သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၁ ရာစု ပင္လုံညီလာခံအႀကိဳ အစုိးရနဲ႔ NCA အဖြဲ႔ေတြ သေဘာတူညီခ်က္တခ်ဳိ႕ရ


ဓါတ္ပံု NCA-S EAO

(Zawgyi/Unicode)

ေရွ႕သီတင္းပတ္မွာ က်င္းပမယ့္ ၂၁-ရာစုပင္လံု ညီလာခံမွာ ခ်ဳပ္ဆုိဖုိ႔ ရည္ရြယ္ထားတဲ့ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္လုိ႔ အစိုးရနဲ႔ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ကိုယ္စားလွယ္ေတြ အဂၤါေန႔က ဆက္လက္ေဆြးေႏြးရာမွာ အခ်က္အခ်ိဳ႕အေပၚ သေဘာတူညီခ်က္ မရေသးတာေၾကာင့္ အစည္းအေ၀းကို ေနာက္တစ္ရက္ထပ္တိုးလိုက္ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္ တင္ျပထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းမွာ Union Accord ေခၚ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ကို ခ်ဳပ္ဆိုႏိုင္ေရးအတြက္ အစိုးရနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ကိုယ္စားလွယ္ေတြဟာ ဒုတိယေန႔အျဖစ္ အဂၤါေန႔က ဆက္လက္ ေဆြးေႏြးၾကတာပါ။

ဒါေပမဲ့ အခ်က္တခ်ိဳ႔မွာ ႏွစ္ဘက္ သေဘာတူညီခ်က္ မရေသးတာေၾကာင့္ ဒီလ ၁၂ရက္ေန႔ ေန႔ခင္းပိုင္းကို ထပ္မံ ေရႊ႕ဆိုင္းခဲ့ေၾကာင္း ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ အၾကံေပးအဖဲြ႕၀င္ ဦးလွေမာင္ေရႊက VOA ကို ေျပာပါတယ္။

“ ဒီေန႔လည္း မနက္ပိုင္းေဆြးေႏြးၿပီးေတာ့ EAO ေတြမွာ ေဆြးေႏြးဖို႔ အခ်ိန္လိုတယ္။ PPST နဲ႔ ျပန္လည္ တိုင္ပင္ဖို႔အတြက္ အခ်ိန္ေပးရတာေပါ့။ မနက္ျဖန္ မနက္ပိုင္းအထိ၊ အဲေတာ့ မနက္ျဖန္ ေန႔လည္ပိုင္းမွာ က်ေနာ္တို႔ ထပ္ၿပီးေတာ့ တတိယေန႔အျဖစ္ ဆက္လက္ ေဆြးေႏြးမယ့္ အေနအထားမ်ိဳးျဖစ္တယ္။”

မူလက အစိုးရနဲ႔ EAO ကိုယ္စားလွယ္ေတြဟာ ဒီလ ၁၀ရက္ေန႔နဲ႔ ၁၁ရက္ ၂ရက္ေဆြးေႏြးဖို႔ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

၁၀ရက္ေန႔ ေဆြးေႏြးပဲြမွာလည္း ေန႔ခင္းမွာ ရပ္နားၿပီး EAO ကိုယ္စားလွယ္အဖဲြ႕ဟာ PPST ေခၚ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ဲ ျပန္လည္ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

လက္ရွိ ႏွစ္ဘက္ေဆြးေႏြးေနတဲ့အခ်က္ေတြကေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္မွာ ထည့္သြင္းမယ့္ ဖက္ဒရယ္ အေျခခံမူလမ္းၫႊန္ အပိုင္းပါ အခ်က္ေတြ ျဖစ္ပါတယ္။

ေဆြးေႏြးပဲြအစေန႔က သေဘာတူညီခ်က္ မရေသးတဲ့အခ်က္ေတြထဲမွာေတာ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြရဲ႕ ဖဲြ႕စည္းပံုကို အစိုးရဘက္က အေျခခံဥပေဒအျဖစ္ ေခၚဆိုဖို႔ လိုလားၿပီး EAO ေတြဘက္က ဖဲြ႕စည္းပံုအေျခခံဥပေဒအျဖစ္ သံုးစဲြဖို႔ လုိလားေနတဲ့ ကိစၥလည္း ပါ၀င္ခဲ့ပါတယ္။ ဒုတိယေန႔ ေဆြးေႏြး ရာမွာလည္း ဒီအခ်က္ပါ၀င္ခဲ့ေၾကာင္း ဦးလွေမာင္ေရႊက အခုလို ဆက္ေျပာပါတယ္။

“ အဲဒီအခ်က္အျပင္ အျခားအခ်က္ေတြလည္း ပါတာေပါ့ေလ။ ဒါကေတာ့ အယူအဆ ဆိုတာေတာ့ မ်ိဳးစံုရွိႏိုင္တယ္။ ဒါေပမယ့္ အႏွစ္သာရ အရ ပိုၿပီးၾကည့္ႏိုင္ဖို႔ေတာ့ အစိုးရကိုယ္စားလွယ္ဘက္ကေတာ့ ေထာက္ျပတာလည္း ရွိတယ္။ အဲေတာ့ ဒါေတြလည္း EAO ေတြဘက္မွာလည္း ဒါေတြလည္း ျပန္ေဆြးေႏြးဖို႔ ရွိတယ္လို႔ပဲ နားလည္တယ္။”

တိုင္းရင္းသားလက္နက္ကိုင္ EAO အဖဲြ႕ေတြဘက္က အေျခအေနကိုေတာ့ ပအို၀္းအမ်ိဳးသား လြတ္ေျမာက္ေရး အဖဲြ႕ခ်ဳပ္ရဲ႕ ဒုဥကၠဌ ဦးခြန္ျမင့္ထြန္းက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ အစိုးရနဲ႔ သြားေဆြးေႏြးတယ္။ ေဆြးေႏြးၿပီးေတာ့ က်ေနာ္တို႔ ေန႔လည္က ျပန္လာေရာဗ်ာ။ အခု က်ေနာ္တို႔ PPST မွာ ျပန္ေဆြးေႏြးေပါ့။ အဲဒါ မနက္ျဖန္က်မွ က်ေနာ္တို႔က ေန႔လည္ပိုင္းေလာက္မွ NRPC မွာ သြားျပန္ေဆြးေႏြးရမွာ။ က်ေနာ္တို႔ ေဆြးေႏြးေနဆဲေပါ့။ မနက္ျဖန္ေလာက္မွပဲ က်ေနာ္တို႔ ေျပာလို႔ ရမယ္။ ”

ဗုဒၶဟူးေန႔မွာေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္း ၃မွာ ထည့္သြင္းမယ့္ အခ်က္ေတြကို အဆံုးသတ္ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ လက္ရွိ ေဆြးေႏြးေနၿပီး သေဘာတူညီခ်က္ မရေသးတဲ့ အခ်က္ေတြကိုေတာ့ ေနာက္ပိုင္းဆက္လက္ေဆြးေႏြးရန္ အခ်က္ေတြအျဖစ္နဲ႔ ခ်န္လွပ္ထားခဲ့မွာျဖစ္ပါတယ္။

အဲဒီက ရရွိလာတဲ့ စာခ်ဳပ္ပါ အခ်က္ေတြကို ၁၃ရက္ေန႔မွာ က်င္းပမယ့္ JICM ေခၚ NCA အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖၚမႈဆိုင္ရာ ညွိႏိႈင္းအစည္းအေ၀းမွာ အတည္ျပဳမွာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံုစတုတၳအစည္းအေ၀းကိုေတာ့ ဒီလ ၁၉ ရက္ကေန ၂၁ရက္ထိ ၃ရက္ၾကာက်င္းပဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

၂၁ ရာစု ပင်လုံညီလာခံအကြို အစိုးရနဲ့ NCA အဖွဲ့တွေ သဘောတူညီချက်တချို့ရ
(Unicode)

ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ၂၁-ရာစုပင်လုံ ညီလာခံမှာ ချုပ်ဆိုဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အင်္ဂါနေ့က ဆက်လက်ဆွေးနွေးရာမှာ အချက်အချို့အပေါ် သဘောတူညီချက် မရသေးတာကြောင့် အစည်းအဝေးကို နောက်တစ်ရက်ထပ်တိုးလိုက်ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ Union Accord ခေါ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေဟာ ဒုတိယနေ့အဖြစ် အင်္ဂါနေ့က ဆက်လက် ဆွေးနွေးကြတာပါ။

ဒါပေမဲ့ အချက်တချို့မှာ နှစ်ဘက် သဘောတူညီချက် မရသေးတာကြောင့် ဒီလ ၁၂ရက်နေ့ နေ့ခင်းပိုင်းကို ထပ်မံ ရွှေ့ဆိုင်းခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။

“ ဒီနေ့လည်း မနက်ပိုင်းဆွေးနွေးပြီးတော့ EAO တွေမှာ ဆွေးနွေးဖို့ အချိန်လိုတယ်။ PPST နဲ့ ပြန်လည် တိုင်ပင်ဖို့အတွက် အချိန်ပေးရတာပေါ့။ မနက်ဖြန် မနက်ပိုင်းအထိ၊ အဲတော့ မနက်ဖြန် နေ့လည်ပိုင်းမှာ ကျနော်တို့ ထပ်ပြီးတော့ တတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးမယ့် အနေအထားမျိုးဖြစ်တယ်။”

မူလက အစိုးရနဲ့ EAO ကိုယ်စားလှယ်တွေဟာ ဒီလ ၁၀ရက်နေ့နဲ့ ၁၁ရက် ၂ရက်ဆွေးနွေးဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

၁၀ရက်နေ့ ဆွေးနွေးပွဲမှာလည်း နေ့ခင်းမှာ ရပ်နားပြီး EAO ကိုယ်စားလှယ်အဖွဲ့ဟာ PPST ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဲ ပြန်လည်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိ နှစ်ဘက်ဆွေးနွေးနေတဲ့အချက်တွေကတော့ ပြည်ထောင်စုသဘောတူစာချုပ်မှာ ထည့်သွင်းမယ့် ဖက်ဒရယ် အခြေခံမူလမ်းညွှန် အပိုင်းပါ အချက်တွေ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအစနေ့က သဘောတူညီချက် မရသေးတဲ့အချက်တွေထဲမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဖွဲ့စည်းပုံကို အစိုးရဘက်က အခြေခံဥပဒေအဖြစ် ခေါ်ဆိုဖို့ လိုလားပြီး EAO တွေဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သုံးစွဲဖို့ လိုလားနေတဲ့ ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ ဒုတိယနေ့ ဆွေးနွေး ရာမှာလည်း ဒီအချက်ပါဝင်ခဲ့ကြောင်း ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“ အဲဒီအချက်အပြင် အခြားအချက်တွေလည်း ပါတာပေါ့လေ။ ဒါကတော့ အယူအဆ ဆိုတာတော့ မျိုးစုံရှိနိုင်တယ်။ ဒါပေမယ့် အနှစ်သာရ အရ ပိုပြီးကြည့်နိုင်ဖို့တော့ အစိုးရကိုယ်စားလှယ်ဘက်ကတော့ ထောက်ပြတာလည်း ရှိတယ်။ အဲတော့ ဒါတွေလည်း EAO တွေဘက်မှာလည်း ဒါတွေလည်း ပြန်ဆွေးနွေးဖို့ ရှိတယ်လို့ပဲ နားလည်တယ်။”

တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေဘက်က အခြေအနေကိုတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ အစိုးရနဲ့ သွားဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ကျနော်တို့ နေ့လည်က ပြန်လာရောဗျာ။ အခု ကျနော်တို့ PPST မှာ ပြန်ဆွေးနွေးပေါ့။ အဲဒါ မနက်ဖြန်ကျမှ ကျနော်တို့က နေ့လည်ပိုင်းလောက်မှ NRPC မှာ သွားပြန်ဆွေးနွေးရမှာ။ ကျနော်တို့ ဆွေးနွေးနေဆဲပေါ့။ မနက်ဖြန်လောက်မှပဲ ကျနော်တို့ ပြောလို့ ရမယ်။ ”

ဗုဒ္ဓဟူးနေ့မှာတော့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၃မှာ ထည့်သွင်းမယ့် အချက်တွေကို အဆုံးသတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လက်ရှိ ဆွေးနွေးနေပြီး သဘောတူညီချက် မရသေးတဲ့ အချက်တွေကိုတော့ နောက်ပိုင်းဆက်လက်ဆွေးနွေးရန် အချက်တွေအဖြစ်နဲ့ ချန်လှပ်ထားခဲ့မှာဖြစ်ပါတယ်။

အဲဒီက ရရှိလာတဲ့ စာချုပ်ပါ အချက်တွေကို ၁၃ရက်နေ့မှာ ကျင်းပမယ့် JICM ခေါ် NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေးကိုတော့ ဒီလ ၁၉ ရက်ကနေ ၂၁ရက်ထိ ၃ရက်ကြာကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG