအထားတစ္ခုကို ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။”

ဒီေန႔ အစည္းအေ၀းကို တက္ေရာက္လာတဲ့ တပ္မေတာ္ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္မႈးၾကီးစိုး၀င္းကလည္း ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ရရိွေအာင္ ေဆြးေႏြးခဲ့ရာမွာ အခ်ိန္ၾကန္႔ၾကာမႈမရိွေစဖို႔အတြက္လည္း အခုလို တုိက္တြန္းေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“အခုအစည္းအေ၀းက အလုပ္အဖဲြ႔ေတြ ၾကိဳတင္ညိွႏိႈင္း သေဘာတူညီခ်က္ေတြကို အတည္ျပဳၾကတာျဖစ္ပါတယ္။ အလုပ္အဖဲြ႔မ်ားရဲ့ ၾကိဳးပမ္းေဆာင္ရြက္မႈကို အသိအမွတ္ျပဳပါေသာ္လည္း ေဆြးေႏြးခ်က္မ်ားအေပၚ သံုးသပ္ရလွ်င္ျဖင့္ ၾကိဳတင္ညိွႏိႈင္း သေဘာတူညီခ်က္မ်ား ယခုထက္ ပိုမိုၿပီးေတာ့မွ ရသင့္ေၾကာင္းလည္း ေတြ႔ရမွာ ျဖစ္ပါတယ္။ ယခု ၉ၾကိမ္ေျမာက္ JICM အစည္းအေ၀းအတြက္ အလုပ္အဖဲြ႔မ်ား ညိွႏိႈင္းေဆြးေႏြးမႈ ၄ ႀကိမ္ေဆာင္ရြက္ရာမွာ အခ်ိဳ႕အခ်က္မ်ားဟာ NCA မွာ အတိအက် ေဖာ္ျပထားၿပီးျဖစ္ေသာ္လည္း စာသားအဓိပါၸယ္အယူအဆ၊ နက္ေကာက္မႈမ်ား လဲြေခ်ာ္သြားျခင္းမ်ားေၾကာင့္ ေဆြးေႏြးရမယ့္ အခ်က္သစ္မ်ားကို မေဆြးေႏြးႏိုင္ဘဲ ဒီလုိ အယူအဆ၊ အခ်က္အလက္ လဲြမွားေနတဲ့ သက္ဆုိင္ရာ NCA ပါအခ်က္မ်ားကိုပဲ ထပ္မံေဆြးေႏြးမႈေၾကာင့္ အခ်ိန္ၾကန္႔ၾကာျခင္း၊ NCA ကို အေျခခံတဲ့ ညိွႏိႈင္းအစည္းအေ၀းမ်ားမွာ မူလက သေဘာတူညီခ်က္ေတြကို ထပ္မံ ျပင္ဆင္လုိမႈေၾကာင့္ အျပန္အလွန္ ထပ္မံေဆြးေႏြးရျခင္းေၾကာင့္ အခ်ိန္ၾကန္႔ၾကာျခင္း၊ NCA မွာ မပါရိွဘဲ လံုၿခံဳေရးနဲ႔ မပတ္သက္တဲ့ စာသားရပ္မ်ားကို ထည့္သြင္းေဆြးေႏြးျခင္းေၾကာင့္ အခ်ိန္ၾကန္႔ၾကာျခင္း၊ ဒါေတြေၾကာင့္ ေနာက္ေၾကာင္းျပန္ ေရွ႔ကို အရိွန္အဟုန္နဲ႔ ေဆြးေႏြးရမယ့္ အစားေနာက္ေၾကာင္းျပန္ ထပ္မံေဆြးေႏြးခ်က္မ်ားျဖင့္ မလိုလားအပ္ဘဲ အဖိုးတန္အခ်ိန္မ်ား ကုန္ဆံုးခဲ့ၾကသည္ကို တိုင္းရင္းသားျပည္သူတစ္ရပ္လံုးရဲ့ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ပန္းတုိင္ေရာက္ဖို႔ဟာလည္း မလိုလားအပ္ဘဲ ၾကန္႔ၾကာေနတာျဖစ္တဲ့အတြက္ အလုပ္အဖဲြ႔မ်ား ေရွ႔ဆက္ၿပီး ေဆြးေႏြးရန္ က်န္ရိွတဲ့ အခ်က္မ်ားကို အရိွန္အဟုန္ျဖင့္ ေဆြးေႏြးၾကရာမွာ ဒီလုိ အခ်က္မိ်ဳးကို သတိျပဳၾကဖုိ႔ တုိက္တြန္းလိုပါတယ္။”

ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)

NCA လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ၾကီး ယြတ္ဆစ္ကေတာ့ ႏွစ္ဘက္သေဘာတူညီခ်က္ ရေအာင္ေဆာင္ရြက္ခဲ့ၾကသူေတြကို ဂုဏ္ျပဳေၾကာင္း ေျပာၾကားခဲ့ပါတယ္။

JICM အစည္းအေ၀းက ရယူထားတဲ့ ျပည္ေထာင္စုသေဘာတူညီခ်က္ စာခ်ဳပ္ အပိုင္း ၃ ပါ အခ်က္ေတြကို အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းစတင္ေရးအတြက္ UPDJC ေခၚ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ အစည္းအေ၀းေတြကို ဒီလ ၁၄ ရက္၊ ၁၅ ရက္။ ၁၇ ရက္ေန႔က်င္းပမွာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းကိုေတာ့ ၁၉ ရက္ကေန ၂၁ ရက္ေန႔ထိ ၃ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။

NCA စာခ်ဳပ္အရ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ကို တစ္ႏွစ္ ၂ ၾကိမ္က်င္းပဖို႔ သေဘာတူထားခဲ့ေပမဲ့ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၿငိမ္းခ်မ္းေရး ညီလာခံၿပီးေနာက္မွာေတာ့ လံုၿခံဳေရးဆုိင္ရာ ျပန္လည္ေပါင္းစည္းေရးနဲ႔ ျပည္ေထာင္စုက ခဲြမထြက္ေရးဆိုတဲ့ အခ်က္ေတြအေပၚမွာ ေျပလည္မႈ မရခဲ့တာေၾကာင့္ ၿငိမ္းခ်မ္းေရးညီလာခံဟာ ၂ႏွစ္ေက်ာ္ ရပ္ဆိုင္းခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ထောင်စု သဘောတူညီချက် ပြင်ဆင်ရေးကြိုးပမ်းမှု ဒေါ်စုချီးကျုး

ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်မှာ တိုးတက်မှုတွေရအောင် ကြိုးပမ်းခဲ့တဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုလိုက်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ကြန့်ကြာမှုတွေ မရှိအောင်လုပ်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ညှိနှိုင်းသဘောတူထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃မှာ ထည့်သွင်းမယ့် အချက်တွေကို JICM ခေါ် NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြန်လည်သုံးသပ်ပြီး အတည်ပြုမှာ ဖြစ်ပါတယ်။

ဒီနေ့ မနက် နေပြည်တော်မှာ ကျင်းပတဲ့ JICM အစည်းအဝေးအဖွင့်အမှာစကားပြောကြားရာမှာ ၂၀၁၈ ခုနှစ်က ကျင်းပတဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်ခဲ့ရကြောင်း ဒီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကြိုးပမ်းခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ကို ရရှိအောင်ဆွေးနွေးခဲ့သူတွေကို ချီးကျူးကြောင်း အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ဒီနေ့ အစည်းအဝေးကို တင်ပြလာတဲ့ စာချုပ်မူကြမ်းကို ကြည့်လိုက်တာနဲ့ နှစ်ဘက်အလုပ်အဖွဲ့တွေ ဘယ်လောက်အထိ ဆွေးနွေးခဲ့ရတယ်။ ညှိနှိုင်းခဲ့ရတယ်။ ငြင်းခုန်ခဲ့ရတယ်။ ကြိုးပမ်းအားထုတ်ခဲ့ရတယ်ဆိုတာကို ကျမတို့ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဟာကို အရှိန်အဟုန်နဲ့ ဆွေးနွေးမှုတွေဆက်တိုက် ဆောင်ရွက်နေချိန်မှာ ကမ္ဘာနဲ့ အဝှမ်းကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ အရှိန်အဟုန်လျော့ကျသွားခဲ့ရပါတယ်။ Video Conferencing တွေနဲ့ဆွေးနွေးမှုတွေ ရပ်ဆိုင်းမသွားအောင်ဆောင်ရွက်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုအမျိုးမျိုးကြားကနေ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ နှစ်ဘက်ကိုယ်စားလှယ်တွေ၊ ပါဝင်ပတ်သက်သူတွေ၊ ဝိုင်းဝန်းပံ့ပိုးခဲ့သူတွေအားလုံးကို ကျမအနေနဲ့ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းအလေးအနက်ပြောကြားလိုပါတယ်။ ”

COVID 19 ကပ်ရောဂါကို မြန်မာပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ခဲ့သလို ၂၀၁၈ က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေရာက အခုဆိုရင် ပြန်လည်စတင်နိုင်တဲ့အခြေအနေကို ရောက်ခဲ့ကြောင်းလည်း အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ဒီအတိုင်းပါပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစည်းအဝေးတွေခေါ်လို့မရ၊ တွေ့ဆုံဖို့ညှိနှိုင်းလို့မရတဲ့အခြေအနေ၊ NCA လမ်းကြောင်းရပ်ဆိုင်းသွားရတဲ့ အခြေအနေကနေ ဒီကနေဆိုရင် ၂၁-ရာစုပင်လုံညီလာခံကို ကျင်းပနိုင်တဲ့အနေအထားကိုရောက်လာပါပြီ။ ဒါတင်ပဲလားမကပါဘူး။ နိုင်ငံရေးသဘောတူညီချက်တွေ ရယူနိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒါတင်မကသေးပါဘူး။ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရှေ့ဆက်ပြီး တစ်လှမ်းပြီး တစ်လှမ်း၊ တဆင့်ပြီး တစ်ဆင့်ဖော်ဆောင်နိုင်မယ့် အဆင့်လိုက်အစီအစဉ်တစ်ခုကို ရယူနိုင်မယ့်အနေအထားတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။”

ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)
ေနျပည္ေတာ္မွာ က်င္းပတဲ့ JICM အစည္းအေ၀းပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၃၊ ၂၀၂၀)

ဒီနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းကလည်း ပြည်ထောင်စု သဘောတူစာချုပ်ရရှိအောင် ဆွေးနွေးခဲ့ရာမှာ အချိန်ကြန့်ကြာမှုမရှိစေဖို့အတွက်လည်း အခုလို တိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။

“အခုအစည်းအဝေးက အလုပ်အဖွဲ့တွေ ကြိုတင်ညှိနှိုင်း သဘောတူညီချက်တွေကို အတည်ပြုကြတာဖြစ်ပါတယ်။ အလုပ်အဖွဲ့များရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါသော်လည်း ဆွေးနွေးချက်များအပေါ် သုံးသပ်ရလျှင်ဖြင့် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ယခုထက် ပိုမိုပြီးတော့မှ ရသင့်ကြောင်းလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ယခု ၉ကြိမ်မြောက် JICM အစည်းအဝေးအတွက် အလုပ်အဖွဲ့များ ညှိနှိုင်းဆွေးနွေးမှု ၄ ကြိမ်ဆောင်ရွက်ရာမှာ အချို့အချက်များဟာ NCA မှာ အတိအကျ ဖော်ပြထားပြီးဖြစ်သော်လည်း စာသားအဓိပါ္ပယ်အယူအဆ၊ နက်ကောက်မှုများ လွဲချော်သွားခြင်းများကြောင့် ဆွေးနွေးရမယ့် အချက်သစ်များကို မဆွေးနွေးနိုင်ဘဲ ဒီလို အယူအဆ၊ အချက်အလက် လွဲမှားနေတဲ့ သက်ဆိုင်ရာ NCA ပါအချက်များကိုပဲ ထပ်မံဆွေးနွေးမှုကြောင့် အချိန်ကြန့်ကြာခြင်း၊ NCA ကို အခြေခံတဲ့ ညှိနှိုင်းအစည်းအဝေးများမှာ မူလက သဘောတူညီချက်တွေကို ထပ်မံ ပြင်ဆင်လိုမှုကြောင့် အပြန်အလှန် ထပ်မံဆွေးနွေးရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ NCA မှာ မပါရှိဘဲ လုံခြုံရေးနဲ့ မပတ်သက်တဲ့ စာသားရပ်များကို ထည့်သွင်းဆွေးနွေးခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ ဒါတွေကြောင့် နောက်ကြောင်းပြန် ရှေ့ကို အရှိန်အဟုန်နဲ့ ဆွေးနွေးရမယ့် အစားနောက်ကြောင်းပြန် ထပ်မံဆွေးနွေးချက်များဖြင့် မလိုလားအပ်ဘဲ အဖိုးတန်အချိန်များ ကုန်ဆုံးခဲ့ကြသည်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်စောင့်စားနေတဲ့ ပန်းတိုင်ရောက်ဖို့ဟာလည်း မလိုလားအပ်ဘဲ ကြန့်ကြာနေတာဖြစ်တဲ့အတွက် အလုပ်အဖွဲ့များ ရှေ့ဆက်ပြီး ဆွေးနွေးရန် ကျန်ရှိတဲ့ အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးကြရာမှာ ဒီလို အချက်မျိုးကို သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။”

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကတော့ နှစ်ဘက်သဘောတူညီချက် ရအောင်ဆောင်ရွက်ခဲ့ကြသူတွေကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

JICM အစည်းအဝေးက ရယူထားတဲ့ ပြည်ထောင်စုသဘောတူညီချက် စာချုပ် အပိုင်း ၃ ပါ အချက်တွေကို အတည်ပြုခဲ့ပြီးတဲ့နောက် ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးစတင်ရေးအတွက် UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွေကို ဒီလ ၁၄ ရက်၊ ၁၅ ရက်။ ၁၇ ရက်နေ့ကျင်းပမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကိုတော့ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ ၃ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

NCA စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို တစ်နှစ် ၂ ကြိမ်ကျင်းပဖို့ သဘောတူထားခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ငြိမ်းချမ်းရေး ညီလာခံပြီးနောက်မှာတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာ ပြေလည်မှု မရခဲ့တာကြောင့် ငြိမ်းချမ်းရေးညီလာခံဟာ ၂နှစ်ကျော် ရပ်ဆိုင်းခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG